Main menu

Background

Tuesday, 15 Feb 2011

 အမေရိကန်တွင် ဓာတ်ဆီသိုလှောင်ထားရှိမှုပမာဏသည် ၁၈ နှစ်အတွင်း အမြင့်ဆုံးနှုန်းသို့ရောက်လာ၍ ရေနံဈေးနှုန်းပြန်လည် အားနည်းလာ             အီဂျစ်ရဲ့ နိုင်ငံရေးအုံြွကမှု အခြေအနေ အေးသွားပြီဖြစ်တာကြောင့် အရှေ့အလယ်ပိုင်းဒေသမှ ရေနံစိမ်း ရောင်းလိုအားအပေါ် စိုးရိမ်ပူပန်မှု လျော့ကျသွားပြီး ရေနံစိမ်းဈေးနှုန်းများ ယခုရက်သတ္တပတ်အတွင်း အနိမ့်ဆုံး နှုန်းနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ၎င်းအပြင် အမေရိကန် စွမ်းအင်ဌာန အဆိုအရ အမေရိကန် တွင်ဓာတ်ဆီသိုလှောင်ထားရှိမှု ပမာဏ က ၁၈ နှစ်အတွင်း အမြင့်ဆုံးနှုန်းကို ရောက်ရှိလာတယ်ဆိုတဲ့ သတင်းက လည်း ရေနံစိမ်းဈေးနှုန်းကို ဖိအားပေး ခဲ့ပါတယ်။ ဒါကြောင့် မတ်လစာချုပ် ဈေးနှုန်းက တစ်စည်ကို ၈၉ ဒသမ ၂၆ ဒေါ်လာနဲ့ နယူးယောက် ကုန်စည် ရောင်းဝယ်ရေးတွင် ဖေဖော်ဝါရီလ ၇ ရက်က အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။                    မတ်လငွေချေရမယ့် ဘရန့်အမျိုး အစား ရေနံစိမ်းမှာလည်း တစ်စည်ကို ၁ဝဝ ဒသမ ၃ဝ ဒေါ်လာနဲ့ လန်ဒန် ှုICE Futures Europe Exchange တွင် အရောင်းအဝယ်ဖြစ်ခဲ့တယ်။ ၎င်း အပြင် အမေရိကန်ရဲ့ လောင်စာ သို လှောင်ထားမှု မြင့်မားလာပြီး လောင်စာသုံးစွဲမှု လျော့ကျသွားရာယခုအပတ် တွင် ရေနံစိမ်းဈေးနှုန်း ဆက်လက် ကျဆင်းဖွယ်ရှိကြောင်း bloomberg  သတင်းဌာနရဲ့ သုတေသနအဖွဲ့က သုံး သပ်ထားပါတယ်။ Source:bloomberg.com ပပ

Sunday, 30 Jan 2011

 စီးပွားရေးတွန်းအားပေး အစီအစဉ်ဆက်လုပ်ဖို့ အမေရိကန်ဗဟိုဘဏ်က တညီတညွတ်တည်းဆုံးဖြတ်                 ဇန်နဝါရီ ၂၉ ရက်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ အကျပ်အတည်း ဖြေရှင်းရေး အစီအမံများကို ဆက် လက်ဆောင်ရွက်ဖို့ အမေရိကန်ဗဟိုဘဏ် မူဝါဒချမှတ်သူတွေက တညီ တညွတ်တည်း သဘောတူခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး ပြန်လည်နာလန်ထူအောင် ဆောင်ရွက်ဖို့ ရေးဆွဲချမှတ်ထားတဲ့ ဒေါ်လာ ဘီလီယံ ၆ဝဝ အစီအစဉ်ကို ဆက်လက်ဆောင်ရွက်ဖို့ ပြည်ထောင်စုလွတ် လပ်တဲ့ဈေးကွက် ကော်မတီရဲ့ နှစ်ရက် ကြာ အစည်းအဝေးမှာ ကတိပြုခဲ့ပါ တယ်။                 စီးပွားရေး နာလန်ထူတဲ့ အခြေ အနေတွေ ဆက်လက်သေနေပေမယ့် အမေရိကန်ဗဟိုဘဏ်က အရှိန်ကို မြှင့်တင်ထားဆဲဖြစ်ပါတယ်။ စီးပွားရေး တွန်းအားပေးမယ့် ဘွန်းစာခုျပ်တွေကို ဆက်လက်ခေါ်ယူပြီး အတိုးနှုန်းတွေကို လည်း သုညရာခိုင်နှုန်းကနေ ဝ ဒသမ ၂၅ ရာခိုင်နှုန်းအတိုင်း ဆက်လက် ထိန်း ထားပါတယ်။            အလုပ်သမားဈေးကွက်မှာ လုံလောက်တဲ့တိုးတက်မှုတွေရရှိနိုင်အောင် အောင်မြင်မှုတွေ မဆောင်ကြဉ်းပေး နိုင်ပေမယ့် စီးပွားရေး နာလန်ထူမှုက ဆက်လက်ဖြစ်ပေါ်နေပါတယ်လို့ အဖွဲ့ ဝင်တွေထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီဇင်ဘာမှာ ကျင်းပခဲ့တဲ့ ဗဟိုဘဏ်မူဝါဒ အစည်းအဝေး ကတည်းက အလုပ်လက်မဲ့နှုန်းက ၉ ဒသမ ၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါ တယ်။   Source : AFP ဉာဏ်တင်

Friday, 28 Jan 2011

တရုတ်နိုင်ငံတောင်ပိုင်းမှာ အအေးလွန်ကဲမှုကြောင့် လွန်ခဲ့တဲ့တစ်ပတ်အတွင်း လယ်ယာထွက်ကုန်ဈေးများ မြင့်တက်              ဇန်နဝါရီလ ၉ ရက်နေ့မှာကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း တရုတ်နိုင်ငံနဲ့ လယ်ယာထွက်ကုန်ဈေးနှုန်းများဟာ သီတင်းနှစ်ပတ်မြောက်အဖြစ် ဆက်လက်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့ တောင်ပိုင်းမှာ ရာသီဥတု အအေး လွန်ကဲမှုကြောင့် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနမှ ဇန်နဝါရီလ ၁၁ ရက်က ပြောကြား ခဲ့ပါတယ်။         မြင့်တက်ခဲ့ဲ့        အပူချိန်ရေခဲမှတ်အထိရောက်ရှိပြီး နှင်းမိုးတွေ ရွာသွန်းမှုကြောင့် ဟင်းသီးဟင်းရွက်ထုတ်လုပ်မှုနဲ့ သယ်ယူပို့ဆောင် မှုများ ထိခိုက်ခဲ့ရတဲ့အတွက် အဓိက ဟင်းသီးဟင်းရွက် ၁၈ မျိုးရဲ့ ဈေးနှုန်းဟာ ၆ ဒသမ ၂ ရာခိုင်နှုန်းကျော်ထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ သစ်တော်သီး၊ သခွားသီးနဲ့ ပဲမိုျးစုံဟာ လွန်ခဲ့တဲ့ သီတင်းပတ်မှာ အနည်းဆုံး ၁ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။       နှစ်သစ်ကူးပွဲတော် နီးကပ်လာတာနဲ့အမျှ ကြက်ဥနဲ့ အသားဝယ်လိုအား တိုးတက်လာတာကလည်း ဈေးနှုန်းမြင့်ဖို့ တွန်းအားဖြစ်စေခဲ့ရာ ဝက်သားနဲ့ ဆိတ်သာဈေးက ဝ ဒသမ ၇ ရာခိုင်နှုန်းနဲ့ ၁ ဒသမ ၁ ရာခိုင်နှုန်းပိုမိုလာပြီး ကြက်ဥ ဈေးက ဝ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ မြေပဲဆီဈေးက ဝ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ပဲပုပ်ဆီဈေး က ဝ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။                                 လမင်း၊ှSource:xinhua.com 

Friday, 28 Jan 2011

အိန္ဒိယ ဆောင်းဂံျု၊ ပဲမျိုးစုံနဲ့ ဆီထွက်သီးနံှ စိုက်ဧရိယာတိုးတက်           အိန္ဒိယဆောင်းရာသီစိုက်ပျိုးမှုဟာ လက်ရှိအချိန်ထိ တိုးတက်လျက်ရှိရာ ဂုံျစိုက်ဧရိယာ ၄ ရာခိုင်နှုန်းခန့်နဲ့ ပဲမျိုးစုံမှာ ၆ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ၂ဝ၁၁ ဇန်နဝါရီလ ၁၄ ရက်နေ့အထိ ဂံျုစိုက်ဟက်တာ ၂၈၈ သိန်းကျော်ရှိလို့ ယခင်နှစ်ကာလတူစိုက်ဟက်တာ ၂၇၉ ဒသမ ၁၂ သိန်းထက် ပိုမိုသလို ပဲမျိုးစုံစိုက်ပျိုးမှုကလည်း ယခင်နှစ်က ဟက်တာ ၁၃၆ ဒသမ ၉၃ သိန်း ထက်ပိုပြီး ယခုနှစ်မှာ ဟက်တာ ၁၄၅ သိန်းရှိပြီလို့သိရပါတယ်။             အလားတူ ဆီထွက်သီးနံှစိုက်ဧရိယာလည်း ယခင်နှစ်ကာလတူက ဟက်တာ ၈၇ ဒသမ ၃ဝ သိန်းရှိရာမှ ယခုနှစ်မှာ ၂ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ပြီး၊ ဟက်တာ ၈၉ ဒသမ ၄ဝ သိန်းထိ စိုက်ပျိုးပြီးကြောင်း သိရပါတယ်။ ဒါပေမဲ့ ဆန်နဲ့နံှစားသီးနံှစုစုပေါင်းစိုက်ပျိုးမှုကတော့ ၂၇ ရာခိုင်နှုန်းနဲ့ ၈ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်နှစ်က စပါးစိုက် ဧရိယာ ဟက်တာ ၁၂ ဒသမ ၆၇ သိန်းရှိခဲ့ရာမှ ယခုနှစ်ဟက်တာ ၉ ဒသမ ၂၁ သိန်းကိုလည်းကောင်း၊ နံှစားသီးနံှစိုက်ပျိုးမှုမှာလည်း ယခင်နှစ်က ဟက်တာ ၆၃ ဒသမ ၅၈ သိန်းရှိရာက ယခုနှစ်မှာ ဟက်တာ ၅၈ ဒသမ ၈၄ သိန်းကို လျော့ကျခဲ့တယ်လို့သိရပါတယ်။ ယမင်းခင်၊ှSource:PTI 

Friday, 28 Jan 2011

အအေးလှိုင်းဝင်ရောက်မှုကြောင့် အိန္ဒိယပဲမျိုးစုံဈေးနှုန်းခိုင်မာနေ          အိန္ဒိယ နိုင်ငံအတွင်း အချို့ဒေသများတွင် အအေးလှိုင်း ဝင်ရောက်မှုကြောင့် ပဲစင်းငုံ၊ ပဲနီလေးနဲ့ ကုလားပဲ သီးနံှများ ပျက်စီးခဲ့ပြီး ဈေးကွက် တွေမှာ ဝယ်လိုအားတက်နေတာကြောင့် လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်း ပဲမျိုးစုံဈေးနှုန်း အမြင့်မှာဘဲ ဆက်လက်ရှိနေတယ်လို့ သိရပါတယ်။ ပဲစင်းငုံနဲ့ ပဲစင်းငုံခွဲခြမ်းတို့မှာ ဈေးအတက်ကို ဆက်လက်သွားနေဆဲဖြစ်ပေမဲ့ ကုလားပဲ ကိုတော့ အမြင့်ဈေးမှာ ဝယ်ယူမှုနည်းတာကြောင့် ဈေးကျဆင်းခဲ့ တယ်လို့ သိရပါတယ်။          ကုန်သည်တွေပြောကြားတာကတော့ ဈေးကစားသူများက သီးနံှ အထွက်ကျဆင်းမယ့် သတင်းတွေနဲ့ ဈေးမြင့်တက်အောင် ဆောင်ရွက်ခဲ့ တာကြောင့် ဈေးတွေမြင့်တက်နေခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဇန်နဝါရီ လ ၁၇ ရက်မှာ ဈေးသိသိသာသာမြင့်တက်ခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်မှာတော့ ဈေးပြန်ငြိမ်ခဲ့ရာ လက်ငင်းဈေးကွက်မှာ ကုလားပဲခွဲခြမ်း (အဆင့်မြင့်) ဈေးက တစ်တန်ကို ရူပီး ၃၁၇၅ဝ-၃၂ဝဝဝ (ကန်ဒေါ်လာ ၇ဝ၂-၇ဝ၈) ဖြစ်ပြီး ပဲစင်းငုံခွဲခြမ်းဈေးက တစ်တန်ကို ရူပီး ၁ဝဝဝ (ကန်ဒေါ်လာ ၂၂)မြင့်တက်ပြီး ရူပီး ၆၃ဝဝဝ-၆၄ဝဝဝဝ (ကန်ဒေါ်လာ ၁၃၉၃-၁၄၁၅)နဲ့ ရူပီး ၅၁ဝဝဝ- ၅၄ဝဝဝ (ကန်ဒေါ်လာ ၁၁၂၈-၁၁၉၄) ဈေးဖြစ်တယ်လို့ သိရပါတယ်။ ယမင်းခင်၊ Source: businessline 

Friday, 28 Jan 2011

 တရုတ် ပြည်သူ့ဘဏ်က ယွမ်တစ်ထရီလီယံ ရိုက်နှိပ်ရန်စီစဉ်နေ           တရုတ်ပြည်သူ့ဘဏ် (People's Bank of China) သည် ယခုနှစ်တွင် ယွမ်ငွေ စက္ကူအသစ် တစ်ထရီလီယံ (အမေရိကန် ဒေါ်လာ ၁၅၁ ဘီလီယံ) အား ရိုက်နှိပ်ထုတ်ဝေမည်ဖြစ်ရာ သက်ဆိုင်ရာအရာရှိများမှ ဤကြေညာချက် သည် ငွေကြေးဖောင်းပွမှုကို မဖြစ်စေ နိုင်ကြောင်း ဆင်ဟွာသတင်းဌာနမှ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်က ပြောကြားပါသည်။ PBC ဘဏ်၏ ဒုတိယအုပ်ချုပ်ရေးမှူး Mr.Delum  က ဈေးကွက်ထဲတွင် လှည့်လည်သုံးစွဲနေ သည့် ငွေစက္ကူ တန်ဖိုးမှာ ယွမ် ၄ ဒသမ ၆ ထရီလီယံ (ကန်ဒေါ်လာ ၆၉၈ ဘီလီယံ)ရှိနေ၍ ၅ နှစ်မှ ၇ နှစ်အတွင်း ငွေစက္ကူအသစ်များနှင့် လဲလှယ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ လာမည့်နွေဦး ပေါက်ရာသီတွင် ဈေးကွက်၌ ငွေစက္ကူ များ ပိုမိုသုံးစွဲရန်ဖြစ်သော်လည်း ငွေစက္ကူပမာဏလိုအပ်သည်ထက် အများ အပြား ထုတ်ဝေရန်နှင့် ယွမ်ငွေစက္ကူ အသစ်ရိုက်ထုတ်ရန် မရည်ရွယ်ကြောင်း  Ma က ပြောပါသည်။             တရုတ်စာတိုက် ငွေစုဆောင်း ဘဏ်မှ အရာရှိတစ်ဦးဖြစ်သူ Sheng  မှ နွေဦးပေါက်ပွဲတော်တွင် ပြည်သူများ အနေဖြင့် လက်ဆောင်များဝယ်ယူရန်၊ ခရီးသွားလာရန်၊ စာအိတ်အနီတွင် ငွေ စက္ကူများထည့်၍ လက်ဆောင်အဖြစ် ပေးရန်နှင့် ကုမ္ပဏီများတွင် နှစ်ကူးငွေ သားလက်ဆောင်များ ပေးရန်အတွက် ရည်ရွယ်ကြောင်း၊ ငွေစက္ကူအသစ်များ ရိုက်နှိပ်ထုတ်ဝေခြင်းဖြင့် ပြည်တွင်း စားသုံးမှုကို လှုံ့ဆော်မှုဖြစ်စေသော် လည်း လိုအပ်သည့်ပမာဏထက် ပို၍ ထုတ်ဝေပါက ငွေကြေးဖောင်းပွမှုကို ဖြစ်စေကြောင်း၊ ဘဏ္ဍာရေးနှင့် ဘဏ် အဖွဲ့အစည်းမှ ဒါရိုက်တာဖြစ်သူ Zhaoxiang က Global Times  ကို ပြောကြားပါသည်။ မကြာမီနှစ်များ အတွင်း ကုန်ပစ္စည်းများ၏ဈေးနှုန်းများ မြင့်တက်လာခဲ့သော်လည်း သာမန် လူထုအနေဖြင့် လုပ်ခလစာများတိုးလာ မှုမရှိသည်ကို မြင်ကြကြောင်း စစ်ချွမ်း ပြည်နယ်၊ ချန်ဒူးရှိ မူလတန်းကျောင်း ဆရာLi က Global Timesကို ပြော ပါသည်။             PBC  အနေဖြင့် ဈေးကွက်အတွင်း ငွေစက္ကူပမာဏ အများအပြား ဆတ် တိုက်ထုတ်ဝေပါက ငွေကြေးဖောင်းပွမှု ကို ဖြန့်စေနိုင်သလို အလယ်အလတ် ဝင်ငွေရရှိနေသည့် သာမန်ပြည်သူလူထု အနေဖြင့် နေ့စဉ် ဘဝရှင်သန်ရန် အခက်အခဲများတွေ့မြင်နိုင်ကြောင်း Li က ပြောပါသည။် ဒေါက်တာထိန်လင်း ဇာတ်မြစ် : Global Times

Friday, 28 Jan 2011

 ၂ဝ၁၁ ခုနှစ် ကမ္ဘာ့ရေနံဝယ်လိုအားကို အိုပက်က မြှင့်တင်ရန် ခန့်မှန်း           ကမ္ဘာ့စီးပွားရေးနာလန်ထူမှု အလားအလာဆက်လက် ကောင်းမွန်နေ တဲ့အတွက် ယခုနှစ်မှာ ကမ္ဘာ့ရေနံဝယ်လိုအား မြင့်တက်လာမယ်လို့ ရေနံ တင်ပို့တဲ့နိုင်ငံများအဖွဲ့ အိုပက်က ဇန်နဝါရီ ၁၇ ရက်က တိုးမြှင့်ခန့်မှန်း ခဲ့ပါတယ်။ ၂ဝ၁၁ ခုနှစ်မှာ ကမ္ဘာ့ရေနံဝယ်လိုအားက တစ်ရက်ကို ၁ ဒသမ ၂ သန်းရှိမှာ ဖြစ်တဲ့အတွက် လွန်ခဲ့တဲ့နှစ်ကထက် တစ်နေ့ကို စည်ငါးသောင်း ပိုမိုခဲ့တယ်လို့ ဗီယင်နာမှာအခြေစိုက်တဲ့ အိုပက်အဖွဲ့ရဲ့ ဇန်နဝါရီ အစီရင် ခံစာမှာ ဖော်ပြထားပါတယ်။             ထုတ်လုပ်ရေးကဏ္ဍ တိုးခဲျ့လာတဲ့အတွက် ကမ္ဘာ့စီးပွားရေးက အပြု သဘောအလားအလာနဲ့ တိုးတက်နေတယ်လို့ အိုပက်က ခန့်မှန်းထားပါတယ်။ အိုပက်အဖွဲ့က ၂ဝ၁ဝ ပြည့်နှစ်အတွက် ကမ္ဘာ့စီးပွားရေးတိုးတက် မှုကို ၄ ဒသမ ၃ ရာခိုင်နှုန်းကနေ ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့် ခန့်မှန်းထားပြီး ၂ဝ၁၁ ခုနှစ် တိုးတက်နှုန်းကို ၃ ဒသမ ၈ ရာခိုင်နှုန်းကနေ ၃ ဒသမ ၉ ရာခိုင်နှုန်းထိ တိုးမြှင့်ခန့်မှန်းထားပါတယ်။ ဉာဏ်တင်၊Socurce : xinhua

Sunday, 16 Jan 2011

အိန္ဒိယသကြားတင်ပို့မှုကို ဝန်ကြီးများအဖွဲ့က ပြန်သုံးသပ်မယ်                အိန္ဒိယလယ်ယာဝန်ကြီး ရှရတ်ပါဝါက သကြားတင်ပို့မှုခွင့်ပြုရေး အစီ အစဉ်ကိုပြောကြားပြီးနောက် ပြည်ပ တင်ပို့ဖို့ခွင့်ပြုထားတဲ့ သကြားတန်ချိန် ၅ သိန်းကို အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်သုံးသပ်သွားမယ်လို့ အစိုးရ အရာရှိနှစ်ဦးကပြောကြားကြောင်းသိရပါတယ်။ ဝန်ကြီးပါဝါကလည်း စားနပ်ရိက္ခာ ဈေးနှုန်းဖောင်းပွမှုမြင့်မား နေတာကြောင့် လယ်ယာထွက်ကုန်များ ပြည်ပတင်ပို့မှု ခွင့်ပြုခြင်းကို အစိုးရက အထူးသတိထားဆောင်ရွက်နေ တယ်လို့လည်းဆိုပါတယ်။ အိန္ဒိယနိုင်ငံက သကြားတင်ပို့မှု နှောင့်နှေးခြင်းကြောင့် ကမ္ဘာ့သကြား ဈေး မြင့်တက်လာဖွယ်ရှိပါတယ်။ ှုဃန မှာ မတ်လပို့ရမယ့် သကြားကြမ်းဈေးဟာ ၂ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်ပေါင်ကို ကန်ဒေါ်လာ ၃၂ ဒသမ ၆၂ ဆင့် (တစ်တန်ကိုကန်ဒေါ်လာ ၇၁၉ ) ဖြစ်လာခဲ့တယ်လို့သိရပါတယ်။ အိန္ဒိယနိုင်ငံရဲ့ စားနပ်ရိက္ခာ ဈေးနှုန်းဖောင်းပွမှုဟာ သီတင်းပတ် ၅ ပတ်ဆက်တိုက် မြင့်တက်လာခဲ့ရာ ဒီဇင်ဘာလ ၂၅ ရက်မှာ ၁၈ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့တယ်လို့ သိရပါတယ်။                             ယမင်းခင်၊ှSource: Reuters

Tuesday, 21 Dec 2010

 ထိုင်းနိုင်ငံ၏ ရောင်းအားအကျပ်အတည်းရှိ၍ ရော်ဘာဈေးနှုန်းမြင့်တက်            ယခုအချိန်မှာအထွက်နှုန်းကျတဲ့ရာသီဖြစ်တာကြောင့် ကမ္ဘာ့ရော်ဘာအများဆုံးတင်ပို့တဲ့ထိုင်းနိုင်ငံမှာ ရောင်းလိုအား အကျပ်အတည်းတွေ့နေပြီး ရော်ဘာဈေးနှုန်းကလည်း ဆက်တက်နေပါတယ်။ ထိုင်းနိုင်ငံနဲ့ အခြားအာရှ နိုင်ငံများမှာလည်း မိုးကြီးတဲ့အတွက် ရော်ဘာအထွက်နှုန်းကျပြီး ရော်ဘာ လက်ငင်းဈေးနှုန်းက မှတ်တမ်းတင်လောက်အောင် မြင့်တက်နေကြောင်း ထိုင်း ရော်ဘာ သုတေသနဌာနက ပြောကြားခဲ့ပါတယ်။ ရော်ဘာအစေးထုတ်လုပ်မှုဟာ ကျဆင်းနေတာကြောင့် ဈေးနှုန်းတွေ ထပ်မံတက်ဖွယ်ရှိကြောင်း တိုကျိုအခြေစိုက် ACE ကုမ္ပဏီရဲ့ သုတေသီ ကပြောကြားခဲ့ပါတယ်။ ထိုင်းရဲ့လက်ငင်းဈေးနှုန်းက တစ်ကီလိုဂရမ်ကို ၁၃၇ ဘတ်( ၄ ဒသမ ၅၆ ဒေါ်လာ) ဖြစ်ကြောင်းသိရပါတယ်။ တရုတ်နိုင်ငံမှာ ကားရောင်းချမှု အခွန်တိုး မြင့်ခြင်း၊ တာယာ ထုတ်လုပ်ဖို့ကုန်ကြမ်းဝယ်လိုအား ကျဆင်းခြင်း၊ အတိုးနှုန်းမြင့်တက်ခြင်းနဲ့ ကုန်ဈေးနှုန်းမြင့် တက် ခြင်းတို့ ကြောင့် ရှေ့အလားအလာကတော့ ဈေးနှုန်းအကန့်အသတ်ရှိနိုင်ကြောင်းသိရပါတယ်။ လာမဲ့နှစ်မှာ ကမ္ဘာ့ အကြီးဆုံး ကား ဈေးကွက်ရှိတဲ့ တရုတ်မှာခရီးသည်တင်ကားဝယ်ယူမှု အခွန်နှုန်းထား တိုးဖွယ်ရှိကြောင်း တရုတ်ကားထုတ်လုပ်ရေးအသင်းရဲ့ ဒုတိယ အထွေထွေမန်နေဂျာကပြောကြားပါတယ်။ နိုဝင်ဘာလမှာတော့ ခရီးသည်တင် ကားရောင်းချရမှုက စံချိန်တင်မြင့်တက် ခဲ့ပါတယ်။              ၂ဝဝ၉ ခုနှစ်မှာတရုတ်အစိုးရက ကားရောင်းဝယ်မှုအခွန်ကို ၁ဝ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ လျှော့ချပေးခဲ့ပြီး ယခုနှစ်မှာတော့ ၇ ဒသမ ၅ ရာခိုင်နှုန်းကို တိုးမြှင့်ခဲ့ပါတယ်။ ဒီမူဝါဒအရ ကျေးလက်ဒေသများမှာ ကားရောင်းဝယ်မှုကို အထောက်အပံ့ဖြစ်စေပြီး ကားဒီဇိုင်းဟောင်းများ ရောင်းဝယ်ရေးအနေနဲ့ ယခုလကုန်မှာ သက်တမ်းကုန်မှာ ဖြစ်ကြောင်း သိရပါတယ်။            စွယ်စုံသုံးကားအပါအဝင် ခရီးသည်တင်ကားရောင်းချရမှုနဲ့အားကစားပစ္စည်း ရောင်းချရနှုန်းကလွန်ခဲ့တဲ့ လက ၂၉ ဒသမ ၃ ရာခိုင်နှုန်းတိုးခဲ့ပြီး အစီးရေ ( ၁ ဒသမ ၃၄ သန်း) ခန့်ရှိကြောင်း တရုတ်ကားထုတ်လုပ်သူ များအသင်းမှ သိရပါတယ်။ ယခုနှစ်ဧပြီလကတည်းက ရောင်းချရနှုန်းအမြန်ဆုံးဖြစ်ခဲ့ပါတယ်။ ရှန်ဟိုင်းကုန်စည်ဒိုင်ရဲ့ မေလအတွက် ဈေးနှုန်းက ၂ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ပြီးတစ်တန်ကို ၃၃၈ဝ၅ ယွမ် ( ၅ဝ၈၁ ဒေါ်လာ) ကိုရောက်ရှိခဲ့ကြောင်း သတင်း                ရရှိပါတယ်။                                                                                                         Source: Bleomberg.com,KZW 

Tuesday, 14 Dec 2010

အိန္ဒိယနနွင်းတောင်သူများအတွက် အကျိုးအရှိဆုံးကာလ             ယခုနှစ် ၂ဝ၁ဝ ခုနှစ်ဟာ အိန္ဒိယနနွင်းတောင်သူရဲ့ နှစ်လို့ဆိုရမှာပါ။ ဈေးကွက်ကို လက်ကျန်အကန့် အသတ်သာ ရောင်းချခြင်းခြင်းဖြင့် ဈေးနှုန်းဆုံးဖြတ်ပေးကြသလို နနွင်းဈေးကလည်း ၎င်းတို့အတွက် ဆွဲဆောင်မှုရှိတဲ့ ဈေးနှုန်းဖြစ်လာ ခဲ့တယ်လို့ အီရော့ နနွင်းကုန်သည်များအသင်းဥက္ကဌ Mr. R. V Ravishahlxar  ကပြောကြားပါတယ်။ နနွင်းအသစ်ကတော့ နောက်ထပ် ၄၅ ရက်ကျော်မှ ဈေးကွက်ထဲ ဝင်လာမယ်လို့လည်း ၎င်းက ဆက်လက်ပြောကြားပါတယ်။ လက်ရှိတောင်သူ တွေ လက်ထဲမှာ နနွင်းလက်ကျန်ကအိတ် ၄သိန်းကျော်သာ ကျန်ရှိပြီး ဈေးကောင်းရဖို့ တဖြည်းဖြည်းနဲ့ ထုတ်ရောင်း နေကြ တယ်လို့ ဆိုပါတယ်။             အိန္ဒိယမြောက်ပိုင်း နနွင်းကုန်သည်များဟာ အခြားဒေသတွေမှာ လက်ကျန်မရှိတာကြောင့် အီရော့ဈေးကွက်ကိုသာ အမှီပြုနေကြရပါတယ်။ လွန်ခဲ့တဲ့ ၃ ရက်အတွင်း နနွင်းဝင်ရောက်မှု ကျဆင်းလာခြင်းကြောင့် နနွင်းဈေးအနည်းငယ် တိုးတက် လာခဲ့ပါတယ်။ ဒီဇင်ဘာလ ၈ ရက်နေ့မှာ နနွင်းတစ်တန်ကို ရူပီး ၂ဝဝဝ (ကန်ဒေါ်လာ ၄၄ ဒသမ ၃၉) မြင့်တက်ခဲ့ပါတယ်။ ယခင်နှစ်ကာလတူက နနွင်းဝင် ရောက်မှုရော၊ ရောင်းချမှုပါ မြင့်တက်နေပေမဲ့ ယခုနှစ်မှာတော့ အကန့်အသတ်သာ ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ဈေးအတိုင်းလာမယ့် သီတင်းပတ်ကုန်တဲ့အထိ ဆက်ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒီဇင် ဘာလ ၈ ရက် အီရော့နနွင်းကုန်သည်များ အသင်းဈေးဝန်းမှာ နနွင်းလက်ချောင်းဈေးက တစ်တန်ကို ရူပီး ၉၄၁၃ဝ-၁၆၁၄၉ဝ (ကန်ဒေါ်လာ ၂ဝ၉ဝ-၃၅၈၅)၊ နနွင်းဥဈေးက တစ်တန်ကို ရူပီး ၉၁၁၃ဝ-၁၅၉ဝဝဝ (ကန်ဒေါ်လာ ၂ဝ၂၃- ၃၅၃ဝ) ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး အီရော့သမဝါယဈေးကွက်မှာ နနွင်းလက်ချောင်း တစ်တန်ကို ရူပီး ၁၅၅၅၆ဝ- ၁၆၁ဝဝဝ (ကန်ဒေါ်လာ ၃၄၅၃-၃၅၇၄)၊ နနွင်းဥဈေးက တစ်တန်ကို ၁၅၇၅၆ဝ-၁၅၈၅၅ဝ (ကန်ဒေါ်လာ ၃၄၉၈-၃၅၂ဝ) နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။                                                          ယမုံနာ၊ှSources: businessline 

Pages