Background
မန္တလေးရွှေရီကုမ္ပဏီမှ ပန်းဂျုံတစ်တန် ကန်ဒေါ်လာ ၄၅၀ နှုန်းနဲ့ ၄၁ တန်ကို ဂျပန်နိုင်ငံကို တင်ပို့နိုင်ရေး လိုင်စင်လျှောက်ထားမှုအပေါ် သက်ဆိုင်ရာဌာနမှ ခွင့်ပြုထားကြောင်း သိရပါ တယ်။
ကမ္ဘာမှာ သကြားအများဆုံးထုတ်လုပ်တဲ့ ဘရာဇီးနိုင်ငံရဲ့ ကြံသီးနှံအတွက် ရာသီဥတုတိုးတက်ကောင်းမွန်တဲ့ အခြေအနေနဲ့ ဒေါ်လာတန်ဖိုးခိုင်မာခြင်းက ရင်းနှီးမြှုပ်နှံသူများ ကုန်စည်ဝယ်ယူမှုကို လျော့ကျစေတဲ့ အခြေအနေတွေကြောင့် စက်တင်ဘာလ ထဲက သကြားဈေးဟာ အများဆုံးကို ကျဆင်းခဲ့ပါတယ်။
ထိုင်းနိုင်ငံသည် ယခင်နှစ် ဒုတိယနှစ်ဝက်မှာ ရေကြီးခဲ့မှုကြောင့် စီးပွားရေးလုပ်ငန်းများထိခိုက်ခဲ့ရာ ၂၀၁၂ ခုနှစ်မှာ ပြန်လည်တည်ဆောက်အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ယခုနှစ်မှာ စွမ်းအင်ထုတ်လုပ်တဲ့ သီးနှံများ၊ ရေနံကုန်ကြမ်းနဲ့ရွှေဈေးနှုန်းများ မြင့်တက်လာခြင်းနဲ့အတူ လယ်ယာထွက်ကုန်ပစ္စည်း ဈေးနှုန်းများ ဆက်လက်မြင့် တက်နိုင်မယ်မှန်းရပြီး၊ ဆန်နဲ့ရော်ဘာဈေးနှုန်းများကတော့ ကျရိပ်ရှိနေမှာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမြောက်ပိုင်းကို ချက်ချင်းတင်ပို့ဖို့ ကုန်သည်များအမှာအော်ဒါရရှိတာကြောင့် ဇန်နဝါရီလ ၄ ရက် နနွင်း လက်ငင်းဈေး ရူပီး ၂၀၀၀(ကန်ဒေါ်လာ ၃၈)မြင့်တက်ခဲ့ပါတယ်။ နနွင်း ၃၀-၄၅ တန် အမှာအော်ဒါ ရရှိတဲ့ ကုန်သည်များဟာ ချက်ချင်းတင်ပို့ဖု့ိ ဈေးပိုပေးဝယ်ယူကြတယ်လို့ ဆိုပါတယ်။
အိန္ဒိယရဲ့ ဆောင်းပဲမျိုးစုံစိုက်ပျိုးမှုမှာ အဓိကအားဖြင့် ကုလားပဲဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်ထိ ကုလားပဲစိုက်ပျိုးမှုဟာ ဟက်တာ ၈ ဒသမ ၆၄ သန်းရှိလို့ ယခင်နှစ်ကာလတူ စိုက်ဟက်တာ ၉ ဒသမ ၁၈ သန်းထက် ၅ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းနေပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဒေသတွင်း အဝယ်ရှိတာကြောင့် လက်ငင်း ဈေးမြင့်တက်ခဲ့ပါတယ်။ဒါ့အပြင်လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းကာဘူလီ ကုလား ပဲရိတ်သိမ်းစဉ်မိုးရွာသွန်းမှုကြောင့်လည်းဈေးမြင့်တက်ခဲ့ပါတယ်။
အိန္ဒိယ ဈေးကွက်များမှာ ပဲတီစိမ်းအရည်အသွေးပေါ်မူတည်ပြီး ဈေးကွာခြားမှုရှိပေမဲ့ ယခုရက်ပိုင်း ဝယ်ယူမှုနည်းလို့ ယခင်ဈေးအတိုင်း ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ ဒါပေမဲ့ တရုတ်၊ ချီကာကို၊ ယူဘက်စတန်နဲ့ ပါကစ္စတန်တို့မှ တင်သွင်း စရိတ် ပိုမိုနေတယ်လို့ သိရပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဒေါ်လာတန်ဖိုးခိုင်မာမှုကြောင့် တင်သွင်းမှု နည်းခြင်းနဲ့ ပြည်တွင်းအဝယ်ရှိနေခြင်း တို့ကြောင့် ပဲစင်းငုံဈေး အနည်း ငယ် တိုးလာပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာထွက်ရှိတဲ့ဒေသအလိုက်မတ်ပဲဈေး ကွာခြား မှု ရှိပေမဲ့ အများစုကတော့ တည်ငြိမ်နေပါတယ်။ ဒေသတွင်း ချန်ဒူစီမတ်ပဲ ဝင် ရောက်မှုပါးလို့ ဈေးအနည်းငယ်တိုးပြီး တင်သွင်းဈေးပိုမိုပေမဲ့ ရန်ကုန်မတ်ပဲကတော့ ငြိမ်နေပါတယ်။
ကမ္ဘာ့ဈေးနှုန်းက ပြောင်းတစ်ဘူရှယ် ၅ ဒေါ်လာ (တစ်တန်ကန်ဒေါ်လာ ၂၀၀)ကို ၁၉ ရာခိုင်နှုန်း ကျဆင်းပါက ပြည်တွင်းဈေးထက်သိသိသာသာ လျော့ကျ တဲ့ ဈေးဖြစ်လို့ ကမ္ဘာမှာ ဒုတိယပြောင်းအများဆုံးသုံးစွဲတဲ့ တရုတ်နိုင်ငံက ပြောင်းပိုမို တင်သွင်းနိုင်တယ်လို့ Yigu Information Consulting ကုမ္ပဏီမှ ပြောကြားပါ တယ်။