Main menu

Background

Monday, 5 Dec 2011

           နိုဝင်ဘာ ၂၀ မှ ၂၆ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၂၄၅ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုညဒသမ ၉၉၃ သန်းကို မလေးရှား၊ စင်ကာပူနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုကို တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ကတန် ၇၀၀ ကျော် တင်ပို့ခဲ့တာကြောင့် ယခုတစ်ပတ်မှာ အပို့ကျတယ်လို့ ဆိုရပါမယ်။ ပင်လယ်ရေကြောင်းက အပို့ကျပေမယ့်နယ်စပ်ကတော့ မူဆယ်နဲ့ ချင်းရွှေဟော်စခန်းတွေကနေ တန် ၈၀၀ ကျော် တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ FOB (ရန်ကုန်)ဈေးကတော့ RSS-3 တစ်တန်ကို ၃၁၀၀ ဒေါ်လာနဲ့ RSS-5  တစ်တန်ကို ၃၀၀၀ ဒေါ်လာဈေးပေါက်နေတယ်လို့ သိရပါတယ်။KZW

Sunday, 4 Dec 2011

                   နိုင်ငံတကာဈေးကွက်မှာ ယှဉ်ပြိုင်တင်ပို့နိုင်ဖို့ အိန္ဒိယအစိုးရက ကြက်သွန်နီတင်ပို့ဈေးနှုန်းကို တစ်ပတ် အတွင်း တစ်တန် ကန်ဒေါ်လာ ၂၅၀ ကို ဒေါ်လာ ၁၀၀ ထပ်မံလျှော့ချလိုက်ပါတယ်။ ဘင်ဂါယာ ကြက်သွန်နဲ့ ကရီရှနာပူရမ်ကြက်သွန်များမှအပ အခြားကြက်သွန်အမျိုးအစားအားလုံးအတွက် အနိမ့်ဆုံး တင်ပို့ဈေးနှုန်း (MEP)ဟာ တစ်တန်ကန်ဒေါ်လာ ၂၅၀ ကို သတ်မှတ်ခဲ့ခြင်းဖြစ်တယ်လို့ ပြည်ပကုန်သွယ်ရေးဌာနမှ ပြောကြားခဲ့ပါတယ်။ ဘင်ဂါယာနဲ့ ကရီရှနာပူရမ်ကြက်သွန်များအတွက် MEP ကို ကန်ဒေါ်လာ ၃၀၀ သတ်မှတ်တယ်လို့လည်း ဆိုပါတယ်။ ယင်းကြက်သွန် အမျိုးအစားများကလည်း ယခင်သတ်မှတ်ထားတဲ့ ကန်ဒေါ်လာ ၄၀၀ ထက်များစွာ လျော့ကျခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၈ ရက်က ကြက်သွန်တင်ပို့ဈေးနှုန်းကို ဒေါ်လာ ၁၂၅ လျှော့ချပြီး၊ ကန်ဒေါ်လာ ၃၅၀ ကို သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ယခုဆုံးဖြတ်ချက်ချပြီး မကြာမီမှာပဲ စိုက်ပျိုးရေးဝန်ကြီး ရှရတ်ပါဝါက တောင်သူများရဲ့ ဝင်ငွေမြှင့်တင်ဖို့ မီးဖိုချောင်သုံး ကြက်သွန်နီတင်ပို့ဈေးနှုန်းကျဆင်းမှုအပေါ် သုံးသပ်ပြောကြားခဲ့တယ်လို့ သိရပါတယ်။ (MEP) ဈေးနှုန်း တစ်တန်ကန်ဒေါ်လာ ၃၅၀ ကို ဈေးနှုန်းလျှော့ချလိုက်ခြင်းဟာ နိုင်ငံတကာဈေးကွက်မှာ တစ်တန် ကန်ဒေါ်လာ ၃၀၀ အောက်ဈေးနဲ့ ရောင်းချနေတဲ့ တရုတ်နဲ့ အခြားနိုင်ငံဈေးနှုန်းများထက် ပိုမိုနေသေးတဲ့အတွက် ကြက်သွန်နီ ရောင်းချမှု နည်းနေဆဲဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ယခုနှစ် ဧပြီလမှ နိုဝင်ဘာလ ၂၀ ရက်အထိ ကြက်သွန်နီ တင်ပို့မှုဟာ ယခင်နှစ်ထက် တန်ချိန် ၂ ဒသမ ၁၃ သိန်း ကျဆင်း ခဲ့တယ်လို့ အစိုးရပိုင် အေဂျင်စီ Nafed မှ ပြောကြားပါတယ်။                 ယခင်နှစ် ဧပြီလနဲ့ နိုဝင်ဘာလ ၃၀ ရက်အတွင်း ကြက်သွန်တန်ချိန် ၁ ဒသမ ၁၁၈ သန်းတင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။ ယခုနှစ် အဲဒီကာလမှာ တန်ချိန် ၉ သိန်းကျော်သာ ပြည်ပကိုတင်ပို့နိုင်ခဲ့လို့ ၂၄ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပါတယ်။ ကမ္ဘာမှာ တရုတ်ပြီးရင် အိန္ဒိယနိုင်ငံဟာ ကြက်သွန်နီအများဆုံး ထုတ်လုပ်သူဖြစ်ပါတယ်။ ဖေဖော်ဝါရီလအတွင်း ပြည်တွင်း ဈေးနှုန်း ကျဆင်းနေမှုကြောင့် စိုက်ပျိုးထုတ်လုပ်သူများကို အကာအကွယ်ပေးဖို့ ကြက်သွန်နီတင်ပို့မှု ပိတ်ပင်ထားရာမှ ပြန်လည် တင်ပို့ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ယမင်းခင်၊Source: moneycontrol.com

Sunday, 4 Dec 2011

           အိန္ဒိယနနွင်းစိုက်ပျိုးတဲ့ ပြည်နယ်များမှ အထွက်ကောင်းမယ့် အလားအလာနဲ့ ဝယ်လက်များမှ ဈေးအမြင့်မှာ ဝယ်ယူမှု နည်းတဲ့အတွက် နနွင်းဈေးကျဆင်းမှု တာရှည်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ NCDEX ကြိုပွိုင့်ဈေးကွက်မှာလည်း လာမယ့် ရက်တွေမှာ ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်မှ ပြောကြားချက်အရ ယခင်နှစ်က နနွင်းအိတ် ၇၀ သိန်းခန့် ထွက်ရှိရာမှ ယခုနှစ်မှာ အိတ်ပေါင်း ၉၀ သိန်း ခန့် ထွက်ရှိဖွယ်ရှိတယ်လို့ဆိုပါတယ်။ ဒါ့အပြင် အဓိကဈေးကွက်များမှာ နနွင်းလက်ကျန် အိတ်ပေါင်း ၂၀-၂၂ သိန်း ခန့်ရှိခြင်း ကလည်း ဈေးနှုန်းကို ကျဆင်းဖွယ်ရှိပါတယ်။ လက်ငင်းဈေးကွက်တွေမှာ ဈေးအမြင့်နဲ့ ရောင်းချလိုအား များနေတယ်လို့ ဆိုပါတယ်။ နီဇမ်မာဘတ် ဈေးကွက်အတွင်း နိုဝင်ဘာ ၃၀ ရက်မှာ တစ်တန်ရူပီး ၁၀၀၀ (ကန်ဒေါ်လာ ၁၉ ဒသမ ၄၂) ကျဆင်းပြီး၊ ရူပီး ၅၃၀၀၀(ကန်ဒေါ်လာ ၁၀၃၀) ဈေးဖြစ်ခဲ့ပြီး၊ အီရော့ဈေးကွက်မှာ ရူပီး ၄၃၀၀၀ (ကန်ဒေါ်လာ ၈၃၅)ဈေး ရှိတယ်လို့ သိရပါတယ်။ NCDEX ကြိုပွိုင့်ဈေးကွက်မှာ ဒီဇင်ဘာလပို့ရမယ့် နနွင်းဈေးဟာ ၃ ဒသမ ၀၂ ရာခိုင်နှုန်းကျဆင်းပြီး၊ တစ်တန် ရူပီး ၄၄၉၄၀ (ကန်ဒေါ်လာ ၈၇၃)ဈေးဖြစ်ခဲ့ပါတယ်။ ယမင်းခင် 

Sunday, 4 Dec 2011

                    ထိုင်းနိုင်ငံမှာ ကုန်ပစ္စည်းအတော်များများရဲ့ အခွန်ကောက်ခံမှု ဖွဲ့စည်း ပုံအား ပြုပြင်ပြီး ဆေးလိပ်၊ ဆေးရွက်ကြီး၊ အရက်၊ ဘီယာ အပါအဝင် စားသောက်ဆိုင်များအား အခွန်တိုးမြှင့်ကောက်ခံသွားမယ်လို့ ပြည်တွင်းအခွန် များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နန်ဘင်ကျာလွီကျရင်း ပြောကြားတယ်လို့ သိရပါတယ်။                    ယခင်က ပြည်တွင်းအခွန်ဌာနမှ လုပ်ငန်းရှင်များအား ကုန်ထုတ်လုပ်မှု အရင်းငွေ သက်သာစေဖို့ ကုန်ပစ္စည်းအတော်များများအား အခွန်ကောက်ခံမှု လျှော့ချပေးခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ အဲယားကွန်းအခွန်ကို ၁၅ ရာခိုင်နှုန်းမှ သုည ရာခိုင်နှုန်းသို့ လျှော့ချပေးခဲ့ပြီး လုပ်ငန်းရှင်များက ဈေးသက်သာစွာနဲ့ ပြည်သူများကိုရောင်းချပေးမယ်လို့ ဌာနကမျှော်လင့်ထားသော်လည်း အဲယား ကွန်းဈေးနှုန်းအလွန်ကြီးမားလာဖြင့် ယခင်သတ်မှတ်ချက်နဲ့ ကိုက်ညီမှုမရှိတာ တွေ့လာရပါတယ်။ ဒါ့အပြင် အစိုးရမှ သဘာဝဓာတ်ငွေ့ (NGV) သုံး ကားတစ်စီးအပေါ်မှာ အခွန်ကောက်ခံမှုအား ဘတ် ၅ သောင်းအထိ လျှော့ချပေးခဲ့ ပေမယ့် (NGV)  တပ်ဆင်ထားသည့် ကားရောင်းဈေးနှုန်းမှာလည်း ဌာနမှ မျှော်လင့်ထားသည့်အတိုင်းမဖြစ်လာခဲ့၍ ကုန်ပစ္စည်းအခွန်ကောက်ခံမှုနှုန်းထား များအား တိုးမြှင့်ကောက်ခံသွားဖို့ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ စက်မှုဝန်ကြီးဌာန တို့မှ ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ Source: ထိုင်းရတ်သတင်းစာ၊ကျော်ဆန်းထွန်း

Sunday, 4 Dec 2011

                  ယခုရက်ပိုင်းအတွင်း အိန္ဒိယပဲမျိုးစုံဈေးကွက်မှာ ကုလားပဲဈေးနှုန်း အားနည်း နေချိန်မှာ အိန္ဒိယရူပီးတန်ဖိုး ကျဆင်းလာခြင်းက ဈေးနှုန်းကို ပိုမိုဖိအား ဖြစ်စေတယ်။ ဒါပေမဲ့ ဒီလိုဈေးနှုန်းကျဆင်းလာခြင်းက ဝယ်လိုအားကို ပိုမိုဆွဲဆောင်နိုင်ပြီး ဈေးနှုန်းကျဆင်းမှုကို အထိန်းအကွပ်ဖြစ်စေတဲ့အပြင် မကြာမီကာလအတွင်း ဈေးနှုန်းပြန်လည် မြင့်မားလာမယ်လိ့ု ခန့်မှန်းကြတယ်။                  ဒါ့အပြင် ဆောင်းသီးနှံတွေအတွက် အနိမ့်ဆုံးထောက်ပံ့ပေးတဲ့ ဈေးနှုန်း (MSP)ကို တစ်ကွမ်တယ်လ်(၁၀၀Kg)မှာ ၂၁၀၀ ရူပီးမှ ၂၈၀၀ရူပီးအထိ ၃၃ ရာခိုင်နှုန်း မြှင့်တင်ပေးလိုက်ခြင်းကလည်း မကြာမီကာလ အတွင်း ကုလားပဲ ဈေးနှုန်းကို မြင့်မားစေမယ့် အထောက်အပံ့ဖြစ်တယ်လို့ ဆိုကြတယ်။ ရာဂျက်စသန်နဲ့ အန်ဒရာပရာဒေ့ရှ်ပြည်နယ်တွေမှာ ယခုနှစ်ကုလားပဲစိုက်ပျိုး ဧရိယာကယခင်နှစ်အလားတူကာလနဲ့ ယှဉ်ရင်လျော့ကျ သွားရာ ထွက်နှုန်း ကျဆင်း မယ် ခန့်မှန်းခြင်းကလည်း ဈေးနှုန်းကိုမြင့်မားစေမယ့် အလားအလာဖြစ်တယ်။ အိန္ဒိယမှာသာမက ကုလားပဲကို အဓိကထားစိုက်ပျိုးတဲ့ မြန်မာ ၊ သြစတြေးလျ နဲ့ ကနေဒါတို့မှာလည်း ရာသီဥတုဆိုးဝါးမှု ကြောင့် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းဖွယ်ရှိကြောင်း၊ ၎င်းင်းနိုင်ငံတွေမှ တင်သွင်းတဲ့ပဲတွေဈေးမြင့် လာနိုင်ရာ အိန္ဒိယ ပြည်တွင်းကုလားပဲဈေးနှုန်းလည်း မြင့်လာနိုင်ကြောင်း ကုန်သည်တွေက သုံးသပ်ကြတယ်။ Source:commodityonline.com၊ ပပ

Sunday, 4 Dec 2011

                       အိန္ဒိယပြည်တွင်းဈေးကွက်များမှာ လတ်တလော ကုလားပဲဈေးကျဆင်းနေပေမယ့် နောက်လာမယ့် ရက်များမှာတော့ ပြန်လည်ခိုင်မာလာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ရာဂျက်စသန်နဲ့ အခြားပဲထုတ်လုပ်ရာဒေသများမှာ ကုလားပဲလက်ကျန် နည်းနေပြီလို့ သိရပါတယ်။ ကုန်သည်များရဲ့ ခန့်မှန်းချက်အရ ယခင်နှစ် က ကုလားပဲတန်ချိန် ၅၈ သိန်းထွက်ရှိခဲ့ရာမှ ယခုနှစ်မှာ တန်ချိန် ၄၅ သိန်းသာ ထွက်ရှိခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ ယခုနှစ် ကုလားပဲစိုက်ဧရိယာ တိုးတက်တဲ့အတွက် လာမယ့်နှစ် ကုလားပဲတန်ချိန် ၆၀ သိန်းခန့် ထွက်ရှိနိုင်ပြီး အဓိကတော့ ရာသီဥတုအခြေအနေပေါ်မူတည်နေတယ်လို့ ဆိုပါတယ်။ ဈေးကွက် များမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                              ဒေါ်လာ/ တန်                        ၃၀-၁၁-၁၁       ၂၉-၁၁-၁၁       ၂၈-၁၁-၁၁             ၂၆-၁၁-၁၁ဒေလီ                 ၆၁၀-၆၁၅            ၆၁၆            ၆၁၅-၆၃၄               ၆၂၄-၆၄၃ကန်ပါ                 ၆၂၀-၆၂၅         ၆၄၅-၆၄၇        ၆၄၄-၆၅၁             ၆၄၈-၆၅၃အာကိုလာ               ၆၆၇                 ၆၉၃                ၆၉၂                     ၇၀၁MIRT(MAPT)

Sunday, 4 Dec 2011

                မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်စခန်းတို့မှ နိုဝင်ဘာလ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၀ ဒသမ ၇၂၅ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၉၂၇ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကတန် ၁၁၀၀ ကျော် တင်ပို့ခဲ့တာကြောင့် တန် ၂၀၀ ခန့် လျော့နည်းတင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင် ကာလများက မူဆယ်နယ်စပ်တစ်ခုတည်းမှသာ တင်ပို့ခဲ့ပေမယ့် ယခုအပတ်မှာ တော့ စစ်တွေနယ်စပ်ကနေ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တန် ၂၀ စတင် ပို့နိုင်တာတွေ့ရပါတယ်။ တစ်ဘက်နိုင်ငံ ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပေမယ့် မိမိဘက် ဈေးမှာ မြင့်တက်လျက်ရှိတာကို တွေ့ရပါတယ်။ ကုန်သယ်ယူခနှုန်း ထားကတော့ ပဲတီစိမ်း ၁ ပိသာကို ယခင် ရက်သတ္တပတ် ထက် ၄ ကျပ်ခန့် လျော့နည်းခဲ့တယ်လို့ သိရပါတယ်။                                 မိမိဘက်(ကျပ်/တန်)                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                 ယခု        ယခင်      ပြောင်းလဲမှု    %      ယခု     ယခင်  ပြောင်းလဲမှု   %ပဲတီစိမ်း ၆၉၉၀၆၅   ၆၅၇၉၆၇     ၄၁၀၉၈    ၅ .၈     ၈၅၀     ၈၅၂          ၂          ၀ .၂MIRT(DOBT)

Sunday, 4 Dec 2011

           အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ပဲခွဲစက်များမှ ဝယ်ယူမှုနည်းတာကြောင့် ပဲစင်းငုံဈေးလည်း လျော့ကျခဲ့ပါတယ်။ လက်လီဈေးကွက်များမှာ လတ်ဆတ် ဟင်း သီးဟင်းရွက်ပေါတဲ့အတွက် ပဲစင်းငုံဝယ်လိုအား နည်းတယ်လို့ သိရပါတယ်။ ပြည်တွင်းထွက် အမ်ရာဗာကီနဲ့ ဂူဘာကာပဲစင်းငုံများမှာ သွင်းအားစုစရိတ်ပိုမို ကြီးမြင့်တဲ့ အတွက် ဈေးအမြင့်နဲ့ ကမ်းလှမ်းကြတယ်လို့ သိရပါတယ်။ နောက်ရက်များမှာတော့ ပဲစင်းငုံဈေးငြိမ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်မှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                  ဒေါ်လာ/ တန်                 ၃၀-၁၁-၁၁      ၂၉-၁၁-၁၁      ၂၈-၁၁-၁၁           ၂၆-၁၁-၁၁မွန်ဘိုင်း     ၅၈၆-၅၉၆         ၅၉၂-၅၉၃         ၆၀၁                     ၆၁၅ဒေလီ         ၆၃၀-၆၃၄          ၆၅၄-၆၆၄      ၆၆၃-၆၇၃           ၆၆၃-၆၇၂ချန်နိုင်း           ၆၀၆                 ၆၀၆           ၆၂၅-၆၃၀               ၆၂၉MIRT(MAPT)

Sunday, 4 Dec 2011

                   အိန္ဒိယပြည်တွင်းဈေးကွက်တချို့ကို မတ်ပဲဝင်ရောက်မှု ဆက်လက်ရှိနေပြီး ဝယ်လိုအားပါးနေတဲ့အတွက် ယခုတစ်ပတ်မှာလည်း ဈေးဆက်လက်ကျဆင်းနေပါတယ်။ ဒါ့အပြင် ဒေလီဈေးကွက်မှာ မတ်ပဲအိတ် ၂ သိန်း ဝန်းကျင်သိုလှောင်ထားရှိပြီး လှောင်လက်များမှ ထုတ်ရောင်းနေတဲ့အတွက် ဈေးကျဆင်းနေခြင်းဖြစ် တယ်လို့ သိရပါတယ်။ လက်ရှိအနေအထားအရ လာမယ့်ရက်များမှာလည်း မတ်ပဲ ဈေးဆက်လက်ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                              ဒေါ်လာ/ တန်                   ၃၀-၁၁-၁၁         ၂၉-၁၁-၁၁      ၂၈-၁၁-၁၁         ၂၆-၁၁-၁၁မွန်ဘိုင်း          ၆၀၁                   ၆၀၁             ၆၀၅-၆၁၅             ၆၃၂ဒေလီ          ၄၀၄-၅၁၉           ၄၀၄-၅၂၀         ၄၂၃-၅၁၉          ၄၂၁-၅၁၇ချန်နိုင်း         ၆၅၄-၆၅၈          ၆၅၉-၆၆၄             ၆၅၈                 ၆၇၀MIRT(MAPT)

Wednesday, 30 Nov 2011

                   လက်ရှိဈေးကွက်နှစ်အတွင်း တောင်အာရှနိုင်ငံဖြစ်တဲ့ အိန္ဒိယမှာ ပိုလျှံသကြား သိုလှောင်မှုအမြောက်အမြားရှိခြင်းနဲ့ သယ်ယူမှုအဆင်ပြေနိုင်ခြင်းတို့ကြောင့် တရုတ်နိုင်ငံဟာ ဈေးသက်သာတဲ့ အိန္ဒိယသကြား တင်သွင်းဖွယ်ရှိတယ်လို့ နိုင်ငံတကာ သကြားအဖွဲ့အစည်း (ISO) အမှုဆောင်ဒါရိုက်တာ Peter Baron  မှ နိုဝင်ဘာလ ၂၁ ရက်မှာ ပြောကြားပါတယ်။ တရုတ်နိုင်ငံဟာ ဈေးသက်သာတဲ့ သကြားကိုရှာဖွေနေပြီး အိန္ဒိယက ဝယ်ယူနိုင်တယ်လို့ အိန္ဒိယသကြား နည်းပညာ ရှင်အသင်းမှကျင်းပတဲ့ ညီလာခံမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ အိန္ဒိယဝန်ကြီးများအဖွဲ့ဟာ အောက်တိုဘာ ၁ ရက်မှာ စတင်တဲ့ ဈေးကွက် နှစ်အတွင်း သကြား တင်ပို့ နိုင်ဖို့ ပမာဏကို နောက်တနင်္လာနေ့မှာ ဆုံးဖြတ်သွားဖွယ် ရှိတယ်လို့သိရပါတယ်။ISO ရဲ့ ခန့်မှန်းချက်အရ အိန္ဒိယ နိုင်ငံရဲ့ ယခုနှစ် သကြားပိုလျှံမှုဟာ တန်ချိန် ၄ သန်းထက် အနည်းငယ် ပိုမိုဖွယ်ရှိပေမဲ့ အစိုးရ ဝန်ကြီးများကတော့ တစ်ခါခွင့်ပြုရင် တန်ချိန် ၅ သိန်းစီထက်ပိုပြီး ခွင့်ပြုဖွယ် မရှိဘူးလို့ဆိုပါတယ်။                        ကမ္ဘာမှာ ဒုတိယအများဆုံး သကြားထုတ်လုပ်တဲ့ အိန္ဒိယဟာ ၂၀၁၀-၂၀၁၁ အတွင်း အမြောက်အမြား ထွက်ရှိခဲ့လို့ တန်ချိန် ၂ ဒသမ ၆ သန်းတင်ပို့ခွင့်ပြု ခဲ့ပါတယ်။ နိုင်ငံရဲ့ထုတ်လုပ်မှုဟာ ယခင်နှစ်ကတန်ချိန် ၂၄ ဒသမ ၃ သန်းရှိရာမှ ယခုနှစ်မှာ တန်ချိန် ၂၅ ဒသမ ၈ သန်းအထိ မြင့်တက်ဖွယ်ရှိတယ်လို့ဆိုပါတယ်။ Mr.Baron မှ ပြောကြားချက်အရ တရုတ်နိုင်ငံရဲ့ သကြားတင်သွင်းမှုဟာ နှစ်စဉ်သတ်မှတ်ထားတဲ့ ကိုတာ ပမာဏတန်ချိန် ၁ ဒသမ ၉ သန်းထက် ကျော်လွန်ပြီး ယခင်နှစ်ကတန်ချိန် ၂ ဒသမ ၁ သန်းရှိခဲ့ရာမှ ၂၀၁၁-၂၀၁၂ မှာ တန်ချိန် ၂ ဒသမ ၇ သန်းအထိ မြင့်တက်ဖွယ်ရှိတယ်လို့ဆိုပါတယ်။ ယခုကာလ အတွင်း တရုတ်နိုင်ငံရဲ့ ထုတ်လုပ် မှုဟာ တန်ချိန် ၁၂ ဒသမ ၆ သန်းနီးပါးရှိ နိုင်တယ်လို့လည်းဆိုပါတယ်။                     တရုတ်နိုင်ငံရဲ့ သကြားလက်ကျန်နည်းပါးလာပြီဖြစ်လို့ ထုတ်လုပ်မှုပြန်လည် ကောင်းမွန်လာပေမဲ့ လိုအပ်ချက် ဖြည့်ဆည်းဖို့ လုံလောက်နိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ နိုင်ငံရဲ့လူတစ်ဦးသကြားစားသုံးမှုဟာ လွန်ခဲ့တဲ့ ၁၀ စုနှစ် ကျော်ထက် ၂ ဆနီးပါးပိုပြီး ၁၂ ကီလိုရှိလာတယ်လို့လည်းဆိုပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ တရုတ်နိုင်ငံသကြားပြတ်လပ်မှုအလားတူ အင်ဒိုနီးရှား လိုနိုင်ငံများမှ လိုအပ်ချက် ဖြည့်ဆည်းဖို့ အခွင့်အရေးရယူဖို့ ကြိုးစားနေပေမဲ့ စည်းကမ်း အဆင့်များနေခြင်းကြောင့် ဆုံးရှုံးမှုမဖြစ်သင့်ဘူးလို့လည်း Mr.Baron ကဆိုပါတယ်။ အိန္ဒိယအစိုးရက ပြည်တွင်းဈေးကွက်တွေကိုရောင်းချတဲ့ ပမာဏ အလားတူ ဈေးနှုန်း မြင့်တက်မှုကို ကာကွယ်ဖို့ ထောက်ပံ့ဈေးနဲ့ရောင်းချမှု ပမာဏ ကိုအခြေခံပြီး လစဉ်ဆုံးဖြတ်လျက်ရှိတဲ့အတွက် သကြား တင်ပို့ရာမှာ စည်းမျဉ်း စည်းကမ်း တင်းကျပ်တယ်လို့ဆိုပါတယ်။                        ကမ္ဘာ့သကြားဈေးဟာ လက်ရှိအိန္ဒိယပြည်တွင်းဈေးထက် ပိုမိုနေပါတယ်။ ကမ္ဘာ့သကြားကြမ်းဈေးဟာ တစ်ပေါင်ကို ကန်ဒေါ်လာ ၂၄ ဆင့်နဲ့ ၂၅ ဆင့် (ကန်ဒေါ်လာ ၅၂၉-၅၅၁) ကြားမှာ တည်ငြိမ်ဖွယ်ရှိတယ်လို့ Mr.Baron က ဆိုပါတယ်။ ယမင်းခင်၊ Source: Reuters

Pages