Background
ဆုံးရှုံးမှုမဖြစ်စေရေး ရိတ်သိမ်းပြီးတာနဲ့ ရောင်းချဖို့ နှမ်းတောင်သူများကို အိန္ဒိယသုတေသနပညာရှင်များ အကြံပေး အိန္ဒိယနိုင်ငံ နှမ်းစိုက်ပျိုးမှုမှာ ကနဦးအနေနဲ့ အရည်အသွေးကောင်းမျိုးစေ့ရရှိနိုင်မှုမရှိခြင်း၊ စိုက်ပျိုးပြီးချိန် ပိုးကျ ရောက်ခြင်းနဲ့ အလုပ်သမားရှားပါးခြင်းတို့ကြောင့် နှမ်းအထွက်နှုန်းကျဆင်းတဲ့တိုင် နှမ်းဈေးနှုန်းအနေနဲ့ လက်ရှိပမာဏကနေ များများမတက်နိုင်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် သုတေသနပညာရှင်များက ဆုံးရှုံးလျော့နည်းမှု မဖြစ်စေဖို့ နှမ်းရိတ်သိမ်းပြီး တာနဲ့ ချက်ချင်းရောင်းချဖို့ တောင်သူများကို အကြံြ့ပုခဲ့တယ်လို့ သိရပါတယ်။ ပုံမှန်အားဖြင့် ဇန်နဝါရီမှ ဖေဖော်ဝါရီလအတွင်း စိုက်ပျိုးတဲ့ ကာလမှာ ဆည်ရေသောက်မြေ တစ်ဧကကို နှမ်းကီလို ၃၅ဝ-၄ဝဝ နှုန်းထွက်ရှိပေမဲ့ ဒီနှစ်ရာသီမှာတော့ အထွက်နှုန်းက တစ်ဧကကို ကီလို ၂၄ဝ-၃ဝဝ ကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်းနဲ့ ပြည်ပဈေးကွက်လေ့လာရေးအဖွဲ့(DEMIC)က ခန့်မှန်းရာမှာ မေလနဲ့ ဇွန်လအတွင်း နှမ်းဈေးတစ်ကီလိုကို ရူပီး ၄၄ နဲ့ ၄၉ (ကန်ဒေါ်လာ ဝ ဒသမ ၉၉-၁ ဒသမ ၁) အတွင်းရှိမယ်လို့ ဆိုပါတယ်။ ယခုရာသီ အတွင်း ဈေးနှုန်းထပ်မံမြင့်တက်မယ့် အလားအလာမရှိဘူးလို့ သုတေသနပညာရှင်များက ဆိုပါတယ်။ ဇန်နဝါရီ- ဖေဖော်ဝါရီအတွင်း တစ်ရာသီနဲ့ ဇူလိုင်လ-သြဂုတ်လအတွင်း တစ်ရာသီ စုစုပေါင်း နှစ်ရာသီအတွင်း တမီနာဒူးပြည်နယ်မှာ နှမ်းစိုက်ဟက်တာ ဝ ဒသမ ၆၃ သိန်းရှိပြီး ပျမ်းမျှအထွက်နှုန်းအနေနဲ့ တစ်ဟက်တာကို ကီလို ၅ဝဝ အထက်ဝန်းကျင်ရှိပြီး နှစ်စဉ်ထုတ်လုပ်မှုမှာ တန်ချိန် ၃ဝဝဝဝ ကျော် ထွက်ရှိတယ်လို့ သိရပါတယ်။ နှမ်းကို အိန္ဒိယနဲ့ တရုတ်နိုင်ငံမှာ အများဆုံး စိုက်ပျိုးပြီး ကမ္ဘာ့နှမ်းကုန်သွယ်မှုက တစ်နှစ်ကို တန်ချိန် ၅ သိန်း -၆ သိန်းခန့် ရှိတယ်လို့ သိရပါတယ်။ ယမင်းခင်၊Source: hindubusinessline
်အိန္ဒိယဈေးကွက်အများစုမှာ တစ်ပတ်အတွင်း ပဲစင်းငုံဈေးမာလာ ယခုတစ်ပတ် အိန္ဒိယဈေးကွက်များမှာ အခြားပဲများနည်းတူ ပဲစင်းငုံဈေးလည်း ပြန်မာလာခဲ့ပါတယ်။ လက်ထပ်ပွဲတော်အတွက် ကုန်ချော ပဲစင်းငုံများကို ဝယ်လိုအားကောင်းလာဖွယ်ရှိတာကြောင့် ဈေးကွက်တွေမှာ အဆွဲတက်လာခဲ့တယ်လို့ သိရပါတယ်။ အချို့ပဲထွက်ရာဒေသတွေမှာ အနိမ့်ဆုံးထောက်ပံ့ဈေးအောက်သာ အရောင်းအဝယ်ဖြစ်လို့ တောင်သူများက ဈေးအနိမ့်နဲ့ မရောင်းဘဲ ပြန်လှောင်ထားကြောင်း သိရပါတယ်။ နိုင်ငံအတွင်း လက်ကျန်အလုံအလောက်ရှိနေခြင်းနဲ့အတူ ယခုနှစ် အထွက်ပိုမိုပြီး မုတ်သုန်မိုးပုံမှန်ရွာသွန်းမယ့် ခန့်မှန်းချက်တွေက ဈေးနှုန်းကို ထိန်းချုပ်ထားဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ အဓိက ပဲစိုက်တဲ့ဒေသမှာ ရာသီဥတု ပြန်လည်ခြောက်သွေ့လာပြီဖြစ်လို့ ဆောင်းစိုက်သီးနံှ ဆက်လက်ရိတ်သိမ်းနေတယ်လို့ သိရပါတယ်။ ကာလတိုအတွင်း လက်ရှိဈေးမှာ အတက်အကျဖြစ်နိုင် တယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းတွေကို ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/တန် ၁၂-၅-၁၁ ၁၁-၅-၁၁ ၁ဝ-၅-၁၁ ၉-၅-၁၁မွန်ဘိုင်း ၆၉၂-၇၁၄ ၆၉၄-၇၁၆ ၆၉၃ ၆၉၃ဒေလီ ၇၆၈-၇၇ဝ ၇၆၁-၇၆၅ ၇၅၈-၇၆ဝ ၇၅၈-၇၆၁ချန်နိုင်း ၇၁၄ ၇၁၆ ၇၁၅ ၇၁၆MIRT(MAPT)
တစ်ပတ်အတွင်း အိန္ဒိယမတ်ပဲများ တည်ငြိမ်သလောက်ရှိ အိန္ဒိယပြည်တွင်း ပဲဈေးကွက်တွေမှာ ယခင်တစ်ပတ်က မတ်ပဲဈေးတစ်တန် ကန်ဒေါ်လာ ၁ဝ ခန့် လျော့ကျ ခဲ့ပေမဲ့ ယခုတစ်ပတ်အတွင်းမှာတော့ တည်ငြိမ် သလောက်ရှိတာ တွေ့ရပါတယ်။ ဈေကွက်တွေမှာ ရောင်းလိုအား အကန့်အသတ် သာရှိပြီး လက်ထပ်ပွဲရာသီကာလ ဝယ်လိုအားတက်လာတာကြောင့် မတ်ပဲဈေး ဆက်မကျဆင်းတာဖြစ်ပါတယ်။ ပဲအဓိကစိုက်တဲ့ဒေသတွေမှာ ရာသီဥတုခြောက်သွေ့နေခြင်းက နွေပဲရိတ်သိမ်းဖို့ အခွင့်သာ စေတာမို့ ပဲအသစ်ဝင်ရောက်မှု တိုးတက် လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ STC အေဂျင်စီမှ မြန်မာမတ်ပဲ တင်ဒါခေါ် ခြင်းက နိုင်ငံတကာဈေးကို အထောက်အပံ့ဖြစ်စေပြီး ဈေးနှုန်းအလားအလာအနေနဲ့ ပြည်တွင်း ဝယ်လိုအားနဲ့ တင်သွင်းမှု အခြေအနေပေါ်လိုက်ပြီး ပြောင်းလဲနိုင်တယ် လို့ ခန့်မှန်းကြပါတယ်။ လတ်တလောမှာတော့ အိန္ဒိယတောင်သူအချို့ ဈေးအနိမ့်နဲ့ မရောင်းလိုသေးတဲ့အတွက် သိုလှောင်ထားကြတယ်လို့ သိရပါတယ်။ ကာလတို အတွင်းမှာတော့ အချို့ဈေးကွက်မှာ ဈေးငြိမ်ပြီး အချို့ဈေးကွက်မှာ ဈေးလျော့ နိုင်တယ်လို့ ခန့်မှန်း ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့ တဲ့ မြန်မာမတ်ပဲ FAQ တစ်တန်ရဲ့ ကန်ဒေါ်လာဈေးနှုန်းများကို ဇယားနဲ့ ဖော်ပြထားပါတယ် ၁၂-၅-၁၁ ၁၁-၅-၁၁ ၁ဝ-၅-၁၁ ၉-၅-၁၁မွန်ဘိုင်း ၈၇၁-၈၇၆ ၈၇၃-၈၇၈ ၈၇၂-၈၇၇ ၈၇၂ဒေလီ ၉၂၆-၉၁၅ ၈၂၈-၉၁၇ ၈၂၇-၉၁၇ ၈၂၈-၉၁၇ချန်နိုင်း ၉၁ဝ-၁ဝ၃၈ ၉ဝ၆-၁ဝ၄၁ ၉ဝ၅-၁ဝ၄ဝ ၉ဝ၆-၁ဝ၄ဝMIRT(MAPT)
ကမ္ဘာ့သကြားရောင်းချမှု တိုးတက်မယ့်အလားအလာအရ သကြားဈေးနှုန်းအားပျော့လာ ကမ္ဘာ့သကြားရောင်းချမှု တိုးတက်မယ့်အလားအလာကြောင့် လန်ဒန်သကြားကြမ်း ကြိုပွိုင့်ဈေးဟာ ဧပြီလ ၂၇ ရက်မှာ ၆ လအတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ကုန်သည်များရဲ့ ပြောကြားချက်အရ ထိပ်တန်းသကြား ထုတ်လုပ်တဲ့ ဘရာဇီးနဲ့ ကမ္ဘာမှာဒုတိယအများဆုံး တင်ပို့နေတဲ့ ထိုင်းနိုင်ငံတို့က မျှော်မှန်းထားတာထက် ပိုထွက်မယ်လို့ ခန့်မှန်းထားပြီး အိန္ဒိယက သကြားတင်ပို့မှု ကိုလည်း ထပ်မံကန့်သတ်ခြင်းမရှိတဲ့ မျှော်လင့်ချက်တွေအရ ဈေးနှုန်းကျဆင်းလာ ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ I C E မှာ မေလပို့ရမယ့်သကြားကြမ်းဈေးက ၁ ဒသမ ၆ ရာခိုင်နှုန်းကျ ဆင်းပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၂၄ ဒသမ ၅၅ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၅၄၁) ဖြစ်ခဲ့ပြီး ဇူလိုင်လအတွက် သကြားကြမ်းဈေးက ကန်ဒေါ်လာ ဝ ဒသမ ၂၈ ဆင့် ကျဆင်းပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၂၂ ဒသမ ၉၆ ဆင့် (တစ်တန်ကို ကန် ဒေါ်လာ ၅ဝ၆) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ သကြားကြမ်းဈေးဟာ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့ နှစ် ၃ဝ အတွင်း အမြင့်ဆုံးဖြစ်တဲ့ ကန်ဒေါ်လာ ၃၆ ဒသမ ဝ၈ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၇၉၅) ဈေးရဲ့ သုံးပုံတစ်ပုံနီးပါး ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင်၊Source: Reuters
မလေးရှားရော်ဘာဈေးကွက်ငြိမ်သက်ဖွယ်ရှိ မလေးရှားရဲ့ရော်ဘာဈေးကွက်ကို အဓိကရောင်းဝယ်သူများက စောင့်ကြည့်နေကြတာကြောင့် လာမယ့်ရက်သတ္တပတ် ငြိမ်သက်နိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။ အရောင်းအဝယ်သမားများက ဈေးကျမှာကို စောင့်ကြည့်နေကြပြီး အဓိကရော်ဘာ ထုတ်လုပ်တဲ့နိုင်ငံများမှာရောင်းလိုအားအကျပ်အတည်းရှိတာကြောင့် ဈေးကွက်အားကောင်းလာဖွယ်ရှိတယ်လို့ အစီရင်ခံစာများ မှာဖော်ပြထားပါတယ်။ ဒေသတွင်းဈေးကွက်တွေမှာတော့ ဝယ်လိုအားကောင်းတဲ့အတွက် ဈေးကျတယ်လို့သိရပါတယ်။ Source: Commodity online,KZW
ရော်ဘာစိုက်ပျိုးမှုမြှင့်တင်ရေးအတွက် နိုင်ငံရပ်ခြားစိုက်ပျိုးမြေလိုအပ် အိန္ဒိယရဲ့ထိပ်တန်းထုတ်လုပ်သူနဲ့ အကြီးဆုံးရော်ဘာစိုက်ပျိုးရေးလုပ်ငန်းဖြစ်တဲ့ မာရီဆန်မာလာယလန်HM ကုမ္ပဏီက ဇန်နဝါရီလမှ အီသီရိုးပီးယား၊ ကင်မရွန်း၊ ဂါနာနဲ့ အင်ဒိုနီးရှားတို့မှာ ရော်ဘာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ဖို့ စုံစမ်းထောက် လှမ်းနေကြောင်းသိရပါတယ်။ ဒါ့အပြင်အိန္ဒိယရဲ့အရှေ့ မြောက်ပြည်နယ်ဖြစ်တဲ့ ထရိုင်ပူရမှာရော်ဘာစိုက်ပျိုးဖို့ အခြေအနေ တွေသင့်လျော်တဲ့အတွက်စီမံကိန်းချမှတ် ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။HM ကုမ္ပဏီအနေနဲ့ ယခင်ကတည်းက ရော်ဘာစိုက်မြေ ၇ဝဝဝ ဟတ်တာပိုင်ဆိုင်ထားပြီးပေမဲ့ ္ဋ၎င်းကုမ္ပဏီရဲ့နှစ်စဉ်သုံးစွဲမှု စွမ်းအားရဲ့ တစ်ဝက်သာထုတ်လုပ်နိုင်ကြောင်း သိရပါတယ်။HM အနေနဲ့ ဖက်စပ်ဒါမှမဟုတ်ငှားရမ်းပြီး ဟက်တာ ၁ဝဝဝဝ လောက်ကို တာယာ၊ ရော်ဘာအစေး အားကစား ပစ္စည်းနဲ့ လက်အိတ်ထုတ်လုပ်မှုဝယ်လိုအားတွေအတွက် စိုက်ပိုျးရေးဆောင်ရွက်လိုကြောင်း သိရ ပါတယ်။ လွန်ခဲ့တဲ့ နှစ်က အိန္ဒိယအစိုးရကအဆင့်မြင့်လုပ်ငန်းအုပ်စုများကိုနိုင်ငံခြားတိုင်းပြည်များမှာ ရင်းနှီးမြှုပ်နံှဖို့သဘောတူထားပြီးဖြစ်ကြောင်းသိရပါတယ်။ ဒီနည်းလမ်းနဲ့အစိုးရက အိန္ဒိယကုမ္ပဏီတွေကို အထောက် အကူအပြည့်အဝပေးမှာဖြစ်ကြောင်းသိရပါတယ်။ အိန္ဒိယမှာ စိုက်ပျိုးနိုင်တဲ့မြေနည်းပါး နေပြီဖြစ်ပါတယ်။ ၂ဝဝ၅ ခုနှစ်မှာ စိုက်ပျိုးနိုင်တဲ့မြေက နိုင်ငံရဲ့ ၄၈ ဒသမ ၈၃ ရာခိုင်နှုန်းသာ ရှိကြောင်း သိရပါတယ်။ ယခုအချိန်မှာတော့ မြို့ပြတည်ထောင်မှုတွေတိုးလာတာကြောင့်စိုက်ပျိုးမြေတွေ တဖြည်းဖြည်း နည်းလာ တာ ဖြစ်ကြောင်း သိရပါတယ်။ ဒီလိုပြည်ပမှာ သွားရောက် စိုက်ပိုျးထုတ်လုပ်မယ့်လုပ်ငန်းစဉ်က အသစ်အဆန်းတစ်ခုတော့မဟုတ် ပေမဲ့ အဓိကစီးပွားရေး လက်ကြီးသမားတွေက အချိန်တော်တော်ကြာကြာကတည်းကစတင်ဆောင်ရွက်နေ ပြီဖြစ် ကြောင်းသိရပါတယ်။၂ဝ၁ဝ နိုဝင်ဘာမှဟက်တာ သန်း ၂ဝ ကျော်လောက်ကိုကမ္ဘာတစ်ဝှန်းမှာ ဝယ်ယူထားပြီး ဖြစ်ကြောင်းသိရပါတယ်။ တရုတ်၊ ဆော်ဒီအာရေးဗီးယားနဲ့တောင်ကိုရီးယားတို့ကလည်း ဒီပုံစံအတိုင်းလုပ်ဆောင်နေပြီး ဂျပန်နိုင်ငံကတော့ နိုင်ငံခြားမြေတွေကို အလိုအပ်ဆုံး နိုင်ငံဖြစ်ပြိး ၎င်းပြည်တွင်းစိုက်ပျိုးမြေရဲ့ သုံးဆလောက်လိုအပ်ကြောင်းသိရပါတယ်။ ဒီဆောင်ရွက်ချက်ရဲ့ ခြိမ်းခြောက်မှုကတော့ ရေရှည်မှာလယ်ယာ မြေများငှားရမ်းရယူခြင်းကြောင့် ဒေသကို ထိခိုက်နစ်နာစေကြောင်း ဗိုဇမ်ဘစ်နဲ့ မဒါဂတ်စ်ကာ တို့မှာအတွေ့အကြုံတွေရှိတယ်လို့ သတင်းရရှိပါတယ်။ Source: Commodity online ,KZW
အိန္ဒိယရော်ဘာဝယ်လိုအားအတွက် ထောက်ပံ့ကြေးရူပီး တစ်သိန်းပေးရန် အဆိုပြု အိန္ဒိယရော်ဘာရောင်းဝယ်သူများဖက်ထရေးရှင်းIRDF က (၁၂) ကြိမ်မြောက် ၅ နှစ်စီမံကိန်းမှာ ရော်ဘာစိုက်မြေ တစ်ဟတ်တာအတွက်ထောက်ပံ့ကြေး ရူပီး တစ်သိန်းပေးဖို့အဆိုတင်သွင်းထားကြောင်းသိရပါတယ်။ ယခုလက်ရှိမှာ အစိုးရက ရော်ဘာစိုက်ဒေသတွဖြစ်တဲ့ ကာရာလာ၊ ကန်ဟာကုမာရီနဲ့ တဗီနာဒူပြည်နယ်များမှာ ရော်ဘာစိုက်မြေတစ်ဟက်တာကို ရူပီး ၁၉၅ဝဝ ထောက်ပံ့ပေးထားပြီးစိုက်ပျိုးနေကျမဟုတ်တဲ့ ဒေသတွေမှာတော့ တစ်ဟတ်တာကို ရူပီး ၃ဝဝဝဝ ပေးထားကြောင်း သိရပါတယ်။ ဒီအဆိုပြုချက်အသစ်ကို ရော်ဘာမူဝါဒအရ(၁၂)ကြိမ်မြောက် (၅)နှစ်စီမံကိန်းအစီအစဉ်အတွက် စီးပွား/ ကူးသန်းဝန်ကြီးဌာနက ကျင်းပခဲ့တဲ့ရော်ဘာကဏ္ဍအကြံပြုရေးဆွေးနွေးပွဲမှာ အလေးအနက်တင်ပြခဲ့တာဖြစ်ပါတယ်။IRDF က တင်ပြခဲ့တဲ့ အခြားကိစ္စရပ်တစ်ခုကတော့ အိန္ဒိယအစိုးရအနေနဲ့ တခြားနိုင်ငံတွေမှာ ရော်ဘာစိုက်ပျိုးရေးကိုဆောင်ရွက်ဖို့ လိုအပ်ကြောင်းအကြံပြုခဲ့ပါတယ်။ တရုတ်နိုင်ငံကတော့ အစောပိုင်းကတည်းက လာဘ်မြင်ပြီးဒီလမ်းစဉ်ကို လိုက်ခဲ့ပြီးဖြစ်ပါတယ်။ အကြီးဆုံးရော်ဘာသုံးစွဲသူတွေဖြစ်တဲ့ တရုတ်ဟာ လိုအပ်တဲ့ရော်ဘာစိုက်ပျိုးရေးတွေကို အရှေ့တောင်အာရှနဲ့ အာဖရိက မှာရှိတဲ့ ရော်ဘာနဲ့ သင့်လျော်တဲ့ရာသီဥတုရှိတဲ့ဒေသတွေမှာ စိုက်ပျိုးရေး ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီအကြံပေးချက်အရဆိုရင်အိန္ဒိယအတွက် သီရိလင်္ကာနိုင်ငံကသင့်လျော်ကြောင်း IRDF ရဲ့ဥက္ကဌ ကပြောကြားခဲ့ပါတယ်။ ကာရာလာ၊ တမီနာဒူးနဲ့ အရှေ့မြောက်ဒေသဟာ ရော်ဘာစိုက်ပိုျးရေးခဲျ့ထွင်ဖို့ အကန့်အသတ်ရှိနေပြီဖြစ်ကြောင်းသိရပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာ ရောင်းလိုအားဝယ်လိုအား ကွာဟချက်က ၈၇၂၅၅ တန်ရှိပြီး ယခင်နှစ်က ၉၉၁၆၅ တန်ရှိခဲ့ ကြောင်း သိရပါတယ်။ အိန္ဒိယကတရုတ်ပြီး ရင် ဒုတိယအကြီးဆုံးရော်ဘာသုံးစွဲသူဖြစ်ပြီး စတုထ္ထမြောက်အများဆုံးထုတ်လုပ်သူ ဖြစ်ကာ ထုတ်လုပ်မှုတန်ချိန် ၉ ဒသမ ၅ သိန်းရှိကြောင်း သတင်းရရှိပါတယ်။ Source: Commodity online ,KZW
အိန္ဒိယပဲအထွက်မြင့်တက်လို့ ပဲတင်သွင်းမှု ၁၄ ရာခိုင်နှုန်းကျဆင်းဖွယ်ရှိ အိန္ဒိယနိုင်ငံရဲ့ ၂ဝ၁ဝ-၁၁ (ဇူလိုင်- ဇွန်) သီးနံှရာသီအတွင်း ပဲမိုျးစုံတင်သွင်းမှုဟာ ယခင်နှစ်က တင်သွင်းခဲ့တဲ့ တန်ချိန် ၃ ဒသမ ၅ သန်းနဲ့ နှိုင်းယှဉ်ရင် ၁၄ ဒသမ ၂၈ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၃ သန်းသာ တင်သွင်းရဖွယ်ရှိတယ်လို့ သိရပါတယ်။ အထွက်မြင့်တက်ခြင်းကြောင့် တင်သွင်းမှု ကျဆင်းလာခြင်းဖြစ်တယ်လို့ ပဲတင်သွင်းသူများနဲ့ ကုန်သည်များက ပြောကြားပါတယ်။ စိုက်ပိုျးရေးဝန်ကြီးဌာနရဲ့ တတိယအကြိမ် သီးနံှထွက်ရှိမှုခန့်မှန်းချက်အရ ၂ဝ၁ဝ-၁၁ မှာ ပဲမျိုးစုံတန်ချိန် ၁၇ ဒသမ ၃ သန်းအထိ ထွက်ရှိနိုင်လို့ အမြင့်ဆုံးပမာဏကို ရောက်ရှိတယ်လို့ သိရပါတယ်။ ယင်းပဲမျိုးစုံအနက် ပဲစင်းငုံထုတ်လုပ်မှုမှာ တန်ချိန် ၃ ဒသမ ၂ သန်း၊ မတ်ပဲတန်ချိန် ၁ ဒသမ ၈ သန်းနဲ့ ပဲတီစိမ်းတန်ချိန် ၁ ဒသမ ၄ သန်းအသီးသီးထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ကုန်သည်များနဲ့ ကျွမ်းကျင်သူတွေက အိန္ဒိယနှစ်စဉ် ပဲမျိုးစုံလိုအပ်ချက်က တန်ချိန် ၁၉ သန်းရှိလို့ တန်ချိန် ၃ ဒသမ ၄ သန်းနီးပါးတင်သွင်းနေရတယ်လို့ ဆိုပါတယ်။ အစိုးရခန့်မှန်းမှုကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် ပဲမျိုးစုံတန်ချိန် ၂ သန်းဝန်းကျင် တင်သွင်းဖို့ လိုအပ်ပါတယ်လို့လည်း ကုန်သည်များက ဆိုပါတယ်။ ဒါပေမဲ့ ဇွန်လကုန်မှာ ပဲမျိုးစုံတန်ချိန် ၃ သန်းတင်သွင်းရမယ်လို့ ပဲတင်သွင်းသူ နယူးဒေလီ အခြေစိုက် မီဂါကောက်ပဲသီးနံှ ကုန်သွယ်ရေးကုမ္ပဏီက Neeraj Dhawan က ပြောကြားပါတယ်။ ပဲမျိုးစုံထဲမှာ ဈေးအပေါဆုံးဖြစ်တဲ့ ပဲဝါလေးကတော့ စုစုပေါင်း တင်သွင်းမှုရဲ့ ထက်ဝက်နီးပါးတင်သွင်းရမယ်။ အခြားပဲမျိုးစုံဈေးနှုန်းဟာ လွန်ခဲ့တဲ့လများအတွင်း ပိုမိုလာတဲ့အတွက် ကုန်သည်တွေက ပဲဝါလေးကို ဈေးကွက်မှာဖြန့်ဖို့ ပိုကြိုက်လာကြတယ်လို့ မွန်ဘိုင်းအခြေစိုက် လေ့လာဆန်းစစ်သူတစ်ဦးက ဆိုပါတယ်။ ပဲဝါလေးကို အဓိကအားဖြင့် ကနေဒါ၊ ယူကရိန်းနဲ့ အမေရိကန်တို့က တင်သွင်းလျက်ရှိပြီး ဈေးသက်သာတဲ့အတွက် ပဲစင်းငုံအစားထိုး သုံးစွဲမှုတွေရှိလာလို့ပဲဝါလေးဝယ်လိုအားဟာ ၂ဝဝ၉-၁ဝ ခုနှစ် အတွင်း ကြီးထွားလာခဲ့ပါတယ်။ လွန်ခဲ့တဲ့ လများအတွင်း ပဲစင်းငုံအထွက်ပိုပြီး ပဲဝင်ရောက်မှု တိုးတက်လာတာကြောင့် ပဲစင်းငုံဈေးက ထက်ဝက်နီးပါး ကျဆင်းလာတဲ့တိုင် ပဲဝါလေးခွဲခြမ်းဈေးက နိုင်ငံတစ်ဝန်းလုံးမှာ တစ်ကီလိုကို ရူပီး ၁၅-၁၈ (ကန်ဒေါ်လာ ဝ ဒသမ ၃၄ - ဝ ဒသမ ၄၁) နဲ့ သာ ဈေးအသက်သာဆုံးဖြစ်နေဆဲပါ။ MMTC တို့လို နိုင်ငံပိုင် အေဂျင်စီများဟာ ၂ဝ၁ဝ-၁၁ အတွင်းပဲဝါလေး တင်သွင်းမှု ပိုမိုမယ်လို့ ဆိုပါတယ်။ ပဲဝါလေးမှာ အမြတ်အစွန်းပိုမိုတဲ့အတွက် ယခင်နှစ်က တန်ချိန် ၃ သိန်း-၄ သိန်းတင်သွင်းရာ က ယခုနှစ် ၂ဝ၁ဝ-၁၁ မှာ တန်ချိန် ၆ သိန်း -၇ သိန်း ခန့်တင်သွင်းရမယ်လို့ MMTC မှ အုပ်ချုပ်မှု ဒါရိုက်တာH S Mann က ပြောကြားပါတယ်။ ယင်းကုန်သွယ်ရေးကုမ္ပဏီများဟာ အိန္ဒိယပဲမျိုးစုံ တင်သွင်းမှုရဲ့ ၅ ပုံ ၁ ပုံခန့် တင်သွင်းပြီး ကျန်တဲ့ ပမာဏကို ပုဂ္ဂလိက ကတင်သွင်းနေပါတယ်။ အစိုးရက နိုင်ငံပိုင်အေဂျင်စီများ ပဲမျိုးစုံတင်သွင်းမှုမှာ ထောက်ပံ့မှု ၁၅ ရာခိုင်နှုန်းပေးခြင်းကို ဖယ်ရှားမှာဖြစ်လို့ ၂ဝ၁၁ -၁၂ မှာတော့ ပဲတင်သွင်းမှု ပိုနိုင်တော့မှာမဟုတ်ဘူးလို့ ကုန်သည်များက ဝေဖန်နေကြတယ်လို့ သိရပါတယ်။ ယမင်းရွှေစင်၊Source: commodityonline
အိန္ဒိယဈေးကွက်တွေကို ကုလားပဲအသစ်များဝင်ရောက်မှုရှိလို့ ဈေးကျဆင်း အိန္ဒိယဈေးကွက်တွေကို ကုလားပဲအသစ်တွေ ပိုမိုဝင်ရောက်လာတာကြောင့် ကုလားပဲလက်ငင်းဈေးနှုန်း ဆက်လက်ကျဆင်းခဲ့ပေမဲ့ ကြိုပွိုင့်ဈေးကွက်ကတော့ အနိမ့်ဈေးမှာ အဝယ်တက်လာလို့ ယခင်နေ့ထက် ဝ ဒသမ ၅၇ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ မဒ္ဒရာပရာဒေ့ရှ်ပြီးရင် အိန္ဒိယမှာ ကုလားပဲထုတ်လုပ်မှု ဒုတိယအကြီးဆုံးဖြစ်တဲ့ ရာဂျက်စသန်မှာ ရိတ်သိမ်းမှုအများဆုံးကာလဖြစ်ပြီး ဧပြီလ ၂၇ ရက်နေ့မှာ ကုလားပဲအိတ် ၁ သိန်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယမိုးလေဝသဌာနက ၂ဝ၁၁ ခုနှစ် ဧပြီလ ၁၉ ရက်နေ့ထုတ်ပြန်တဲ့ ခန့်မှန်းချက်အရ ယခုရာသီမုတ်သုန်မိုး ပုံမှန်ရွာသွန်းမယ့် ခန့်မှန်းချက်ကလည်း မိုးရာသီ ပဲမျိုးစုံစိုက်ပျိုးဖို့ မျက်နှာသာပေးနေပါတယ်။ ယခုနှစ်မှာ ပဲမျိုးစုံ တန်ချိန် ၁၇ ဒသမ ၂၉ သန်းထွက်ရှိမယ်လို့ ခန့်မှန်းထားတဲ့အနက် ကုလားပဲတန်ချိန် ၇ ဒသမ ၃၈ သန်းထွက်ရှိမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ ကနေဒါနိုင်ငံရဲ့ ကုလားပဲဖြူလုံးကြီး ထွက်ရှိမှုဟာ ၂ဝ၁ဝ-၁၁ အတွင်း တန်ချိန် ၁ ဒသမ ၂၈ သိန်းရှိနိုင်လို့ ယခင်နှစ် ထွက်ရှိတဲ့ တန်ချိန် ဝ ဒသမ ၇၆ သိန်းထက် ပိုမိုမယ်လို့ ခန့်မှန်းထားပါတယ်။ ကာလတို အတွင်းမှာတော့ ပြည်တွင်းဈေးကွက် များအတွင်း ရောင်းချမှု တိုးတက်နေတာကြောင့် ဈေးနှုန်း ထပ်မံကျဆင်းနိုင်တယ် လို့ ခန့်မှန်းကြပါတယ်။ ယမင်းခင်၊Source: angel commodities
အိန္ဒိယဈေးကွက် ပဲတီစိမ်းဈေး တစ်လအတွင်း အနည်းငယ်သာလျော့ကျ ယခင်လများအတွင်း ဈေးနှုန်းတည်ငြိမ်နေတဲ့ ပဲတီစိမ်းဟာ ယခုလ အတွင်းမှာတော့ အနည်းငယ်လျော့ကျ တာတွေ့ရပါတယ်။ အိန္ဒိယမှာ ယခုနှစ် ဆောင်းပဲတီစိမ်းအထွက်က ယခင်နှစ်ကထက် ပိုမိုနေတဲ့အပြင် နွေပဲတီစိမ်း လည်း အချို့ဒေသမှာ စိုက်ဧကပိုတယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံတကာဈေး လျော့ကျတာကြောင့်လည်း ပြည်တွင်းဈေးအေးလာခြင်းဖြစ်တယ်လို့ သိရပါတယ်။ မတ်လနဲ့ ဧပြီလ တတိယပတ် ကာလတူ ဈေးနှုန်း နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ကန်ဒေါ်လာ မွန်ဘိုင်း(ကင်ညာပဲတီစိမ်း) ဒေလီ၂၈-၄-၁၁ ၁ဝ၆ဝ ၈၁၂-၉၂၅၂၈-၃-၁၁ ၁ဝ၅၅-၁ဝ၆၁ ၈ဝ၄-၉၂၇MIRT (MAPT)