Background
အိန္ဒိယနိုင်ငံ STC အေဂျင်စီက ပဲမျိုးစုံတန်ချိန် ၃၁ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ် အိန္ဒိယနိုင်ငံ STC ကော်ပိုရေးရှင်းက ပြည်တွင်းဈေးကွက်အတွင်း ရောင်းချဖို့ ပြည်ပက ပဲမျိုးစုံတန်ချိန် ၃၁ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ တင်သွင်းမယ့် ပဲများက ပဲဝါလေး တန်ချိန် ၂၅ဝဝဝ၊ ဒေစီကုလားပဲ မတ်ပဲနဲ့ ပဲစင်းငုံတွေကိုတန်ချိန် ၂ဝဝဝစီ တင်သွင်းသွားမှာဖြစ်ပြီး ကနေဒါ၊ သြစတြေးလျနဲ့ မြန်မာနိုင်ငံက ပဲများ တင်သွင်း သွားမယ်လို့ သိရပါတယ်။ မတ်ပဲနဲ့ ပဲစင်းငုံများကတော့ ယခုနှစ်ထွက်ပဲများဖြစ်ရမှာဖြစ်ပြီး မေနဲ့ ဇွန်လအတွင်း မွန်ဘိုင်းနဲ့ ချန်နိုင်းဆိပ်ကမ်းများကို တင်ပို့ရမယ်လို့ သိရပါတယ်။ ယမင်းခင် Source: commodityonline
မာလာဝီတောင်သူများ အိန္ဒိယအတွက် ပဲမျိုးစုံထုတ်လုပ်ဖို့ ကြိုးစားနေ အရှေ့တောင်အာဖရိကနိုင်ငံထဲက မာလာဝီတောင်သူများဟာ နိုင်ငံတကာဈေးကွက်အတွင်း တိုးတက်နေတဲ့ ဝယ်လိုအား၊ အထူးသဖြင့် အိန္ဒိယရဲ့ဝယ်လိုအားပြည့်မီဖို့ ၎င်းတို့ပုံမှန်စိုက်ပျိုးတဲ့ သီးနံှတွေကနေ ပဲမျိုးစုံပြောင်းလဲ စိုက်ပျိုး နေတယ်လို့သိရပါတယ်။ မာလာဝီအစိုးရက အိန္ဒိယလိုအပ်ချက်ဖြည့်ဆည်းရေး ပဲပိုမိုစိုက်ပျိုးဖို့ တောင်သူ တွေကို တွန်းအား ပေးနေတယ်လို့ မာလာဝီစီးပွားရေးလုပ်ငန်းရှင် Jimu Banda ကပြောကြားပါတယ်။ Banda ဟာ မတ်လ ၂၇-၂၉ ရက် အတွင်း အိန္ဒိယအာဖရိက စီးပွားရေးဆွေးနွေးပွဲတက်ရောက်ခဲ့အပြီးမှာ ပြောကြားခြင်းဖြစ်ပါ တယ်။ Banda ဟာ ဆွေးနွေးပွဲတက်ရောက်ခြင်းအပြင် အချို့ပစ္စည်းဝယ်ယူဖို့ သွားရောက်ခဲ့တာဖြစ်ပေမယ့် ပဲစင်းငုံနဲ့ ပဲစင်းငုံခွဲခြမ်းရောင်းချဖို့ အမှာစာများရရှိခဲ့တယ်လို့သိရပါတယ်။ အိန္ဒိယနိုင်ငံဟာ ပဲစင်းငုံဝယ်လိုအား ကြီးကြီးမားမား ရှိနေပြီး၊ ယခုကုမ္ပဏီ ၂ ခုက ပဲစင်းငုံတန် ၁ဝဝဝ ရောင်းချဖို့အော်ဒါရရှိတယ်လို့ ၎င်းကဆိုပါတယ်။ မာလာဝီမှ အိန္ဒိယကို ပဲမျိုးစုံတန်ချိန် ၅ဝဝဝဝ ခန့်တင်ပို့ပြီးဖြစ်ပေမယ့် ပမာဏများများတင်ပို့ဖို့အလားအလာ ရှိနေတယ်လို့ Banda ကဆိုပါတယ်။ အစိုးရအနေနဲ့ အိန္ဒိယဈေးကွက်အတွက် ပဲမျိုးစုံတိုးတက်စိုက်ပျိုးဖို့ အလေးထားဆောင်ရွက်လျက်ရှိပြီး၊ အိန္ဒိယနိုင်ငံအတွက်လည်း ပဲမျိုးစေ့အသစ်များ ထုတ်လုပ်ခြင်း၊ စောစီးစွာရင့်မှည့်ပြီး၊ အထွက်နှုန်းကောင်းတဲ့မျိုးစေ့များ စိုက်ပျိုးဖို့ သုတေသနနဲ့ လေ့ကျင့်သင်ကြားပေးခြင်းများ ကူညီလျက်ရှိပါတယ်။ အစောပိုင်းက မာလာဝီမှာ အဓိက အားဖြင့် ပြောင်း၊ လက်ဖက်နဲ့ ဆေးရွက်ကြီးစိုက်ပျိုးကြပေမယ့် ယခုအခါပဲမျိုးစုံကိုလည်း စိုက်ပျိုးလာကြပြီလို့ဆိုပါတယ်။ မာလာဝီရှိ တောင်သူများဟာ ပဲပုပ်၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ဘိုကိတ်ပဲ၊ မြေထောက်ပဲတို့ကိုလည်း စိုက်ပျိုးလာကြပြီ ဖြစ်ပါတယ်။ မာလာဝီလုပ်ငန်းရှင်များဟာ ပဲပုပ်စေ့မှ ပဲပုပ်နို့ရေပြုလုပ်ဖို့ စက်ပစ္စည်းများကိုလည်း ဝယ်ယူဖို့ ကြိုးစားနေပြီလို့ ဆိုပါတယ်။ ယခင်းရွှေစင်၊Source:nyasatimes.com
အိန္ဒိယကုလားပဲသစ်ဝင်ရောက်မှုတိုးလို့ ဈေးကျဆင်း အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ကုလားပဲအသစ်ဝင်ရောက်မှု ဆက်လက်တိုးတက်နေတာကြောင့် ဧပြီလ ၁၉ -၂ဝ ရက်တွေမှာ ကုလားပဲဈေးကျဆင်းခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယမိုးလေဝသဌာနက ၂ဝ၁၁ ခုနှစ် ဧပြီလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ ယခုရာသီ မုတ်သုန်မိုးပုံမှန်မယ့် ခန့်မှန်းမှုက မိုးပဲမျိုးစုံ အတွက် အခြေအနေကောင်းနေပါတယ်။ အိန္ဒိယနိုင်ငံမှာ မဒ္ဒရာပရာဒေ့ရှ်ပြီးရင် ကုလားပဲ ဒုတိယအများဆုံး ထုတ်လုပ်တဲ့ ရာဂျက်စသန်မှာ ပဲရိတ်သိမ်းခူးဆွတ်မှု အများဆုံးကာလဖြစ်နေပါတယ်။ ယခုနှစ် ကုလားပဲထုတ်လုပ်မှုမှာ တန်ချိန် ၇ ဒသမ ၃၈ သန်းကျော်နဲ့ စုစုပေါင်း ပဲမျိုးစုံ တန်ချိန် ၁၇ ဒသမ ၂၉ သန်းထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ စီမံကိန်းကော်မရှင်ရဲ့ ခန့်မှန်းချက်အရ နိုင်ငံရဲ့ ပဲမျိုးစုံဝယ်လိုအားဟာ ၂ဝ၁၁- ၂ဝ၁၂ အတွင်း တန်ချိန် ၁၉ ဒသမ ၁၁ သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ရာဂျက်စသန်က ပဲဝင်ရောက်မှုဟာ ယခင်သီတင်းပတ်က အိတ် ၄ဝဝဝဝ ရှိခဲ့ရာမှ အိတ် ၈ဝဝဝဝ ကို တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။ ကာလတို အတွင်းမှာလည်း ပဲအသစ်ဝင်ရောက်နေဦးမှာဖြစ်လို့ ဈေးကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ယမင်းခင်၊ Source: commodityonline
အိန္ဒိယဈေးကွက် တစ်လအတွင်း တင်သွင်းပဲတီစိမ်းဈေးငြိမ် အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ယခုတစ်လအတွင်း တင်သွင်းပဲတီစိမ်းဈေးလျော့ကျခဲ့ပြီး ပြည်တွင်းဒေစီ ပဲတီစိမ်းဈေးကတော့ အနည်းငယ်ပိုလာပါတယ်။ ဈေးကွက်အတွင်းလက်ကျန် အကန့်အသတ်သာရှိပေမဲ့ တောင်သူများ နွေပဲတီစိမ်းကို ပိုစိုက်လာကြခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ ဧပြီလအတွင်း ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်။ ကန်ဒေါ်လာ မွန်ဘိုင်း(တန်ဇန်းနီးယား) ဒေလီ (ဒေစီ)၂၁-၄-၁၁ ၉၃၁ ၈၃၅-၈၇၅၂ဝ-၄-၁၁ ၉၂၁-၉၃၂ ၇၇၇-၉၁ဝMIRT (MAPT)
အိန္ဒိယ MMTC အေဂျင်စီမှ ပဲမျိုးစုံ တန်ချိန် ၃၇ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ် အိန္ဒိယနိုင်ငံပိုင် MMTC အေဂျင်စီဟာ ပဲမျိုးစုံတန်ချိန် ၃၇ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ်ယူခဲ့ပြီး အဲဒီတင်ဒါကို ၂ဝ၁၁ ခုနှစ် ဧပြီလ ၂၈ ရက်မှာ ပိတ်မယ်လို့ သိရပါတယ်။ တင်သွင်းမယ့် ပဲများက တော့ မြန်မာနိုင်ငံက မတ်ပဲ SQ ၊ FAQ နဲ့ ပဲစင်းငုံ တန်ချိန် ၃ဝဝဝ စီ၊ သြစတြေးလျက ဒေစီကုလားပဲ တန် ၃ဝဝဝ နဲ့ ကနေဒါက ပဲဝါလေးတန် ချိန် ၂၅ဝဝဝ တို့ဖြစ်တယ်လို့ သိရပါ တယ်။ အဲဒီပဲတွေကို ၂ဝ၁၁ ခုနှစ် မေလ အတွင်း ချန်နိုင်း၊ မွန်ဘိုင်းနဲ့ ကိုလ် ကတ္တားဆိပ်ကမ်းတွေကို တင်ပို့ရမယ်လို့ သိရပါတယ်။ ယမင်းခင် Source:nns;commodityonline
အိန္ဒိယမှာ တစ်လအတွင်း ဈေးကန်ဒေါ်လာ ၃ဝ ခန့် လျော့လာ အိန္ဒိယပြည်တွင်းဈေးကွက်အတွင်း ပဲစင်းငုံအသစ် ရိတ်သိမ်းထွက်ရှိမှု အများဆုံးဖြစ်တဲ့ မတ်လ-ဧပြီလတွေမှာ ပဲဝင်ရောက်မှုများလို့ ဆက်တိုက်ဆို သလိုဈေးကျနေပါတယ်။ မတ်လနဲ့ ဧပြီလ ကာလတူ ဈေးနှုန်းနှိုင်းယှဉ်ရာမှာ တစ်တန်ကို ကန်ဒေါ်လာ ၃ဝခန့် ကွာခြားနေပါတယ်။ အချို့ဈေးကွက်တွေကို ပဲအသစ် ဝင်ရောက်မှု လျော့ကျလာပေမဲ့ ပြည်ပက တင်သွင်းဖို့ စာချုပ်ချုပ်ဆိုမှု တွေရှိနေတဲ့ အတွက် ဈေးနှုန်းဆက် အေးနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ မတ်လနဲ့ ဧပြီလ ကာလတူ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်း ဒေလီ၃၁-၄-၁၁ ၇၅၆ ၈၄၇-၈၄၉၂၁-၃-၁၁ ၇၈၈ ၈၈၈-၈၉၂MIRT(MAPT)
အိန္ဒိယမတ်ပဲ တစ်လအတွင်း ဈေးအနည်းငယ်ပိုလာ အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ယခုရက်ပိုင်း မတ်ပဲဈေးလျော့ကျပေမဲ့ တစ်လအတွင်းမှာတော့ ဈေးအနည်းငယ်တိုးလာခဲ့ပါတယ်။ မတ်လ တတိယပတ် အတွင်း ပဲခွဲစက်များနဲ့ ကုန်သည်များအဝယ်ရှိပြီး ယခုရက်ပိုင်းအတွင်းမှာတော့ ဝယ်လိုအားနည်းလာတဲ့အတွက် ဈေးလျော့လာတာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ပက တင်သွင်းမတ်ပဲများနဲ့ လက်ကျန်အလုံအလောက်ရှိနေတာကြောင့်လည်း ဈေးအေး နေတာဖြစ်ပါတယ်။ မတ်လနဲ့ ဧပြီလ ကာလတူဈေးနှုန်း နှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ်- ဒေါ်လာ/တန် မွန်ဘိုင်း ချန်နိုင်း ၂၁-၄-၁၁ ၉၄၂ ၉ဝ၅ ၂၁-၃-၁၁ ၉၆၅-၁၁၄၆ ၉၂၇-၁ဝ၇၇ MIRT(MAPT)
ယခုရက်ပိုင်းအတွင်း အိန္ဒိယနနွင်းဈေးပြန်မြင့်လာ ယခုရက်ပိုင်းအတွင်း အိန္ဒိယဈေးကွက်တွေမှာ လှောင်လက်တွေအဝယ်ရှိလို့ နနွင်းလက်ငင်းရော ကြိုပွိုင့်ဈေးပါ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ နနွင်းလက်ငင်းဈေးတစ်တန် ရူပီး ၁ဝဝဝ (ကန်ဒေါ်လာ ၂၂ ဒသမ ၄၆) မြင့်တက်ခဲ့ပြီး နနွင်းကြိုပွိုင့်ဈေးကတော့ ဝ ဒသမ ၃၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ နနွင်းအဓိကဈေးကွက်တွေဖြစ်တဲ့ အီရော့နဲ့ နီဇမ်မာဘတ် ဈေးကွက်များကတော့ ဘဏ္ဍာနှစ်ကုန်ဖြစ်လို့ မတ်လ ၂၆ ရက်မှ ဧပြီလ ၄ ရက်အထိ ဈေးပိတ်ထားမယ်လို့ သိရပါတယ်။ လာမယ့် သီတင်းပတ်မှာတော့ ဈေးကျမယ်လို့ ဝယ်လက်တွေ ခန့်မှန်းထားကြပါတယ်။ နီဇမ်မာဘတ်ကို နနွင်းဝင်ရောက်မှုအနေနဲ့ မတ်လ ၂၈ ရက်က အိတ် ၇ဝဝဝ ဝင်ရောက်ခဲ့ရာမှ မတ်လ ၂၉ ရက်မှာ အိတ် ၁၈ဝဝဝ ဝင်ရောက်လာပြီး အီရော့ဈေးကွက်ကို အိတ် ၂၈ဝဝဝ မှ ၃၂ဝဝဝ ထိ တိုးတက် ဝင် ရောက်လာတယ်လို့ သိရပါတယ်။ မတ်လ ၃ဝ ရက်မှာ နနွင်းလက်ငင်းဈေးက တစ်တန်ကို ရူပီး ၁၁၆ဝဝဝ-၁၆၁ဝဝဝ (ကန် ဒေါ်လာ ၂၆ဝ၅-၃၆၁၅) နဲ့ ဈေးပိတ်ခဲ့တယ်လို့ သိရပါတယ်။ ယမင်းးခင်၊Source: commodityonline
အင်ဒိုနီးရှားသို့ မန်ကျည်းအများဆုံးတင်ပို့ မတ်လ ၂၂ ရက်မှ ၂၈ ရက်တာ ကာလအတွင်း မန်ကျည်းတန်ချိန် ၄၁၇ ဒသမ ၂၁ တန်ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံတွေကတော့ အင်ဒိုနီးရှားနိုင်ငံကို ၂၂၅ တန်၊ မလေးရှားနိုင်ငံကို ၁ဝဝ တန်၊ စင်ကာပူနိုင်ငံကို ၂ဝ ဒသမ ၂၁ တန်နဲ့ ထိုင်းနိုင်ငံကို ၇၁ တန်အသီး သီးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်ကလည်း တန်ချိန်လေးရာကျော် တင်ပို့ နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာလည်း ပုံမှန်တင်ပို့နိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးကန်ဒေါ်လာ ၃၆ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့တာကြောင့် စုစု ပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၁၄၉၇၁၃ ရရှိခဲ့ပါတယ်။ MIRT (DOT)
ဂျပန်ဆူနာမီအင်ဒိုနီးရှား ရော်ဘာဈေးကိုထိခိုက်စေ မတ်လ ၁၁ ရက်နေ့မှာ ဂျပန်နိုင်ငံမှာ ရိုက်ခတ်ခဲ့တဲ့ ဆူနာမီရဲ့အကျိုးဆက်ကြောင့်အင်ဒိုနီးရှားတောင်ပိုင်း ကာလီမန်တန် ဒေသအပါအဝင် အခြားဒေသတွေမှာလည်း ရော်ဘာဈေးနှုန်းအဆက်မပြတ်ကျဆင်းနေ တယ်လို့ သိရပါတယ်။ ဒီလိုဈေးနှုန်းကျ ဆင်းတာကို အင်ဒိုနီးရှားရော်ဘာ ထုတ်လုပ်သူများအသင်း (Gapkindo) က ကြိုတင်မခန့်မှန်းထားဘဲ ဖြစ်ခဲ့တာဖြစ်ကြောင့် PT ရော်ဘာကုမ္ပဏီရဲ့ထုတ်လုပ်မှုမန်နေဂျာကပြောကြားခဲ့ပါတယ်။ အစောပိုင်းကာလတုန်းကတော့(Gapkindo) ကအရှေ့ အလယ်ပိုင်း အကျပ်အတည်းကြောင့် ကုန်စည်ဈေးနှုန်းတွေကျဆင်းနိုင်ကြောင်း ရော်ဘာထုတ်လုပ်သူများကို သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းကဈေးနှုန်းက တဖြည်းဖြည်း ကျခဲ့တာဖြစ်ပြီး အခုလို ရုတ်တရက် ထိုးကျသွားမှာကို မခန့်မှန်းထား ကြောင်း PT မန်နေဂျာကပြောကြားခဲ့ပါတယ်။ အရှေ့အလယ်ပိုင်း ပြဿနာက ဖြန့်ဖြူးမှုကို ထိခိုက်စေတာကြောင့် ရော်ဘာ ဈေးကျတာဖြစ်ပြီး အခုလိုတစ်ရှိန်ထိုး ကျဆင်းမှုမရှိကြောင်းသိရပါတယ်။ ဂျပန်ရဲ့ ဆူနာမီအကျိုးဆက်ကတော့ပြည်တွင်းရော်ဘာ အတွက် နိုင်ငံရပ်ခြားဝယ်လိုအားကို တိုက်ရိုက်ထိခိုက်ကြောင်းသိရပါတယ်။ ဂျပန်မှာ တာယာထုတ်လုပ်တဲ့ မော်တော်ကား လုပ်ငန်းများစွာရှိပြီး ဂျပန်က ကမ္ဘာ့အကြီးဆုံးတာယာ တင်သွင်းတဲ့နိုင်ငံထဲက တစ်ခုလည်း ဖြစ်ပါတယ်။ လက်ရှိမှာရော်ဘာ ဖြတ်စရဲ့ စိုက်ပျိုးသူတွေရောင်းတဲ့ဈေးနှုန်းက တစ်ကီလိုဂရမ်ကို အင်ဒိုရူပီး (၃ဝဝဝ-၄ဝဝဝ) ရှိပြီး ၂ဝဝ၈ ကမ္ဘာ့စီးပွားရေးအကျပ် အတည်းအပြီးကတည်းက တစ်ကီလိုကို အင်ဒိုရူပီး (၂ဝဝဝဝ-၂၄ဝဝဝ) အထိ အမြင့်ဆုံးရခဲ့ကြောင်းသိရပါတယ်။ ထုတ်လုပ်တဲ့နိုင်ငံများမှာလည်း အကျပ်အတည်းရှိနေဆဲဖြစ်ပြီး ရော်ဘာဈေးနှုန်းပုံမှန်ပြန်ရောက်ဖို့ ခက်ခဲတယ်လို့ သုံးသပ်နေကြကြောင်း သတင်းရရှိပါတယ်။KZW, Source: NCOT