Main menu

Background

Monday, 16 Jan 2012

ယခုတစ်ပတ်တွင် ကမ္ဘာ့ရွှေဈေး မြန်မာ့ရွှေဈေးများ မြင့်တက်လာမှုနှင့်အတူ ငွေလဲနှုန်းထားများမှာလည်း မြင့်တက်လာခဲ့သည်။ ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက အမေရိကန်တစ်ဒေါ်လာလျှင် စင်တာလဲလှယ်နှုန်းမှာ ၈၂၀ကျပ်ဖြင့် ငြိမ်နေခဲ့သော်လည်း ယခုတစ်ပတ်တွင် ၈၂၅ ကျပ်သို့ မြင့်တက်လာခဲ့သည်။

Sunday, 8 Jan 2012

၂၀၁၂ ခုနှစ် ပထမဆုံး ကုန်သွယ်မှု စတင်တဲ့  ဇန်နဝါရီ ၂ ရက်မှာ အာရှ စတော့တန်ဖိုးတွေ ကျဆင်းသွားတယ်။ ဥရောပဒေသကြွေးမြီ အကျပ်အတည်း က ၂၀၁၂ ခုနှစ်မှာလည်း ဆက်လက်ရှိ နေဆဲဖြစ်ရာ  ကမ္ဘာ့စီးပွားရေးနာလန် ထူလာမှုအပေါ်စိုးရိမ်မှုကို ဆက်လက် ဖြစ်ပေါ်စေတယ်။ ဒါကြောင့် ယူရိုငွေနဲ့ တောင်ကိုရီးယား ဝမ်တန်ဖိုးတွေ အား နည်းလာတယ်။

Sunday, 8 Jan 2012

အမေရိကန်ဒေါ်လာဈေးကွက်က ဒီတစ်ပတ်မှာတော့ ဈေးအနည်းငယ် ငြိမ် သက်နေခဲ့ပြီး အက်ဖ်အီးစီဈေးကွက်မှာ  လှုပ်ခတ်လာခဲ့သည်ကို တွေ့ရှိရသည်။ငွေလဲစင်တာများတွင် အမေရိကန်ဒေါ်လာနှင့် အက်ဖ်အီးစီတို့၏ ငွေလဲနှုန်းထား များမှာတူညီနေသော်လည်း ပြင်ပဈေးကွက်တွင်မူ ယခုတစ်ပတ်တွင် အမေရိကန် ဒေါ်လာထက် အက်ဖ်အီးစီလဲလှယ်နှုန်းက အနည်းငယ်မြင့်တက်လာသည်ကို တွေ့ ရသည်။

Tuesday, 3 Jan 2012

      အမေရိကန်ဒေါ်လာဈေးကွက်ဟာ ဒီတစ်ပတ်မှာ ပြီးခဲ့တဲ့အပတ်ကထက် ပို မိုဈေးတက်လာခဲ့သည်ကိုတွေ့ရသည်။ ယခင်အပတ်က စင်တာတွင် ၈၀၀ကျပ် သာဈေးပေါက်ခဲ့သော်လည်း ယခုတစ် ပတ် ဈေးဖွင့်ချိန်တွင် ၈၂၀ကျပ်ရှိကာ ၂၀ ကျပ် တက်သွားခဲ့သည်ကို  တွေ့ရ သည်။

Monday, 26 Dec 2011

            အမေရိကန်ဒေါ်လာဈေးကွက်သည် ဒီတစ်ပတ်တွင် ပြီးခဲ့တဲ့အပတ်ကထက် အနည်းငယ် တက်လာသည်ကိုတွေ့ရသည်။ ငွေလဲစင်တာတွင် ဈေးတက်လာခဲ့သ ကဲ့သို့ ပြင်ပငွေကြေးဈေးကွက်တွင်လည်း ဈေးမြင့်တက်ခဲ့သည်ကို တွေ့ရသည်။

Sunday, 18 Dec 2011

     ဥရောပသမဂ္ဂအနေနဲ့ ဒေသတွင်းကြွေးမြီပြဿနာကို ထိန်းချုပ်နိုင်မယ့် အလားအလာ မရှိဆိုတဲ့ စိုးရိမ်ပူပန်မှုပိုလာခြင်း၊ အီရန်မှ OPEC အဖွဲ့ဝင်နိုင်ငံတွေကို ရေနံထုတ်လုပ်မှု လျှော့ချဖို့ မေတ္တာရပ်ခံလိုက်ခြင်းတို့ကြောင့် ယခင်အပတ်ကတည်းက ကျဆင်းသွားတဲ့ ရေနံ စိမ်းဈေးနှုန်းတွေက ဒီဇင်ဘာ ၁၂ ရက်မှာ ဆက်လက်ကျဆင်းလာတယ်။ နယူးယောက် ကုန်စည် ရောင်းဝယ်ရေးမှာ ဇန်နဝါရီလ အရောက်ပို့ရမယ့် ရေနံစိမ်း (WTI Oil) က တစ်စည်ကို ၃၇ ဆင့်ကျဆင်းကာ ၉၉ ဒသမ ၀၄ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်။

Sunday, 18 Dec 2011

           ငွေကြေးသည် တိုင်းပြည်စီးပွားရေး၏ ကျန်း မာရေးအခြေပြ ဘာရိုမီတာဟုဆိုပါလျှင် အိန္ဒိယ စီးပွားရေးမှာ အကြီးအကျယ်ဖျားနာနေပြီဟု ဆိုရ လိမ့်မည်။  ကုန်ခဲ့သည့် ဧပြီလအထိမှာ တစ် ဒေါ်လာ ၄၄ ရူးပီးဖြင့် အတော်အသင့်အခြေခိုင်စွာ အရောင်းအဝယ် ဖြစ်ခဲ့ကြသည်။ လွန်ခဲ့သည့်နှစ် တွင် လုံးလုံးခဲခဲ ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ မုတ်သုံမိုး ကိုလည်း လုံလောက်စွာရရှိခဲ့သည်။ စတော့ဈေး ကွက်မှာလည်း အခြေအနေကောင်းနေခဲ့သည်။

Sunday, 18 Dec 2011

   ဥရောပသမဂ္ဂ ခေါင်းဆောင်တွေ အနေနဲ့ ဒေသတွင်း  ကြွေးမြီအကျပ် အတည်းကို ထိန်းချုပ်ဖို့ ကြိုးစားရုန်း ကန်နေရဆဲဖြစ်ရာ ကမ္ဘာ့ရေနံစိမ်း ဝယ် လိုအား လျော့ကျသွားဦးမယ်လို့ ခန့်မှန်း လာကြတယ်။ ဒါကြောင့် ဒီဇင်ဘာ ၉ ရက်မှာ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းတွေ ကျ ဆင်းသွားခဲ့တယ်။  နယူးယောက် ကုန် စည်ရောင်းဝယ်ရေးမှာ  ဇန်နဝါရီလ အရောက်ပို့ရမယ့်ရေနံစိမ်း(WTI Oil)    က တစ်စည်ကို ၇၅ ဆင့်ကျဆင်းကာ ၉၇ ဒသမ ၅၉ ဒေါ်လာအထိ ရောက် ရှိသွားတယ်လို့ သိရတယ်။

Sunday, 18 Dec 2011

      စက်မှုဝန်ကြီးဌာနမှရောင်းချသည့် ချယ်ရီမီနီဆလွန်းကားများ အဝယ်လိုက် မှုကြောင့် ဒေါ်လာဈေးများ တက်လာရကြောင်း သိရသည်။ နိုင်ငံခြားငွေလဲလှယ် ရေးစင်တာများတွင် လူတစ်ဦးလျှင် ဒေါ်လာ ၅၀၀ သာ လဲလှယ်ခွင့်ရှိခြင်းကြောင့် ပြင်ပဒေါ်လာဈေးကွက်တွင် ဒေါ်လာအရောင်းအဝယ်များမှာ ယခင်ကထက် ပိုမို အလုပ်ဖြစ်လာကြောင်းလည်း သိရသည်။

Monday, 12 Dec 2011

    ကမ္ဘာမှာ ဒုတိယမြောက်  ရေနံ ထုတ်လုပ်မှုအများဆုံး အီရန်နိုင်ငံနဲ့ အနောက်နိုင်ငံတွေအကြား  ပဋိပက္ခ ကြောင့် အရှေ့အလယ်ပိုင်းဒေသရဲ့ ရေနံရောင်းလိုအားကို စိုးရိမ်ဖွယ်ဖြစ် လာစေရာ ဒီဇင်ဘာလဆန်းပိုင်းမှာ ရေနံစိမ်း ကြိုပွိုင့်အရောင်းဈေးနှုန်းတွေ မြင့်မားလာပါတယ်။

Pages