Main menu

Background

Sunday, 29 Jul 2012

    ယခုနှစ်မှာ နနွင်းအစိုက်နည်းတာကို အကြောင်းပြုပြီး စိုးရိမ်မှုတွေကြောင့် လှောင်လက်များနဲ့ ကုန်သည်များက ပုံ အော ဝယ်ယူလျက်ရှိတဲ့အတွက် လက်ငင်းဈးကွက်မှာ နနွင်း ဈေးတွေ မြင့်တက်နေပါတယ်။

Sunday, 29 Jul 2012

    အိန္ဒိယနိုင်ငံမှာ ၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ်  အရေးကြီးတဲ့ မုတ်သုံမိုးပုံမှန်ထက်နည်းလို့ သီးနှံတွေ ထိခိုက်ပြီး စားသောက်ကုန်ဈေးတွေ မြင့်တက်ခဲ့ပါတယ်။ ယခုအချိန်ထိ မုတ်သုံမိုးက ပုံမှန်အောက် ၅ ပုံ ၁ ပုံ လျော့နည်းခဲ့ပါတယ်။ မကြာသေးမီက ရွာတဲ့မိုးကလည်း မလုံလောက်လို့ ဒီမိုးနည်းတဲ့ ပြဿနာဟာ လျော့မသွားဘူး ဖြစ်နေပါတယ်။ ဥပုသ်လ ရာသီလဲဖြစ်နေတော့ အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ ပဲဈေးတွေအတက်ကြမ်းပြီး တက်လိုက် ကျလိုက်ကစားနေပါတယ်။

Wednesday, 25 Jul 2012

    ဘရာဇီးနိုင်ငံရဲ့ ရိတ်သိမ်းထုတ်လုပ်မှုနှောင့်နှေးခြင်းနဲ့ မိုးကြီးနေမှုတို့ကြောင့် ကမ္ဘာ့တစ်ဝန်းမှာရှိတဲ့ သကြားသုံးစွဲသူတွေရဲ့ ဝယ်လိုအားမြင့်တက်နေပေမယ့်လည်း ရောင်းလိုအားကျဆင်းနေတဲ့အတွက် အိန္ဒိယသကြားတင်ပို့သူတွေဟာ အကျိုး အမြတ်များစွာ ရနေကြောင်း သိရပါတယ်။ ဘရာဇီးမှာ မိုးကြီးတာကြောင့် ရိတ်သိမ်း ချိန် နှောင့်နှေးပြီး ဆိပ်ကမ်းတွေမှာ သကြားကုန်စည်များသင်္ဘော တင်ဖို့ အဟန့် အတားဖြစ်နေကြောင်း သိရပါတယ်။

Sunday, 22 Jul 2012

    ဖိလစ်ပိုင်အစိုးရကသာ ကြက်သွန်နီတင်သွင်းခွင့်မပြုခဲ့ရင် ကြက်သွန်နီတစ်ကီလိုကို ပီဆို ၁၀၀(ကန်ဒေါ်လာ ၂ ဒသမ ၃၉)ထိ ရောက်ရှိနိုင်တယ်လို့ ကြက်သွန်နီ ကုန်သည်များနဲ့ လက်လီသမားများက ဇူလိုင် ၁၇ ရက်မှာ သတိပေးပြော ကြားတယ် လို့ သိရပါတယ်။

Sunday, 22 Jul 2012

    အာရှရဲ့အကြီးမားဆုံးဟင်းခတ်အမွှေးအကြိုင် ဈေးကွက် ကြီးဖြစ်တဲ့ နယူးဒေလီရှိ နနွင်းဈေးကွက်မှာ အဝယ်အော်ဒါ မရှိတာကြောင့် ဈေးသိသိသာသာ ကျဆင်းခဲ့ပါတယ်။ နနွင်း ဝင်ရောက်မှု သိသိသာသာ ကျဆင်း ခဲ့တာကြောင့် ကုန်သည် များ တုန်လှုပ်လာကြတယ်လို့ ဆိုပါတယ်။

Sunday, 22 Jul 2012

    ယခုနှစ်မုတ်သုံမိုးနည်းတာကြောင့် ပဲမျိုးစုံ ထုတ်လုပ်မှု လျော့ကျနိုင်တဲ့အပေါ် စိုးရိမ်မှုတွေအရ အိန္ဒိယအစိုးရက သာမန်ပြည်သူများ ဈေးကြီးပေးဝယ်ရမှု သက်သာရာရစေဖို့ အတွက် ရာရှင်ဆိုင်များမှတစ်ဆင့် ပဲလျှော့ဈေးနဲ့ ရောင်း ချမယ့် အစီအစဉ်ကို ပြန်လည်စတင်ဖို့ စဉ်းစားနေပါတယ်။ ပဲမျိုးစုံထုတ်လုပ်မှု ကျဆင်းမှာဖြစ်တဲ့အတွက် အချို့သော ဆောင်ရွက်မှုတွေ တင်ပြထားတယ်လို့ စားနပ်ရိက္ခာဝန်ကြီး ကေဗွီသောမတ်စ်မှ ပြောကြားပါတယ်။

Sunday, 22 Jul 2012

    အိန္ဒိယမှာ လက်ရှိ မိုးပဲစိုက်ပျိုးမှု အနေနဲ့ အချို့ဒေသ တွေမှာ မိုးရေရရှိလို့ စိုက်ပျိုးမှုပုံမှန်ရှိပေမဲ့ အချို့ဒေသ တွေမှာ တော့ မိုးပါးနေသေးတဲ့အတွက် ပဲစိုက်ပျိုးမှု နှေးကွေးနေသေး တယ်လို့ သိရပါတယ်။ စုစုပေါင်း ပဲမျိုးစုံစိုက်ပျိုးမှုမှာ ယခု အချိန်ထိ ဟက်တာ ၂၀ ဒသမ ၅၄ သိန်းရှိပြီဖြစ်လို့ ပြီးခဲ့နှစ် စိုက်ပျိုးမှုဟက်တာ ၃၂ ဒသမ ၈၃ သိန်းထက် ဟက်တာ ၁၂ ဒသမ ၃၄ သိန်းလျော့ကျနေပြီလို့ သိရပါတယ်။

Wednesday, 18 Jul 2012

    ဗီယက်နမ်အခြေစိုက် သကြားသုံးစွဲတဲ့နိုင်ငံခြား ကုမ္ပဏီအများ စုက သကြားအကြီးအကျယ်ပြတ်လပ်မှုကြောင့်  အခက်အခဲတွေကို ခံစားနေရတယ်လို့ သိရပါတယ်။ ဗီယက်နမ်ရှိ  Binh Duong  ပြည်နယ်အခြေစိုက် ဖိလစ်ပိုင် (URC)  ကုမ္ပဏီက အဖျော်ယမကာနဲ့ မုန့်မျိုးစုံထုတ်လုပ်ဖို့အတွက် ၁ လကို သကြားတန် ၄၀၀၀ ခန့် လိုအပ် နေတာကြောင့် သောကရောက်နေ ရကြောင်း ၎င်းကုမ္ပဏီရဲ့ ညွှန်ချုပ်က ပြောကြားခဲ့ပါ တယ်။

Wednesday, 18 Jul 2012

     အိန္ဒိယရဲ့သဘာဝရော်ဘာဈေးနှုန်းက တာယာထုတ်လုပ်ရေးတွေရဲ့ ဝယ်လိုအားကောင်းလာတာကြောင့် ယခုရက် သတ္တပတ်အတွင်း မြင့်တက်ဖွယ်ရှိပြီး တောင်သူတွေလက်ထဲမှာ သိုလှောင်မှုတွေမြင့်တက်နေကြောင်း ကုန်သည်များက ပြောပါ တယ်။ တာယာထုတ်လုပ်ရေးတွေထံမှ ဝယ်လိုအားကောင်းနေပေမယ့် တောင်သူတွေက ၎င်းတို့ရဲ့လှောင်ကုန်တွေ

Sunday, 15 Jul 2012

       ၂၀၁၁ မှာ ကြက်သွန်ဖြူဈေး နိမ့်ကျတဲ့အတွက် တရုတ်တောင်သူများ စိုက်ဧကလျှော့စိုက်လာကြတဲ့အပြင် နိုင်ငံရဲ့ ကြက်သွန်ဖြူ အဓိကစိုက်ပျိုးရာ Jinxian  မှာ ရာသီဥတုဆိုးဝါးတဲ့အတွက် ကြက်သွန်ဖြူထုတ်လုပ်မှုဟာ ၂၀ - ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းပြီး၊ တန်ချိန် ၃ ဒသမ ၂ သန်းရှိနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ယခုရာသီ ကြက်သွန်ဖြူဈေးဟာ ယခင်ရာသီ ထက်ပိုမိုပြီး၊ တစ်တန် ကန်ဒေါ်လာ ၈၀၀ ဝန်းကျင်အထိ ရှိနိုင်တယ်လို့ Hengfeng  ကြက်သွန်ဖြူထုတ်လုပ်ကုမ္ပဏီ Vivien  Li  မှ ပြောကြားပါတယ်။

Pages