Background
အိန္ဒိယပဲစင်းငုံဈေးကွက် ဈေးမငြိမ်သော်လည်း အရောင်းအဝယ်ဖြစ် အိန္ဒိယပြည်တွင်း ဈေးကွက်တွင် ဈေးနှုန်းများမငြိမ်သော်လည်း ဈေးကွက် အတွင်း ထူးခြားသော အပြောင်းအလဲ မရှိကြောင်း သိရပါတယ်။ အဓိကဈေးကွက် များတွင် ပဲစက်ရုံများ၏ ဝယ်လိုအားအကန့်အသတ်ရှိဆဲ ဖြစ်ပါသည်။ ယခင်နှစ်က သိုလှောင်မှုမြင့်မား၍ ရောင်းလိုအား လုံလောက်မှုရှိပြီး၊ဈေးကွက် ပဲစင်းငုံတင်သွင်းမှု မြင့်မားနေကြောင်းသိရပါတယ်။ ယခင်နှစ်ထက် စိုက်ဧရိယာ လျော့နည်းသော်လည်း အထွက်နှုန်း ပိုမိုကောင်းမွန်မယ်လို့ ကုန်သည်များက မျှော်လင့်ထားကြောင်းနဲ့ ပဲသစ်များ ထွက်ရန်အလှမ်းဝေးသေးကြောင်း သိရပါတယ်။ ရောင်းလိုအား လုံလောက်သော်လည်း အရောင်းအဝယ်နည်းလျက်ရှိပြီး၊ ဝယ်လို အား တက်လာပါက ဈေးကောင်းလာနိုင်ဖွယ် ရှိပါတယ်။ ယခင်နှစ်ဈေးထက် နိမ့်သော ဈေးနှုန်းဖြင့်သာ အရောင်းအဝယ်ဖြစ်နေပြီး၊ တစ်ဆင့်ရောင်းသူများရဲ့ အဝယ် လိုက်ခြင်းကလည်း ဈေးနှုန်းကိုအထောက်အပံ့ပေးကြောင်း သိရပါတယ်။ အိန္ဒိယ အနောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်းတွင် မိုးရွာသွန်းမှုကြောင့် သီးနံှအတွက် အခြေအနေကောင်းသော်လည်း ကုန်သည်များက တောင်ပိုင်းအိန္ဒိယ အတွက် စိတ်ပူပန်နေကြောင်းသိရပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်း များကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၁၁-၈-၁၁ ၁ဝ-၈-၁၁ ၉-၈-၁၁ ၈-၈-၁၁မွန်ဘိုင်း ၆၁၃-၆၁၉ ၆၆၂ ၆၂၅ ၆၂၃-၆၂၈ဒေလီ ၅၇၄ ၅၇၅ ၆ဝ၉ -ချန်နိုင်း ၆ဝ၇-၆၁၃ ၆ဝ၈ ၅၆၉ ၆ဝ၁MIRT(MAPT)
အိန္ဒိယကုလားပဲဈေးကွက်တွင် သီးနံှအသစ်ဝင်သော်လည်း ဈေးနှုန်းအားနည်းဆဲ အိန္ဒိယပြည်တွင်း ဈေးကွက်အတွင်း ကုလားပဲဈေးနှုန်း အားနည်းနေဆဲဖြစ်ပြီး ဝယ်လိုအားလည်း အကန့်အသတ်ရှိဆဲဖြစ်ပါတယ်။ သြစတြေးလျမှ သီးနံှအသစ်များ စတင်ရောက်ရှိနေပြီး၊ လာမည့်လတွင် ကျင်းပမည့် ပွဲတော်ရာသီတွင် ဝယ်လိုအား တက်နိုင်တယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ စက်တင်ဘာ၊ အောက်တို ဘာအတွင်း စတင်မည့် သီးနံှရာသီ၏ ကနဦး အခြေအနေက သီးနံှစိုက်ပျိုးထုတ် လုပ်မှုအတွက် အရေးကြီးပြီး၊ ဈေးနှုန်းအတွက်လည်း တွန်းအားပေးကြောင်းသိရပါတယ်။ လက်ငင်းဈေးကွက်တွင် ကုလားပဲဈေးနှုန်းများ တက်ချည်ဆင်းချည် ဖြစ်နေ ပါတယ်။ သွင်းကုန်ကုလားပဲများ၏ ဈေးမြင့်ပြီး အဓိကဈေးကွက်များတွင် အရောင်း အဝယ်အားနည်းနေကြောင်း သိရပါတယ်။ သြဂုတ်လ ၁၁ ရက်နေ့တွင် ဈေးကွက် ဝယ်လိုအား တက်လာပြီး ရာသီပွဲတော်အတွက် ကုလားပဲထုတ်ကုန်များ၏ ဝယ်လို အားက ဈေးနှုန်းကို အထောက်အပံ့ပေးကြောင်း သိရပါတယ်။ သြစတြေးလျ၌ သီးနံှ ရိတ်သိမ်းနေပြီဖြစ်ပြီး လာမယ့် ရာသီအတွက် သီးနံှအထွက် ပိုမိုကောင်းမွန် တဲ့ အခြေအနေရှိပြီး ဈေးနှုန်းပေါ်၌ ဖိအားပေးကြောင်း သိရပါတယ်။ ဈေးကွက် အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် - ဒေါ်လာ/ တန် ၁၁-၈-၁၁ ၁ဝ-၈-၁၁ ၉-၈-၁၁ ၈-၈-၁၁မွန်ဘိုင်း ၅၇၄-၅၉၆ ၅၈၆-၆ဝ၈ ၅၉၈-၆ဝ၉ ၅၈၉-၆ဝ၁ဒေလီ ၆၄၁-၆၄၆ ၆၄၁-၆၄၇ ၆၅၃-၆၅၉ ၆၅၆-၆၆၂ကန်ပါ ၆၇၄ ၆၆၁ ၆၇၅ ၆၈၃MIRT(MAPT)
အိန္ဒိယပဲတီစိမ်း ဈေးကွက်ဈေးငြိမ်ပြီး အရောင်းအဝယ်အေး အိန္ဒိယပြည်တွင်း အဓိက ဈေးကွက်တွင် ဈေးငြိမ်လျက်ရှိပြီး၊ အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရပါတယ်။ ယခင်နှစ်က သိုလှောင်ထားတဲ့ လှောင်ကုန်များရှိသလို သီးနံှသစ်များကို မျှော်လင့်လျက်ရှိကြောင်း၊ စိုက်ဧရိယာမှာ ယခင်နှစ် ထက် နည်းကြောင်းသိရပါတယ်။ လက်ငင်းဈေးကွက်တွင် ပဲတီစိမ်းဈေး ခိုင်မာလျက်ရှိရာမှ ဈေးလျော့ကျလျက်ရှိကြောင်း သိရပါတယ်။ ဝယ်လိုအား ပိုကောင်းလာပြီး ရောင်းလိုအား အနည်းငယ် အားနည်းခြင်းက ဈေးနှုန်းကို အထောက် အပံ့ ဖြစ်စေကြောင်း သိရပါတယ်။ နိုင်ငံ၏ အထက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုကြောင့် မြေဆီသြဇာ ကောင်းမွန်ပြီး သီးနံှစိုက်ပျိုးသော ဒေသအများစုတွင် အခြေအနေကောင်း များဖြစ်ပေါ်နေကြောင်း သိရပါတယ်။ အနောက်မြောက်ဒေသတွင် မိုးရွာသွန်းမှုကြောင့် သီးနံှအထွက် နှောင့်နှေးနိုင်ကြောင်း သိရပါတယ်။ သြဂုတ်လကုန်ပိုင်းခန့်တွင် သီးနံှအသစ်များ ဒေသအသီးသီးမှ ဝင်ရောက်လာနိုင်ပြီး ကုန်သည်များက သီးနံှ၏ အရည်အသွေးအ တွက် စောင့်မျှော်နေကြကြောင်းလည်း သိရ ပါတယ်။ ဈေးကွက် အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် - ဒေါ်လာ/ တန် ၁၁-၈-၁၁ ၁ဝ-၈-၁၁ ၉-၈-၁၁ ၈-၈-၁၁မွန်ဘိုင်း (ကင်ညာ) ၉၇၂ ၉၆၈ ၉၆၉-၉၇၄ ၉၅၆ဒေလီ ၇၇၃-၈၁၇ ၇၇၄-၈၁၈ ၇၇၅-၈၁၉ ၇၇၈-၈၂၃အာကိုလာ ၇၇၃-၈၈၄ ၈၁၈-၉၃၅ ၇၇၅-၈၈၆ ၇၇၈-၈၉ဝMIRT(MAPT)
ကမ္ဘာ့သကြားထုတ်လုပ်မှုပိုမို၍ ဈေးနှုန်းအားနည်း သကြားရောင်းအားကျပြီး ဈေးနှုန်းလည်းအားနည်းလာကြောင်းသိရပါတယ်။ ကမ္ဘာ့အဓိက သကြား ထုတ်လုပ်တဲ့ နှစ်နိုင်ငံဖြစ်တဲ့ ဘရာဇီးနဲ့အိန္ဒိယကို ဈေးကွက်က စောင့်ကြည့်နေကြောင်းသိရပါတယ်။ အိန္ဒိယရဲ့အဓိကသကြားထုတ်လုပ်တဲ့ မဟာရာရှ်ထရာမှာ ၂ဝ၁၁-၁၂ မှာ သကြားတန်ချိန် ၉ ဒသမ ၃ သန်း ထုတ်လုပ်နိုင်ဖွယ်ရှိပြီး သကြားတန် ၈၂ ဒသမ ၅ သန်း ထပ်မံရရှိနိုင်မယ့် ကြံစိုက်ဧရိယာတွေ တိုးခဲျ့နေကြောင်းလည်း သိရပါတယ်။ ၂ဝ၁၁ မှာ အိန္ဒိယရဲ့ ကြံစိုက်ဧရိယာတွေ ဟက်တာ ၅၁ ဒသမ ၁၃ သိန်းရှိကြောင်း၊ စိုက်ပိုျးရေး ဝန်ကြီးဌာနမှသိရပါတယ်။ အီတလီမှာ အထွက်နှုန်းကျနိုင်ပေမဲ့ ကမ္ဘာ့အထွက်နှုန်းတက်နိုင်မယ်လို့ မျှော်လင့်နေ ကြပါတယ်။ ဘရာဇီးရဲ့အထွက်နှုန်းက ၁ဝ စုနှစ်အတွင်း အပင်အိုတွေကြောင့် ပထမဆုံးအကြိမ် ကျဆင်းနိုင်ပါတယ်။ ဒီလိုထုတ်လုပ်မှုကျတာက တစ်နည်းအားဖြင့် ဈေးနှုန်းကို အထောက်အပံ့ပေးကြောင်းသိရပါတယ်။ အောက်တိုဘာ လအတွက် သကြားဖြူဈေးက တစ်တန်ကို ၇၂၉ ဒေါ်လာရှိကြောင်းသိရပါတယ်။ ၂ဝ၁၁- ၂ဝ၁၂ မှာ သကြားထုတ်လုပ်မှုပိုလံျှနိုင်တယ်လို့ခန့်မှန်းပြီး၊ သုတေသီအများစု ကတော့ သကြားအလားအလာ ကျဆင်းမယ်လို့ ပြောနေကြကြောင်း သတင်းရရှိပါတယ်။ K.Z.W,Source: commodity online
ကူးပါးတာယာကုမ္ပဏီမှ ဒုတိယသုံးလပတ်တွင် အမြတ်ငွေကျဆင်း ကူးပါးတာယာနဲ့ ရော်ဘာကုမ္ပဏီက ၎င်းရဲ့ ဒုတိယသုံးလပတ်မှာ ကုန်ကြမ်းစရိတ်မြင့်မားတာကြောင့် ရောင်းအား ကောင်းပေမယ့် ဝင်ငွေထိုးကျခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ ကုမ္ပဏီရဲ့ အမြတ်ငွေက ဒေါ်လာ ၁၁ ဒသမ ၅ သန်းရှိပြီး ယခုနှစ်အစောပိုင်းက ဒေါ်လာ ၄၄ ဒသမ ၁ သန်းအထိရှိခဲ့ကြောင်းသိရပါတယ်။ ဒါပေမယ့် ၂ဝ၁ဝ ဒုတိယ ၃ လပတ်မှာ ရခဲ့တဲ့ ရောင်းရငွေ ဒေါ်လာ ၈ဝ၄ သန်းထက်တော့ ၁၅ ရာခိုင်နှုန်း တိုးတက်ပြီး ရောင်းရငွေ ဒေါ်လာ ၉၂၂ ဒသမ ၂ သန်း ရှိကြောင်း သိရပါတယ်။ လက်ရှိမှာ ကုမ္ပဏီအနေနဲ့ စိန်ခေါ်မှု ၂ ခုနဲ့ ရင်ဆိုင်နေရကာ တစ်ခုကဝယ်လိုအား ကျဆင်းတာ ဖြစ်ပြီးနောက်တစ်ခုကတော့ ကုန်ကြမ်းဈေးနှုန်း မြင့်တက်တာဖြစ်ကြောင်း ကူးပါးရဲ့ ဃနဥ က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဒီစိန်ခေါ်မှုတွေက တာယာလုပ်ငန်းတွေအတွက် အသစ်အဆန်းမဟုတ်ပဲ မိမိတို့အနေနဲ့ အရင်ကတည်းက အောင်မြင်စွာ ကျော်လွှားနိုင်မယ့် နည်းလမ်းကို ရှာဖွေတွေ့ရှိထားပြီးဖြစ်ကြောင်း၊ ဒီစိန်ခေါ်မှုတွေက ကုမ္ပဏီကို ဖိအားပေးနိုင်တာကလဲ တစ်ခဏတာသာဖြစ်ပြီး မိမိတို့အနေနဲ့အောင်မြင် ဆောင်ရွက်နိုင်မယ့် စွမ်းအားတွေရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ကူးပါးကုမ္ပဏီ အနေနဲ့ ၂ဝ၁ဝ ခုနှစ်က ထုတ်လုပ်မှုထက် ၂ဝ၁၁ ခုနှစ်မှာ ၁ဝ ရာခိုင်နှုန်းလျော့ထုတ်လုပ်မှာဖြစ်ပြီး ကုန်ကြမ်း စရိတ်ကလည်း တတိယသုံးလပတ်မှာ ဒုတိယသုံးလပတ်ထက် ၅ ရာခိုင်နှုန်း ဆက်လက်မြင့်တက်မယ်လို့ ခန့်မှန်းထား ကြောင်း သတင်းရရှိပါတယ်။ Source:Internet,KZW
ဝယ်လိုအားကျဆင်း၍ အိန္ဒိယနနွင်းဈေးကျ နနွင်းထုတ်လုပ်တဲ့ ဒေသတွေကနေ ကုန်ပစ္စည်းရောက်ရှိလာတာကြောင့် ပြည်တွင်းဈေးကွက်မှာ ဝယ်လိုအားနည်းပြီး၊ နနွင်းဈေးကျခဲ့ကြောင်းသိရပါတယ်။ အမျိုးသားကုန်စည်ဒိုင် (NCDEX)ရဲ့ သြဂုတ်လအတွက် အရောင်းအဝယ်ဈေးနှုန်းက ၁ဝဝ ကီလိုကို ရူပီး ၆၂၁၄ ဖြစ်ပြီး၊ ဝ ဒသမ ၉၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါတယ်။ ဝယ်လိုအားကျပြီး ထုတ်လုပ်မှု မြင့်တာကြောင့် အခိုက်အတန့်မှာ ဈေးနှုန်းအတွက်ဖိအား ရှိပေမယ့် လာမယ့် ရက်သတ္တပတ်များမှာ ဝယ်လိုအားတက်လာပြီး၊ ဈေးနှုန်းကို အထောက်အပံ့ပေးနိုင်ကြောင်း မျှော်လင့်နေကြပါတယ်။ အန်ဒရာပရာဒေ့ရှ်မှာ စတင်စိုက်ပျိုးနေပြီး အခြေအနေ ကလည်း အားရကျေနပ်ဖွယ်ရှိကြောင်း သိရပါတယ်။ မုတ်သုံအားကောင်းခြင်းကလည်း စိုက်ပျိုးရေးကို ပံ့ပိုးပေးကြောင်း သိရပါတယ်။ စိုက်ပျိုးတဲ့ ဧရိယာ ပမာဏကလည်း ဈေးကွက်ဈေးနှုန်းပေါ်မူတည်ပြီး တကယ်လို့ ဈေးဆက်လက်ကျဆင်းမယ် ဆိုရင်တောင်သူတွေကအခြားသီးနံှတွေဖြစ်တဲ့ ဝါဂွမ်း၊ ပဲပုပ်အစရှိတဲ့ သီးနံှတွေကို ပြောင်းလဲစိုက်ပျိုးမှာဖြစ်တာကြောင့် စိုက် ဧရိယာ ကျဆင်းနိုင်ကြောင်း ကုန်သည်များက သုံးသပ်တယ်လို့သိရပါတယ်။ K.Z.W,Source: commodityonline
ဇူလိုင်လအတွင်း မိုးရေချိန်နည်းတာကြောင့် အိန္ဒိယပဲစင်းငုံအထွက် ကျဆင်းဖွယ်ရှိ အိန္ဒိယရဲ့ဇူလိုင်လမှာ မိုးရွာသွန်းမှုနည်းပြီး သြဂုတ်လ လက်ရှိအချိန်တိုင်အောင်လည်း မိုးများများရွာသွန်းမှုမရှိလို့ ပဲစိုက်ပျိုးမှုကို ထိခိုက်နေပါတယ်။ အထူးသဖြင့် ပဲစင်းငုံကို ထိခိုက် နိုင်တယ်လို့ ဆိုပါတယ်။ စိုက်ပျိုးမှုဟာ ယခင်နှစ်ထက် ဟက်တာ၉၃ဝဝဝဝလျော့ကျပါတယ်။ အကြီးမားဆုံးလျော့ကျ တာလည်း ပဲစင်းငုံပဲလို့ ဆိုပါတယ်။ သြဂုတ်လ ၅ ရက်မှာ ပဲစင်းငုံ စိုက်ဟက်တာ ၂ ဒသမ ၉ သန်းဝန်းကျင်သာ စိုက် ပျိုးပြီးလို့ ယခင်နှစ်ကာလတူထက် ၁၅ ရာခိုင်နှုန်းနီးပါး လျော့ ကျနေပါတယ်။ ၂ဝ၁ဝ-၁၁ အတွင်း မိုးပဲမျိုးစုံထုတ်လုပ်မှု တန်ချိန် ၇ ဒသမ ၁၂ သန်းအထိ မြင့်တက်မှုကို မီနိုင်မယ့် အခြေအနေ မရှိဘူးလို့ ခန့်မှန်းထားပါတယ်။ ယခင်နှစ်က စုစုပေါင်း ပဲထွက်ရှိမှုဟာ တန်ချိန် ၁၈ သန်းထိ မြင့်တက်မှုဟာ ပထမအကြိမ် ဖြစ်ခဲ့ပါတယ်။ ယခုနှစ် ကာနာတာကာ၊ အင်ဒရာပရာဒေ့ရှ်နဲ့ မဟာရပ်ရှတရာတို့မှာ ကနဦးမိုးရွာသွန်းခြင်းနည်းတာကြောင့် ပဲစင်းငုံထုတ်လုပ်မှုက မျှော်လင့်ချက်ရောင်ခြည်ကို မှေးမှိန်စေခဲ့ တယ်လို့ အစိုးရအရာရှိတစ်ဦးက ဆိုပါတယ်။ စိုက်ဧကလျော့ ကျမှုကို ကာမိစေဖို့ တစ်ဟက်တာအထွက်နှုန်း တိုးတက်မှုပေါ် မှာ အများကြီး မူတည်နေပါတယ်လို့ ဆိုပါတယ်။ ကာနာတာကာမှာ ပဲစင်းငုံစိုက်ဧရိယာဟာ လက်ရှိ အချိန်ထိ ၃ဝ ရာခိုင်နှုန်းဝန်းကျင်လျော့ကျနေပြီး မဟာရပ် ရှတရာမှာ ယခင်နှစ်ကာလတူထက် ၁၆ ရာခိုင်နှုန်းဝန်းကျင် နည်းနေပါတယ်။အင်ဒရာပရာဒေ့ရှ်မှာ ပဲစင်းငုံစိုက်ဧရိယာဟာ ယခင်နှစ်ကာလတူထက် ၄၆ ရာခိုင်နှုန်းနီးပါးကျဆင်းနေ ပါတယ်။ အစိုးရက ကာနာတာကာမှာ ပဲစင်းငုံစိုက်ဧရိယာကို ၄ဝ ရာခိုင်နှုန်းတိုးပြီး ဟက်တာ ၈၆ဝဝဝဝ၊ မဟာရပ်ရှတရာ မှာ ၁ဝ ရာခိုင်နှုန်းတိုးပြီး ဟက်တာ ၁ ဒသမ ၂ သန်းအထိ စိုက်ဖို့ ရည်မှန်းထားပါတယ်။ လက်ရှိမိုးရာသီအတွင်း မတ်ပဲလို အခြားပဲစိုက်ပျိုးတာ ယခင်နှစ်ထက် ပိုမိုပေမဲ့ ၎င်းတို့ရဲ့ ဝေစုဟာ စုစုပေါင်းထုတ်လုပ်မှုထဲမှာ အလွန်ပဲ နည်းတယ်လို့ဆိုပါတယ်။ မိုးသီးနံှများအနက် စပါး၊ ကြံ၊ ဆီထွက်သီးနံှနဲ့ ဝါအပါ အဝင် အခြားသီးနံှများကတော့ မနှစ်ကထက် စိုက်ပျိုးမှု ပိုတယ်လို့ ဆိုပါတယ်။ သြဂုတ်လ ၁၃ ရက်ကနေစပြီး မိုးရွာ သွန်းမှုအားကောင်းနိုင်တဲ့ ခန့်မှန်းချက်တော့ သတင်းကောင်းပါလို့ ဆိုပါတယ်။ ဒါပေမဲ့ စိုက်ပျိုးဖို့ အရမ်းနောက်ကျနေပြီ ဖြစ်ပြီး မိုးသီးနံှအများစုစိုက်ပျိုးမှုက သြဂုတ်လကုန်မှာ အချိန် လွန်မှာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဇူလိုင်လအတွင်း မိုးရွာသွန်းမှုဟာ နှစ် ၅ဝ အတွင်း ပျမ်းမျှမိုးရေချိန် (LPA) ရဲ့ ၈၆ ရာခိုင်နှုန်းသာရှိလို့ အစောပိုင်း မိုးလေဝသဌာနက ခန့်မှန်းမှုထက် ၇ ရာခိုင်နှုန်းလျော့နည်း တယ်လို့ ဆိုပါတယ်။ သြဂုတ်လမှ စက်တင်ဘာလအတွင်း စုစု ပေါင်း မိုးရွာသွန်းမှုဟာလည်း (LPA) ရဲ့ ၉ဝ ရာခိုင်နှုန်းသာ ရှိနိုင်တယ်လို့ ပုံမှန်ထက် လျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်း ထားပါတယ်။ ယမင်းရွှေစင်၊ Source: sifyfinance
အိန္ဒိယ ကုလားပဲဈေးကွက် ပွဲတော်များကြောင့် ဝယ်လိုအားကောင်းမယ် မျှော်လင့် အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များမှာ ဈေးနှုန်းခိုင်မာလျက်ရှိပြီး၊ စက်ပိုင်များနဲ့ တစ်ဆင့်ရောင်းချများမှ ဈေးနှုန်းတက်မယ့် မျှော်လင့်ချက်အရ ဝယ်လိုအားများ ခိုင်မာနေကြောင်း သိရပါတယ်။ ယခုနှစ်ကုန်ပိုင်း ပွဲတော် များပိုမိုများပြားလာ တာကြောင့် ကုလားပဲနဲ့ ကုလားပဲထုတ်ကုန်များအတွက် ဝယ်လိုအားပိုလာပြီး ဈေး နှုန်းကို အထောက်အပံ့ပေးကြောင်း သိရပါတယ်။ အမေရိကန်မှာ စိုက်ဧရိယာ ကျဆင်းခြင်းကလည်း ကမ္ဘာ့ဈေးကွက် ကုလားပဲဈေးနှုန်း အလားအလာကောင်းဖို့ ဖြစ်နိုင်ကြောင်းလည်း သိရပါတယ်။ ယခင်နှစ်နဲ့ နှိုင်းယှဉ်ပါက စိုက်ဧကကျဆင်းပြီး မိုးရွာပြီး ရေကြီးခြင်းကလည်း ကုန်သွယ်ရေးကို ထိခိုက်မှုရှိနိုင်ကြောင်း သိရပါတယ်။ အိန္ဒိယပြည် လက်ငင်းဈေးကွက်တွင် ဈေးနှုန်းအားနည်းလျက်ရှိပြီး၊ ဈေးကွက်အတွင်း အဝယ်ပါးကြောင်းနှင့် သြစတြေးလျမှ သွင်းကုန်များ ဝင်ရောက်လာပါက တစ်ဆင့် ရောင်းနဲ့သိုလှောင်မှုများက ဈေးနှုန်းကို ဖိအားပေးနိုင်ကြောင်း သိရပါတယ်။ ဈေး ကွက် အသီးသီးမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၁၈-၈-၁၁ ၁၇-၈-၁၁ ၁၆-၈-၁၁ ၁၂-၈-၁၁မွန်ဘိုင်း ၅၇ဝ-၅၉၇ ၅၈၄-၆ဝ၆ ၅၈၆-၆ဝ၈ ၅၈၄-၅၉ဝဒေလီ ၆၄၇-၆၅၂ ၆၅ဝ-၆၅၆ ၆၅၂-၆၅၇ ၆၄၅-၆၅ဝကန်ပါ ၆၇၅ ၆၈၁ ၆၈၅ ၆၇၂MIRT(MAPT)
အိန္ဒိယ ပဲတီစိမ်း ဈေးကွက်ဈေးနှုန်း အားနည်းနေ အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွင် ဈေးနှုန်း တည်ငြိမ်လျက်ရှိပြီး လာမယ့် ရက်သတ္တပတ်မှာ အိန္ဒိယကျွန်းဆွယ် အတွင်း မိုးရွာဖွယ်ရှိတာကြောင့် သီးနံှရင့်မှည့်မှုနဲ့ ရိတ်သိမ်းမှု နှောင့်နှေးဖွယ်ရှိကြောင်း သိရပါတယ်။ နိုင်ငံအထက်ပိုင်းမှာ မိုးရွာသွန်းမှုကြောင့် မြေဆီသြဇာကောင်းပြီး၊သီးနံှစိုက်ပိုျးတဲ့ဒေသများမှာ အခြေအနေကောင်းများ ဖြစ်ပေါ်နေပါတယ်။ ဒေသ အသီးသီးမှာ သီးနံှအသစ်များ သြဂုတ်လကုန်မှစလို့ ရောက်ရှိနိုင်ပြီး သီးနံှအရည်အသွေးအတွက် ကုန်သည်များက စိတ်ပူပန် နေကြကြောင်း သိရပါတယ်။ အိန္ဒိယနိုင်ငံ အဓိကဈေးကွက်များမှာ ဈေးနှုန်းအားနည်းနေပြီး ဝယ်လိုအားလည်း အကန့်အသတ် ရှိနေကြောင်း သိရပါတယ်။ ဈေးကွက်အသီးသီးမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၁၈-၈-၁၁ ၁၇-၈-၁၁ ၁၆-၈-၁၁ ၁၂-၈-၁၁မွန်ဘိုင်း (ကင်ညာ) ၉၂၁ ၉၄၈ ၉၆၇ ၉၆၄ဒေလီ ၇၆၇-၈၁၁ ၇၇၁-၈၁၆ ၇၇၃-၈၁၈ ၇၇၁-၈၁၆အာကိုလာ ၇၆၇-၈၇၇ ၇၇၁-၈၈၂ ၇၇၃-၇၉၆ ၇၇၁-၈၈၂MIRT(MAPT)