Background
သကြားတင်ပို့သူတွေအနေနဲ့ တန်ချိန် တစ်သောင်းနဲ့အထက်တင်ပို့ခြင်းမပြုမီ အိန္ဒိယစီးပွားရေးနဲ့ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ ၎င်းင်းတို့ရဲ့စာချုပ်ချုပ်ဆို တင်ပို့မှုအား မှတ်ပုံတင်ရေးဆုံးဖြတ်ချက်ဟာ မေလအစောပိုင်းမှာ ဝန်ကြီးချုပ်ရဲ့ အဆုံးအဖြတ်ဖြစ်တာကြောင့် မဆန့်ကျင်ကြဖို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ဂရိကိုအီးယူအဖွဲ့မှ ထုတ်ပယ်သွားမယ်ဆိုတဲ့ နိုင်ငံရေးအကျပ်အတည်းတွေနဲ့အတူ အီးယူဒေသစီးပွားရေး အားနည်းလာပြီး ယူရိုငွေ တန်ဖိုးကျဆင်းနေတယ်။ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ တရုတ်နဲ့ အီးယူဒေသနိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်မှု အရှိန်အဟုန်နှေးကွေးလာတာနဲ့အမျှ တာယာအတွက်အသုံးပြုဖို့ ရော်ဘာဝယ်လိုအားနည်းသွားမယ်ဆိုတဲ့ စိုးရိမ်မှုတွေပိုမိုလာရာ ရော်ဘာကြိုပွိုင့်ဈေးနှုန်းတွေက လေးလအတွင်းအနိမ့်ဆုံးကို ထိုးဆင်းသွားခဲ့ကြောင်း သတင်းရရှိပါတယ်။
အရည်အသွေးကောင်းနနွင်းကို ပြည်ပတင်ပို့သူများနဲ့ ပြည်တွင်းဝယ်လက်များမှဝယ်ယူမှုရှိလို့ မေလ ၁၆ ရက်မှာ တစ်တန် ကို ရူပီး ၁၀၀၀-၁၅၀၀(ကန်ဒေါ်လာ ၁၈ ဒသမ ၄၂ - ၂၇ ဒသမ ၆၄) ပိုမိုလာတယ်လို့ သိရပါတယ်။ လက်ကျန်ရဲ့ ၇၀ ရာခိုင်နှုန်းရောင်းထွက်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ပတင်ပို့သူများက အရည်အသွေးကောင်း နနွင်းကို ပိုကြိုက်ကြပြီး အရည် အသွေးကောင်း နနွင်းအားလုံးနီးပါး ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။
ပါကစ္စတန်နိုင်ငံအတွင်း ကုလားပဲလက်ကားဈေးဟာ ယခင်တစ်ပတ်က တစ် ကီလို ရူပီး ၁၁၀(တစ်တန် ကန်ဒေါ်လာ ၁၂၁၀)ထိ မြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် မေလ ၁၁ ရက်မှာ အနည်းငယ်ကျဆင်းခဲ့ပေမယ့် တစ်ကီလို ရူပီး ၁၀၀ (တစ်တန် ကန်ဒေါ်လာ ၁၁၀၀)အထိ ရှိနေဆဲဖြစ်ပါတယ်။
ယခုတစ်ပတ်အတွင်း အိန္ဒိယကုလားပဲလက်ငင်းဈေးကွက်တွေမှာ ဝယ်လိုအား နည်းတာကြောင့် ကြိုပွိုင့်ဈေးပါ အနည်းငယ်ကျဆင်းခဲ့ပါတယ်။ ယခုတစ်ပတ် အတွင်း နေ့စဉ်ဈေးကွက်ကို ဝင်ရောက်မှု အနည်းငယ် လျော့ကျ ခဲ့ကြောင်း သိရပါ တယ်။
အိန္ဒိယနိုင်ငံမှာ ပရိုတိန်းပြည့်ဝတဲ့ပဲကို ဝယ်လိုအားမြင့်တက်ခြင်းနဲ့ ှ၎င်းင်းရဲ့ကျန်းမာရေးတန်ဖိုးတို့ကြောင့် ပဲနှစ်စဉ်စားသုံးမှု ကြီးထွားလျက်ရှိနေပါတယ်။ နိုင်ငံအတွင်း ပဲမျိုးစုံရောင်းချမှုနဲ့ ဝယ်လိုအားကွာဟမှုလျော့ကျစေဖို့ နိုင်ငံအတွင်း ထုတ်လုပ်မှု မြှင့်တင် လျက်ရှိရာ ၂၀၀၆-၀၇ မှာ ပဲမျိုးစုံထုတ်လုပ်မှုတန်ချိန် ၁၄ ဒသမ ၀၆ သန်းရှိရာမှ ၂၀၁၀-၁၁ မှာ တန်ချိန် ၁၈ ဒသမ ၂ သန်းကို လေးနှစ်အတွင်း တန်ချိန် ၄ ဒသမ ၁၄ သန်း တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေကို လွန်ခဲ့တဲ့ရက်အတွင်း နွေပဲတီစိမ်းတွေ ဝင်ရောက်မှုတိုးလာပြီး ဝယ်ယူမှုနည်းတာကြောင့် ယခင်တစ်ပတ်ထက်ဈေးကျဆင်းခဲ့ပါတယ်။ ပဲတီစိမ်းထပ်မံဝင်ရောက်မှု တိုးလာခဲ့ရင် လာမယ့်ရက်တွေမှာ ဈေးဆက်လက်ကျ ဆင်းဖွယ်ရှိတယ်လို့လည်းကုန်သည်များကဆိုပါတယ်။
ပင်လယ်ရေကြောင်းမှ ပဲတီစိမ်းတင်ပို့ရာမှာ အိန္ဒိယ၊ ပါကစ္စတန်တို့ကို ပမာဏအချို့တင်ပို့မှုရှိပေမဲ့ ဗီယက်နမ်မှ တစ်ဆင့် တရုတ်ဘက်ကိုတင်ပို့တဲ့ ပမာဏများလို့ ယခုတစ်ပတ် (မေလ ၇-၁၁ ရက်) အတွင်းမှာ ပဲတီစိမ်းတန်ချိန် ၁၃၀၀၀ ခန့်အထိ တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခင်တစ်ပတ်က ပဲစင်းငုံဈေး သိသိ သာသာပိုခဲ့ရာမှယခုတစ်ပတ်မှာ တစ်ဖန်ပြန်လည်လျော့ကျလာခဲ့ပါတယ်။ လက်ကား ဈေးကွက်တွေမှာ ကုန်သည်များနဲ့ ပဲခွဲစက်များမှ ဝယ်ယူမှုနည်းနေ တဲ့အတွက် ပြည်တွင်းပဲစင်းငုံဈေးရော တင်သွင်းပဲဈေးပါ လျော့ကျခဲ့ကြောင်း သိရပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ် အရောင်းအဝယ်အေးပြီး မတ်ပဲဈေးအနည်းငယ် လျော့လာ တာတွေ့ရပါတယ်။ ပြုပြင်ထားတဲ့ မတ်ပဲ ရောင်းချ မှု ပုံမှန်ရှိနေပေမဲ့ လက်ကားဈေးကွက်မှာတော့ လတ်တလော အရောင်း အဝယ် အေးပြီး မြန်မာမတ်ပဲဈေးလည်း အနည်းငယ်လျော့ကျတယ်လို့ သိရပါတယ်။