Background
အမေရိကန်စီးပွားရေး ပြန်လည်ကောင်းမွန်လာတဲ့ လက္ခဏာတွေရှိလာ တဲ့အပြင် အီးယူဒေသ အစိုးရတွေက ဒေသတွင်း ကြွေးမြီအကျပ်အတည်းကို ထိန်းချုပ်မယ်လို့ ကတိပေးလိုက်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူတွေက လောင်စာဝယ်လိုအား မြင့်မားလာဦးမယ်လို့ မျှော်မှန်းကြတယ်။ ဒါကြောင့် အောက် တိုဘာ ၁၀ ရက်က နယူးယောက်မှာ ရေနံစိမ်းဈေးနှုန်းတွေ စတုတ္ထမြောက် နေ့အဖြစ် မြင့်မားလာတယ်။ နယူးယောက် ကုန်စည်ရောင်းဝယ်ရေးမှာ နိုဝင်ဘာလ အရောက်ပို့ရမယ့် ရေနံစိမ်းက တစ်စည်ကို ၉၉ ဆင့် မြင့် မားကာ ၈၃ ဒသမ ၃၇ ဒေါ်လာအထိ မြင့်မားခဲ့ပြီး ဆစ်ဒနီ စံတော်ချိန် ညနေ ၅း၁၉ နာရီမှာ တစ်စည်ကို ၈၃ ဒသမ ၅၃ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ နိုဝင်ဘာလအရောက်ပို့ရမယ့် ဘရန့်အမျိုးအစား ရေနံစိမ်းကလည်း တစ်စည်ကို ၁၈ ဆင့်မြင့်မားကာ ၁၀၆ ဒသမ ၀၆ ဒေါ်လာနဲ့ လန်ဒန်အခြေ စိုက် ICE Futures Europe Exchange မှာ အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရတယ်။ ရေနံထုတ်လုပ်သူတွေနဲ့ သုံးစွဲသူ တွေအနေနဲ့ လက်ရှိ ရေနံစိမ်းဈေးနှုန်း အပေါ် စိတ်ကျေနပ်မှုရှိနေကြောင်း OPEC အဖွဲ့မှ အီရန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mohammad Ali Khatibi က ပြောကြားထားမှုကို အီရန် ရေနံဝန်ကြီးဌာန Website မှာ ဖော်ပြထားတယ်လို့ သိရတယ်။ လောလော ဆယ် ကမ္ဘာ့ရေနံဈေးကွက်မှာ ရောင်း လိုအား ပိုလျှံမှုမရှိကြောင်း၊ ဆော်ဒီအာ ရေးဗီးယားနိုင်ငံက မကြာသေးမီလတွေ ကဖြစ်ပေါ်နေတဲ့ မတည်ငြိမ်တဲ့ ရေနံ စိမ်းဝယ်လိုအားနဲ့ ကိုက်ညီတဲ့ ထုတ်လုပ်မှုကို ချင့်ချိန်နေဆဲဖြစ်ကြောင်း ဆော်ဒီရေနံဝန်ကြီး Ali Al-Naimi က အောက်တိုဘာ ၈ ရက်မှာ ပြောကြားခဲ့ ပါတယ်။ Source:Bloomberg.com, ပပ
အောက်တိုဘာ ၆ ရက်က နယူးယောက်မှာ ရေနံစိမ်းဈေးနှုန်း ဒုတိယ မြောက်နေ့အဖြစ် မြင့်မားလာတယ်လို့ သိရတယ်။ စီးပွားရေးဆိုင်ရာ စာရင်း ဇယားတွေ မျှော်လင့်ထားတာထက် အခြေအနေ ပိုမိုကောင်းမွန်လာခြင်း၊ အီးယူအနေနဲ့ ၎င်းင်းရဲ့ ကြွေးမြီအကျပ် အတည်းကိုထိန်းချုပ်နိုင်မယ့် လက္ခဏာ တွေက ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိုးရိမ် ပူပန်မှုကို လျော့ကျစေခြင်းတို့ကြောင့် ရေနံစိမ်းဈေးနှုန်း မြင့်လာကြောင်း သိရတယ်။ ဒါကြောင့် နိုဝင်ဘာလအရောက် ပို့ရေနံစိမ်းက တစ်စည်ကို ၁ ဒသမ ၂၉ ဒေါ်လာ မြင့်မားကာ ၈၀ ဒသမ ၉၇ ဒေါ်လာနဲ့နယူးယောက်ကုန်စည်ရောင်း ဝယ်ရေးမှာ အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့သိရတယ်။ နိုဝင်ဘာလ ငွေချေမယ့် ဘရန့်အမျိုးအစား ရေနံစိမ်းကလည်း တစ်စည်ကို သုည ဒသမ ၉ ရာခိုင်နှုန်း မြင့်မားကာ ၁၀၃ ဒသမ ၆၄ ဒေါ်လာနဲ့ လန်ဒန် ICE Futures Europe Exchange မှာ အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ Source:Bloomberg.com၊ ပပ
ရေနံစိမ်းဈေးကျဆင်းနေသဖြင့် OPEC ရေနံထုတ်လုပ်မှုအပေါ် သုံးသပ်သွားမည် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေတဲ့ စိုးရိမ်ဖွယ်လက္ခဏာ တွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေက ရေနံ စိမ်းဝယ်လိုအားကို လျှော့ချခန့်မှန်းလာ ကြတယ်။ ဒါကြောင့် စက်တင်ဘာ ၂၂ ရက်က ၆ ဒသမ ၃ ရာခိုင်နှုန်းကျဆင်း သွားတဲ့ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းက စက်တင်ဘာ ၂၃ ရက်မှာ သုည ဒသမ ၆ ရာခိုင်နှုန်း ထပ်မံကျဆင်းသွားရာ ဈေးနှုန်းကျဆင်းမှုကာလမှာ ရက်သတ္တပတ် ခြောက်ပတ်ရှိပြီလို့ သိရပါတယ်။ အဓိကမှာ ကမ္ဘာ့ရေနံသုံးစွဲမှု အများ ဆုံး အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေး ခြင်းက ရေနံစိမ်းဈေးနှုန်းအပေါ် ဖိအားဖြစ်စေပြီး လာမယ့် ရက်သတ္တပတ်မှာ ရေနံစိမ်းဈေးနှုန်း ဆက်လက်ကျဆင်း ဖွယ်ရှိတယ်လို့ ခန့်မှန်းကြတယ်။ Goldman Sachs Group Inc ကလည်းနောင်လာမယ့် သုံးလအတွင်း နယူးယောက်ရေနံစိမ်းဈေးနှုန်းကို ၁၅ ရာခိုင်နှုန်း လျှော့ချကာ တစ်စည်ကို ပျမ်းမျှအနေနဲ့ ၉၇ ဒသမ ၅၀ ဒေါ်လာ ဖြစ်မယ်လို့ ခန့်မှန်းလိုက်ပြီး ယခင်က ခန့်မှန်းထားတဲ့နှုန်းမှာ တစ်စည်ကို ၁၁၅ ဒေါ်လာဖြစ်တယ်။ Bloomberg သတင်းဌာနမှ ကုန်သည်နဲ့ ဈေးကွက်လေ့လာသူ ၄၀ ဦးကို မေးမြန်းစုံစမ်းခဲ့ရာ ၂၂ ဦးက ''စက်တင်ဘာ ၃၀ ရက်အထိ ရေနံစိမ်းဈေးနှုန်း ဆက်လက်ကျဆင်းဦးမယ်'' လို့ ဆိုခဲ့ပါ တယ်။ ရေနံဝယ်လိုအား နည်းနေချိန် လစ်ဗျားရဲ့ ရေနံထုတ်လုပ်မှုအခြေအနေ ပြန်လည်ကောင်းမွန်လာရာ OPEC အဖွဲ့ဝင်နိုင်ငံတွေက နောင်နှစ်လကျော် ကာလတွင်း ကမ္ဘာ့စီးပွားရေးကို လေ့ လာဆန်းစစ်ကာ ရေနံရောင်းလိုအား လျှော့ချမယ်/မလျှော့ချမယ်ကို ဆုံး ဖြတ်သွားမယ်လို့ စက်တင်ဘာ ၂၂ ရက် က ပြောကြားခဲ့ပါတယ်။ စက်တင်ဘာ ၂၃ ရက် နယူးယောက် ကုန်စည်ရောင်းဝယ်ရေးမှာ နိုဝင်ဘာလ အရောက်ပို့ ရေနံစိမ်းက တစ်စည်ကို ၄၈ ဆင့်ကျဆင်းကာ ၈၀ ဒသမ ၀၃ ဒေါ်လာအထိ ရောက်ရှိခဲ့ပြီး နိုဝင်ဘာ လ ငွေချေရမယ့် ဘရန့်အမျိုးအစား ရေနံစိမ်းမှာလည်း တစ်စည်ကို ၁၀၅ ဒသမ ၆၀ ဒေါ်လာနဲ့ လန်ဒန် ICE Futures Europe Exchange မှာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ Source:Bloomberg.com,ပပ
လက်ရှိ အီးယူဒေသ ကြွေးမြီပြဿနာသည် ၂၀၀၈ ခုနှစ် ဘဏ္ဍာရေး အကျပ်အတည်းကာလထက် ပိုမိုဆိုးဝါးနေ အီးယူဒေသရှိ ဗဟိုဘဏ်တွေအနေနဲ့ အလွန်ဆိုးရွားတဲ့ပြဿနာတွေနဲ့ ကြုံတွေ့နေရပြီး လက်ရှိကြုံတွေ့ နေရတဲ့ ကြွေးမြီပြဿနာက ၂၀၀၈ ခုနှစ် ငွေကြေး အကျပ်အတည်းကာလ အခြေ အနေထက် ပိုမိုဆိုးဝါးနေတယ်လို့ အင်္ဂလန်ဝန်ကြီးချုပ် Gordon Brown က ပြောကြားပါတယ်။ ၂၀၀၈ခုနှစ်ငွေကြေးအကျပ်အတည်း ကာလက အစိုးရတွေအနေနဲ့ ဘဏ်တွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးရုံ သာ ဆောင်ရွက်ခဲ့ရသော်လည်း ၂၀၁၁ ခုနှစ်မှာ ဘဏ်တွေမှာသာ ပြဿနာ တွေရှိရုံမက အစိုးရတွေမှာလည်း ပြဿနာတွေရှိနေကြောင်း ကမ္ဘာ့စီးပွား ရေးဖိုရမ်မှာ မြသတည က ပြောကြားခဲ့ ပါတယ်။ အီးယူဒေသ ပြဿနာတွေကို မှန်ကန်စွာပြုပြင်ပြောင်းလဲသင့်ကြောင်း၊ ဒါမှမဟုတ်ရင် အီးယူဒေသက သန်း ခေါင်ရောက်ဖို့ တစ်နာရီသာကျန်တော့ ကြောင်း ၎င်းက ဆိုပါတယ်။ Source:Bloomberg.com ပပ
ဂရိကြွေးမြီပြဿနာကြောင့ ် ဖေဖော်ဝါရီလ ၁၆ ရက်နောက်ပိုင်း ယူရိုငွေတန်ဖိုး အနိမ့်ဆုံးဖြစ်လာ စက်တင်ဘာ ၁၂ ရက်မှာ ကန်ဒေါ်လာ အညွှန်းကိန်းက တတိယ မြောက်နေ့အဖြစ် မြင့်မားလာပြီး ၆ လကျော်ကာလအတွင်း ကာလအရှည် ကြာဆုံးအဖြစ် တန်ဖိုးမြင့်မားခြင်းဖြစ် တယ်လု့ိ သိရတယ်။ ရင်းနှီးမြှုပ်နှံ သူတွေက လုံခြုံစိတ်ချရမှုအရှိဆုံး ပိုင်ဆိုင်မှုတွေကိုဝယ်ယူကြပြီးကန်ဒေါ်လာ တန်ဖိုးက ကုန်သွယ်ဖက်နိုင်ငံ ၆ နိုင်ငံရဲ့ ငွေကြေးတွေနဲ့ယှဉ်ရင် တန်ဖိုးမြင့်မား လာတယ်လို့ သိရတယ်။ ဂျပန်ယန်း ကလည်း ၎င်းင်းရဲ့လဲလှယ်ဖက် ငွေကြေး ၁၆ မျိုးနဲ့လဲလှယ်ရာမှာ တန်ဖိုးမြင့်လာ တယ်လို့ သိရတယ်။ ယူရိုငွေက ယန်း ငွေနဲ့ လဲလှယ်ရာမှာ တန်ဖိုးကျဆင်းသွား ရာ ၂၀၀၁ နောက်ပိုင်း အနိမ့်ဆုံးနှုန်း ဖြစ်လာ တယ်လို့ သိရတယ်။ ဂျာမနီဝန်ကြီးချုပ် Angela Markel က ဂရိကြွေးမြီကို ပေးဆပ်ပေး ခြင်းမရှိဘဲ ဆက်လက်ထားရှိဖို့ ပြင်ဆင် နေရာ ယူရိုငွေကို ဝယ်လိုအားနည်းလာ တယ်လို့ သိရတယ်။ စက်တင်ဘာလ ၁၂ ရက် နိုင်ငံတကာ ငွေလဲနှုန်းတွေ အရ ယူရိုငွေက ဂျပန်ယန်းနဲ့ လဲလှယ် ရာမှာ တစ်ယူရိုကို ၁ ဒသမ ၅ ရာခိုင် နှုန်းကျဆင်းကာ ၁၀၄ ဒသမ ၄၂ ယန်းနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရတယ်။ (စက်တင်ဘာလ ၉ ရက် ဈေးနှုန်းမှာ တစ်ယူရိုကို ၁၀၅ ဒသမ ၉၉ ယန်းဖြစ်တယ်။) ယူရိုငွေက ကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာလည်း တစ် ယူရိုကို ၁ ဒသမ ၃၄၉၅ ဒေါ်လာအထိ ကျဆင်းသွားရာ ဖေဖော်ဝါရီလ ၁၆ ရက်နောက်ပိုင်း ယူရိုငွေတန်ဖိုး အနိမ့် ဆုံးဖြစ်လာတယ်လို့ သိရပါတယ်။ Source:Bloomberg.comပပ
ဆွစ်ဇာလန်၊ဂျပန်အစိုးရများနှင့် ယင်းနှစ်နိုင်ငံမှ ဗဟိုဘဏ်များက ငွေကြေးတန်ဖိုးများကျဆင်းအောင် ကြိုးပမ်း ယခင်နှစ်ကကျင်းပခဲ့တဲ့ နှစ်ပတ်လည် ညီလာခံမှာ အမေရိကန်ဗဟို ဘဏ်က ငွေစက္ကူတွေကို ရိုက်ထုတ် ခြင်း၊ ငွေတိုက်စာချုပ်တွေ ဝယ်ယူခြင်း တွေနဲ့ စီးပွားရေးတိုးတက်အောင် ဆောင်ရွက်နိုင်ဖွယ်ရှိတယ်လို့ဗဟိုဘဏ် ဥက္ကဋ္ဌ Ben S.Bernanke က အချက် ပြပြောကြားခဲ့အပြီး သိသိသာသာ တန်ဖိုးကျဆင်းသွားတဲ့ ကန်ဒေါ်လာက ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလမှ ၂ဝ၁၁ ခုနှစ် ဇွန်လအတွင်း ကန်ဒေါ်လာ ၆ဝဝ ဘီလီယံတန်ဖိုးရှိ ငွေတိုက်စာချုပ်တွေ ကို ဗဟိုဘဏ်မှဝယ်ယူခဲ့ရာ တန်ဖိုး ၆ ဒသမ ၂၅ ရာခိုင်နှုန်းကျဆင်းခဲ့တယ်။ဒါပေမဲ့ ၂ဝ၁၁ သြဂုတ်လအတွင်း အမေရိကန်ဒေါ်လာက ကမ္ဘာ့ငွေကြေး ခြင်းတောင်းအတွင်းရှိ ဖွံ့ဖြိုးပြီးနိုင်ငံ ၉ နိုင်ငံ ငွေကြေးတွေနဲ့ လဲလှယ်ရာမှာ တန်ဖိုး ၁ ဒသမ ၂ ရာခိုင်နှုန်းမြင့်မား ခဲ့ပြီးဖြစ်တယ်လို့ Bloomberg သတင်း ဌာန စာရင်းဇယားတွေအရ သိရတယ်။ အမေရိကန် ဗဟိုဘဏ်က ၂ဝ၁၃ ခုနှစ် နှစ်လယ်ပိုင်းအထိ အတိုးနှုန်းကို သုည ရာခိုင်နှုန်းနီးပါးမှာသာ ထားမယ် ဆိုလာခြင်း၊ Standard & Poor’s က အမေရိကန်ရဲ့ Credit rating ကို AAA အဆင့်မှ AA+ အဆင့်အထိ တစ်ဆင့်လျှော့ချခြင်းတွေ ရှိလာပေမဲ့ လည်း U.S assets (အမေရိကန်နိုင်ငံ ရဲ့ ဘဏ် ၊ ကုမ္ပဏီစသည်တို့ရဲ့ပိုင်ဆိုင်မှု များ) ကို ဝယ်လိုအားများလာပြီး ကန်ဒေါ်လာတန်ဖိုး မြင့်မားလာခြင်းဖြစ်တယ်။ ကန်ဒေါ်လာတန်ဖိုး မြင့်မားလာ တယ်ဆိုပေမဲ့ ဆွစ်ဖရန့်နဲ့ယှဉ်ရင် ၄၇ ရာခိုင်နှုန်း တန်ဖိုးကျဆင်းသွားသလို ဂျပန်ယန်းနဲ့ယှဉ်ရင် ၃၁ ရာခိုင်နှုန်းတန်ဖိုးကျဆင်းနေဆဲဖြစ်တယ်။ ကန်ဒေါ်လာတန်ဖိုး ကျဆင်းမှု ကြောင့် လုံခြုံစိတ်ချရတဲ့ ငွေအဖြစ် ဝယ်လိုအားများလာတဲ့ ဆွစ်ဖရန့်နဲ့ဂျပန်ယန်းတန်ဖိုးတွေ အလွန်အမင်း မြင့်မားလာကြတယ်။ ဒါကြောင့် ဆွစ် ဇာလန်၊ ဂျပန်အစိုးရတွေနဲ့ ၎င်းနှစ်နိုင်ငံမှ ဗဟိုဘဏ်တွေက ငွေကြေးတန်ဖိုး တွေ ကျဆင်းအောင် ကြိုးပမ်းလျက်ရှိ တယ်။ ဂျပန်ဗဟိုဘဏ်က ငွေကြေးလှုံ့ဆော်မှုအစီအစဉ်အတွက် ယန်းငွေ ၁ဝ ထရီလီယံ (ကန်ဒေါ်လာ ၁၃ဝ ဒသမ ၅ ဘီလီယံ) ထပ်မံ တိုးလိုက် ခြင်းနဲ့ ယန်းငွေတန်ဖိုး ကျဆင်းအောင် ကြိုးပမ်းခဲ့တယ်။ သြဂုတ် ၂၉ ရက် ကမ္ဘာ့ငွေကြေး ဈေးကွက်အတွင်း ငွေလဲနှုန်းတွေအရ အမေရိကန်ဒေါ်လာက ယန်းငွေနဲ့ လဲ လှယ်ရာမှာ တစ်ဒေါ်လာကို ၇၆ဒသမ ၆၈ ယန်းအထိရောက်ရှိခဲ့ရာ ယခင် အပတ် ငွေလဲနှုန်းဖြစ်တဲ့ တစ်ဒေါ်လာကို ၇၆ ဒသမ ၆၄ ယန်းနဲ့ယှဉ်ရင် ကန်ဒေါ်လာတန်ဖိုး မြင့်မားလာတယ်။ ဆွစ် ဖရန့်နဲ့လဲလှယ်ရာမှာလည်းကန်ဒေါ်လာ တန်ဖိုး သုည ဒသမ ၄ ရာခိုင်နှုန်း မြင့်မားလာပြီး တစ်ဒေါ်လာကို ၈ဝ ဒသမ ၉၆ centimes (1 franc = 100 centimes) ဖြစ်လာတယ်လို့သိရတယ်။ Source:Bloomberg.com,ပပ
စိတ်လှုပ်ရှားဖွယ်ဖြစ်လာသော ကမ္ဘာ့ရေနံစိမ်းဈေးကွက် သုံးပတ်ကြာကျဆင်းခဲ့တဲ့ ရေနံစိမ်းဈေးနှုန်းတွေ သြဂုတ်လ ၁ဝ ရက်မှစပြီး ပြန်လည်အားကောင်းလာခဲ့ရာ သြဂုတ် ၁၅ ရက် ဈေးနှုန်းအတက်အကျ ရောထွေးနေတယ်။ ယခုအပတ် ထုတ်ဝေမဲ့ အစီရင်ခံစာတွေမှာ ကမ္ဘာ့ရေနံစိမ်း သုံး စွဲမှုအများဆုံး အမေရိကန်ရဲ့ အိမ်ရာလုပ်ငန်းတွေ ဇူလိုင်လမှာလည်း ဆက်လက် အားနည်းနေခြင်းနဲ့ လွန်ခဲ့တဲ့ သုံး လပတ်က ဥရောပဒေသ တိုးတက်မှု လျော့လာခြင်းကို ဖော်ပြမယ်လို့ ခန့်မှန်း ကြတယ်။၎င်းအပြင် ဧပြီလမှ ဇွန်လ အတွင်း ဂျပန်စီးပွားရေး ၁ ဒသမ ၃ ရာခိုင်နှုန်း ကံျု့သွားခြင်း (မျှော်မှန်း ထားတဲ့ရာခိုင်နှုန်းမှာ ၂ ဒသမ ၅ ရာခိုင်နှုန်း) ကလည်း ရေနံဈေးကွက်အတွက် ဖိအားတစ်ရပ်ဖြစ်လာတယ်လို့ ဆိုကြတယ်။ နယူးယောက် ကုန်စည်ရောင်း ဝယ်ရေးမှာ သြဂုတ် ၁၅ ရက် ရေနံစိမ်း ဈေးကွက်ရှိ ဈေးနှုန်းတွေအရ စက်တင်ဘာလ အရောက်ပို့ရေနံစိမ်းမှာ တစ်စည်ကို ၈၅ ဒသမ ၃၂ ဒေါ်လာနဲ့ ဈေး နှုန်းပြောင်းလဲမှုမရှိတည်ငြိမ်နေကြောင်း သိရတယ်။ လန်ဒန်အခြေစိုက် ICE Futures Europe Exchange မှာ စက်တင်ဘာလ အရောက်ပို့ ဘရန့် အမျိုးအစား ရေနံစိမ်းက တစ်စည်ကို ၄၁ ဆင့်မြင့်မားကာ ၁ဝ၈ ဒသမ ၄၄ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရတယ်။ ဆစ်ဒနီရှိ Commodity Broking Services Pty မှ ဦးဆောင်ညွှန်ကြားရေးမှူး ဂျွန်နသန် ဘားရက်ကမူ ''ဈေးကွက်က စိတ်လှုပ်ရှားဖွယ်ကောင်းကြောင်း၊ မိမိအနေနဲ့ ၂ဝ၁၁ ခုနှစ်အတွက် ရေနံစိမ်းတစ်စည် ရဲ့ ပျမ်းမျှဈေးနှုန်းကို ဒေါ်လာ ၁ဝဝ အဖြစ် ခန့်မှန်းထားဆဲဖြစ်ကြောင်း'' ပြောကြားခဲ့တယ်။ Source:Bloomberg.com, ပပ
တရုတ်နိုင်ငံ၏ ဝယ်လိုအားကြောင့် ကြေးနီဈေးနှုန်းမြင့်တက် လန်ဒန်သတ္တု ကြိုပွိုင့်ရောင်းဝယ်ရေး London Metal Exchange(LME) မှာ တရုတ်နိုင်ငံရဲ့ ကြေးနီဝယ်လိုအားဆက်လက်ကောင်းမွန်မှုကြောင့် ဈေးနှုန်းမြင့် မားသွားခဲ့ကြောင်း သတင်းရရှိပါတယ်။ ရှန်ဟိုင်းကြိုပွိုင့်ရောင်းဝယ်ရေးမှာ နိုဝင်ဘာလ သင်္ဘောတင်မဲ့ ကြေးနီဈေးနှုန်းက သုည ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ကာ တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၄၅၅ ကိုရောက်ရှိသွားကြောင်း သြဂုတ် ၁၇ ရက် သတင်းအရ သိရှိရပါတယ်။ LME အပါအဝင် ကမ္ဘာကြေးနီသိုလှောင်ရုံတွေမှာ သိုလှောင်ထားမှုက ၃ ပတ်ဆက်တိုင် ကျဆင်းသွားခဲ့ပြီး သြဂုတ် ၁၂ ရက်မှာ တန်ချိန် ၄၆၁၇၇၅ သာရှိကြောင်း သိရှိရပါတယ်။ ဒါ့အပြင် သြဂုတ် ၁၆ ရက်က အာရှမှာ သိုလှောင်ထားမှုက တန်ချိန် ၁၇၃၅၇၅ ကိုလျော့ကျသွားရာ ဧပြီလနောက် ပိုင်းအနည်းဆုံးကို ရောက်ရှိသွားခဲ့ပါတယ်။ သြဂုတ်လအတွင်း အမေရိကန်ပြည်ထောင်စုရဲ့ Credit Rating ကို တစ်ဆင့်လျှော့ချသတ်မှတ်လိုက်ခြင်း၊ ဥရောပြွေကးမြီ အကျပ်အတည်း ပြဿနာ အပေါ် စိုးရိမ်ပိုလာခြင်းတို့ကြောင့် ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန် လာမှုကို ထိခိုက်မည်ဟု စိုးရိမ်လာကြတယ်။ ဒါကြောင့် သြဂုတ် ၉ ရက်မှာ ကြေးနီဈေးနှုန်းက ၈ လအတွင်း အနိမ့်ဆုံးရောက်ရှိကာ တစ်တန်ကို ကန်ဒေါ်လာ ၈၄၄၆ ဒသမ ၂၅ ကိုကျဆင်းသွားခဲ့ရပါတယ်။ ဒီလို ကြေးနီဈေးနှုန်း ပြန်လည်ကောင်းမွန်လာခဲ့ခြင်းမှာ တရုတ်နိုင်ငံရဲ့ ဝယ် ယူမှုကြောင့်သာဖြစ်ကြောင်း Barclays Capital အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ Source:Bloomberg.com, အေးမွန်မွန်လှိုင်
ယခုနှစ်အတွင်း ကန်ဒေါ်လာတန်ဖိုး ၇ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်း အမေရိကန်သမ္မတ အိုဘားမားနဲ့ ကွန်ဂရက် ခေါင်းဆောင်တွေအကြား ေြွကးမြီသက်တမ်းတိုးမြှင့်ရေး ညှိနှိုင်း သဘောတူပြီးသွားတဲ့သတင်းက လုံခြုံ စိတ်ချရတဲ့ ငွေကြေးအချို့ကို ဝယ်လို အားကျဆင်းစေရာ ဂျပန်ယန်းငွေက လဲလှယ်ဖက်ငွေကြေးတွေနဲ့ နှိုင်းယှဉ်ရင် တန်ဖိုးကျဆင်းသွားခဲ့တယ်။ ဒါကြောင့် ဇူလိုင် ၂၉ရက်က နယူး ယောက်မှာ တစ်ဒေါ်လာကို ၇၆ ဒသမ ၇၆ ယန်းရှိခဲ့တဲ့ ဂျပန်ယန်းက သြဂုတ် ၁ ရက်မှာ တစ်ဒေါ်လာကို ၇၇ ဒသမ ၅၈ ယန်းထိ ယန်းတန်ဖိုး ၁ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်။ ဒါပေမဲ့ ယခုနှစ်အတွင်း ကန်ဒေါ်လာတန်ဖိုး ၇ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းပြီးဖြစ်ရာ ဖွံ့ဖြိုးပြီးနိုင်ငံ ၁ဝ နိုင်ငံ ငွေကြေးတွေမှာ အမေရိကန်ဒေါ်လာက စွမ်းဆောင်နိုင် မှုအားအနည်းဆုံးငွေကြေးဖြစ်လာတယ်။ ယူရိုငွေတန်ဖိုးကလည်း လဲလှယ် ဖက်ငွေကြေးအများစုနဲ့ယှဉ်ရင် တန်ဖိုး ကျဆင်းသွားတယ်လို့သိရတယ်။ အီးယူ ဒေသြွေကးမြီပြဿနာအကျပ်အတည်း ကာလကြာရှည်နေမှုအပေါ် စိုးရိမ်ပူပန် နေချိန်မှာ စပိန်နိုင်ငံကလည်း ယခုရက် သတ္တပတ်အတွင်း အစိုးရငွေချေးစာချုပ် တွေ ရောင်းချပေးလိမ့်ဦးမဲ့ သတင်းက ယူရိုငွေတန်ဖိုးကို ကျဆင်းစေခြင်းဖြစ်တယ်။ Source:Bloomberg.com, ပပ
အမေရိကန်နှင့် အီးယူတို့တွင် စီးပွားရေးပြဿနာများ ဆက်လက်ရင်ဆိုင်နေရခြင်းက ရွှေဈေးကို အမြင့်ဘက်သို့သာ ဦးတည်စေ အမေရိကန် ေြွကးမြီသက်တမ်းတိုးမြှင့်ရေးနဲ့ ဘတ်ဂျက်လိုငွေပြမှုကို လျှော့ချဖို့ အမေရိကန် ဥပဒေပြုသ ူတွေအကြား ညှိနှိုင်းသဘောတူပြီးဖြစ်ကြောင်း သမ္မတ အိုဘားမားက ပြောကြားလိုက်ရာ စံချိန်တင်မြင့်မားနေတဲ့ ကမ္ဘာ့ရွှေဈေးနှုန်းတွေ သြဂုတ် ၁ ရက်မှာ ကျဆင်းသွားတယ်။ ချက်ချင်းအရောက်ပို့ ရွှေဈေးနှုန်းက တစ်အောင်စကို ၁ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းသွားကာ ၁၆ဝ၇ ဒသမ ၄၅ ဒေါ်လာအထိ ရောက်ရှိသွားခဲ့ပြီး စင်ကာပူ စံတော်ချိန် နေ့ခင်း ၁၂း၂၄ နာရီမှာ တစ်အောင်စကို ၁၆၁၅ ဒသမ ၆၅ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရတယ်။ ဒီဇင်ဘာလ အရောက်ပို့ရမဲ့ ရွှေက တစ် အောင်စကို ၁၆ဝ၈ ဒသမ ၂ဝ ဒေါ်လာနဲ့ နယူးယောက်မှာ အရောင်းအဝယ်ဖြစ် ခဲ့ရာ ဇူလိုင် ၂၉ ရက်ပေါက်ဈေးဖြစ်တဲ့ တစ်အောင်စနှုန်းထား ၁၆၃၇ ဒသမ ၅ဝ ဒေါ်လာအောက် ၂၉ ဒသမ ၃ဝ ဒေါ်လာ ကျဆင်းသွားတယ်။ လက်ရှိရွှေဈေးကျဆင်းသွားသော်လည်း ကမ္ဘာ့စီးပွားရေးအင်အား အတောင့် တင်းဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ အီးယူတို့မှာ စီးပွားရေးပြဿနာတွေ ဆက်လက် ရင်ဆိုင်နေရခြင်းက ရွှေဈေးကိုအမြင့်ဘက်ကိုသာ ဦးတည်စေမယ်လို့ မျှော်မှန်းကြတယ်။ Source:Bloomberg.com ပပ