Main menu

Background

Tuesday, 23 Nov 2010

 နယ ်စပ် အရောင်းအဝယ်ပုံမှန်ဖြစ်      မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် နိုဝင်ဘာလ ၁ဝ ရက်မှ ၁၆ ရက်ထိ ကာလအတွင်း ပဲတီစိမ်း ၈၃၉ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၈ သန်းဖိုး တင်ပို့နိုင် ခဲ့ပါတယ်။ ယခင် အပတ်ကလည်း ၈၃၉ တန်ခန့်တင်ပို့ခဲ့တဲ့အတွက် ပဲတီစိမ်းမှာအရောင်းအဝယ်မှာပုံမှန်ဖြစ် လျက်ရှိတယ်လို့သိရပါတယ်။ ယခုအပတ်မှာ ပဲတီစိမ်းလုံးခြမ်းတင်ပို့နိုင်မှုက ၂၄၄ တန် တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ဝ ဒသမ ၃ဝ၇ သန်းဖိုးတင်ပို့ နိုင်ခဲ့သေးတယ်လို့သိရပါတယ်။ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးများမှ ထွက်ရှိတဲ့ ပဲတီစိမ်းများကို မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ တင်ပို့နေခြင်းဖြစ်ပြီး ယခင်အပတ်နဲ့နှိုင်းယှဉ်ပါက ယခုအပတ်မှာ မိမိဖက်မြေပြင်ပေါက်ဈေးဟာ ကျပ် တစ်သိန်းကျော်မြင့်တက်လျက်ရှိသလို တစ်ဖက်နိုင်ငံပေါက်ဈေးမှာလည်း ယွမ် ၂ဝဝ ဒေါ်လာအားဖြင့် ၂ဝ ဒေါ်လာမြင့် တက်လျက်ရှိတယ်လို့သိရပါတယ်။ ယခု အပတ်နဲ့ယခင်အပတ် နယ်စပ်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                                   မိမိဘက်(ကျပ်/တန်)                        တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု             ယခင်         ပြောင်းလဲမှု    ရာခိုင်နှုန်း    ယခု       ယခင်       ပြောင်းလဲမှု     ရာခိုင်နှုန်းပဲတီစိမ်း     ၁၁၁၈ဝ၈၈       ၁ဝဝ၉၂၄၇        ၁ဝ၈၈၄၁        ၁ဝ       ၁၂၄၇        ၁၂၁၇         ၃ဝ            ၂MIRT (DOBT)

Tuesday, 23 Nov 2010

 အိန္ဒိယနိုင်ငံပိုင်အေဂျင်စီများ ပဲမျိုးစုံတန်ချိန် ၅ ဒသမ ၃၃ သိန်းကျော်တင်သွင်းဖို့ စာချုပ်ထားပြီး       အိန္ဒိယနိုင်ငံပိုင် အေဂျင်စီများဟာ ပြည်တွင်းရောင်းချဖြန့်ဖြူးမှု တိုးတက်စေဖို့ လက်ရှိဘဏ္ဍာနှစ်အတွင်း ယခုအချိန်ထိ ပဲမျိုးစုံတန်ချိန် ၅ ဒသမ ၃၃ သိန်းကျော် တင်သွင်းဖို့ စာချုပ်ထားပြီးဖြစ်တယ်လို့ လွှတ်တော်က နိုဝင်ဘာလ ၁၅ ရက်က အတည်ပြု ပြောကြားခဲ့ပါတယ်။ စာချုပ်ထားတဲ့ အေဂျင်စီများကတော့ PEC ၊ MMTC ၊ NAFED ၊ STC နဲ့ NCCF တို့ ဖြစ်တယ်လို့ စိုက်ပျိုးရေးဝန်ကြီး ကေဗွီသောမတ်စ်က ပြောကြားပါတယ်။         ပြည်တွင်းမှာ ပဲမျိုးစုံရရှိနိုင်မှု တိုးတက်စေဖို့ အစိုးရက ပဲမျိုးစုံတင်သွင်းခွန်ကို သုညအထိ လျှော့ချခဲ့တယ်လို့ ဝန်ကြီးက ဆိုပါတယ်။ အေဂျင်စီများ ပဲတင်သွင်းဖို့ စာချုပ်ထားတဲ့ နိုင်ငံတွေကတော့ မြန်မာ၊ သြစတြေးလျ၊ အမေရိကန်၊ ကနေဒါ၊ ကင်ညာ၊ တန်ဇန်းနီးယား၊ စင်ကာပူနဲ့ မိုဇမ်းဘစ်တို့ဖြစ်တယ်လို့ သိရပါတယ်။ ယင်းအေဂျင်စီများအပြင် ပုဂ္ဂလိက ကုန်သည်များကလည်း ပဲတင်သွင်းလျက်ရှိတယ်လို့ ဆိုပါတယ်။        ၂ဝဝ၉-၂ဝ၁ဝ မှာ စုစုပေါင်း တန်ချိန် ၃ ဒသမ ၄ သန်းတင်သွင်းခဲ့တဲ့အနက် နိုင်ငံပိုင်အေဂျင်စီများက ၂ဝ ရာခိုင်နှုန်းတင်သွင်းခဲ့ပါတယ်။ အစိုးရဟာ ပဲတင်သွင်းမှုကို အစီအစဉ် ၂ ရပ်နဲ့ အားပေးလျက်ရှိတယ်လို့ သောမတ်စ်က ဆိုပါတယ်။ ပထမအစီအစဉ်က အေဂျင်စီများ ပဲတင်သွင်းရာမှာ CIFတန်ဖိုးရဲ့ ၁ ဒသမ ၂ ရာခိုင်နှုန်းဝန်ဆောင်ခနဲ့ ကုန်အရောက် တန်ဖိုးရဲ့ ၁၅ ရာခိုင်နှုန်းကို ပြန်ပေးပါတယ်။ နောက်အစီအစဉ်တစ်ခုက မိသားစုတစ်စု တစ်လကို ပဲတစ်ကီလို ရူပီး၁ဝ နှုန်းလျှော့ဈေးနဲ့ အများပြည်သူ ဖြန့်ဝေရေးစနစ်နဲ့ ဖြန့်ဝေနေတဲ့ ပြည်နယ်အစိုးရများကို အစိုးရ အေဂျင်စီများက တင်သွင်းပဲများ ရောင်းချပေးခြင်းပဲ ဖြစ်ပါတယ်။ ယမင်းရွှေစင်၊ှSources: P T I

Tuesday, 23 Nov 2010

အောက်တိုဘာ တတိယပတ်ထက် နိုဝင်ဘာ တတိယပတ် အိန္ဒိယမတ်ပဲဈေးပိုလာ     အိန္ဒိယပြည်တွင်းဈေးကွက်တွေကို မိုးပဲအသစ်တွေ ဝင်ရောက်လာနေပေမဲ့ အောက်တိုဘာ တတိယပတ် ပေါက်ဈေးထက် နိုဝင်ဘာ တတိယပတ်မှာ မတ်ပဲဈေးပိုလာခဲ့ပါတယ်။ မြန်မာနိုင်ငံကလည်း တင်သွင်းပဲများ ပုံမှန်ရောင်းချ နေတယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ပထမပတ်အတွင်းက မတ်ပဲအဓိကစိုက်ပျိုးတဲ့ ဒေသတွေမှာ မိုးအဆက်မပြတ်ရွာသွန်းလို့ မတ်ပဲ အချို့ပျက်စီးမှုရှိတာကြောင့် ဝင်ရောက်မှုလျော့ကျလာခဲ့သလို ဝင်လာတဲ့ပဲများကလည်း အရည်အသွေး နိမ့်တယ်လို့ သိရပါတယ်။ ကာလတူဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-                                                                                                                             ဒေါ်လာ/တန်                    မွန်ဘိုင်းဈေးကွက်           မွန်ဘိုင်း(C&F)၁၈-၁၁-၁ဝ          ၉၅၂                     ၁၁၄ဝ-၁ဝ၅ဝ၁၈-၁ဝ-၁ဝ          ၉၃၈                    ၁ဝဝဝ-၁ဝ၁ဝ                                                                                                                      MIRT(MAPT)

Tuesday, 23 Nov 2010

အောက်တိုဘာနဲ့ နိုဝင်ဘာ တတိယပတ်ကာလတူ အိန္ဒိယပဲစင်းငုံဈေး အနည်းငယ်သာ ကွာခြား     အိန္ဒိယလက်ငင်းဈေးကွက်တွေမှာ ပဲစင်းငုံလက်ကျန်တွေရှိနေပြီး အဝယ် သိပ်မရှိတာကြောင့် ဈေးကျဆင်းတယ်ဆိုပေမဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာလ ကာလတူတတိယပတ်ဈေးနှုန်းကတော့ အနည်းငယ်သာ လျော့နည်းကွာခြားတာ တွေ့ရပါတယ်။ ပြည်တွင်းမှာ တန်ဇန်းနီးယားက ဈေးအလျော့နဲ့ တင်သွင်းထားတာ ရယ်၊ ပြည်တွင်းလက်ကျန်ရှိနေတာရယ်ကြောင့် မြန်မာနိုင်ငံက တင်သွင်းမှုလျော့ကျ ခဲ့ပါတယ်။ လက်ရှိစိုက်ပျိုးထားတဲ့ ပဲစင်းငုံတွေကလည်း စိုက်ဧရိယာ ပိုလာသလို မိုးရွာသွန်းမှုကြောင့်လည်း သီးနံှပျက်စီးမှု မရှိတာကြောင့် အထွက်ပိုမယ်လို့ ခန့်မှန်း ထားပါတယ်။ ကာလတူဈေးနှုန်းများ နှုန်းယှဉ်ဖေါ်ပြလိုက်ပါတယ်                                                                                                                      ဒေါ်လာ/တန်                   မွန်ဘိုင်းဈေးကွက်            မွန်ဘိုင်း((C&F) ၁၈-၁၁-၁ဝ          ၆၉၃                               ၇၃၅ ၁၈-၁ဝ-၁ဝ          ၇၃၄                            ၈ဝဝ-၈၁ဝ MIRT(MAPT)

Monday, 15 Nov 2010

၂ဝ၁ဝ ခုနှစ် အောက်တိုဘာ ၁၈ ရက် နိုင်ငံတကာဈေးနှုန်းစဉ် အမျိုးအစား ဂျပန်ဈေးနှုန်း(ဒေါ်လာ/တန်) ညီမျှကျပ်ငွေ(ကျပ်/တန်) မြန်မာဈေးနှုန်း(ကျပ်/တန်) FOBဈေးနှုန်း(ဒေါ်လာ/တန်)တိရစ္ဆာန်အစားအစာ၁ ပြောင်း                   ၃၁၂                       ၂၈၇၉၆ဝ                      ၁၈၃၇ဝဝ                      ၂၅ဝ-၂၇ဝပဲမျိုးစုံ၁  ထောပတ်ပဲ            ၁၅၁၉                     ၁၄ဝဝ၆၁၇                      ၈၈၄၉ဝဝ                      ၈၅ဝ-၈၇ဝ                                              မှတ်ချက်။ ငွေလဲနှုန်း 1USD = 81.19 Yen၂ဝ၁ဝ ခုနှစ် အောက်တိုဘာ ၂၂ ရက် နိုင်ငံတကာဈေးနှုန်းစဉ် အမျိုးအစား       ဂျပန်ဈေးနှုန်း(ဒေါ်လာ/တန်)     ညီမျှကျပ်ငွေ(ကျပ်/တန်)      မြန်မာဈေးနှုန်း(ကျပ်/တန်)ဆန်၁ နီ၈ါတာ ဒေသ         ၃၁ဝ၂-၃၁၈၆                         ၂၈၄၁                         ၂၆၇-၂၉၁၈ဝ၅၈၂ ချီဘာ ဒေသ            ၂၅၃၆-၂၅၉၉                ၂၃၂၂၉ဝ၁-၂၃၈ဝ၅၂၁                               (ယန်း/ဂါလန်)                  (ကျပ်/၈ါလန်)                   (ကျပ်/ဂါလန်)လောင်စာဆီ၁ ဓါတ်ဆီ                 ၅၁၃ .၇ဝ-၅၂၂ .၂၉               ၅၇၉၆-၅၈၉၈                     ၂၅ဝဝ                                              မှတ်ချက်။ ငွေလဲနှုန်း 1USD = 81.19 Yen                                                                                                     MOC, Source :ဂျပန်နိုင်ငံ မြန်မာသံရုံး

Monday, 15 Nov 2010

သိုလှောင်လက်ကျန်များ ထုတ်ရောင်းလာကြလို့ အိန္ဒိယကုလားပဲဈေးလျော့ကျ        အိန္ဒိယပြည်တွင်းဈေးကွက်များမှာ သိုလှောင်လက်များ ထုတ်ရောင်းလာ ကြလို့ ကုလားပဲလက်ငင်းရော ကြိုပွိုင့်ရော ဈေးကျဆင်းခဲ့ပါတယ်။ ဒေလီဈေးကွက် ကို နိုဝင်ဘာလ ၁၁ ရက်က ကုလားပဲကား အစီး ၃ဝ ဝန်းကျင်ဝင်ရောက်လာတာ ကြောင့် တစ်တန်ကို ရူပီး ၂၅ လျော့ကျပြီး ရူပီး ၂၄၂၅ဝ (ကန်ဒေါ်လာ ၅၄၇ ) ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။       တောင်သူများမှာလည်းဈေးကျဆင်းမယ့်မျှော်လင့်ချက်တွေနဲ့ လက်ကျန်များထုတ်ရောင်းလာကြတာကြောင့် ကုလားပဲလက်ကျန် လျော့ပါးလာပြီ လို့ သိရပါတယ်။ ဒါပေမဲ့ အဝယ်အနည်းငယ်ရှိနေတာကြောင့် နိုဝင်ဘာလ အခြေခံ စာချုပ်ဈေးကတစ်တန်ကို ရူပီး ၂၄၅၅ဝ (ကန်ဒေါ်လာ၅၅၄ )နဲ့ ရောင်းဝယ်ခဲ့ကြတယ်လို့ သိရပါတယ်။             ကာလတိုအတွင်းမှာတော့ ဈေးကွက်တွေမှာ လက်ကျန်နည်းလာခြင်းနဲ့ ခွဲစက်သမားများရဲ့ ဝယ်လိုအား ကောင်းမယ့် အခြေအနေတွေကြောင့် တစ်တန်ကို ရူပီး ၈ဝဝ-၁ဝဝဝ (ကန်ဒေါ်လာ ၁၈-၂၂) မြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ နိုဝင်ဘာလ နောက်ပိုင်း ကုလားပဲကြိုပွိုင့်ဈေးကတော့ ဆောင်းပဲစိုက်ပျိုးမှု အပေါ် မူတည်နေတယ်လို့ ဆိုပါတယ်။                                                                                                    ယမင်းခင်၊ှSources: commodityonline 

Monday, 15 Nov 2010

အောက်တိုဘာလဝက်နဲ့ နိုဝင်ဘာလဝက် အိန္ဒိယပဲတီစိမ်းဈေးပိုလာ        အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ အောက်တိုဘာလဝက်နဲ့ နိုဝင်ဘာလဝက် ပဲတီစိမ်းဈေးမြင့်တက်ခဲ့ပြီး ပဲတီရွှေဝါ ဈေးကတော့ လျော့ကျလာတာတွေ့ရပါတယ်။ မွန်ဘိုင်းဈေးကွက်မှာ ပဲတီစိမ်း၊ ပဲတီရွှေဝါကို အောက်တိုဘာလကုန်ပိုင်းမှစပြီး အရောင်းအဝယ်မဖြစ်၊ ဈေးမရှိတာတွေ့ရပါတယ်။ကျန်ဈေးကွက်တွေမှာတော့ ပဲတီစိမ်းအသစ် အဝင်နည်းလာတာရယ်၊ ဝယ်လို အား ကောင်းလာတာရယ်ကြောင့် ဈေးပိုလာခြင်း ဖြစ်ပါတယ်။ ချန်နိုင်းနဲ့ ဒေလီဈေးကွက်မှာ ကာလတူဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                                                                                                                       ဒေါ်လာ/တန်                    ချန်နိုင်း (ပဲတီရွှေဝါ)            ဒေလီ (ပဲတီစိမ်း)၁၁-၁၁-၁ဝ         ၉၉၄                                    ၁ဝ၈၅၁၁-၁ဝ-၁ဝ        ၁ဝ၆၁                                   ၁ဝ၁၆                                                                                                                                    MIRT(MAPT)

Monday, 15 Nov 2010

 ပြည်တွင်းလက်ကျန်နည်းချိန် နယ်စပ်ဈေးကောင်း၍ ပင်လယ်ရေကြောင်း အပို့လျော့      ယခင်တစ်ပတ်က ပင်လယ်ရေကြောင်း ပဲတီစိမ်းတင်ပို့မှု တန်ချိန် ၃ဝဝဝ ခန့် ရှိခဲ့ပေမဲ့ ယခုတစ်ပတ် (နိုဝင်ဘာလ ၄ ရက်မှ ၁ဝ ရက်) မှာတော့ တန် ၂ဝဝဝ အောက်ကို လျော့ကျတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ပဲတီစိမ်းကို အခြားနိုင်ငံတွေက ဝယ်လိုအား ရှိနေပေမဲ့ တရုတ်ဘက်က ဈေးမြင့်ပေးဝယ်ယူမှုကြောင့် နယ်စပ်ဝယ်လိုအား များနေတာကြောင့် ပင်လယ် ရေကြောင်းက တင်ပို့မှုလျော့ကျနေတာဖြစ်ပါတယ်။ တရုတ်ဝယ်လက်ကတော့ အရည်အသွေးပေါ်မူတည်ပြီး၊ အဆွဲရှိနေတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ် FOB  ဈေးကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                                                    ဒေါ်လာ/တန်                  ပဲတီစိမ်း (အညာ)            ပဲတီစိမ်း (ပခုက္ကူ)                 ပဲတီရွှေဝါ၁၁-၁၁-၁ဝ      ၉၅ဝ-၉၆ဝ                    ၉၇ဝ-၉၈ဝ                   ၁၂၅ဝ-၁၂၆ဝ၁၁-၁ဝ-၁ဝ      ၉၃ဝ-၉၄ဝ                    ၉၇ဝ-၉၈ဝ                   ၁၂ဝဝ-၁၂၂ဝ                                                                                                                                   MIRT(MAPT)

Monday, 15 Nov 2010

 အိန္ဒိယ MMTC  မှ ပဲမျိုးစုံတန်ချိန် ၃၇ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ်    အိန္ဒိယနိုင်ငံပိုင်အေဂျင်စီဖြစ်တဲ့ MMTC  ကုမ္ပဏီဟာ ဒီဇင်ဘာလအတွင်း ပဲမျိုးစုံတန်ချိန် ၃၇ဝဝဝ တင်သွင်းဖို့ နိုဝင်ဘာလ ၉ ရက်နေ့က တင်ဒါခေါ်ယူခဲ့ပါတယ်။ တင်သွင်းမယ့် ပဲများကတော့ သြစတြေးလျ ကုလားပဲတန်ချိန် ၃ဝဝဝ၊ မြန်မာမတ်ပဲတန်ချိန် ၆ဝဝဝ နဲ့ ပဲစင်းငုံ တန်ချိန် ၃ဝဝဝ ဖြစ်ပြီး ကနေဒါ ပဲဝါလေး တန်ချိန် ၂၅ဝဝဝ တင်သွင်းဖို့လည်း  စီစဉ်နေတယ်လို့ သိရပါတယ်။ တင်ဒါနောက်ဆုံးရက်မှာ နိုဝင်ဘာလ ၁၈ ရက်ဖြစ်တယ်လို့ သိရပါတယ်။                     ယမင်းခင်၊ှSources: Ticker News

Monday, 15 Nov 2010

အောက်တိုဘာလဝက်နဲ့ နိုဝင်ဘာလဝက် အိန္ဒိယမတ်ပဲဈေး ကွာဟမှုနည်း    အိန္ဒိယပြည်တွင်း မတ်ပဲဈေးကွက်တွေမှာ အောက်တိုဘာလဝက်နဲ့ နိုဝင်ဘာလဝက် ဈေးကွာဟမှုနည်းတာ တွေ့ရပါ တယ်။ တစ်လအတွင်းဈေးနှုန်းအပြောင်းအလဲရှိပေမဲ့ ကုန်သည်များနဲ့ ပဲခွဲစက်များ အဝယ်ရှိနေတာကြောင့် ဈေးမာနေ တာ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ ပဲအများဆုံးစိုက်တဲ့ မဟာရပ်ရှတရာနဲ့ ကာနာတာကာတို့မှာ မိုးရွာသွန်းလို့ ပဲပျက်စီးမှုတွေရှိပေမဲ့ အခြားဒေသတွေမှာ အထွက်ကောင်းတယ်လို့ သိရပါတယ်။ ကာလတူ ဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                                                     ဒေါ်လာ/တန်                      မွန်ဘိုင်းဈေးကွက်                 မွန်ဘိုင်း(C&F)၁၁-၁၁-၁ဝ            ၉၈၃                                  ၉၉၈၁၁-၁ဝ-၁ဝ          ၉၆၅-၉၇၁                            ၁ဝဝဝ                                                                                                                                    MIRT(MAPT)

Pages