Main menu

Background

Sunday, 20 Mar 2011

 အာရှရေနံဈေးနှုန်း ရက်သတ္တပတ်မြောက်မြင့်တက်လောင်စာဆီ            မတ်လ ၁၁ ရက်က မြေငလျင် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပျက်စီးသွားတဲ့ နျူကလီးယားစွမ်းအင်နေရာမှာ အစား ထိုးဖို့အတွက် ဂျပန်နိုင်ငံမှာ လောင်စာ ဆီအသုံးပြုဖို့ ပိုမိုလိုအပ်နေပါတယ်။ လောင်စာဆီကို ဂျပန်က ဝယ်လိုအား များလာနိုင်တယ်လို့ Credit Agricole  က ပြောပါတယ်။              စင်ကာပူမှာရှိတဲ့ လောင်စာဆီ လက်ကျန်က ရက်သတ္တသုံးပတ်အတွင်း အနိမ့်ဆုံးအဆင့်ကို ရောက်ရှိနေတယ် လို့ ကုန်သွယ်ရေးနဲ့စက်မှုဝန်ကြီးဌာနက မတ် ၁၇ ရက်နေ့က ပြောပါတယ်။ လောင်စာဆီနဲ့ ဆာလဖာပါဝင်မှုနဲတဲ့ ရေနံချက်ရာမှာ ြွကင်းကျန်တဲ့ဆီလက် ကျန်က မတ်လ ၁၆ ရက်မှာ ကုန်ဆုံးတဲ့ ရက်သတ္တပတ်အတွင်း ၂ ဒသမ ၃ ရာ ခိုင်နှုန်းကျဆင်းပြီး စည် ၁၈ ဒသမ ၅ သန်းသာရှိပါတယ်။ ဓာတ်ဆီဈေး            92-Roxl အမျိုးအစားဓာတ်ဆီ ဈေးက ယခုရက်သတ္တပတ်အတွင်း ၁ ရာခိုင်နှုန်းကျဆင်းပြီး တစ်စည်ကို ၁၁၉ ဒသမ ၈၅ ဒေါ်လာနှုန်းရှိပါတယ်။ ပရီမီယံအမျိုးအစားဓာတ်ဆီက နေ နက်ဖသာပါတဲ့ ဓာတ်ဆီအထိ ဆီ အမျိုးမျိုးရဲ့ ဈေးနှုန်းက တစ်စည်ကို ၁ ဒသမ ၄ဝ ဒေါ်လာကနေ ၁၂ ဒသမ ၅ဝ ဒေါ်လာအထိ ကွာခြားမှုရှိတယ်လို့ ဘလွမ်းဘတ်စစ်တမ်းအရ သိရပါတယ်။ ကားနဲ့ခရီးသွားမယ့်လူဦးရေတိုး တက်လာတဲ့အတွက် ဂျပန်နိုင်ငံရဲ့ဓါတ် ဆီသုံးစွဲမှုဟာ မတ်လမှာ တစ်ရက်စည် ၈ဝဝဝဝ ထပ်ပြီးတိုးတက်လာနိုင်တယ် လို့ Credit Agricole ရဲ့ မတ် ၁၈ ရက် အစီရင်ခံစာအရ သိရပါတယ်။ ဒီဇယ်ဆီ           ဆာလဖာ သုည ဒသမ ၅ ပါတဲ့ ဒီဇယ်ဆီရဲ့ဈေးနှုန်းက ယခုရက်သတ္တ ပတ်အတွင်း ၃ ဒသမ ၃ ရာခိုင်နှုန်း တက်ပြီး တစ်စည်ကို ၁၃၃ ဒသမ ၅ဝ ဒေါ်လာနှုန်းဖြစ်ခဲ့ပါတယ်။ ဂျက်လေယာဉ်ဆီက ၃ ဒသမ ၁ ရာခိုင်နှုန်းမြင့် တက်ပြီး တစ်စည်ကို ၁၃၄ ဒသမ ၇၅ ဒေါ်လာနှုန်းဖြစ်ခဲ့ပါတယ်။ ရေနံချက်စက်ရုံသတင်း          မြေငလျင်ကြောင့် မီးလောင်ခံရပြီး ချီဘာရှိရေနံချက်စက်ရုံကို ပိတ်ခဲ့ရပြီး နောက်ပိုင်း ကျဆင်းတဲ့အတွက်ကို ထေမိဖို့အတွက် အဘူဒါဘီက တစ်စိတ် တစ်ပိုင်း ပိုင်ဆိုင်ထားတဲ့ Cosmo Oil  ကုမ္ပဏီက တခြားစက်ရုံတွေရဲ့ ထုတ် လုပ်မှုနှုန်းမြှင့်တင်ဖို့ ကြိုးစားနေပါတယ်။ ယိုကာအိချီစက်ရုံက တစ်ရက်ကို စည် ၅ဝဝဝဝ နဲ့ ဆာကာအိဒဲက တစ်ရက်ကို စည် ၃ဝဝဝဝ တိုးမြှင့်ထုတ်လုပ်ဖို့ စီစဉ် ထားတယ်လို့ မတ် ၁၇ ရက်က ထုတ် ပြန်တဲ့ ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖော် ပြထားပါတယ်။ Source:bloomberg.com

Sunday, 27 Feb 2011

 အရှေ့အလယ်ပိုင်းဒေသ နှင့် မြောက်အာဖရိက ဒေသအချို့ မငြိမ်သက်မှုများကြောင့် ရွှေ၊ ရေနံ တန်ဖိုးမြင့်                    ယခင်အပတ်က နေ့စဉ်ရက် ဆက်တောက်လျှောက် ဈေးမြင့်လာ ခဲ့တဲ့ ကမ္ဘာ့ရွှေဈေးနှုန်းက ဖေဖော်ဝါရီ ၂၁ရက်တွင်လည်း ဆက်လက်ဈေးမြင့် ခဲ့ကြောင်း သိရပါတယ်။ အရှေ့အလယ် ပိုင်းဒေသ မငြိမ်သက်ဖြစ်ပွားမှုကြောင့် ရင်းနှီးမြှုပ်နံှသူများကို အဖိုးတန်သတ္တု ကိုဝယ်လိုအား များစေကြောင်း သိရပါတယ်။ ရွှေဈေးနှုန်းက ရက်သတ္တခုနစ် ပတ်အတွင်း အမြင့်ဆုံးနှုန်း ရောက်ခဲ့ သလို ငွေဈေးနှုန်းကလည်း နှစ် ၃ဝ ကျော်ကာလအတွင်း အမြင့်ဆုံးနှုန်းကို ရောက်ခဲ့ကြောင်း၊ ပလာဒီယမ်မှာလည်း ၁ဝ နှစ်အတွင်း အမြင့်ဆုံးကိုရောက်ခဲ့ ကြောင်း သိရပါတယ်။                 ဇန်နဝါရီ ၂၁ ရက်က ချက်ချင်း အရောက်ပို့ရွှေဈေးနှုန်းက သုည ဒသမ ၅ ရာခိုင်နှုန်းမြင့်မားကာ တစ်အောင်စ ကို ၁၃၉၆ ဒသမ ၃၅ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဇန်နဝါရီ ၄ ရက်နောက်ပိုင်း အမြင့်ဆုံးနှုန်း ဖြစ်လာကြောင်း သိရပါတယ်။ ချက်ချင်းငွေချေရမဲ့ ငွေ(သတ္တု)ဈေးနှုန်းက တစ်အောင်စကို ၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်မားကာ ၃၃ ဒသမ ၁၄၂၅ ဒေါ်လာ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ၁၉၈ဝ မတ်လနောက်ပိုင်း အမြင့်ဆုံးနှုန်းဖြစ် လာကြောင်းသိရပါတယ်။ ယခုလို အဖိုး တန်သတ္တုများ ဈေးနှုန်းမြင့်မားရတဲ့ အကြောင်းရင်းတစ်ခုမှာ တရုတ်နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှု အစီရင်ခံစာကြောင့် ရွှေလက်ငင်းဝယ်လိုအား အလွန်မြင့်မား နေတာ ဖြစ်ပါတယ်။ရေနံဈေးမြင့်မား             ရေနံစိမ်းဈေးနှုန်းက ဖေဖော်ဝါရီ ၁၈ ရက်က တစ်စည်ကို ကန်ဒေါ်လာ ၈၉ ဒသမ ၇၁ ဖြစ်ခဲ့သော်လည်း ဖေဖော်ဝါရီလ ၂၁ ရက်တွင် ဧပြီလ သင်္ဘောတင် ရေနံစိမ်းဈေးနှုန်းက တစ်စည်ကို ၁ ဒသမ ၉၉ ဒေါ်လာမြင့်တက် ကာ တစ်စည်ကို ၉၁ ဒသမ ၇ဝ ဒေါ်လာနဲ့ နယူးယောက် ကုန်စည် ရောင်းဝယ်ရေးတွင် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နယူးယောက် ရေနံစိမ်းဈေးနှုန်းက လန်ဒန်မှာ ရောင်းဝယ်နေတဲ့ ဘရန့် ရေနံ ကြိုပွိုင့်ရောင်းဈေးနှုန်းထက် ကျော်လွန်မြင့်တက်ခဲ့ပါတယ်။ ICE Futures Europe တွင် ဧပြီလမှာ ငွေချေရမယ့် ဘရန့်ရေနံဈေးနှုန်းက ဖေဖော်ဝါရီ ၂၁ ရက်တွင် ၁ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်စည်ကို ၁ဝ၃ ဒသမ ၈၆ ဒေါ်လာထိ ဖြစ်ခဲ့ပါတယ်။ ကန်ဒေါ်လာနှင့်ဂျပန်ယန်းတန်ဖိုးလည်းမြင့်မား            အရှေ့အလယ်ပိုင်းဒေသတွင် မငြိမ်မသက်ဖြစ်ပွားမှု ပံျ့နံှ့ကာ လုံခြုံစိတ်ချရတဲ့ ပိုင်ဆိုင်မှုများကို ဝယ်လိုအားများ လာမယ်ခန့်မှန်းကြကာ ဂျပန်ယန်းငွေနဲ့ အမေရိကန် ဒေါ်လာတန်ဖိုးတွေက လဲလှယ်ဖက် ငွေကြေးများနဲ့ ယှဉ်ရင် တန်ဖိုးမြင့်မားလာကြောင်း သိရပါ တယ်။            ဒါကြောင့် ယူရိုငွေနဲ့ လဲလှယ်ရာ တွင် ၃ လလောက် တန်ဖိုးကျဆင်းနေ တဲ့ ဂျပန်ယန်းငွေတန်ဖိုး မြင့်မားလာ ကြောင်း သိရပါတယ်။ ယူရိုငွေက အမေရိကန် ဒေါ်လာနဲ့လဲလှယ်ရာတွင် လည်း ၄ ရက်အတွင်း ပထမဆုံးအကြိမ် တန်ဖိုးကျဆင်းသွားကြောင်း သိရပါတယ်။ ဥရောပဒေသရဲ့ အချမ်းသာဆုံး ဂျာမဏီနိုင်ငံရဲ့ အဓိပတိဖြစ်သူ ဝန်ကြီး ချုပ် Augela Merkel ရဲ့ပါတီက ၆၅ နှစ်တာကာလအတွင်း အဆိုးဝါးဆုံးရှုံး နိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရတယ်ဆိုတဲ့ သတင်း ကြောင့် ယူရိုငွေတန်ဖိုးက အမေရိကန် ဒေါ်လာနဲ့ လဲလှယ်ရာတွင် တန်ဖိုးကျ ဆင်းခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ယူရိုငွေနဲ့ ကန်ဒေါ်လာ လဲလှယ်ရာတွင် တစ်ယူရိုကို ၁ ဒသမ ၃၆၉၃ ဒေါ်လာမှ ၁ ဒသမ ၃၆၇၉ ဒေါ်လာအထိ ယူရိုငွေတန်ဖိုးကျဆင်းခဲ့ ပါတယ်။ ယန်းငွေနဲ့ လဲလှယ်ရာတွင် လည်း တစ်ယူရိုကို ၁၁၃ ဒသမ ၉ဝ ယန်းမှ ၁၁၃ ဒသမ ၇၉ ယန်းအထိ ယူရိုငွေတန်ဖိုး ကျဆင်းခဲ့ပါတယ်။ Source:bloomberg.com,  ပပ

Sunday, 27 Feb 2011

 လောင်စာဆီဈေးနှုန်းများ တရုတ်ပြည်တွင် တိုးမြှင့ ်သတ်မှတ်                ကမ္ဘာ့လောင်စာဆီဈေးနှုန်းထားများ ယခုအခါ မြင့်တက်လာနေတဲ့အတွက် တရုတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြောင်းလဲမှုကော်မတီက တရုတ်နိုင်ငံတစ်ဝန်း လောင်စာဈေးနှုန်းများအား ဖေဖော်ဝါရီ ၂ဝ ရက်ကစပြီး ပြုပြင်ပြောင်းလဲတိုးမြှင့် သတ်မှတ်လိုက်တယ်လို့ တရုတ်နိုင်ငံထုတ်သတင်းစာများမှာ ဖော်ပြထားပါတယ် အမျိုးအစား              ယွမ် /တန်           ယွမ်/လီတာဓာတ်ဆီ  ၉ဝ                ၉ဝ၄၅            ၆.၆၉ဒီဇယ်ဆီ ဝ                  ၈၇၂၅             ၇.ဝ၃ဓာတ်ဆီ ၉၃                     -               ၇.၁၉ဓာတ်ဆီ ၉၇                     -               ၇.၇ဝ             ၁ တန်လျှင် ယွမ်ငွေ ၃၅ဝ ခန့် ဓာတ်ဆီရောဒီဇယ်ဆီဈေးနှုန်းများကို တိုးမြှင့် လိုက်ခြင်းဖြစ်ပါတယ်။ မီးရထားခရီးသည် ပို့ဆောင်မှုယာဉ်နဲ့ မြို့ပတ်ယာဉ်များ၊ ကျေးရွာသယ်ယူပို့ဆောင်မှုနှုန်းထားများ တိုးမြင့်လာခြင်းမရှိသေးကြောင်းနဲ့ မီးရထား လမ်းနဲ့ မြို့ပတ်ယာဉ်များသယ်ပို့မှုဈေးနှုန်း မြင့်တက်လာမှုမရှိစေရေးနဲ့ ကုန်စည်စီး ဆင်းရာမှာ ကုန်းလမ်း၊ ရေလမ်းကြောင်းတို့မှ သယ်ယူပို့ဆောင်စရိတ်များ မြင့်တက် လာမှုမရှိစေရေး အလေးထားဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ လေကြောင်းလိုင်းသုံး လောင်စာဆီကိုလည်း ၁ တန်လျှင် ယွမ် ၃၅ဝ သို့ တိုးမြှင့်လိုက်တဲ့အတွက် ပြည်တွင်းလေကြောင်းလိုင်းကုမ္ပဏီများအား သင့်တင့်သော ပြုပြင်ပြောင်းလဲမှုကိုသာ လုပ်ကိုင်ဆောင်ရွက်သွားရန် လမ်းညွှန်ထားတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။ ှSource: ချွန်းချိမ်ဝမ်ပေါင် သတင်းစာ  ဖေကြိုင်-မူဆယ်

Sunday, 20 Feb 2011

 ဝယ်အားရှိရင် အိုပက်က ရေနံရောင်းအား တိုးပေးမည်                   အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)က ရေနံတင်ပို့တဲ့နိုင်ငံများ (အိုပက်) ခွဲတမ်းနဲ့အညီ တစ်ရက်ကို ရေနံစည် ၂ ဒသမ ၂သန်း ထုတ်လုပ်နေတယ် လို့ စွမ်းအင်ဝန်ကြီး မိုဟာမက်အယ်လ်ဟမ်လီက ပြောပါတယ်။ ဈေးကွက်ထဲကို အလုံအလောက် ဖြန့်ဖြူးထားပြီလို့လည်း ပြောပါတယ်။                 ဝယ်လိုအား ပျက်စီးသွားမှာကို စိုးရိမ်တဲ့အတွက် ကုန်ကျစရိတ်တက်မလာ အောင် အိုပက်နိုင်ငံတွေက ဈေးနှုန်းတွေကို စောင့်ကြည့်နေတယ်လို့ မစ္စတာ အယ်လ်ဟမ်မလီက ပြောပါတယ်။ ဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် ဝယ်လိုအားကို မထိခိုက်စေချင်ဘူး။ ဈေးနှုန်းတွေက ဈေးကွက်အခြေခံတွေဖြစ်တဲ့ ရောင်း လိုအားနဲ့ ဝယ်လိုအားကို ရောင်ပြန်ဟပ်မပေးပါဘူးလို့ ပြောပါတယ်။ ဈေးနှုန်းတွေတက်တာဟာ ကမ္ဘာ့အရေးအခင်း တေေွ ကြာငသ့် ာ ဖြစရ် တယ် လို့ သူကပြောပါတယ်။ ဥရောပနဲ့ အာဖရိကအတွက် အခြေခံစံထားဈေးနှုန်းဖြစ်တဲ့ ဘရင့်ရေနံစိမ်းဈေးနှုန်းက ပြီးခဲ့တဲ့လက တစ်စည်ကို ဒေါ်လာ ၁ဝဝ အထိဖြစ်ခဲ့ ပါတယ်။                  ဘရင့်ရေနံဈေးနှုန်းနဲ့ တက္ကဆပ်အနောက်ပိုင်းရှိ အခြေခံဈေးနှုန်းတွေအကြား အဆက်အစပ်မရှိဘူးလို့ ဆိုပါတယ်။ ဒီလိုဖြစ်ရတာဟာ အမေရိကန်ပြည်ထောင်စု ရဲ့ လက်ကျန်အခြေအနေနဲ့ ကုန်သည်တွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုစတဲ့ အကြောင်း တရားတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။                     ဘဏ္ဍာရေးအကျပ်အတည်း မပေါ်ပေါက်မီအခြေအနေထိ ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူလာရင် ဝယ်လိုအားနဲ့အညီ အိုပက်အဖွဲ့ကရောင်းလိုအားကို မြှင့်တင်သွားမယ်လို့ ဆော်ဒီအာရေးဗီးယားဝန်ကြီး မစ္စတာအလီအယ်လ်နိုင် မီက ပြောပါတယ်။ အိုပက်အဖွဲ့ရဲ့ မူဝါဒက ရောင်းလိုအားနဲ့ ဝယ်လိုအား ချိန်ခွင်ညှာ ညီမျှအောင် ဆောင်ရွက်ဖို့ဖြစ်တယ်လို့ သူကပြောပါတယ်။ Source:bloomberg.com, ဉာဏ်တင်

Tuesday, 15 Feb 2011

 အမေရိကန်တွင် ဓာတ်ဆီသိုလှောင်ထားရှိမှုပမာဏသည် ၁၈ နှစ်အတွင်း အမြင့်ဆုံးနှုန်းသို့ရောက်လာ၍ ရေနံဈေးနှုန်းပြန်လည် အားနည်းလာ             အီဂျစ်ရဲ့ နိုင်ငံရေးအုံြွကမှု အခြေအနေ အေးသွားပြီဖြစ်တာကြောင့် အရှေ့အလယ်ပိုင်းဒေသမှ ရေနံစိမ်း ရောင်းလိုအားအပေါ် စိုးရိမ်ပူပန်မှု လျော့ကျသွားပြီး ရေနံစိမ်းဈေးနှုန်းများ ယခုရက်သတ္တပတ်အတွင်း အနိမ့်ဆုံး နှုန်းနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ၎င်းအပြင် အမေရိကန် စွမ်းအင်ဌာန အဆိုအရ အမေရိကန် တွင်ဓာတ်ဆီသိုလှောင်ထားရှိမှု ပမာဏ က ၁၈ နှစ်အတွင်း အမြင့်ဆုံးနှုန်းကို ရောက်ရှိလာတယ်ဆိုတဲ့ သတင်းက လည်း ရေနံစိမ်းဈေးနှုန်းကို ဖိအားပေး ခဲ့ပါတယ်။ ဒါကြောင့် မတ်လစာချုပ် ဈေးနှုန်းက တစ်စည်ကို ၈၉ ဒသမ ၂၆ ဒေါ်လာနဲ့ နယူးယောက် ကုန်စည် ရောင်းဝယ်ရေးတွင် ဖေဖော်ဝါရီလ ၇ ရက်က အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။                    မတ်လငွေချေရမယ့် ဘရန့်အမျိုး အစား ရေနံစိမ်းမှာလည်း တစ်စည်ကို ၁ဝဝ ဒသမ ၃ဝ ဒေါ်လာနဲ့ လန်ဒန် ှုICE Futures Europe Exchange တွင် အရောင်းအဝယ်ဖြစ်ခဲ့တယ်။ ၎င်း အပြင် အမေရိကန်ရဲ့ လောင်စာ သို လှောင်ထားမှု မြင့်မားလာပြီး လောင်စာသုံးစွဲမှု လျော့ကျသွားရာယခုအပတ် တွင် ရေနံစိမ်းဈေးနှုန်း ဆက်လက် ကျဆင်းဖွယ်ရှိကြောင်း bloomberg  သတင်းဌာနရဲ့ သုတေသနအဖွဲ့က သုံး သပ်ထားပါတယ်။ Source:bloomberg.com ပပ

Sunday, 30 Jan 2011

 စီးပွားရေးတွန်းအားပေး အစီအစဉ်ဆက်လုပ်ဖို့ အမေရိကန်ဗဟိုဘဏ်က တညီတညွတ်တည်းဆုံးဖြတ်                 ဇန်နဝါရီ ၂၉ ရက်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ အကျပ်အတည်း ဖြေရှင်းရေး အစီအမံများကို ဆက် လက်ဆောင်ရွက်ဖို့ အမေရိကန်ဗဟိုဘဏ် မူဝါဒချမှတ်သူတွေက တညီ တညွတ်တည်း သဘောတူခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး ပြန်လည်နာလန်ထူအောင် ဆောင်ရွက်ဖို့ ရေးဆွဲချမှတ်ထားတဲ့ ဒေါ်လာ ဘီလီယံ ၆ဝဝ အစီအစဉ်ကို ဆက်လက်ဆောင်ရွက်ဖို့ ပြည်ထောင်စုလွတ် လပ်တဲ့ဈေးကွက် ကော်မတီရဲ့ နှစ်ရက် ကြာ အစည်းအဝေးမှာ ကတိပြုခဲ့ပါ တယ်။                 စီးပွားရေး နာလန်ထူတဲ့ အခြေ အနေတွေ ဆက်လက်သေနေပေမယ့် အမေရိကန်ဗဟိုဘဏ်က အရှိန်ကို မြှင့်တင်ထားဆဲဖြစ်ပါတယ်။ စီးပွားရေး တွန်းအားပေးမယ့် ဘွန်းစာခုျပ်တွေကို ဆက်လက်ခေါ်ယူပြီး အတိုးနှုန်းတွေကို လည်း သုညရာခိုင်နှုန်းကနေ ဝ ဒသမ ၂၅ ရာခိုင်နှုန်းအတိုင်း ဆက်လက် ထိန်း ထားပါတယ်။            အလုပ်သမားဈေးကွက်မှာ လုံလောက်တဲ့တိုးတက်မှုတွေရရှိနိုင်အောင် အောင်မြင်မှုတွေ မဆောင်ကြဉ်းပေး နိုင်ပေမယ့် စီးပွားရေး နာလန်ထူမှုက ဆက်လက်ဖြစ်ပေါ်နေပါတယ်လို့ အဖွဲ့ ဝင်တွေထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီဇင်ဘာမှာ ကျင်းပခဲ့တဲ့ ဗဟိုဘဏ်မူဝါဒ အစည်းအဝေး ကတည်းက အလုပ်လက်မဲ့နှုန်းက ၉ ဒသမ ၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါ တယ်။   Source : AFP ဉာဏ်တင်

Friday, 28 Jan 2011

တရုတ်နိုင်ငံတောင်ပိုင်းမှာ အအေးလွန်ကဲမှုကြောင့် လွန်ခဲ့တဲ့တစ်ပတ်အတွင်း လယ်ယာထွက်ကုန်ဈေးများ မြင့်တက်              ဇန်နဝါရီလ ၉ ရက်နေ့မှာကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း တရုတ်နိုင်ငံနဲ့ လယ်ယာထွက်ကုန်ဈေးနှုန်းများဟာ သီတင်းနှစ်ပတ်မြောက်အဖြစ် ဆက်လက်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့ တောင်ပိုင်းမှာ ရာသီဥတု အအေး လွန်ကဲမှုကြောင့် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနမှ ဇန်နဝါရီလ ၁၁ ရက်က ပြောကြား ခဲ့ပါတယ်။         မြင့်တက်ခဲ့ဲ့        အပူချိန်ရေခဲမှတ်အထိရောက်ရှိပြီး နှင်းမိုးတွေ ရွာသွန်းမှုကြောင့် ဟင်းသီးဟင်းရွက်ထုတ်လုပ်မှုနဲ့ သယ်ယူပို့ဆောင် မှုများ ထိခိုက်ခဲ့ရတဲ့အတွက် အဓိက ဟင်းသီးဟင်းရွက် ၁၈ မျိုးရဲ့ ဈေးနှုန်းဟာ ၆ ဒသမ ၂ ရာခိုင်နှုန်းကျော်ထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ သစ်တော်သီး၊ သခွားသီးနဲ့ ပဲမိုျးစုံဟာ လွန်ခဲ့တဲ့ သီတင်းပတ်မှာ အနည်းဆုံး ၁ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။       နှစ်သစ်ကူးပွဲတော် နီးကပ်လာတာနဲ့အမျှ ကြက်ဥနဲ့ အသားဝယ်လိုအား တိုးတက်လာတာကလည်း ဈေးနှုန်းမြင့်ဖို့ တွန်းအားဖြစ်စေခဲ့ရာ ဝက်သားနဲ့ ဆိတ်သာဈေးက ဝ ဒသမ ၇ ရာခိုင်နှုန်းနဲ့ ၁ ဒသမ ၁ ရာခိုင်နှုန်းပိုမိုလာပြီး ကြက်ဥ ဈေးက ဝ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ မြေပဲဆီဈေးက ဝ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ပဲပုပ်ဆီဈေး က ဝ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။                                 လမင်း၊ှSource:xinhua.com 

Friday, 28 Jan 2011

အိန္ဒိယ ဆောင်းဂံျု၊ ပဲမျိုးစုံနဲ့ ဆီထွက်သီးနံှ စိုက်ဧရိယာတိုးတက်           အိန္ဒိယဆောင်းရာသီစိုက်ပျိုးမှုဟာ လက်ရှိအချိန်ထိ တိုးတက်လျက်ရှိရာ ဂုံျစိုက်ဧရိယာ ၄ ရာခိုင်နှုန်းခန့်နဲ့ ပဲမျိုးစုံမှာ ၆ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ၂ဝ၁၁ ဇန်နဝါရီလ ၁၄ ရက်နေ့အထိ ဂံျုစိုက်ဟက်တာ ၂၈၈ သိန်းကျော်ရှိလို့ ယခင်နှစ်ကာလတူစိုက်ဟက်တာ ၂၇၉ ဒသမ ၁၂ သိန်းထက် ပိုမိုသလို ပဲမျိုးစုံစိုက်ပျိုးမှုကလည်း ယခင်နှစ်က ဟက်တာ ၁၃၆ ဒသမ ၉၃ သိန်း ထက်ပိုပြီး ယခုနှစ်မှာ ဟက်တာ ၁၄၅ သိန်းရှိပြီလို့သိရပါတယ်။             အလားတူ ဆီထွက်သီးနံှစိုက်ဧရိယာလည်း ယခင်နှစ်ကာလတူက ဟက်တာ ၈၇ ဒသမ ၃ဝ သိန်းရှိရာမှ ယခုနှစ်မှာ ၂ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ပြီး၊ ဟက်တာ ၈၉ ဒသမ ၄ဝ သိန်းထိ စိုက်ပျိုးပြီးကြောင်း သိရပါတယ်။ ဒါပေမဲ့ ဆန်နဲ့နံှစားသီးနံှစုစုပေါင်းစိုက်ပျိုးမှုကတော့ ၂၇ ရာခိုင်နှုန်းနဲ့ ၈ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်နှစ်က စပါးစိုက် ဧရိယာ ဟက်တာ ၁၂ ဒသမ ၆၇ သိန်းရှိခဲ့ရာမှ ယခုနှစ်ဟက်တာ ၉ ဒသမ ၂၁ သိန်းကိုလည်းကောင်း၊ နံှစားသီးနံှစိုက်ပျိုးမှုမှာလည်း ယခင်နှစ်က ဟက်တာ ၆၃ ဒသမ ၅၈ သိန်းရှိရာက ယခုနှစ်မှာ ဟက်တာ ၅၈ ဒသမ ၈၄ သိန်းကို လျော့ကျခဲ့တယ်လို့သိရပါတယ်။ ယမင်းခင်၊ှSource:PTI 

Friday, 28 Jan 2011

အအေးလှိုင်းဝင်ရောက်မှုကြောင့် အိန္ဒိယပဲမျိုးစုံဈေးနှုန်းခိုင်မာနေ          အိန္ဒိယ နိုင်ငံအတွင်း အချို့ဒေသများတွင် အအေးလှိုင်း ဝင်ရောက်မှုကြောင့် ပဲစင်းငုံ၊ ပဲနီလေးနဲ့ ကုလားပဲ သီးနံှများ ပျက်စီးခဲ့ပြီး ဈေးကွက် တွေမှာ ဝယ်လိုအားတက်နေတာကြောင့် လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်း ပဲမျိုးစုံဈေးနှုန်း အမြင့်မှာဘဲ ဆက်လက်ရှိနေတယ်လို့ သိရပါတယ်။ ပဲစင်းငုံနဲ့ ပဲစင်းငုံခွဲခြမ်းတို့မှာ ဈေးအတက်ကို ဆက်လက်သွားနေဆဲဖြစ်ပေမဲ့ ကုလားပဲ ကိုတော့ အမြင့်ဈေးမှာ ဝယ်ယူမှုနည်းတာကြောင့် ဈေးကျဆင်းခဲ့ တယ်လို့ သိရပါတယ်။          ကုန်သည်တွေပြောကြားတာကတော့ ဈေးကစားသူများက သီးနံှ အထွက်ကျဆင်းမယ့် သတင်းတွေနဲ့ ဈေးမြင့်တက်အောင် ဆောင်ရွက်ခဲ့ တာကြောင့် ဈေးတွေမြင့်တက်နေခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဇန်နဝါရီ လ ၁၇ ရက်မှာ ဈေးသိသိသာသာမြင့်တက်ခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်မှာတော့ ဈေးပြန်ငြိမ်ခဲ့ရာ လက်ငင်းဈေးကွက်မှာ ကုလားပဲခွဲခြမ်း (အဆင့်မြင့်) ဈေးက တစ်တန်ကို ရူပီး ၃၁၇၅ဝ-၃၂ဝဝဝ (ကန်ဒေါ်လာ ၇ဝ၂-၇ဝ၈) ဖြစ်ပြီး ပဲစင်းငုံခွဲခြမ်းဈေးက တစ်တန်ကို ရူပီး ၁ဝဝဝ (ကန်ဒေါ်လာ ၂၂)မြင့်တက်ပြီး ရူပီး ၆၃ဝဝဝ-၆၄ဝဝဝဝ (ကန်ဒေါ်လာ ၁၃၉၃-၁၄၁၅)နဲ့ ရူပီး ၅၁ဝဝဝ- ၅၄ဝဝဝ (ကန်ဒေါ်လာ ၁၁၂၈-၁၁၉၄) ဈေးဖြစ်တယ်လို့ သိရပါတယ်။ ယမင်းခင်၊ Source: businessline 

Friday, 28 Jan 2011

 တရုတ် ပြည်သူ့ဘဏ်က ယွမ်တစ်ထရီလီယံ ရိုက်နှိပ်ရန်စီစဉ်နေ           တရုတ်ပြည်သူ့ဘဏ် (People's Bank of China) သည် ယခုနှစ်တွင် ယွမ်ငွေ စက္ကူအသစ် တစ်ထရီလီယံ (အမေရိကန် ဒေါ်လာ ၁၅၁ ဘီလီယံ) အား ရိုက်နှိပ်ထုတ်ဝေမည်ဖြစ်ရာ သက်ဆိုင်ရာအရာရှိများမှ ဤကြေညာချက် သည် ငွေကြေးဖောင်းပွမှုကို မဖြစ်စေ နိုင်ကြောင်း ဆင်ဟွာသတင်းဌာနမှ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်က ပြောကြားပါသည်။ PBC ဘဏ်၏ ဒုတိယအုပ်ချုပ်ရေးမှူး Mr.Delum  က ဈေးကွက်ထဲတွင် လှည့်လည်သုံးစွဲနေ သည့် ငွေစက္ကူ တန်ဖိုးမှာ ယွမ် ၄ ဒသမ ၆ ထရီလီယံ (ကန်ဒေါ်လာ ၆၉၈ ဘီလီယံ)ရှိနေ၍ ၅ နှစ်မှ ၇ နှစ်အတွင်း ငွေစက္ကူအသစ်များနှင့် လဲလှယ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ လာမည့်နွေဦး ပေါက်ရာသီတွင် ဈေးကွက်၌ ငွေစက္ကူ များ ပိုမိုသုံးစွဲရန်ဖြစ်သော်လည်း ငွေစက္ကူပမာဏလိုအပ်သည်ထက် အများ အပြား ထုတ်ဝေရန်နှင့် ယွမ်ငွေစက္ကူ အသစ်ရိုက်ထုတ်ရန် မရည်ရွယ်ကြောင်း  Ma က ပြောပါသည်။             တရုတ်စာတိုက် ငွေစုဆောင်း ဘဏ်မှ အရာရှိတစ်ဦးဖြစ်သူ Sheng  မှ နွေဦးပေါက်ပွဲတော်တွင် ပြည်သူများ အနေဖြင့် လက်ဆောင်များဝယ်ယူရန်၊ ခရီးသွားလာရန်၊ စာအိတ်အနီတွင် ငွေ စက္ကူများထည့်၍ လက်ဆောင်အဖြစ် ပေးရန်နှင့် ကုမ္ပဏီများတွင် နှစ်ကူးငွေ သားလက်ဆောင်များ ပေးရန်အတွက် ရည်ရွယ်ကြောင်း၊ ငွေစက္ကူအသစ်များ ရိုက်နှိပ်ထုတ်ဝေခြင်းဖြင့် ပြည်တွင်း စားသုံးမှုကို လှုံ့ဆော်မှုဖြစ်စေသော် လည်း လိုအပ်သည့်ပမာဏထက် ပို၍ ထုတ်ဝေပါက ငွေကြေးဖောင်းပွမှုကို ဖြစ်စေကြောင်း၊ ဘဏ္ဍာရေးနှင့် ဘဏ် အဖွဲ့အစည်းမှ ဒါရိုက်တာဖြစ်သူ Zhaoxiang က Global Times  ကို ပြောကြားပါသည်။ မကြာမီနှစ်များ အတွင်း ကုန်ပစ္စည်းများ၏ဈေးနှုန်းများ မြင့်တက်လာခဲ့သော်လည်း သာမန် လူထုအနေဖြင့် လုပ်ခလစာများတိုးလာ မှုမရှိသည်ကို မြင်ကြကြောင်း စစ်ချွမ်း ပြည်နယ်၊ ချန်ဒူးရှိ မူလတန်းကျောင်း ဆရာLi က Global Timesကို ပြော ပါသည်။             PBC  အနေဖြင့် ဈေးကွက်အတွင်း ငွေစက္ကူပမာဏ အများအပြား ဆတ် တိုက်ထုတ်ဝေပါက ငွေကြေးဖောင်းပွမှု ကို ဖြန့်စေနိုင်သလို အလယ်အလတ် ဝင်ငွေရရှိနေသည့် သာမန်ပြည်သူလူထု အနေဖြင့် နေ့စဉ် ဘဝရှင်သန်ရန် အခက်အခဲများတွေ့မြင်နိုင်ကြောင်း Li က ပြောပါသည။် ဒေါက်တာထိန်လင်း ဇာတ်မြစ် : Global Times

Pages