Main menu

Background

Sunday, 7 Aug 2011

အမေရိကန်နှင့် အီးယူတို့တွင် စီးပွားရေးပြဿနာများ ဆက်လက်ရင်ဆိုင်နေရခြင်းက ရွှေဈေးကို အမြင့်ဘက်သို့သာ ဦးတည်စေ                အမေရိကန် ေြွကးမြီသက်တမ်းတိုးမြှင့်ရေးနဲ့ ဘတ်ဂျက်လိုငွေပြမှုကို လျှော့ချဖို့ အမေရိကန် ဥပဒေပြုသ ူတွေအကြား ညှိနှိုင်းသဘောတူပြီးဖြစ်ကြောင်း သမ္မတ အိုဘားမားက ပြောကြားလိုက်ရာ စံချိန်တင်မြင့်မားနေတဲ့ ကမ္ဘာ့ရွှေဈေးနှုန်းတွေ သြဂုတ် ၁ ရက်မှာ ကျဆင်းသွားတယ်။                   ချက်ချင်းအရောက်ပို့ ရွှေဈေးနှုန်းက တစ်အောင်စကို ၁ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းသွားကာ ၁၆ဝ၇ ဒသမ ၄၅ ဒေါ်လာအထိ ရောက်ရှိသွားခဲ့ပြီး စင်ကာပူ စံတော်ချိန် နေ့ခင်း ၁၂း၂၄ နာရီမှာ တစ်အောင်စကို ၁၆၁၅ ဒသမ ၆၅ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရတယ်။ ဒီဇင်ဘာလ အရောက်ပို့ရမဲ့ ရွှေက တစ် အောင်စကို ၁၆ဝ၈ ဒသမ ၂ဝ ဒေါ်လာနဲ့ နယူးယောက်မှာ အရောင်းအဝယ်ဖြစ် ခဲ့ရာ ဇူလိုင် ၂၉ ရက်ပေါက်ဈေးဖြစ်တဲ့ တစ်အောင်စနှုန်းထား ၁၆၃၇ ဒသမ ၅ဝ ဒေါ်လာအောက် ၂၉ ဒသမ ၃ဝ ဒေါ်လာ ကျဆင်းသွားတယ်။                     လက်ရှိရွှေဈေးကျဆင်းသွားသော်လည်း ကမ္ဘာ့စီးပွားရေးအင်အား အတောင့် တင်းဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ အီးယူတို့မှာ စီးပွားရေးပြဿနာတွေ ဆက်လက် ရင်ဆိုင်နေရခြင်းက ရွှေဈေးကိုအမြင့်ဘက်ကိုသာ ဦးတည်စေမယ်လို့ မျှော်မှန်းကြတယ်။ Source:Bloomberg.com ပပ

Sunday, 31 Jul 2011

အမေရိကန်အြွေကးသက်တမ်း တိုးမြှင့်ပေးမှုအပေါ် ညှိနှိုင်းမှုခရီး မဆုံးနိုင်သေးခြင်းက ရေနံစိမ်းဈေးနှုန်းကို အားနည်းစေ                   သြဂုတ် ၂ ရက်မှာ သက်တမ်းကုန် ဆုံးမဲ့ အမေရိကန်ရဲ့ အြွေကးသက်တမ်း ကို တိုးမြှင့်ပေးဖို့ ဇူလိုင် ၂၅ ရက်အထိ သဘောတူ ဖြေရှင်းနိုင်ခြင်းမရှိသေးရာ အြွေကးဆပ်ဖို့ ပျက်ကွက်မှုကို ဖြစ်စေ နိုင်တယ်လို့ စိုးရိမ်လာကြတယ်။ ဒါကြောင့် ဇူလိုင် ၂၅ ရက်မှာ ရေနံစိမ်းဈေးနှုန်းတွေ ၅ ရက်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဈေးကျသွား တယ်။ ဒါကြောင့် စက်တင်ဘာလ တင်ပို့ရမဲ့ ရေနံစိမ်းက တစ်စည်ကို ၁ ဒသမ ၁၃ ဒေါ်လာ ကျဆင်းကာ ၉၈ ဒသမ ၇၄ ဒေါ်လာနဲ့ နယူးယောက် ကုန်စည်ရောင်းဝယ်ရေးမှာ အရောင်း အဝယ်ဖြစ်ခဲ့တယ်။                  ရေနံစိမ်းဈေး ကျဆင်းသွားတယ် ဆိုပေမဲ့လည်း ယခင်နှစ်ကထက် ဈေး နှုန်းက ၂၅ ရာခိုင်နှုန်း မြင့်မားနေဆဲဖြစ်တယ်။ ဘရန့်အမျိုးအစား ရေနံစိမ်းမှာ လည်း တစ်စည်ကို ၉၉ ဆင့် (သုည ဒသမ ၈ ရာခိုင်နှုန်း) ကျဆင်းကာ ၁၁၇ ဒသမ ၆၈ ဒေါ်လာနဲ့ လန်ဒန်အခြေ စိုက် ICE Futures Europe Exchange  မှာ အရောင်းအဝယ် ဖြစ်ခဲ့တယ်။ အမေရိကန် အြွေကးသက်တမ်း မြှင့်တင်ပေးရေး ကိစ္စအတွက် ဆုံးဖြတ်ချက်က ရီပါပလစ်ကန် ထိန်းချုပ်တဲ့ အောက်လွှတ်တော်နဲ့ ဒီမိုကရက်တစ်က တာဝန်ယူထားတဲ့ အထက်လွှတ်တော် ကိုဖြတ်ကာ သမ္မတ အိုဘားမားက လက်မှတ်ရေးထိုးပေးရမှာ ဖြစ်တယ်။                    အြွေကးသက်တမ်းကို အိုဘားမား မေတ္တာရပ်ခံတဲ့ ရက်စွဲ (၂ဝ၁၂ ခုနှစ် ၊ နိုဝင်ဘာလ) ထက်ပိုပြီး သက်တမ်းတိုးဖို့ ရီပါပလစ်ကန်က ပြင်ဆင်နေတယ်လို့ သိရတယ်။ ဒါပေမဲ့ အိုဘားမားအနေနဲ့ အြွေကးသက်တမ်းကို ၂ဝ၁၃ ခုနှစ် အထိ တိုးမြှင့်မပေးဖို့ ဗီတိုအာဏာ ကျင့်သုံးချမှတ်လိမ့်မယ်လို့ ခန့်မှန်းထားကြ တယ်။                    ဒီလို အမေရိကန် အြွေကးသက် တမ်းတိုးမြှင့်ပေးမှုအပေါ် ညှိနှိုင်းမှုခရီး မဆုံးနိုင်သေးခြင်းက ရေနံစိမ်းဈေးနှုန်း ကိုအားနည်းစေခြင်း အဓိကအကြောင်း ရင်းဖြစ်တယ်လို့ သိရတယ်။ Source:Bloomberg.com ပပ

Sunday, 12 Jun 2011

နှစ်ကုန်ပိုင်းအထိ ကန်ဒေါ်လာတန်ဖိုးသည် လက်ရှိနှုန်းထားအတိုင်းသာ ရှိနေဦးမည်                    အမေရိကန်မှာ အလုပ်အကိုင်ရရှိမှု တိုးတက်နှုန်း နှေးကွေးသွားတာကြောင့် စီးပွားရေး နာလန်ထူလာမှုအပေါ် စိုးရိမ်မှုတွေဖြစ်စေပါတယ်။ ဒါကြောင့် ကန်ဒေါ်လာ အညွှန်းကိန်းက ၇၃ ဒသမ ၆၄ဝ ကို ကျဆင်းသွားရာ မေ ၅ ရက် နောက်ပိုင်း အနိမ့်ဆုံးအဖြစ် ကျဆင်းသွားပါတယ်။ ဆက်လက်ပြီးလည်း ဒေါ်လာတန်ဖိုးအားနည်းမယ့် အလား အလာရှိကြောင်း၊ အမေရိကန် ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်း မြှင့်တင်ပေး မှသာအလားအလာကောင်းနိုင်ကြောင်း နယူးယောက်ရှိ Citigroup Inc  မှ ဝါရင့် ငွေကြေးနည်းဗျူဟာ ပညာရှင်က ပြောကြားပါတယ်။ ၂ဝ၁၁ နှစ်ကုန်ပိုင်း အထိ ကန်ဒေါ်လာတန်ဖိုးက လက်ရှိနှုန်းထားအတိုင်းသာ ရှိနေဦးမှာဖြစ်ကြောင်း Bloomberg   မှ သုတေသီ တွေကလည်း ခန့်မှန်းထားပါတယ်။ Source:bloomberg.com ပပ

Monday, 6 Jun 2011

တရုတ်ဗဟိုဘဏ်က ငွေကြေးစာချုပ်များ ရောင်းချလျက်ရှိ              တရုတ်နိုင်ငံ ဗဟိုဘဏ်က ယွမ် ၃၈ ဘီလံျ (ကန်ဒေါ်လာ ၅ ဒသမ ၉ ဘီလံျ)တန်ဖိုးရှိတဲ့ ၃ လသက်တမ်း ငွေ ကြေး စာချုပ်တွေနဲ့ ၃ နှစ်သက်တမ်း ငွေကြေး စာချုပ်တွေကို ဇွန် ၂ရက်မှာ လေလံတင်ရောင်းချမှာ ဖြစ်ကြောင်း ဇွန် ၁ရက်မှာ ၎င်းဘဏ်က ပြောကြားလိုက်ပါတယ်။ ငွေဖြစ်လွယ်မှု (Liquidity) ကိုမြှင့်တင်ပြီး ငွေကြေးဈေးကွက် (Money market)  လည်ပတ်မှုကို ပိုမို တိုးတက်စေဖို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း ဗဟိုဘဏ်က ပြောကြားပါတယ်။                တရုတ်နိုင်ငံ ဗဟိုဘဏ်ဖြစ်တဲ့ People's Bank of China(PBOC) က မေလတတိယပတ်အတွင်းကလည်း ယွမ် ၆၇ဘီလံျ(ကန်ဒေါ်လာ ၁ဝ ဒသမ ၃ ဘီလံျ) တန်ဖိုးရှိတဲ့ ငွေကြေးစာချုပ် တွေကို ကူးသန်းရောင်းဝယ်ရေး ဘဏ် များမှတစ်ဆင့် ငွေကြေးဈေးကွက်တွေ ကို ရောင်းချခဲ့ပါတယ်။ ဗဟိုဘဏ်က သီးသန့် ငွေသားလိုအပ်ချက် အချိုး (Reserve requirement ratio) ကို မြှင့်တင်ပြီးနောက် ငွေကြေးဈေးကွက် အတွင်း ငွေကြေးလိုအပ်နေမှုကို ဖြည့် ဆည်းဖို့အတွက် ယခုလို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ Source:Agencies and Xinhua သိန်းမြင့်ဝေ

Thursday, 26 May 2011

ဧပြီလအတွင်း တောင်ကိုရီးယားအနေဖြင့် ပို့ကုန်စံချိန်တင်ပမာဏအဖြစ် တင်ပို့နိုင်ခဲ့ပြီး ကုန်သွယ်မှုပိုငွေပြခဲ့၍ ဝမ်ငွေတန်ဖိုးမြင့်မား                 အယ်လ်ကေဒါခေါင်းဆောင် အိုစမာဘင်ဘာဒင်ကို အမေရိကန်တပ်က ပါကစ္စတန်နိုင်ငံမှာ ချေမှုန်းနိုင်ခဲ့ကြောင်း သမ္မတအိုဘားမားက ကြေညာအပြီးမှာ ၉ ရက်ကြာ တန်ဖိုးကျဆင်းနေတဲ့ ကန် ဒေါ်လာ အညွှန်းကိန်း မြင့်မားလာကြောင်း သိရပါတယ်။ တောင်ကိုရီးယား ဝမ်ငွေတန်ဖိုးလည်း မြင့်မားလာ တယ်လို့ သိရပါတယ်။ ဧပြီလအတွင်း တောင်ကိုရီးယားအနေနဲ့ ပို့ကုန်စံချိန် တင်ပမာဏအဖြစ် တင်ပို့နိုင်ခဲ့ပြီး ကုန်သွယ်မှုပိုငွေပြခဲ့ကြောင်း အစီရင်ခံပြီး နောက်ပိုင်း ဝမ်ငွေတန်ဖိုးမြင့်မားလာ ခြင်းဖြစ်တယ်။ ဒါကြောင့် တစ်ဒေါ်လာ ကို ၁ဝ၆၄ ဒသမ ၆ဝ ယွမ်အထိရောက် ရှိခဲ့ရာ ၂ဝဝ၈ ခုနှစ်၊ သြဂုတ်လနောက် ပိုင်း အမြင့်ဆုံးတန်ဖိုးဖြစ်တယ်လို့ သိရ ပါတယ်။ ယခင်လမှစပြီး ယန်းငွေနဲ့ လဲလှယ်ရာမှာ တန်ဖိုးမြင့်လာတဲ့ ယူရို ငွေကလည်း ဆက်လက်တန်ဖိုးမြင့်လာ ပါတယ်။ တစ်ယူရိုကို ၁၂ဝ ဒသမ ၂၂ ယန်းမှ ၁၂ဝ ဒသမ ၇ဝ ယန်းအထိ ယူရိုငွေတန်ဖိုး မြင့်မားလာတယ်လို့ သိရပါတယ်။                    ယူရိုငွေက ကန်ဒေါ်လာနဲ့လဲလှယ် ရာတွင်လည်း တန်ဖိုးမြင့်လာတယ်လို့ သိရတယ်။ ဥရောပဗဟိုဘဏ် (ECB) အနေနဲ့ နောက်ထပ်အတိုးနှုန်းမြှင့်တင်ဖို့ ယခုအပတ်မှာ အချက်ပြမယ်လို့ မျှော် လင့်ရာ ယူရိုငွေတန်ဖိုးမြင့် မားကြောင်း သိရပါတယ်။ ၎င်းအပြင် ဥရောပဒေသ ရဲ့ ထုတ်လုပ်သူဈေးနှုန်းတွေက ဖေ ဖော်ဝါရီလကလို မတ်လမှာလည်း ၆ ဒသမ ၆ ရာခိုင်နှုန်းမြင့်မားခဲ့ရာ ၂ဝဝ၈ ခုနှစ် စက်တင်ဘာလနောက်ပိုင်း အလျင်မြန်ဆုံးနှုန်းဖြစ်ကြောင်း သိရ ပါတယ်။ ဒါကြောင့် နယူးယောက်မှာ ယခင်အပတ်က တစ်ယူရိုကို ၁ ဒသမ ၄၈ဝ၇ ဒေါ်လာသာ ရှိခဲ့သော်လည်း မေလ ၂ ရက် တိုကိုျစံတော်ချိန် နံနက် ၁၁း၅၂ နာရီမှာ တစ်ယူရိုကို ၁ ဒသမ ၄၈ဝ၈ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ် ခဲ့ကြောင်း သိရပါတယ်။ Source:Bloomberg.com ပပ

Thursday, 26 May 2011

 ၂ဝ၁၁ ခုနှစ် ဒုတိယနှစ်ဝက်တွင် အာရှရေနံစိမ်းဝယ်လိုအား နည်းသွားမည်ဟု JP Morgan  ခန့်မှန်းပြောကြား                အယ်လ်ကေဒါခေါင်းဆောင် အိုစမာဘင်လာဒင်ကို အဆုံးစီရင်လိုက်နိုင်ကြောင်း သမ္မတအိုဘားမားက ကြေညာအပြီး နယူးယောက်မှ ရေနံစိမ်းဈေးနှုန်းတွေ က နှစ်ပတ်အတွင်း အများဆုံးပမာဏအဖြစ် ကျဆင်းသွားပါတယ်။ ၎င်းသတင်းက အရှေ့အလယ်ပိုင်း ရေနံရောင်းလိုအား ပြတ်တောက်လာမယ်ဆိုတဲ့ စိုးရိမ်မှုကို သက်သာစေမယ်လို့ ခန့်မှန်းကြရာ ရေနံစိမ်းကျဆင်းကြောင်း သိရပါတယ်။ အယ်လ်ကေဒါနဲ့ ဘင်လာဒင်က အမေရိကန်နဲ့ ဥရောပရဲ့ စီးပွားရေးတွေပျက်စီးစေဖို့ ရေနံထုတ်လုပ်ဖြန့်ဖြူးတဲ့ အဆောက်အအုံတွေကို ပျက်စီးအောင် အမြဲတွန်းအားပေး လျက်ရှိပါတယ်။ ဒါ့အပြင် ဘင်ဘာဒင်သေဆုံးတဲ့သတင်းမတိုင်မီကလည်း ရေနံစိမ်း ဈေးနှုန်း ကျဆင်းခဲ့ပါတယ်။                  တရုတ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ အသင့်အတင့်သာရှိနိုင်ပြီး လောင်စာသုံးစွဲမှု ကျဆင်းသွားမယ် မျှော်လင့်ရာ ရေနံစိမ်းဈေးနှုန်း ကျဆင်းသွား ကြောင်း သိရပါတယ်။                  ဇွန်လအရောက်ပို့ရမယ့် ရေနံစိမ်းက တစ်စည်ကို ၁ ဒသမ ၇၂ ဒေါ်လာ ကျဆင်းကာ ၁၁၂ သမ ၂၁ ဒေါ်လာနဲ့ နယူးယောက်ကုန်စည်ရောင်းဝယ်ရေးမှာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဇွန်လငွေချေရမယ့် ဘရန့် အမျိုးအစားရေနံစိမ်းမှာ တစ်စည်ကို ၁ ဒသမ ၁၇ ဒေါ်လာကျဆင်းကာ ၁၂၄ ဒသမ ၇၂ ဒေါ်လာနဲ့ လန်ဒန်  ICE Futures Europe Exchange  မှာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ လောင်စာဈေးမြင့်မားမှုက သုံးစွဲသူတွေကို ထိခိုက်စေပြီး အာရှ ရေနံဝယ်လိုအားကလည်း ယခုနှစ် ဒုတိယ ခြောက်လအတွင်း နှေးကွေးသွားမှာ ဖြစ်ကြောင်း  JP Morgan Chase & Co.,  ကခန့်မှန်းထားပါတယ်။ ှSource:Bloomberg.com, ပပ 

Sunday, 22 May 2011

အမေရိကန်စီးပွားရေး အခြေအနေကြောင့် ရေနံစိမ်းဈေးနှုန်း ကျဆင်း                  အမေရိကန် ပြည်ထောင်စုရဲ့ ေြွကးမြီ အမြင့်ဆုံးသတ်မှတ်ချက် မြှင့်တင်နိုင်မှု မအောင်မြင်တာက ကမ္ဘာ့ ဘဏ္ဍာရေးစနစ်ကို ပျက်ပြားစေကြောင်းနဲ့ ကမ္ဘာ့ရေနံအများဆုံးသုံးစွဲတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နှုန်းကို ခြိမ်းခြောက်လျက် ရှိတယ်''လို့အမေရိကန်သမ္မတဘာရက် အိုဘားမားမှ ပြောကြားလိုက်ပြီးနောက် နယူးယောက်မှာ ရေနံစိမ်းဈေးနှုန်းက သုံးရက်အတွင်း ပထမဆုံးအကြိမ် ဈေး ကျသွားကြောင်း သတင်းရရှိပါတယ်။ ဘားရက်အိုဘားမားမှ အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေးကျဆင်းမှုကို ယခုကြုံတွေ့နေရတာထက် ဆိုးဆိုးရွား ရွားကြုံတွေ့နိုင်ကြောင်း ပြောကြားမှုကြောင့် ရေနံစိမ်းကြိုပွိုင့်ဈေးနှုန်းတွေက ၁ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ တယ်။ ဂရိနိုင်ငံရဲ့ ေြွကးမြီပြဿနာကလည်း ဥရောပရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ခြိမ်းခြောက်ကာ ရေနံစိမ်း ဈေးနှုန်းကျဆင်းနိုင်ကြောင်း  Bank of America Merrill Lynch ဘဏ်မှ ကမ္ဘာလုံးဆိုင်ရာ ကုန်စည်သုတေသန ခေါင်းဆောင် Francisco Blanch မှ ပြောကြားလိုက်ပါတယ်။ ဇွန်လ သင်္ဘောတင်မဲ့ ရေနံစိမ်း ဈေးနှုန်းက နယူးယောက်မာကန်တိုင်း ရောင်းဝယ်ရေးမှာ တစ်စည်ကို ၁ ဒသမ ၃ ဒေါ်လာဈေးကျသွားပြီး ကန်ဒေါ်လာ ၉၈ဒသမ ၃၅ နဲ့လည်းကောင်း ချုပ်ဆိုခဲ့ပြီး လန်ဒန်အခြေစိုက် ICE  ကြိုပွိုင့်ရောင်းဝယ်ရေးမှာ မြနညအ ရေနံ စိမ်းက တစ်စည်ကို ၄၄ ဆင့်ဈေးကျ သွားကာ ကန်ဒေါ်လာ ၁၁၃ ဒသမ ၃၉ နဲ့ ခုျပ်ဆိုခဲ့ကြောင်း သတင်းရရှိပါ တယ်။ ဓာတ်ဆီဈေးနှုန်း ကြီးမြင့်ခြင်းမှ သက်သာစေဖို့အတွက် အမေရိကန် ပြည်ထောင်စုတွင်းမှာ ရေနံစိမ်းကိုတိုးတက် ထုတ်လုပ်သွားမှာဖြစ်ကြောင်း သမ္မတမှ ပြောကြားလိုက်ပါတယ်။ Source:bloomberg.com အေးမွန်မွန်လှိုင် 

Sunday, 24 Apr 2011

တရုတ်နိုင်ငံငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန် အတိုးနှုန်း ထပ်မံမြှင့်တင်ပေး                   တရုတ်နိုင်ငံက ၂ဝ၁ဝ အောက်တိုဘာမှစပြီး အတိုးနှုန်းတွေကို မြှင့်တင် ပေးခဲ့ရာမှ အခုဧပြီလမှာလည်း စတုတ္ထ အကြိမ်မြောက် အတိုးနှုန်း ထပ်မံမြှင့် တင်လိုက်ကြောင်း သတင်းရရှိပါတယ်။ တစ်နှစ်စာငွေ ချေးနှုန်း (One-year Lending rate)  ကို သုည ဒသမ ၂၅ ရာခိုင်နှုန်း (25 basic points) မြှင့်တင်ပေးကာ ၆ ဒသမ ၃၁ ရာခိုင် နှုန်း အဖြစ် သတ်မှတ်လိုက်ကြောင်း သိရပါတယ်။ ၎င်းအပြင် တစ်နှစ်တာ ဘဏ်အပ်ငွေအပေါ် အတိုးနှုန်း(Deposit Rate) ကိုလည်း သုည ဒသမ ၂၅ ရာခိုင်နှုန်း (25 basic points) တိုးမြှင့်ပေးကာ ၃ဒသမ ၂၅ရာခိုင်နှုန်းအဖြစ် သတ်မှတ်လိုက်ကြောင်း၊ ၎င်းအတိုးနှုန်း မြှင့်တင်ပေးမှုတွေက ဧပြီလ ၆ ရက်နေ့မှ စပြီး သက်ဝင်မှုရှိကြောင်း သိရပါတယ်။ အတိုးနှုန်းမြှင့်တင်မှုအပေါ် ပြည်သူတွေအနေနဲ့ အံ့သြမှုမရှိကြောင်း၊ ကမ္ဘာ့ရေနံစိမ်းဈေး မြင့်မားမှုကြောင့် တရုတ်ပြည်တွင်းမြင့်မားလာတဲ့ ငွေကြေးဖောင်းပွမှုပြဿနာကြောင့် အတိုးနှုန်းမြှင့်တင်ပေးရကြောင်း၊ မတ်လ အတွင်း စားသုံးသူဈေးဆညွှန်းကိန်း (CPI) က ၅ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ ယူဆကြောင်း၊ ဖေဖော်ဝါရီလအတွင်းက ၄ ဒသမ ၉ ရာခိုင် နှုန်းတိုးတက်ခဲ့ရာ အစိုးရခန့်မှန်းထားတဲ့ ၄ ရာခိုင်နှုန်းထက် ပိုမိုမြင့်မားခဲ့ကြောင်း တရုတ်စက်မှုဘဏ်ဘောဂဗေဒ ပညာ ရှင်ချုပ် Lu Zhengwei  က ပြောကြား ခဲ့ပါတယ်။                တရုတ်ဗဟိုဘဏ်အနေနဲ့ ယခုနှစ် အတွင်း အတိုးနှုန်းကို အနည်းဆုံး တစ်ကြိမ် ထပ်မံမြှင့်တင်ပေးဦးမယ် မျှော် လင့်ကြောင်း၊ လာမယ့် နှစ်လ၊ သုံးလ အတွင်း အတိုးနှုန်းကို ထပ်မံမြင့်တင်ပေးမယ် မျှော်လင့်ကြောင်း Lu က က ထပ်မံ ပြောကြားခဲ့ပါတယ်။ Source:the stemdard.com.hk. ပပ

Pages