Main menu

Background

Sunday, 24 Apr 2011

ဥရောပ ဗဟိုဘဏ် (ECB) က အတိုးနှုန်းကို ထပ်မံမြှင့်တင်ပေးမည်ခန့်မှန်း၍ ယူရိုငွေတန်ဖိုးမြင့်မားလာ                ဂျာမဏီမှာ ပို့ကုန်နဲ့ အင်္ဂလန်ရဲ့ ထုတ်လုပ်သူဈေးနှုန်းတွေ မြင့်မားလာမယ်လို့ ခန့်မှန်းထားတဲ့ စာရင်းဇယားတွေပေါ်ထွက်မလာမီ စတော့ရှယ်ယာတန်ဖိုးတွေ မြင့်မားသွားပါတယ်။ ဒါကြောင့် ဂျပန်ယန်းငွေနဲ့ ကန်ဒေါ်လာတို့က လဲလှယ်ဖက် ငွေကြေးတွေနဲ့ယှဉ်ရင် တန်ဖိုးကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ ဂျာမဏီရဲ့ ဖေဖော်ဝါရီလတင်ပို့မှုက ယခင်လတင်ပို့မှုထက် ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ မတ်လအတွင်း အင်္ဂလန်ထုတ်လုပ်သူဈေးနှုန်းမှာလည်း ဖေဖော်ဝါရီလကထက် သုည ဒသမ ၆ ရာခိုင်နှုန်းမြင့်မားခဲ့ကြောင်း၊ 0x158င်း အချက်အလက် တွေက ကမ္ဘာ့စီးပွားရေးဦးမော့လာမှု အရှိန်ကောင်းလာတယ်ဆိုတဲ့ လက္ခဏာများပဲ ဖြစ်ကြောင်း သိရပါတယ်။                ဒါကြောင့် ယန်းငွေက ယူရိုငွေနဲ့ လဲလှယ်ရာမှာ ကျဆင်းသွားခဲ့ပါတယ်။ ဧပြီလ ၇ ရက်က နယူးယောက်မှာ တစ်ယူရိုကို ၁၂၁ ဒသမ ၄၉ ယန်းရှိနေရာမှ ဧပြီလ ၈ ရက် လန်ဒန်စံတော်ချိန် ၆း၄၇ နာရီမှာ တစ်ယူရိုကို ၁၂၂ ဒသမ ၄၅ ယန်းအထိ ယန်းတန်ဖိုး ကျဆင်းသွားခဲ့ပါတယ်။ ၎င်းနှုန်း မတိုင်မီက တစ်ယူရိုကို ၁၂၂ ဒသမ ၆၄ ယန်းအထိ ရောက်ရှိခဲ့ရာ ၂ဝဝ၉ ခုနှစ် မေလ ၅ ရက်နောက်ပိုင်း ယန်းတန်ဖိုးအနိမ့်ဆုံးဖြစ်ခဲ့ကြောင်း၊ ယခုအပတ်အတွင်း ယန်းတန်ဖိုး ၂ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါတယ်။              ယန်းငွေက ကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာလည်း တန်ဖိုး သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တစ်ဒေါ်လာ ကို ၈၅ ဒသမ ၁ဝ ယန်းအထိ ရောက်ရှိခဲ့ပါတယ်။ ကန်ဒေါ်လာအညွှန်းကိန်းကလည်း ၇၅ ဒသမ ၁၈၄ အထိ ကျဆင်း သွားရာ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း အနည်းဆုံးဖြစ်သွားပါတယ်။ ယူရိုငွေ တန်ဖိုးက ယန်းငွေနဲ့ လဲလှယ်ရာမှာ ၁၁ လမြောက်အဖြစ် တန်ဖိုးမြင့်လာခြင်းဖြစ်ကြောင်း၊ ဥရောပဗဟိုဘဏ် (ECB) က အတိုးနှုန်းကို ထပ်မံမြှင့်တင်ပေးမယ် ခန့်မှန်းခြင်းကလည်း ယူရိုငွေတန်ဖိုးကို မြင့်မားလာစေကြောင်း သိရပါတယ်။ Source:Bloomberg.com ပပ

Sunday, 3 Apr 2011

ထိုင်းနိုင်ငံအပြင် မလေးရှား၊ စင်ကာပူ၊ ပါကစ္စတန်နိုင်ငံမှပါ ဘိလပ်မြေတင်သွင်း                     ပြည်တွင်းဈေးကွက်အတွက် မတ် ၂၂ ရက်မှ ၂၈ ရက်တာ ကာလအတွင်း ဘိလပ်မြေတန်ချိန် ၉၉၄၁၇ ဒသမ ၁ဝ ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၈၄၁၆၆၉၃ ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံတွေကတော့ မလေးရှားနိုင်ငံမှ ဘိလပ်မြေတန်ချိန် ၅ဝဝဝ၊ ပါကစ္စတန် နိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေ တန်ချိန် ၈၁ဝ၊ စင်ကာပူနိုင်ငံမှ ဘိလပ်မြေတန်ချိန် ၅၇ဝဝ နဲ့ ထိုင်းနိုင်ငံမှ ဘိလပ်မြေ တန်ချိန် ၈၇၉ဝ၇ ဒသမ ၁ဝ တန်အသီးသီး တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန် တစ်သိန်း ငါးသောင်းကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်ဘိလပ်မြေအဝင် တန်ချိန်နဲ့ယှဉ်ရင် တန်ချိန် ခြောက်သောင်းကျော်လောက်လျော့နည်းပြီး တင်သွင်းလာတာတွေ့ ရပါတယ်။ MIRT(DOT) ဒီတစ်ပတ် မူဆယ်က ဘိလပ်မြေ အဝင်ပို                  မတ် ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်း တာချီလိတ်၊ မြိတ်နဲ့ မောင်တော နယ်စပ်များမှ ဘိလပ်မြေ ၂၂၆၆ တန် ကန်ဒေါ်လာ ဝ ဒသမ ၁၈၃ သန်းဖိုး တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၄၇၄၄ ကျော် လျော့နည်းတင် သွင်းခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်နဲ့ လွယ်ဂျယ်တို့မှ တင်သွင်းမှုမရှိခဲ့တဲ့အတွက် သိသိသာသာ တင်သွင်းမှုလျော့ကျခဲ့တာဖြစ်ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှု တွေကတော့ တာချီလိတ်မှ ၁၅၅၄ တန်ကျော်၊ မြိတ်မှ ၄၂၃ ဒသမ ၆၅ တန်နဲ့ မောင်တောမှ ၂၈၈ ဒသမ ၅ တန် တင်သွင်းခဲ့တာဖြစ်ပါတယ်။ နယ်စပ်မှ မတ်လ အတွင်းမှာ ၂၅၂၄၉ တန် တင်သွင်းခဲ့ပြီး ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်းမှာ နယ်စပ်မှ ဘိလပ်မြေတန်ချိန် ၃၈၃၅ဝဝ ကျော် တင်သွင်းထားပြီးဖြစ်တယ်လို့ သိရ ပါတယ်။MIRT(DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်တိုင်းဒေသကြီး/                အမျိုးအစား                      ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ်                                                         ယခင်အပတ်    ယခုအပတ်              ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး         ဘိလပ်မြေ(ဆင်)ထိုင်း           ၅၁ဝဝ        ၅၁ဝဝ(လက်ကား)                      ဘိလပ်မြေ (စိန်)                  ၄၉၅ဝ        ၄၉၅ဝမန္တလေးတိုင်းဒေသကြီး        ဘိလပ်မြေ(ဆင်)ထိုင်း           ၆၉ဝဝ        ၆၉ဝဝ                                      ဘိလပ်မြေ (AAA )               ၅၃ဝဝ       ၅၄ဝဝ                                      ဘိလပ်မြေ(မြန်မာဆင်)          ၅၂ဝဝ        ၅၂ဝဝ                                      ဘိလပ်မြေ(စိန်)ထိုင်း             ၆၉ဝဝ        ၆၉ဝဝ                                     ဘိလပ်မြေ(ဆင်မင်း)              ၄၉ဝဝ        ၅ဝဝဝ                                     ဘိလပ်မြေ(ကျားခေါင်း)           ၅၂ဝဝ       ၅၂ဝဝ                                     ဘိလပ်မြေ(မြင်းခေါင်း)             ၅၂ဝဝ      ၅ဝဝဝတောင်ငူ                          ဘိလပ်မြေ(ကြံ့)ထိုင်း               ၆၈ဝဝ      ၆၈ဝဝ                                     ဘိလပ်မြေ(ဆင်)ထိုင်း              ၇၂ဝဝ      ၇၂ဝဝ                                     ဘိလပ်မြေ(မြင်းခေါင်း)              ၅၂ဝဝ     ၅၂ဝဝ                                     ဘိလပ်မြေ(Lucky)ပါကစ္စတန်    ၆၆ဝဝ      ၆၆ဝဝတောင်ကြီး                      ဘိလပ်မြေ(စိန်)ထိုင်း                 ၉၂ဝဝ     ၇၉ဝဝ                                    ဘိလပ်မြေ(ခြင်္သေ့)                    ၆၂ဝဝ     ၆၁ဝဝ                                    ဘိလပ်မြေ(မြို့တော်)                 ၆၂ဝဝ     ၆ဝဝဝမော်လမြိုင်                      ဘိလပ်မြေ(ဆင်)ထိုင်း                ၆၂၅ဝ     ၆၂၅ဝ                                    ဘိလပ်မြေ(ကြံ့)မြိုင်ကလေး        ၄၆၅ဝ      ၄၈ဝဝမကွေးတိုင်းဒေသကြီး        ဘိလပ်မြေ(ဆင်)ထိုင်း               ၆၇ဝဝ      ၆၂ဝဝ                                    ဘိလပ်မြေ(ကြံ့)ထိုင်း                 ၆၈ဝဝ     ၆၈ဝဝ                                    ဘိလပ်မြေ(စိန်)ထိုင်း                 ၆၇ဝဝ     ၆၇ဝဝ                                     ဘိလပ်မြေ(မြင်းခေါင်း)              ၆ဝဝဝ    ၆ဝဝဝ                                    ဘိလပ်မြေ(ဆင်)မြန်မာ              ၆၆ဝဝ     ၆၆ဝဝMIRT (MAPT) 

Sunday, 3 Apr 2011

 ငွေကြေးသည် ခိုင်မာသော လက်ဆုပ်လက်ကိုင်ပြနိုင်သည့် ပိုင်ဆိုင်မှုကျောထောက်နောက်ခံဖြစ်နိုင်စွမ်းအား နည်းလာခြင်းကြောင့် တရုတ်လူမျိုးများ ရွှေကို အပြေးအလွှား ဝယ်ယူနေကြ                       တရုတ်နိုင်ငံက ကမ္ဘာတွင် ရွှေအများဆုံးထုတ်လုပ်တဲ့ နိုင်ငံဖြစ်သော်လည်း ဝယ်လိုအားက ထုတ်လုပ်မှုထက် ပိုမိုလျက်ရှိပါတယ်။ ၂ဝ၁ဝ ခုနှစ်အတွင်း ပြည်ပမှ ရွှေတန်ချိန် ၂ဝ၉ တန်ကျော် တင်သွင်းခဲ့ရပါတယ်။ ၎င်းပမာဏက ရည်မှန်းထား တာထက် ၅ ဆပိုမိုခဲ့ကြောင်း သိရပါတယ်။                         ကုန်သွယ်မှုနဲ့ ငွေကြေးစစ်ပွဲတွေက ရွှေဈေးကွက်ကို ထူးထူးခြားခြား မြင့်မား စေချိန်တွင် အရှေ့အလယ်ပိုင်းဒေသ မငြိမ်မသက်မှုတွေနဲ့ ဂျပန်ငလျင် နောက်ဆက်တွဲပြဿနာတွေက ရွှေဈေးအတွက် လောင်စာဖြစ်လာပြန်ပါတယ်။ ဒါကြောင့် မတ် ၂၄ ရက်က ရွှေတစ်အောင်စကို ကန်ဒေါ်လာ ၁၄၄၇ ဒသမ ၈၂ အထိ မှတ်တမ်းတင် မြင့်မားခဲ့ပါတယ်။ လောလောဆယ်မှာလည်း တရုတ်တွင် ရွှေသိုလှောင်ထားရှိမှု လျော့နည်းခြင်း၊ ငွေကြေးက ခိုင်မာတဲ့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ပိုင်ဆိုင်မှုကျောထောက်နောက်ခံ ဖြစ်နိုင်စွမ်းအား နည်းလာခြင်းတို့ကြောင့် တရုတ်လူမိုျးတွေက ရွှေကို အပြေးအလွှား ဝယ်ယူနေကြတယ်လို့ သိရပါတယ်။                          လူဦးရေများလှတဲ့ တရုတ်နဲ့ အိန္ဒိယမှ ရင်းနှီးမြှုပ်နံှသူတွေက ငွေစက္ကူအပေါ် ရင်းနှီးမြှုပ်နံှဖို့ ယုံကြည်မှုမရှိခဲ့ကြသလို အခုအချိန်မှာလည်း ရွှေနဲ့ငွေသတ္တုကိုသာ ရင်းနှီးမြူပ်နံှဖို့ ခိုင်မာတဲ့ပိုင်ဆိုင်မှုအနေနဲ့ ဝယ်လိုအားမြင့်မားကြပါတယ်။ ရင်းနှီးမြှုပ်နံှသူတွေ ရွှေကိုကြိုက်နှစ်သက်ရတဲ့ အကြောင်းအရင်းမှာ ရေရှည် အကြမ်းခံခြင်း၊ လူဦးရေတိုးပွားလာနှုန်းနဲ့အမျှ ရောင်းလိုအားလည်း တိုးပွားလာခြင်း၊ ဝယ်လိုအားများလည်း နှစ်ထောင်ပေါင်းများစွာအတွင်း ကျဆင်းသွားတာမရှိခြင်း၊ မည်သည့်အကျပ်အတည်း၊ အခက်အခဲမှာမဆို တန်ဖိုးခိုင်မာနေတဲ့ အဆုံးစွံအဖို့ အရံအတားအဖြစ် အားထားရခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နှစ်ပေါင်း ၅ဝဝဝ ကျော်အတွင်း ယဉ်ကျေးမှု မတူကြတဲ့ နိုင်ငံအသီးသီးက ငွေစက္ကူအခြေခံအနေနဲ့ ရွှေကိုအားထားမှုမှာ တူညီကြခြင်း ဖြစ်ပါတယ်။ Source:theaustralian.com.au,  ပပ

Wednesday, 30 Mar 2011

 ၂ဝ၁၁ ခုနှစ် ကမ္ဘာ့ရေနံစိမ်းဈေးကွက် ပိုမိုအားကောင်းနေ                       ၂ဝ၁၁ ခုနှစ်တွင် ကမ္ဘာ့ရေနံစိမ်းသုံး စွဲမှုအများဆုံး အမေရိကန်နိုင်ငံရဲ့ စီးပွား ရေး ပြန်လည်ကောင်းမွန်လာမယ်ဆိုတဲ့ မျှော်မှန်းချက်တွေကြောင့် ဇန်နဝါရီလ ဆန်းမှစ၍ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းတွေ ၂ နှစ်အတွင်း စံချိန်တင် မြင့်တက်ခဲ့ပါတယ်။ (၂ဝဝ၈ ခုနှစ် ငွေကြေးအကျပ် အတည်းမတိုင်မီ ဇူလိုင်လက တစ်စည် ကို ၁၄၇ ဒေါ်လာအထိ မြင့်တက်ခဲ့ သော်လည်း ငွေကြေးအကျပ်အတည်း ကာလနောက်ပိုင်း ဒီဇင်ဘာလတွင် ၃၂ ဒေါ်လာအထိ ထိုးကျခဲ့သည်။) ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလအတွင်း တူနီးရှားမှစတင်ခဲ့တဲ့ တော်လှန်ရေးက အီဂျစ်နိုင်ငံအပါအဝင် အရှေ့အလယ်ပိုင်းဒေသရှိ ရေနံထုတ်လုပ်တဲ့ အခြား နိုင်ငံတွေကိုပါ ကူးစက်ပံျ့နံှ့သွားခဲ့ပါ တယ်။ ဒါကြောင့် ကမ္ဘာ့ရေနံစိမ်း ရောင်းလိုအားအပေါ် စိုးရိမ်မှုတွေ ရှိလာကာ ရေနံစိမ်းဈေးနှုန်းမှာ တစ်စည် ကို ဒေါ်လာ ၁ဝဝ အထက်ကိုရောက်ရှိ စေခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက် နေ့မှစပြီး ဘရန့်အမျိုးအစားရေနံစိမ်း က တစ်စည်ကို ၁ဝ၁ ဒေါ်လာအထက်နှုန်းနဲ့ ဈေးဖွင့်ရောင်းချသော်လည်း အီဂျစ်သမ္မတ မူဘာရက်နုတ်ထွက်အပြီး အရှေ့အလယ်ပိုင်းဒေသမှ ရေနံတင် သင်္ဘောတွေအတွက် စိုးရိမ်စရာ လျော့ပါးသွားကာ ဖေဖော်ဝါရီလအတွင်း ရက်အနည်းငယ်ဈေးကျသွားခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် တစ်စည်ကို ၁၁၃ ဒေါ်လာအထက် ဈေးနှုန်းနဲ့ ရောင်းချခဲ့ပြီးနောက်ပိုင်း ဆက်တိုက်ဈေးမြင့်ခဲ့ရာ မတ်လအတွင်း ဘရန့်အမျိုးအစား ရေနံစိမ်းတစ်စည်ကို ၁၁၇ဒသမ ၁၉ဒေါ်လာအထိကို လည်းကောင်း၊ Light Sweet အမျိုးအစား ရေနံမှာ တစ်စည်ကို ၁ဝ၆ ဒသမ ၃၂ ဒေါ်လာအထိလည်းကောင်း ဈေးမြင့်ခဲ့ ပါတယ်။ ၂၉ လအတွင်း အမြင့်ဆုံး နှုန်းဖြစ်ပါတယ်။                 ယီမင်၊ ဘာရိန်း၊ ဆီးရီးယား၊ အိုမန် နဲ့ လစ်ဗျားနိုင်ငံအထိ ကူးစက်လာတဲ့ နိုင်ငံရေး မငြိမ်သက်မှုက ရေနံစိမ်း ဈေးနှုန်းကို ပိုမိုမြင့်မားစေခဲ့ပါတယ်။ အကြောင်းမှာ လစ်ဗျားက OPEC အဖွဲ့ဝင် ၁၂ နိုင်ငံတွင် နဝမမြောက် ရေနံထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်ပါတယ်။ ဇန်နဝါရီလအတွင်း ပျမ်းမျှ တစ်နေ့ကို စည်ပေါင်း ၁ဒသမ ၆သန်း ထုတ်လုပ်ခဲ့ပါတယ်။ သို့သော် ဖေဖော်ဝါရီလအတွင်းစတင်ခဲ့တဲ့ နိုင်ငံရေးမငြိမ်သက်မှုကြောင့် တစ်နေ့ကို စည်ပေါင်း ၁ သန်းကျော် ထုတ်လုပ်မှုလျော့ကျကာ စည်ပေါင်း ၈ သိန်းခွဲသာ ထုတ်လုပ်နိုင်တော့တယ်။ နောက်ပိုင်း တဖြည်းဖြည်း လျော့ကျသွားရာ မတ်လတွင် တစ်ရက် ကို စည်ပေါင်း ၄ သိန်းအောက် ပမာဏ သာ ထုတ်လုပ်နိုင်တော့တယ်လို့ လစ်ဗျား အမျိုးသားရေနံကုမ္ပဏီဥက္ကဋ္ဌ က မတ်လ ၁၉ ရက်နေ့တွင် ပြောကြား ခဲ့ပါတယ်။ ယခုအခါ နိုင်ငံတကာ မဟာမိတ် တပ်များမှ လစ်ဗျားနိုင်ငံကို ဝင်ရောက် တိုက်ခိုက်နေပြီဖြစ်ကာ ရေနံတင်ပို့ မှုဆိုင်ရာ ပစ္စည်းပစ္စယအဆောက်အအုံ တွေ ပျက်စီးသွားတဲ့အတွက် ရေနံ တင်ပို့မှု လများစွာ ပြတ်တောက်နေဦးမယ် လို့ နိုင်ငံတကာစွမ်းအင် အေဂျင်စီက ပြောကြားထားပါတယ်။ မဟာမိတ်တပ် တွေနဲ့ လစ်ဗျားစစ်ပွဲပိုမိုပြင်းထန် လာရာ မတ်လ ၂၃ ရက်နေ့တွင်လည်း ရေနံစိမ်းဈေးနှုန်းများ ဆက်လက် အား ကောင်းနေပါတယ်။ မေလအရောက် ပို့ရမဲ့  Light Sweet အမျိုးအစား ရေနံစိမ်းကို တစ်စည်ကို ၁ဝ၅ ဒသမ ၃၈ ဒေါ်လာနဲ့ နယူးယောက် ကုန်စည် ရောင်းဝယ်ရေးတွင် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ မေလ အရောက်ပို့ရမဲ့ ဘရန့်အမျိုးအစား ရေနံစိမ်းမှာ တစ်စည်ကို ၁၁၆ ဒသမ ၃ဝ ဒေါ်လာနဲ့ လန်ဒန်ICE Futures Europe Exchange တွင် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ Source:Bloomberg.com,PP

Wednesday, 30 Mar 2011

 ဂျပန်ငလျင်နောက်ဆက်တွဲ ပြဿနာများကြောင့် ရွှေအပါအဝင် ငွေ ၊ ပလာဒီယမ်နှင့် ပလက်တီနမ်သတ္တုများ ဈေးကျသွား                 မတ်လ ၇ ရက်နေ့က တစ်အောင်စကို ၁၄၄၄ ဒသမ ၉၅ ဒေါ်လာအထိ စံချိန်တင်မြင့်မားခဲ့တဲ့ ကမ္ဘာ့ရွှေဈေးနှုန်းက မတ်လ ၁၅ ရက်နေ့တွင် တစ်အောင်စကို ၁၃၈၁ ဒသမ ၂၂ ဒေါ်လာအထိ ကျဆင်းသွားခဲ့ရာ တစ်လတာအတွင်း အနိမ့်ဆုံး နှုန်း ဖြစ်သွားခဲ့ပါတယ်။                    အရှေ့အလယ်ပိုင်းပထဝီနိုင်ငံရေး တင်းမာမှုများနဲ့ ဂျပန်ရဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံများ ရေဒီယိုသတ္တိြွကမှုအခြေအနေ ပိုမိုတိုးမြင့်လာတဲ့ သတင်း တွေကြောင့် အာရှစတော့ရှယ်ယာဈေးနှုန်းများ ကျဆင်းခဲ့ရပါတယ်။ ဒါကြောင့် ရင်းနှီးမြူပ်နံှသူတွေက ဆုံးရှုံးသွားတဲ့ စတော့ရှယ်ယာတွေနဲ့ အခြားကုန်ပစ္စည်းတွေ တန်ဖိုးကိုကာမိစေဖို့ အဖိုးတန်သတ္တုများကို ရောင်းချလိမ့်မယ်ခန့်မှန်းကြပြီး ရွှေ အပါအဝင် ငွေ ၊ ပလာဒီယမ်နဲ့ ပလက်တီနမ် သတ္တုတန်ဖိုးတွေ ကျဆင်းသွား တယ်လို့ သိရပါတယ်။                       ဒါကြောင့် စင်ကာပူတွင် မတ်လ ၇ ရက်နေ့ နံနက် ၁၁း၅၆ နာရီက ချက်ချင်း အရောက်ပို့ ၁၃၉၁ ဒသမ ၇၅ ဒေါ်လာနဲ့ ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ ယခင်အပတ်က ၃၁ နှစ်အတွင်း အမြင့်ဆုံးနှုန်းဖြစ်တဲ့ တစ်အောင်စကို ၃၆ ဒသမ ၇၅၂၅ ဒေါ်လာကို ရောက်ခဲ့တဲ့ငွေကလည်း ၃၃ ဒသမ ၉၄ ဒေါ်လာအထိ ကျဆင်းခဲ့ပါတယ်။ ဖေဖော်ဝါရီလက ၁ဝ နှစ်အတွင်း အမြင့်ဆုံးနှုန်းကို ရောက်ခဲ့တဲ့ ပလာဒီယမ်ကလည်း ၂ဝ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ ဂျပန်ရဲ့ ပလာဒီယမ်နဲ့ ပလက်တီနမ်ဝယ်လိုအားမှာ ကမ္ဘာ့ဝယ်လိုအားရဲ့ ၁၅ ရာခိုင်နှုန်းရှိ ကြောင်း ၊ စက်မှုလုပ်ငန်းများတွင် ငွေ ၊ ပလာဒီယမ်နဲ့ ပလက်တီနမ်ကို ရွှေထက် အသုံးပြုမှု ပိုများကြောင်း ၊ ငလျင်ဒဏ်ကြောင့် ဂျပန်ကားစက်ရုံများ ပိတ်လိုက်ခြင်း က ၎င်းသတ္တုတွေကို ဈေးကျစေခြင်း အကြောင်းရင်းဖြစ်ကြောင်း သိရပါတယ်။ Source:Businessweek.com, ပပ

Sunday, 20 Mar 2011

 ဂျပန်ဗဟိုဘဏ်အနေဖြင့် ယန်းငွေ ၁၅ ထရီလီယံကို ငွေကြေးဈေးကွက်အတွင်း လည်ပတ်စေခြင်းကြောင့် ဂျပန်ယန်းတန်ဖိုး ကျဆင်းသွားခဲ့               ငလျင်ဒဏ်ခံရအပြီး စီးပွားရေးယိမ်းယိုင်မှုမဖြစ်စေဖို့ ဂျပန်ဗဟိုဘဏ်က ဘဏ္ဍာရေးစနစ်အတွက် ငွေအမြောက်အမြား ထည့်ခွင့်ပြုလိုက်ကြောင်း သိရပါတယ်။ ဂျပန်ဗဟိုဘဏ်အနေနဲ့ ယန်းငွေ ၁၅ ထရီလီယံ (ကန်ဒေါ်လာ ၁၈၃ ဘီလီယံ)ကို ငွေကြေးဈေးကွက်အတွင်း လည်ပတ်စေခြင်းနဲ့ ဘဏ္ဍာရေးကဏ္ဍကို တည်ငြိမ်အောင် ဆောင်ရွက်မှာဖြစ်ကြောင်း သိရပါတယ်။ ဗဟိုဘဏ်က ငွေကြေးဈေးကွက်အတွင်း ရန်ပုံငွေထည့်ဝင်လိုက်ခြင်းကြောင့် ဂျပန်ယန်းငွေက ဒေါ်လာငွေနဲ့လဲလှယ်ရာတွင် တန်ဖိုးကျဆင်းသွားခဲ့ပါတယ်။ ယခင်အပတ်က နယူးယောက်တွင် တစ်ဒေါ်လာကို ၈၁ ဒသမ ၈၄ ယန်းဖြစ်ခဲ့သော် လည်း မတ်လ ၁၄ ရက်နေ့ လန်ဒန်စံတော်ချိန် နံနက် ၆း၄ဝ နာရီတွင် ၈၂ ဒသမ ၁၂ ယန်းအထိ ယန်းတန်ဖိုး ကျဆင်းခဲ့ပါတယ်။               ငလျင်ဒဏ်ကြောင့် ဂျပန်ရဲ့စီးပွားရေးကို နှေးကွေးသွားစေနိုင်ပြီး ဗဟိုဘဏ် အနေနဲ့ ငွေကြေးမူဝါဒကို လျော့ပေးရမလိုဖြစ်ပြီး ရင်းနှီးငွေရရှိရေးအတွက် ငွေ အမြောက်အမြားကို ငွေကြေးဈေးကွက်အတွင်း ချပေးလိုက်ခြင်းက ယန်းငွေ တန်ဖိုးကိုကျဆင်းစေတဲ့ အကြောင်းအရင်းဖြစ်တယ်လို့ တိုကျိုရှိ Grdit Suisse Group AG မှ ငွေကြေးနည်းဗျူဟာချုပ် Koji Fukaya  က ပြောကြားပါတယ်။  Source:bloomberg.com ပပ

Sunday, 20 Mar 2011

 အာရှရေနံဈေးနှုန်း ရက်သတ္တပတ်မြောက်မြင့်တက်လောင်စာဆီ            မတ်လ ၁၁ ရက်က မြေငလျင် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပျက်စီးသွားတဲ့ နျူကလီးယားစွမ်းအင်နေရာမှာ အစား ထိုးဖို့အတွက် ဂျပန်နိုင်ငံမှာ လောင်စာ ဆီအသုံးပြုဖို့ ပိုမိုလိုအပ်နေပါတယ်။ လောင်စာဆီကို ဂျပန်က ဝယ်လိုအား များလာနိုင်တယ်လို့ Credit Agricole  က ပြောပါတယ်။              စင်ကာပူမှာရှိတဲ့ လောင်စာဆီ လက်ကျန်က ရက်သတ္တသုံးပတ်အတွင်း အနိမ့်ဆုံးအဆင့်ကို ရောက်ရှိနေတယ် လို့ ကုန်သွယ်ရေးနဲ့စက်မှုဝန်ကြီးဌာနက မတ် ၁၇ ရက်နေ့က ပြောပါတယ်။ လောင်စာဆီနဲ့ ဆာလဖာပါဝင်မှုနဲတဲ့ ရေနံချက်ရာမှာ ြွကင်းကျန်တဲ့ဆီလက် ကျန်က မတ်လ ၁၆ ရက်မှာ ကုန်ဆုံးတဲ့ ရက်သတ္တပတ်အတွင်း ၂ ဒသမ ၃ ရာ ခိုင်နှုန်းကျဆင်းပြီး စည် ၁၈ ဒသမ ၅ သန်းသာရှိပါတယ်။ ဓာတ်ဆီဈေး            92-Roxl အမျိုးအစားဓာတ်ဆီ ဈေးက ယခုရက်သတ္တပတ်အတွင်း ၁ ရာခိုင်နှုန်းကျဆင်းပြီး တစ်စည်ကို ၁၁၉ ဒသမ ၈၅ ဒေါ်လာနှုန်းရှိပါတယ်။ ပရီမီယံအမျိုးအစားဓာတ်ဆီက နေ နက်ဖသာပါတဲ့ ဓာတ်ဆီအထိ ဆီ အမျိုးမျိုးရဲ့ ဈေးနှုန်းက တစ်စည်ကို ၁ ဒသမ ၄ဝ ဒေါ်လာကနေ ၁၂ ဒသမ ၅ဝ ဒေါ်လာအထိ ကွာခြားမှုရှိတယ်လို့ ဘလွမ်းဘတ်စစ်တမ်းအရ သိရပါတယ်။ ကားနဲ့ခရီးသွားမယ့်လူဦးရေတိုး တက်လာတဲ့အတွက် ဂျပန်နိုင်ငံရဲ့ဓါတ် ဆီသုံးစွဲမှုဟာ မတ်လမှာ တစ်ရက်စည် ၈ဝဝဝဝ ထပ်ပြီးတိုးတက်လာနိုင်တယ် လို့ Credit Agricole ရဲ့ မတ် ၁၈ ရက် အစီရင်ခံစာအရ သိရပါတယ်။ ဒီဇယ်ဆီ           ဆာလဖာ သုည ဒသမ ၅ ပါတဲ့ ဒီဇယ်ဆီရဲ့ဈေးနှုန်းက ယခုရက်သတ္တ ပတ်အတွင်း ၃ ဒသမ ၃ ရာခိုင်နှုန်း တက်ပြီး တစ်စည်ကို ၁၃၃ ဒသမ ၅ဝ ဒေါ်လာနှုန်းဖြစ်ခဲ့ပါတယ်။ ဂျက်လေယာဉ်ဆီက ၃ ဒသမ ၁ ရာခိုင်နှုန်းမြင့် တက်ပြီး တစ်စည်ကို ၁၃၄ ဒသမ ၇၅ ဒေါ်လာနှုန်းဖြစ်ခဲ့ပါတယ်။ ရေနံချက်စက်ရုံသတင်း          မြေငလျင်ကြောင့် မီးလောင်ခံရပြီး ချီဘာရှိရေနံချက်စက်ရုံကို ပိတ်ခဲ့ရပြီး နောက်ပိုင်း ကျဆင်းတဲ့အတွက်ကို ထေမိဖို့အတွက် အဘူဒါဘီက တစ်စိတ် တစ်ပိုင်း ပိုင်ဆိုင်ထားတဲ့ Cosmo Oil  ကုမ္ပဏီက တခြားစက်ရုံတွေရဲ့ ထုတ် လုပ်မှုနှုန်းမြှင့်တင်ဖို့ ကြိုးစားနေပါတယ်။ ယိုကာအိချီစက်ရုံက တစ်ရက်ကို စည် ၅ဝဝဝဝ နဲ့ ဆာကာအိဒဲက တစ်ရက်ကို စည် ၃ဝဝဝဝ တိုးမြှင့်ထုတ်လုပ်ဖို့ စီစဉ် ထားတယ်လို့ မတ် ၁၇ ရက်က ထုတ် ပြန်တဲ့ ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖော် ပြထားပါတယ်။ Source:bloomberg.com

Sunday, 27 Feb 2011

 အရှေ့အလယ်ပိုင်းဒေသ နှင့် မြောက်အာဖရိက ဒေသအချို့ မငြိမ်သက်မှုများကြောင့် ရွှေ၊ ရေနံ တန်ဖိုးမြင့်                    ယခင်အပတ်က နေ့စဉ်ရက် ဆက်တောက်လျှောက် ဈေးမြင့်လာ ခဲ့တဲ့ ကမ္ဘာ့ရွှေဈေးနှုန်းက ဖေဖော်ဝါရီ ၂၁ရက်တွင်လည်း ဆက်လက်ဈေးမြင့် ခဲ့ကြောင်း သိရပါတယ်။ အရှေ့အလယ် ပိုင်းဒေသ မငြိမ်သက်ဖြစ်ပွားမှုကြောင့် ရင်းနှီးမြှုပ်နံှသူများကို အဖိုးတန်သတ္တု ကိုဝယ်လိုအား များစေကြောင်း သိရပါတယ်။ ရွှေဈေးနှုန်းက ရက်သတ္တခုနစ် ပတ်အတွင်း အမြင့်ဆုံးနှုန်း ရောက်ခဲ့ သလို ငွေဈေးနှုန်းကလည်း နှစ် ၃ဝ ကျော်ကာလအတွင်း အမြင့်ဆုံးနှုန်းကို ရောက်ခဲ့ကြောင်း၊ ပလာဒီယမ်မှာလည်း ၁ဝ နှစ်အတွင်း အမြင့်ဆုံးကိုရောက်ခဲ့ ကြောင်း သိရပါတယ်။                 ဇန်နဝါရီ ၂၁ ရက်က ချက်ချင်း အရောက်ပို့ရွှေဈေးနှုန်းက သုည ဒသမ ၅ ရာခိုင်နှုန်းမြင့်မားကာ တစ်အောင်စ ကို ၁၃၉၆ ဒသမ ၃၅ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဇန်နဝါရီ ၄ ရက်နောက်ပိုင်း အမြင့်ဆုံးနှုန်း ဖြစ်လာကြောင်း သိရပါတယ်။ ချက်ချင်းငွေချေရမဲ့ ငွေ(သတ္တု)ဈေးနှုန်းက တစ်အောင်စကို ၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်မားကာ ၃၃ ဒသမ ၁၄၂၅ ဒေါ်လာ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ၁၉၈ဝ မတ်လနောက်ပိုင်း အမြင့်ဆုံးနှုန်းဖြစ် လာကြောင်းသိရပါတယ်။ ယခုလို အဖိုး တန်သတ္တုများ ဈေးနှုန်းမြင့်မားရတဲ့ အကြောင်းရင်းတစ်ခုမှာ တရုတ်နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှု အစီရင်ခံစာကြောင့် ရွှေလက်ငင်းဝယ်လိုအား အလွန်မြင့်မား နေတာ ဖြစ်ပါတယ်။ရေနံဈေးမြင့်မား             ရေနံစိမ်းဈေးနှုန်းက ဖေဖော်ဝါရီ ၁၈ ရက်က တစ်စည်ကို ကန်ဒေါ်လာ ၈၉ ဒသမ ၇၁ ဖြစ်ခဲ့သော်လည်း ဖေဖော်ဝါရီလ ၂၁ ရက်တွင် ဧပြီလ သင်္ဘောတင် ရေနံစိမ်းဈေးနှုန်းက တစ်စည်ကို ၁ ဒသမ ၉၉ ဒေါ်လာမြင့်တက် ကာ တစ်စည်ကို ၉၁ ဒသမ ၇ဝ ဒေါ်လာနဲ့ နယူးယောက် ကုန်စည် ရောင်းဝယ်ရေးတွင် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နယူးယောက် ရေနံစိမ်းဈေးနှုန်းက လန်ဒန်မှာ ရောင်းဝယ်နေတဲ့ ဘရန့် ရေနံ ကြိုပွိုင့်ရောင်းဈေးနှုန်းထက် ကျော်လွန်မြင့်တက်ခဲ့ပါတယ်။ ICE Futures Europe တွင် ဧပြီလမှာ ငွေချေရမယ့် ဘရန့်ရေနံဈေးနှုန်းက ဖေဖော်ဝါရီ ၂၁ ရက်တွင် ၁ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်စည်ကို ၁ဝ၃ ဒသမ ၈၆ ဒေါ်လာထိ ဖြစ်ခဲ့ပါတယ်။ ကန်ဒေါ်လာနှင့်ဂျပန်ယန်းတန်ဖိုးလည်းမြင့်မား            အရှေ့အလယ်ပိုင်းဒေသတွင် မငြိမ်မသက်ဖြစ်ပွားမှု ပံျ့နံှ့ကာ လုံခြုံစိတ်ချရတဲ့ ပိုင်ဆိုင်မှုများကို ဝယ်လိုအားများ လာမယ်ခန့်မှန်းကြကာ ဂျပန်ယန်းငွေနဲ့ အမေရိကန် ဒေါ်လာတန်ဖိုးတွေက လဲလှယ်ဖက် ငွေကြေးများနဲ့ ယှဉ်ရင် တန်ဖိုးမြင့်မားလာကြောင်း သိရပါ တယ်။            ဒါကြောင့် ယူရိုငွေနဲ့ လဲလှယ်ရာ တွင် ၃ လလောက် တန်ဖိုးကျဆင်းနေ တဲ့ ဂျပန်ယန်းငွေတန်ဖိုး မြင့်မားလာ ကြောင်း သိရပါတယ်။ ယူရိုငွေက အမေရိကန် ဒေါ်လာနဲ့လဲလှယ်ရာတွင် လည်း ၄ ရက်အတွင်း ပထမဆုံးအကြိမ် တန်ဖိုးကျဆင်းသွားကြောင်း သိရပါတယ်။ ဥရောပဒေသရဲ့ အချမ်းသာဆုံး ဂျာမဏီနိုင်ငံရဲ့ အဓိပတိဖြစ်သူ ဝန်ကြီး ချုပ် Augela Merkel ရဲ့ပါတီက ၆၅ နှစ်တာကာလအတွင်း အဆိုးဝါးဆုံးရှုံး နိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရတယ်ဆိုတဲ့ သတင်း ကြောင့် ယူရိုငွေတန်ဖိုးက အမေရိကန် ဒေါ်လာနဲ့ လဲလှယ်ရာတွင် တန်ဖိုးကျ ဆင်းခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ယူရိုငွေနဲ့ ကန်ဒေါ်လာ လဲလှယ်ရာတွင် တစ်ယူရိုကို ၁ ဒသမ ၃၆၉၃ ဒေါ်လာမှ ၁ ဒသမ ၃၆၇၉ ဒေါ်လာအထိ ယူရိုငွေတန်ဖိုးကျဆင်းခဲ့ ပါတယ်။ ယန်းငွေနဲ့ လဲလှယ်ရာတွင် လည်း တစ်ယူရိုကို ၁၁၃ ဒသမ ၉ဝ ယန်းမှ ၁၁၃ ဒသမ ၇၉ ယန်းအထိ ယူရိုငွေတန်ဖိုး ကျဆင်းခဲ့ပါတယ်။ Source:bloomberg.com,  ပပ

Sunday, 27 Feb 2011

 လောင်စာဆီဈေးနှုန်းများ တရုတ်ပြည်တွင် တိုးမြှင့ ်သတ်မှတ်                ကမ္ဘာ့လောင်စာဆီဈေးနှုန်းထားများ ယခုအခါ မြင့်တက်လာနေတဲ့အတွက် တရုတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြောင်းလဲမှုကော်မတီက တရုတ်နိုင်ငံတစ်ဝန်း လောင်စာဈေးနှုန်းများအား ဖေဖော်ဝါရီ ၂ဝ ရက်ကစပြီး ပြုပြင်ပြောင်းလဲတိုးမြှင့် သတ်မှတ်လိုက်တယ်လို့ တရုတ်နိုင်ငံထုတ်သတင်းစာများမှာ ဖော်ပြထားပါတယ် အမျိုးအစား              ယွမ် /တန်           ယွမ်/လီတာဓာတ်ဆီ  ၉ဝ                ၉ဝ၄၅            ၆.၆၉ဒီဇယ်ဆီ ဝ                  ၈၇၂၅             ၇.ဝ၃ဓာတ်ဆီ ၉၃                     -               ၇.၁၉ဓာတ်ဆီ ၉၇                     -               ၇.၇ဝ             ၁ တန်လျှင် ယွမ်ငွေ ၃၅ဝ ခန့် ဓာတ်ဆီရောဒီဇယ်ဆီဈေးနှုန်းများကို တိုးမြှင့် လိုက်ခြင်းဖြစ်ပါတယ်။ မီးရထားခရီးသည် ပို့ဆောင်မှုယာဉ်နဲ့ မြို့ပတ်ယာဉ်များ၊ ကျေးရွာသယ်ယူပို့ဆောင်မှုနှုန်းထားများ တိုးမြင့်လာခြင်းမရှိသေးကြောင်းနဲ့ မီးရထား လမ်းနဲ့ မြို့ပတ်ယာဉ်များသယ်ပို့မှုဈေးနှုန်း မြင့်တက်လာမှုမရှိစေရေးနဲ့ ကုန်စည်စီး ဆင်းရာမှာ ကုန်းလမ်း၊ ရေလမ်းကြောင်းတို့မှ သယ်ယူပို့ဆောင်စရိတ်များ မြင့်တက် လာမှုမရှိစေရေး အလေးထားဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ လေကြောင်းလိုင်းသုံး လောင်စာဆီကိုလည်း ၁ တန်လျှင် ယွမ် ၃၅ဝ သို့ တိုးမြှင့်လိုက်တဲ့အတွက် ပြည်တွင်းလေကြောင်းလိုင်းကုမ္ပဏီများအား သင့်တင့်သော ပြုပြင်ပြောင်းလဲမှုကိုသာ လုပ်ကိုင်ဆောင်ရွက်သွားရန် လမ်းညွှန်ထားတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။ ှSource: ချွန်းချိမ်ဝမ်ပေါင် သတင်းစာ  ဖေကြိုင်-မူဆယ်

Pages