Main menu

Background

Thursday, 18 Nov 2010

 အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းခြင်းနှင့် ပင်လယ်ကွေ့ဒေသသို့ ဦးတည်နေသည့် မုန်တိုင်းကြောင့် ရေနံစိမ်းဈေးနှုန်းမြင့်တက်        အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းခြင်းနဲ့ မက္ကဆီကို ပင်လယ်ကွေ့ဒေသတွင် Richard အမည်ရှိ လေမုန်တိုင်းဝင်ရောက်နိုင်မှုကြောင့် ရင်းနှီးမြူပ်နံှသူများမှ ရေနံစိမ်းဝယ်ယူဖို့ စာချုပ်ချုပ်ဆိုမှုများရှိလာရာ အောက်တိုဘာ ၂၅ ရက်နေ့တွင် ရေနံစိမ်းဈေးနှုန်းက နှစ်ရက်ဆက်တိုက် မြင့်တက်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။ ဒီဇင်ဘာလသင်္ဘောတင်မဲ့ ရေနံစိမ်းဈေးနှုန်းက နယူးယောက်ကုန်စည်ရောင်းဝယ်ရေးတွင် တစ်စည်ကို ၈၅ ဆင့် ဈေးတက်သွားပြီး တစ်စည်ကို ကန်ဒေါ်လာ ၈၂ ဒသမ ၅၄ မြင့်တက်ခဲ့ကာ ရက်သတ္တပတ်ဈေးနဲ့ နှိုင်းယှဉ်ပါက သုည ဒသမ ၅ ရာခိုင်နှုန်း ဈေးတက်သွားကြောင်း သတင်းရရှိပါတယ်။           လန်ဒန်ကုန်စည်ရောင်းဝယ်ရေးတွင်လည်း ဒီဇင်ဘာလသင်္ဘောတင်မဲ့ ဘရင့် ရေနံစိမ်းဈေးနှုန်းက သုည ဒသမ ၈ ရာခိုင်နှုန်း ဈေးတက်သွားကာ တစ်စည်ကို ကန်ဒေါ်လာ ၈၃ ဒသမ ၆၂ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သတင်းရရှိပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာပြုလုပ်ခဲ့တဲ့ G 20 အစည်းအဝေးတွင် မိမိတို့ ငွေကြေးကို ယှဉ်ပြိုင်နိုင်မှုရှိစေဖို့၊ တန်ဖိုးချခြင်းမှ ရှောင်ကြဉ်ကြဖို့ ကတိကဝတ်ပြု ခဲ့ကြပြီးနောက် အမေရိကန်ဒေါ်လာက ယူရိုငွေနဲ့ လဲလှယ်ရာမှာ သုည ဒသမ ၆ ရာခိုင်နှုန်း တန်ဖိုးကျဆင်းသွားကာ လောင်စာဆီဈေးနှုန်းနဲ့ အမေရိကန် ဒေါ်လာ အကြား ပြောင်းပြန်ဆက်နွယ်နေမှုက ဆက်လက်ဖြစ်ပေါ်နေကြောင်း သုံးသပ်လျက်ရှိပါတယ်။                                  Source :bloomberg.com အေးမွန်လှိုင်

Tuesday, 16 Nov 2010

ပြည်ငရုတ်ခြောက်ဈေးကွက် အဝယ်သွက်သလိုဈေးလည်းတက်      ယခုတစ်ပတ် ပြည်ဈေးကွက်သို့ မကွေးတိုင်း ဆင်ပေါင်ဝဲမှ ငရုတ် ခြောက်များအဝင်များလာတာ တွေ့ရပါ တယ်။ ငရုတ်သစ်မပေါ်မီ လက်ကျန် အဟောင်း များ ထုတ်ရောင်းချိန်ဖြစ်ပြီး၊ ရာသီဥတု အခြေအနေအရ မကွေး တိုင်းအတွင်း ငရုတ်အထွက်နှုန်းကျဆင်း နိုင်တယ်လို့လည်း သိရပါတယ်။ ဈေး နှုန်းအနေနဲ့လည်း ယခင် ငရုတ်ခြောက် (အရှည်) တစ်ပိဿာ ၁၉ဝဝ ကျပ် မိုးထောင် တစ်ပိဿာ ၂၃ဝဝ ကျပ်ရှိပြီး၊ ယခု ငရုတ်ခြောက် (အရှည်) ၂၃ဝဝ ကျပ်၊ မိုးထောင် ၂၅ဝဝ ကျပ်ဖြင့် တစ်နေ့ကို အိတ် ၁ဝဝ ခန့် အရောင်းအဝယ်သွက်၍ ဈေးနှုန်းလည်း တစ်ပိဿာလျှင် ၂၅ဝ ကျပ် မြင့်တက်လာတာ တွေ့ရပါတယ်။ ဝင်းလဲ့ဝါ

Monday, 15 Nov 2010

 အိန္ဒိယနိုင်ငံက မကြာမီ သကြားတန်ချိန် ၂ သန်းတင်ပို့သွားနိုင်      ဘရာဇီးနိုင်ငံမှာ အထွက်လျော့ကျဖွယ်ရှိတဲ့အတွက် မြင့်တက်နေတဲ့ ကမ္ဘာ့ ဝယ်လိုအားကို ဖြည့်ဆည်းနိုင်ဖို့ မကြာမီ အိန္ဒိယက သကြားတင်ပို့ ခွင့်ပြုဖွယ်ရှိတယ်လို့ သိရပါတယ်။ အိန္ဒိယအစိုးရအနေနဲ့ သကြားတင်ပို့မှု ပိတ်ပင် ထားခြင်းကို ဖယ်ရှားဖွယ်ရှိပြီး Open General Licence (OGL)  အရ သကြားတန်ချိန် ၂ သန်း တင်ပို့ သွားနိုင်တယ်လို့ အိန္ဒိယသကြားစက် လုပ်ငန်း ရှင်များအသင်းက ပြောကြားပါတယ်။        ရာသီဥတုဆိုးဝါးတာကြောင့် ပါကစ္စတန်၊ အင်ဒိုနီးရှားနဲ့ ရုရှားတို့လို နိုင်ငံတွေမှာ သကြားထုတ်လုပ်မှု ထိခိုက်ခဲ့ပါတယ်။ ကမ္ဘာမှာ အများဆုံးထုတ်လုပ်တဲ့ ဘရာဇီးကလည်း ရာသီဥတုဆိုးဝါးမှုကြောင့် ယခုရာသီအတွင်း ခန့်မှန်းထုတ်လုပ်မှု ထက် လျော့ကျမယ်လို့ ဆိုပါတယ်။       နယူးယောက်မှာ မေလ ၇ ရက်က သကြားကြိုပွိုင့်တစ်ပေါင်ကို အခြေခံ ဈေး ကန်ဒေါ်လာ ၁၃ ဆင့်ရှိခဲ့ရာမှ ဘရာဇီးကရောင်းချမှုနည်းခြင်းနဲ့ အိန္ဒိယရဲ့ မသေချာတဲ့ တင်ပို့မှုအခြေအနေတွေကြောင့် နိုဝင်ဘာလ ၉ ရက်နေ့မှာ ၁၅ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ကြံနဲ့ သကြားထုတ်လုပ်မှုဟာ ပုံမှန် အားဖြင့် ၆ နှစ်မှ ၈ နှစ်တစ်ကြိမ် ပြောင်းလဲမှုရှိနေပါတယ်။ ၂ဝဝ၇-၂ဝဝ၈ နဲ့ ၂ဝဝ၈-၂ဝဝ၉ ၂ နှစ်ဆက်တိုက် သကြားထုတ်လုပ်မှုကျဆင်းခဲ့ပြီးနောက် ၂ဝဝ၉- ၂ဝ၁ဝ မှာ ထုတ်လုပ်မှု မြင့်တက်ခဲ့သလို လာမယ့် ၂ဝ၁ဝ-၂ဝ၁၁ မှာလည်း တိုးမြှင့် ထုတ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ မှာ စိုက်ဧရိယာရော အထွက်နှုန်းပါ တိုးတက်မယ်လို့ မျှော်လင့်ထားလို့ အိန္ဒိယနိုင်ငံရဲ့ သကြားစုစုပေါင်း ထုတ်လုပ်မှုဟာ ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်ထက် ၂၇ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၂၄ ဒသမ ၇ သန်း ထွက်ရှိမယ်လို့ ဆိုပါတယ်။                                                                                                ယမင်းခင်၊ှSources: commodityonline

Monday, 15 Nov 2010

 တွက်ချေလည်းကိုက် ဝယ်လိုအားလည်းကောင်းလို့ ပြောင်းဖူးစေ့တင်ပို့မှုပို     တစ်ဖက်နိုင်ငံပြောင်းဈေးအနည်းငယ်မြင့်တက်နေတဲ့အတွက် တွက်ချေ ကိုက်မှုရှိသလို ဝယ်လိုအားရှိတဲ့အတွက် ယခုအပတ်ပြောင်းတင်ပို့မှု သိသိ သာသာ မြင့်တက်လျက် ရှိတယ်လို့ မူဆယ်နယ်စပ်ကုန်သည်အသင်းမှ သတင်းရရှိပါ တယ်။ ယခုအပတ်မှာ မူဆယ်မှပြောင်းဖူးစေ့ ၁၈ဝ၅၂ တန်၊ လွယ်ဂျယ်မှ တန် ၁၃ဝ စုစုပေါင်း ၁၈၁၈၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄ ဒသမ ၅၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် မူဆယ်မှ တန်ချိန်၆ဝဝဝ ကျော်တင်ပို့မှု ပိုမို ခဲ့သော်လည်း လွယ်ဂျယ်မှ တန် ၆ဝဝ နီးပါး လျော့နည်းခဲ့ပါတယ်။ မူဆယ်၊ လွယ်ဂျယ်နဲ့ ကန်ပိုက်တီးနယ်စပ်စခန်း (၃)ခုရဲ့ယခင်အပတ် တင်ပို့မှုထက် တန်ချိန် ၅၂၈ဝ နီးပါး တင်ပို့မှုပိုမိုခဲ့ပါတယ်။ ယခုအပတ်နဲ့ ယခင်အပတ်မြန်မာ-တရုတ် နယ်စပ် မူဆယ်နဲ့ ရွှေလီပေါက် ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် -                                         မိမိဘက်(ကျပ်/တန်)                   တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                       ယခု          ယခင်    ပြောင်းလဲမှု    %     ယခု       ယခင်   ပြောင်းလဲမှု     %ပြောင်းဖူးစေ့     ၂၄၂၇ဝ၆     ၂၃၈၅၃၆     ၄၁၇ဝ         ၂     ၂၇၄      ၂၇ဝ          ၄            ၂နံှစားပြောင်း     ၂၄၂၆၂၉     ၂၅၈၅၄၄     ၁၅၉၁၅        ၇     ၂၇၁     ၂၈၆           ၁၅           ၆                                                                                                                         MIRT (DOBT)

Monday, 15 Nov 2010

 မုန်တိုင်းကြောင့် ရော်ဘာဈေးတက်       ပြင်းထန်တဲ့မုန်တိုင်းများဟာ ကမ္ဘာ့ရော်ဘာထုတ်လုပ်တဲ့ဒေသတွေကိုဖြတ်သန်းတိုက်ခတ်ပြီးနောက်ပိုင်း ကုန်ပစ္စည်းတော် တော်များများရဲ့ ဈေးနှုန်းမြင့်တက်နေကြောင်းသိရပါတယ်။ ပထမဦးစွာ မိုးခေါင်ရေရှားဖြစ်ပြီး နောက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် အာရှစိုက်ပျိုးရေးဒေသရှိ ရော်ဘာပင်တွေရဲ့အစေးထုတ်လုပ်မှု ကိုထိခိုက်ခဲ့ရကြောင်း သုတေသီများက ပြောကြားခဲ့ပါတယ်။ ဒီအခြေအနေများက ကမ္ဘာ့ထုတ်လုပ်မှုကို ထိခိုက် ပေမဲ့ ဝယ်လိုအားတက်လာပြီး ကမ္ဘာ့စီးပွားရေး ကာမိစေပါတယ်။ ရော်ဘာဈေးတက်တာနဲ့အမျှ ထုတ်ကုန်တွေဖြစ်တဲ့ ကွန်ဒုံး၊ တာယာနဲ့ လက်အိတ်တို့ရဲ့ကုန်ကျစရိတ်ကလည်း လာမယ့် (၂) နှစ်လောက်အထိမြင့်တက်ဖွယ်ရှိကြောင်း သိရပါတယ်။ ကမ္ဘာ့ထုတ်လုပ်မှုအများဆုံး ထိုင်းနိုင်ငံက ၅ ရာခိုင်နှုန်း မိုးများပြီး ရော်ဘာအစေး ထွက်ထိခိုက်တာကြောင့် ထုတ်လုပ်မှုကျဆင်းပြီး ယခုနှစ်မှာတန်ချိန် ၃ သန်းခန့်သာ ထုတ်လုပ်နိုင်မှာ ကို သုတေသီများက စိုးရိမ်နေကြပါတယ်။ ဒုတိယအများဆုံးရော်ဘာစိုက်ပျိုးတဲ့ အင်ဒိုနီးရှားကတန်ချိန် ၂ ဒသမ ၄ သန်း ထုတ်လုပ်နိုင်ဖွယ်ရှိပြီး အစောပိုင်းခန့်မှန်းချက်ထက် လျော့နည်းနိုင်ကြောင်းသိရပါတယ်။ ရော်ဘာရောင်းချ ရမှုဟာ (၆) နှစ်အတွင်း အများဆုံးရောက်ရှိလာပြီး ဒီအခြေအနေက ၂ဝဝ၇ ကစတွက်ရင် ကမ္ဘာ့ စီးပွားရေးတိုးတက်မှု အမြန်ဆုံးနှုန်း ဖြစ်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ပြောကြားခဲ့ပါတယ်။ ယခုနှစ် မှာ ကမ္ဘာ့ကားရောင်းချရနှုန်း ၈ ရာခိုင်နှုန်း တိုးလာပြီး ရေရှည်မှာရော်ဘာသုံးစွဲမှုပါ တိုးတက်လာမှာဖြစ်ကြောင်း သုတေသီများကခန့်မှန်းကြပါတယ်။ နှစ်ကုန်ချိန်အထိ ရာသီဥတုဆိုးရွားမှာကို စိုးရိမ်ကြောင်းနဲ့ထိုင်းနိုင်ငံ စိုက်ပိုျးဧရိယာ ၆၈ ရာခိုင်နှုန်းရှိတဲ့ တောင်ပိုင်းမှာသာမန်ထက်ပိုတဲ့ မိုးရွာသွန်းမှုက ပျက်စီးမှုဖြစ်စေတာကြောင့် သုတေသီများကစိုးရိမ်ကြောင်း ပြောကြားပါတယ်။                Source: UKPA,KZW

Monday, 15 Nov 2010

 ရှန်ဟိုင်း၊ စင်ကာပူ၊ ထိုင်းနိုင်ငံများ၌ ရော်ဘာဈေးနှုန်း မှတ်တမ်းတင်လောက်အောင် မြင့်တက်လျက်ရ      အာရှရဲ့ရော်ဘာ အဓိကထုတ်လုပ်တဲ့နိုင်ငံများမှာ မိုးရွာပြီးရေလံျှတာကြောင့် ရှန်ဟိုင်း၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့မှာ ရော်ဘာ ဈေးနှုန်းများ မှတ်တမ်းတင်လောက်အောက် မြင့်တက်ပြီး တိုကိုျရဲ့အလားအလာကတော့နှစ် ၃ဝ အတွင်းမှာ အမြင့်ဆုံး ဖြစ်နိုင်ပါတယ်။ ရှန်ဟိုင်းကုန်စည်ဒိုင်မှာမေလအတွက် ရော်ဘာဈေးနှုန်း ၃ ဒသမ ၅ ရာခိုင်နှုန်းတက်ပြီး တစ်တန်ကို ၃၇ဝ၇ဝ ယွမ် ( ၅၅၅၈ ဒေါ်လာ)အထိ ရောက်ရှိခဲ့ပြီး စင်ကာပူကုန်စည်ဒိုင်ရဲ့ ရော်ဘာဈေးနှုန်းက ၂ ဒသမ ၈ ရာခိုင်နှုန်းမြင့် တက်ခဲ့ပါတယ်။ဒီဇင်ဘာလအတွက် ဈေးနှုန်းက တစ်ကီလိုဂရမ်ကို ၄ ဒသမ ၃၄ ဒေါ်လာရှိကြောင်း သိရပါတယ်။ ရေကြီးမှု ကြောင့် ရော်ဘာထုတ်လုပ်ရေးမှာ ပျက်စီးမှုတွေများလာပြီး ထိုင်းနိုင်ငံရဲ့ ဈေးနှုန်း ထပ်မံတက်ဖွယ်ရှိကြောင်း အဂရိုဝဲသ့်ကုမ္ပဏီမှ  ကုန်ပစ္စည်း သုတေသီတစ်ဦးကပြောကြားခဲ့ပါတယ်။ ဇွန်လအတွက် ထိုင်းနိုင်ငံရဲ့ ကုန်စည်ဒိုင်ဈေးနှုန်းက ဒသမ ၄  ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ကီလိုဂရမ်ကို ၁၃၁ ဘတ် (၄ ဒသမ ၄ဒေါ်လာ) ရှိကာ ၂ဝဝ၄ ခုနှစ် စာချုပ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက အမြင့်ဆုံးဈေး ဖြစ်နေကြောင်း သိရပါတယ်။ လက်ငင်းဈေးကတော့ ဝ ဒသမ ၂ ရာခိုင်နှုန်းတိုးလာပြီး တစ်ကီလိုဂရမ်ကို ၁၂၅ ဘတ် ( ၄ ဒသမ ၂ ဒေါ်လာ) ရှိကြောင်း ထိုင်းရော်ဘာ သုတေသနဌာနက ပြောကြားခဲ့ပါတယ်။ ဆွန်ခလာမှာ ရှိတဲ့ရော်ဘာရောင်းဝယ်ရေး ဌာနကို နိုဝင်ဘာပထမပတ်ကရေကြီးမှုကြောင့် ပိတ်ထားခဲ့ရပါတယ်။ရောင်းလိုအား အခက် အခဲကြောင့် ရော်ဘာကတော့ ဆက်လက်ဈေးတက်ဦးမှာဖြစ်ပြီး အင်ဒိုနီးရှားမှာ မိုးကြီးမှုကြောင့် ရော်ဘာအထွက်နှုန်း ကန့်သတ်မှု ရှိနေပြီး မီးတောင် ပေါက်ကွဲမှုကြောင့်လည်း ရောင်းလိုအား အကြပ်အတည်း ဖြစ်နိုင်ဖွယ်ရှိကြောင်းသုတေသီများက ပြောကြားခဲ့တယ်လို့ သတင်းရရှိပါ တယ်။                                                                  Source: Bloomberg,KZW

Thursday, 11 Nov 2010

ဒီဇယ်ဆီတင်သွင်းမှု နှစ်သိန်းနီးပါးပိုမို          ယခုအပတ်မှာ နယ်စပ်မှ ဒီဇယ်ဆီ ၂၉၇၇၆၉ ဂါလန်နဲ့ ဓာတ်ဆီဂါလန် ၅ဝဝဝဝ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၂၂၉ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က ဒီဇယ်ဆီ ၁ဝ၁၂၂၃ ဂါလန်နဲ့ ဓာတ်ဆီ ၈ဝ၄၇၅ ဂါလန်သာ တင်သွင်းခဲ့တဲ့အတွက် ဒီဇယ်ဆီတင်သွင်းမှု ၁၉၆၅၄၆ ဂါလန် ပိုမိုခဲ့ပြီး ဓာတ်ဆီတင် သွင်းမှုမှာတော့ ဂါလန် ၃ဝဝဝဝ ကျော် လျော့နည်းခဲ့ပါတယ်။ ယခုအပတ်မှာ တာချီလိတ်နယ်စပ်ကသာ တင်သွင်းမှုရှိခဲ့ပြီး MPPE မှ စက်သုံးဆီတင်သွင်းမှု လျော့ကျပြီး ပုဂ္ဂလိကကုမ္ပဏီများရဲ့တင်သွင်းမှု ပိုမိုခဲ့ကြောင်းနဲ့ စက်သုံးဆီဈေး ၁ လီတာလျှင် ၁ဘတ်ခန့် တာချီလိတ်ဘက်မှာ ဈေးမြင့်လျက်ရှိတယ်လို့ တာချီလိတ် နယ်စပ်ကုန်သည်အသင်းမှ သတင်းရရှိပါတယ်။                                 MIRT (DOBT)

Thursday, 11 Nov 2010

 အိန္ဒိယပဲလိုအပ်အုံးမှာဖြစ်ပေမဲ့ ကမ္ဘာ့ဈေးကိုတော့ ကျဆင်းစေနိုင်            အိန္ဒိယအစိုးရမှ ထုတ်လုပ်မှု မြှင့်တင်ဖို့အတွက် ပဲမျိုးစုံဝယ်ယူဈေးနှုန်း ပိုမိုမြင့်တင်ဖို့ ကြေညာခဲ့ခြင်းနဲ့ မိုးကောင်းခြင်းတို့ကြောင့် လာမယ့်နှစ်မှာ အိန္ဒိယပဲ တင်သွင်းမှုဟာ တန်ချိန် တစ်သန်းခန့် ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ ယခုနှစ် အိန္ဒိယနိုင်ငံမှာ ပဲမျိုးစုံ ထုတ်လုပ်မှု မြင့်တင်တဲ့ အစီအစဉ်က လာမယ့်နှစ်မှာ ကမ္ဘာ့ပဲဈေးကို ကျဆင်းစေနိုင်သလို မိုးထိအောင်မြင့်တက်နေတဲ့ စားနပ်ရိက္ခာ ဈေးနှုန်း ကျဆင်းအောင် ဆောင်ရွက်နေတဲ့ အစိုးရရဲ့ ကြိုးပမ်းမှုကို အထောက် အပံ့ ဖြစ်စေပါတယ်။            ပျမ်းမျှအထွက်နှုန်းထက် ပိုမိုမြင့်တက်ခြင်းက အများဆုံး ပဲ တင်ပို့သူ များဖြစ်တဲ့ ကနေဒါ၊ မြန်မာ၊ သြစတြေးလျ၊ အမေရိကန်၊ ယူကရိန်း၊ ပြင်သစ်၊ တရုတ်နဲ့ တန်ဇန်းနီးယား ဈေးကွက်များမှာ ဈေးနှုန်းကျဆင်းဖို့ ဖိအားဖြစ်စေ ပါတယ်။ မကြာသေးခင်က Citigroup  အစီရင်ခံစာတစ်ခုမှာ ဖော်ပြထား တာတော့ ၂ဝ၁၁-၂ဝ၁၂ ခုနှစ်အတွင်း ပဲမျိုးစုံထုတ်လုပ်မှုဟာ တန်ချိန် ၁၅ ဒသမ ၇ သန်းထိ ရောက်ရှိနိုင်လို့ ပြည်တွင်းဝယ်လိုအား တန်ချိန် ၁၉ ဒသမ ၉ သန်း ပြည့်မီဖို့ တန်ချိန် ၄ ဒသမ ၂ သန်းခန့် တင်သွင်းဖို့ လိုအပ်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။          ပဲမျိုးစုံတင်သွင်းသူများအသင်း ဥက္ကဌ ကေစီဘာတီယာ ခန့်မှန်း ပြောကြားတာကတော့ မိုးပဲရော၊ ဆောင်းပဲပါ အထွက်သိသိသာသာ တိုးတက် မယ့် အလားအလာရှိတာကြောင့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ပျမ်းမျှပဲမျိုးစုံ တန်ချိန် ၃ သန်းခန့် တင်သွင်းခဲ့ရာမှ တန်ချိန် ၂ သန်းခန့်ကို လျော့ကျ တင်သွင်းရလိမ့်မယ်လို့ ဆိုပါတယ်။ ဆောင်းရာသီစိုက်ပဲဟာ စုစုပေါင်း ပဲမျိုးစုံ ထုတ်လုပ်မှုရဲ့ ၆ဝ ရာခိုင်နှုန်းဝန်းကျင်ရှိပြီး အစိုးရက ဆောင်းစိုက်ပဲများဖြစ်တဲ့ ကုလားပဲနဲ့ ပဲနီလေးအတွက် ဝယ်ဈေးကို ၂ဝ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက် ခြင်းက စိုက်ဧရိယာကို မြင့်တက်လာလိမ့်မယ်လို့ ဆိုပါတယ်။ အလားတူ မိုးရာသီမှာလည်း မိုးပဲဝယ်ဈေးကို မြင့်တင်လိုက်တာ ကြောင့် စိုက်ဟက်တာ ၂ဝ သိန်းတိုးတက်ပြီး ဟက်တာ ၁၁ဝ သိန်းထိရှိလာတဲ့ အတွက် ၂ဝဝ၉-၂ဝ၁ဝ မှာ ပဲမိုျးစုံတန်ချိန် ၄ ဒသမ ၃ သန်းထွက်ရှိရာမှ တန်ချိန် ၆ သန်းအထိ မြင့်တက်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် ဆောင်းသီးနံှမှာလည်း စိုက်ဧရိယာ ပိုမိုလာခြင်းက တန်ချိန် ၁ သန်းပိုမို တိုးတက် လာဖွယ်ရှိတယ်လို့ ဆိုပါတယ်။            ယခင်နှစ် ပွဲတော်ကာလအတွင်း မတ်ပဲ၊ ကုလားပဲနဲ့ ပဲစင်းငုံ ဈေးနှုန်းများ အလွန်အမင်းမြင့်တက်ခဲ့ပေမဲ့ လက်ရှိအချိန်မှာ ပဲဈေးများ ဆင်းနေဆဲဖြစ်လို့ နောက်ထပ် မြင့်တက်ဖွယ်မရှိဘူးလို့ ကုန်စည်ကျွမ်းကျင်ရှင် များက ဆိုပါတယ်။ ပဲဝယ်လိုအားအမြင့်ဆုံးရာသီမှာ ဝယ်လိုအား ၁၅ ရာခိုင်နှုန်း မြင့်တက်လာတတ်ပေမဲ့ ၂ဝ၁၁ မတ်လမှာ စတင်မယ့် ဆောင်းပဲမျိုးစုံ ဈေးကွက် ထဲရောက်ရှိလာမယ့်အခြေအနေက ဈေးမြင့်တက်မှုကို ကျဆင်းစေမှာပါလို့ လည်း ကျွမ်းကျင်ရှင်တစ်ဦးက ဆိုပါတယ်။             ယခုနှစ်မှာ ပဲမျိုးစုံ အထွက်တိုးနိုင်ပေမဲ့ လယ်ယာမြေ အကန့် အသတ် ရှိတာကြောင့် ထုတ်လုပ်မှုနှုန်း တိုးမြင့်နိုင်မှု မရှိဘူးဆိုရင် ရေရှည် အထွက် တိုးနိုင်မှာ မဟုတ်ဘူးလို့ အချို့က သုံးသပ်ကြပါတယ်။ ပဲမျိုးစုံအထွက် နှုန်းက တစ်ဟက်တာကို ၆ဝဝ ကီလို ဝန်းကျင်မှာပဲ ရှိနေတာကြောင့် လူတစ်ဦး ပဲ ရရှိနိုင်မှုကလည်း ကျဆင်းလာအုံးမှာပါလို့ ကုန်စည်လေ့လာ ဆန်းစစ်သူ တစ်ဦးက ဆိုပါတယ်။ ပြည်တွင်းထုတ်လုပ်မှု တိုးမြှင့်မယ်ဆိုရင် ပဲမိုျးစုံ အမျိုး အစားအလိုက် အရည်အသွေးမြင့် တင်ပို့လိုအပ်ပါတယ်လို့လည်း ထပ်လောင်း ပြောကြားပါတယ်။ ဝင်ငွေမြင့်တက် လာတာနဲ့အမျှ စားသုံးမှု တိုးတက် နေခြင်းက ဈေးနှုန်းမြင့်တက်ဖို့ ဖန်တီးနေပါတယ်။ ရေရှည်မှာ ပြည်တွင်း ဝယ်လို အားကို ဖြည့်ဆည်းနိုင်ဖို့ ထုတ်လုပ်မှုကို တိုးခဲျ့နိုင်မယ်ဆိုရင် ဈေးနှုန်းအကျ ဘက်ကို ဆင်းမယ့် လက္ခဏာရှိပါတယ်လို့လည်း ထပ်လောင်းဆိုပါတယ်။ယမင်းရွှေစင် ၊Sources: economictimes-indiatimes.com

Thursday, 11 Nov 2010

ပြည်ပမှ တင်သွင်းမှု အားကောင်းနေလို့ အိန္ဒိယကုလားပဲဈေးကျဆင်း          ပြည်ပမှ ပဲမျိုးစုံတင်သွင်းမှုမြင့်တက်ခြင်းကြောင့် အောက်တိုဘာလ ၂၇ ရက်နေ့ ကုလားပဲဈေး လျော့ကျခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အဓိကဈေးကွက် တွေမှာ ကုလားပဲလက်ကျန်က တစ်နေ့တစ်ခြား လျော့ကျလာတာကြောင့် ကာလတို အတွင်း ဈေးနှုန်းခိုင်မာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ တောင်သူများက ဈေးထပ်မံကျဆင်းမယ့် မျှော်မှန်းချက်တွေကြောင့် ကုလားပဲလက်ကျန်များ ထုတ် ရောင်းလာကြတယ်လို့ သိရပါတယ်။ မဟာရပ်ရှတရာ၊ ကာနာတာကာနဲ့ အတ္တရာပရာဒေ့ရှ်တို့မှာ ဆောင်းသီးနံှ ကုလားပဲစိုက်ပျိုးမှု တိုးတက်နေပြီး အစိုးရက ၂ဝ၁၁ မှာ ကုလားပဲတန်ချိန် ၇ ဒသမ ၅ သန်းထွက်ရှိဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။ စိုက်ဧရိယာတိုးတက်မှု သတင်းတွေကြောင့် နိုဝင်ဘာလနောက်ပိုင်းမှာတော့ ကုလားပဲကြိုပွိုင့်ဈေး ကျဆင်း နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။                                                                                                                                     ယမင်းခင်၊                                                                                                                    Sources: commodityonline 

Thursday, 11 Nov 2010

 အောက်တိုဘာ အိန္ဒိယပဲတီစိမ်းဈေး အပြောင်းအလဲနည်း        အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်းဈေးက အောက်တိုဘာလဆန်းမှ လကုန်ပိုင်းအထိ အပြောင်းအလဲ နည်းတာတွေ့ရပါတယ်။ လဆန်းပိုင်းက အိန္ဒိအချို့ဒေသတွေမှာ မိုးရွာသွန်းနေလို့ ပဲအသစ်အချို့ အရည်အသွေးပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်တွေကို ဝင်ရောက်လာတဲ့ အရည်အသွေးကောင်းပဲတွေကို အဝယ်ပုံမှန်ရှိနေခြင်းက ပဲတီစိမ်းဈေးကို အပြောင်းအလဲနည်းစေခဲ့ပါတယ်။ လက်ရှိဈေးကွက်တစ်ခိုျ့ကို ပဲအသစ်ဝင်ရောက်မှု တိုးတက်လာသလို ပြည်ပမှ တင်သွင်းပဲများ လည်း ရောက်လာမှာဖြစ်လို့ ကာလတိုအတွင်းတော့ ရောင်းအားများပြီး ဈေးအေးနိုင်တယ်လို့ ခန့်မှန်းကြ ပါတယ်။ လဆန်းပိုင်းနဲ့ လကုန်ပိုင်းပဲတီစိမ်းဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                                                            ဒေါ်လာ/တန်                  မွန်ဘိုင်းဈေးကွက်               မွန်ဘိုင်း(C&F)၂၈-၁ဝ-၁ဝ          ၁ဝ၁၁                              ၉၃၅၁-၁ဝ-၁ဝ           ၁ဝဝ၇                              ၉၆၅                                                                                               MIRT(MAPT)

Pages