Main menu

Background

Monday, 27 Aug 2012

အိန္ဒိယနနွင်းဈေးကွက်မှာ လှောင်လက်များက ကမ်း လှမ်း ဈေးလျော့တာကြောင့် နနွင်းလက်ငင်းဈေး တစ်တန် ရူပီး ၂၀၀၀ - ၄၀၀၀ (ကန်ဒေါ်လာ ၃၆-၇၂) ကျဆင်း ခဲ့ပါတယ်။ ပြည်တွင်းဈေးကွက်အတွင်း ကြိုပွိုင့် ဈေးလည်း ၄ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။

Monday, 27 Aug 2012

တရုတ်နိုင်ငံမှာ ယခုနှစ်သြဂုတ်လ ၂ ရက်အထိ ချင်းပျမ်းမျှဈေးက ယခင် နှစ်ထက် ၅၃ ဒသမ ၇ ရာခိုင်နှုန်း အထိ ကြီးမားစွာကျဆင်းကြောင်းသိရပါတယ်။ Guangming ဟင်းသီးဟင်းရွက် လက်ကားဈေးမှာ ချင်းဈေးက ၁၀ နှစ်အတွင်း အနိမ့်ဆုံးဖြစ်ခဲ့ပြီး၊ ယခင်တစ်ပတ်က တစ်ကီလိုယွမ် ၁ ဒသမ ၄ (ကန်ဒေါ်လာ သုည ဒသမ ၂၂) ဈေး ရှိခဲ့ပါတယ်။ အဲဒီဒေသလက်လီဈေးမှာ ယွမ် ၂ ဒသမ ၆ (ကန်ဒေါ်လာ သုည ဒသမ ၄) ရှိကြောင်းသိရပါတယ်။ယမင်းခင်၊Source: chinadaily.com

Monday, 27 Aug 2012

ပြည်ပကို ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၄ ရက်တာ ကာလအတွင်း ချင်း ၅၂ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။

Monday, 27 Aug 2012

ကမ္ဘာ့ဒေသ တော်တော်များများမှာ မိုးခေါင်ခြောက်သွေ့ ခြင်းက ပဲမျိုးစုံနဲ့စားဆီတင်သွင်းဖို့စီစဉ်ထားတဲ့ ပမာဏ ကိုလျှော့ချဖို့ တွန်းအားပေးနေပါတယ်။ အကြောင်းကတော့ ကာလတိုအတွင်း ဈေးနှုန်းများထပ်မံမြင့်တက် လာနိုင်တာ ကြောင့်ပဲ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ မိုးရေမလုံလောက်တဲ့ အတွက် ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံထုတ်လုပ်မှု ကျဆင်းဖွယ် ရှိတဲ့ အတွက် ဗဟိုအစိုးရက တင်သွင်းခြင်းဖြင့် ပြည်တွင်း ပဲရရှိ မှုမြှင့်တင်ဖို့ စီစဉ်နေခြင်းဖြစ်ပါတယ်။

Monday, 27 Aug 2012

အိန္ဒိယမိုးရွာသွန်းမှုက ယခင်သီတင်းပတ်တွေထိ ပုံမှန် အောက် ၂၀ ရာခိုင်နှုန်းခန့်လျော့ကျနေခဲ့ရာမှ ဒီတစ်ပတ်မှာ တော့ ပုံမှန်အောက် ၁၇ ရာခိုင်နှုန်းခန့်သာ လျော့ကျလာလို့ မိုးရွာသွန်းမှုတိုးတက်လာတဲ့ အခြေအနေ ရှိလာပါတယ်။

Monday, 27 Aug 2012

ဇူလိုင်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၂၈၅ သန်းတန်ဖိုးရှိတဲ့ ရော်ဘာတန် ၄၂၀ ကျော်အပို့ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံသို့ MSR-20   တန် ၁၆၀၊ MSR-50  တန် ၂၀၀ ကျော်နဲ့ မက္ကဆီကိုသို့ RSS-3 တန် ၆၀ တင်ပို့ခဲ့တာလို့သိရပါတယ်။

Monday, 27 Aug 2012

အိန္ဒိယနိုင်ငံဟာ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှာ ပဲမျိုးစုံနဲ့ စားသုံးဆီတန်ဖိုး ရူပီးကုဋေ ၅၅၀၀၀ ဖိုး တင်သွင်းခဲ့ပြီး၊ ယခုနှစ်မှာ ရူးပီး ကုဋေ ၆၀၀၀၀ အထိ တင်သွင်းရဖွယ်ရှိတယ်လို့ သိရပါတယ်။ ၂၀၁၁-၁၂ မှာ အိန္ဒိယနိုင်ငံဟာ ပဲမျိုးစုံတန်ချိန် ၃ သန်းခန့်အထိ တင်သွင်းခဲ့ရပြီး၊ ဒီနှစ်မှာတော့ တန်ချိန် ၄ သန်းကနေ ၄ ဒသမ ၅ သန်းအထိ တင်သွင်းရဖို့ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

Monday, 27 Aug 2012

အိန္ဒိယနိုင်ငံမှာ မိုးပဲစိုက်ဧရိယာကျဆင်းတဲ့ သတင်းတွေ အပြင်ပွဲတော်ရာသီအစမှာဝယ်လိုအားတိုးလာတာရယ်၊ လက်လီ သမားတွေဆီက ဝယ်လိုအားများလာတာကြောင့် ပြည်တွင်း ပဲဈေးကွက်ပုံမှန်ရှိရာမှ ခိုင်မာလာကြောင်း သတင်း ရရှိပါတယ်။

Sunday, 29 Jul 2012

    အီးယူဒေသ ကြွေးမြီ အကျပ် အတည်းကို ထိန်းချုပ်နိုင်ရန်အတွက် ခက်ခဲစွာ ကြိုးပမ်းနေရချိန်မှာ တရုတ် နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ နှေးနေပြီးနောက် ထပ်လည်းအေးနေ လိမ့်မယ်လိ့ု တရုတ် ဗဟိုဘဏ်မှ အကြံ ပေးပညာရှင် တစ်ဦးက ခန့်မှန်းပြော ကြားလိုက်ရာ ကမ္ဘာ့ရွှေ၊ ရေနံစိမ်းဈေး နှုန်းတွေအပြင်ရော်ဘာဈေးနှုန်းပါ အား နည်းလာခဲ့ပါတယ်။

Sunday, 29 Jul 2012

    ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုဧရိယာချဲ့ထွင်နိုင်ခြင်းဖြင့် ရော်ဘာစိုက်တောင်သူများရဲ့ အသက်မွေးဝမ်းကျောင်းနဲ့ လူနေမှုဘ၀ မြှင့်တင်နိုင်ရေး ရေးဆွဲထားတဲ့အစီအစဉ်များကို ပြန်လည်သုံးသပ်လျက်ရှိကြောင်း ဖိလစ်ပိုင်နိုင်ငံလယ်ယာစိုက်ပျိုးရေး သုတေ သန ဗျူရိုဌာန (Bureau of Agricultural Research- BAR)  မှ ညွှန်ကြားရေးမှူး Nicomedes P. Eleazar က ပြောကြားခဲ့ ပါတယ်။

Pages