Main menu

Background

Thursday, 11 Nov 2010

ပါကစ္စတန်နဲ့ အိန္ဒိယကိုတင်ဖို့ အဝယ်အချို့ရှိလို့ ပဲတီစိမ်းတန် ၂၄ဝဝ ခန့်တင်        ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပါကစ္စတန်နဲ့ အိန္ဒိယကိုတင်ပို့ဖို့ ပြည်ပ ဝယ်လက်အဝယ်အချို့ ရှိတာကြောင့် ယခု တစ်ပတ် (အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်)အတွင်းမှာလည်း တန်ချိန် ၂၄ဝဝ ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ အသစ် ထွက်နေတဲ့ မကွေး၊ ပခုက္ကူဘက်က ပဲတီစိမ်းများဟာ ရန်ကုန်ဈေးကွက်ကို အဝင်နည်းပြီး မန္တလေးဘက်ကို အတက်များနေပြီး တရုတ်ဘက်ကို သွားနေတယ်လို့ သိရပါတယ်။ လတ်တလောအိန္ဒိယ ဈေးကွက်တွေမှာလည်း ပဲတီစိမ်းအသစ်တွေ ပေါ်နေတာ ဖြစ်လို့ ကာလတို အတွင်းမှာတော့ ပြည်ပအတင်က လက်ရှိပမာဏဝန်းကျင်မှာပဲ တင်ပို့နေရအုံးမယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ရန်ကုန် FOB ဈေးမှာ ယခင်တစ်ပတ်ဈေးအတိုင်း ပြောင်းလဲမှုမရှိဘဲ ပဲတီစိမ်း(အညာ) တစ်တန်ကို ကန်ဒေါ်လာ ၉၃ဝ-၉၄ဝ၊ ပခုက္ကူတစ်တန်ကို ကန်ဒေါ်လာ ၁၂ဝဝ-၁၂၂ဝ ဖြစ်ကြောင်း သိရပါတယ်။                                               MIRT- MAPT 

Thursday, 11 Nov 2010

 ပဲအထွက်မြင့်တက်တဲ့တိုင် အိန္ဒိယပဲတင်သွင်းမှု ဆက်လက် မြင့်တက်နေအုံးမယ်လို့ ကုန်သည်များကဆို         ယခုနှစ် အိန္ဒိယရဲ့ ပဲထုတ်လုပ်မှု မြင့်တက်မယ်လို့ ခန့်မှန်းထား တဲ့တိုင် ပြည်တွင်းဝယ်လိုအား မြင့်တက်နေဆဲမို့ ပြည်ပက တင်သွင်းမှု ကျဆင်းနိုင်မှာ မဟုတ်ဘူးလို့ ကုန်သည်များက ဆိုပါတယ်။ ကမ္ဘာမှာ စားသုံးမှု အများဆုံး အိန္ဒိယဟာ နှစ်စဉ်ပဲတန်ချိန် ၃ သန်း- ၄ သန်းခန့် တင်သွင်းနေရပါ တယ်။ ထုတ်လုပ်မှုအနေနဲ့ လွန်ခဲ့တဲ့နှစ် အနည်းငယ်အတွင်း တန်ချိန် ၁၃ သန်း- ၁၄ သန်းမှာ တန့်နေပြီး ဝယ်လို အားကတော့ တန်ချိန် ၁၈ သန်း- ၁၉ သန်းနီးပါး ဖြစ်နေပါတယ်။            ပြည်တွင်းထုတ်လုပ်မှု မြင့် တက်လာပါတယ်။ ဒါပေမဲ့ ဝယ်လိုအားတိုးတက်မှုနှုန်း မြန်ဆန်နေတဲ့အတွက် တစ်နိုင်ငံလုံး ဝယ်လိုအားကိုတော့ ဖြည့် ဆည်းနိုင်မှာမဟုတ်လို့ ပြည်ပက တင်သွင်းဖို့သာ ရှိပါတော့တယ်လို့ ပဲမျိုးစုံတင်သွင်းသူများအသင်း ဥက္ကဌ ကေစီ ဘာတီယာက ပြောကြားကြောင်း သိရ ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် အတွင်း ပဲမျိုးစုံတင်သွင်းမှုက မနှစ်က ပမာဏလိုပဲ တန်ချိန် ၃ ဒသမ ၅ သန်း ခန့်ရှိနေအုံးမှာပါ။ ဒေါ်လာတန်ဖိုး လျော့ကျခြင်းကလည်း ပဲတင်သွင်းမှု မကျအောင် အထောက်အပံ့ ဖြစ်စေပါ တယ်လို့ ဆိုပါတယ်။            အစိုးရရဲ့ ခန့်မှန်းချက်အရ ဇွန်လမှ စက်တင်ဘာလအတွင်း မိုးရာ သီ ပဲမျိုးစုံ ထုတ်လုပ်မှုကို ယခင်နှစ်က တန်ချိန် ၄ ဒသမ ၃ သန်းထက်ပိုပြီး တန်ချိန် ၆ သန်းရှိမယ်လို့ ခန့်မှန်းထား ပေမဲ့ ထုတ်လုပ်သူတွေခန့်မှန်းတာတော့ တန်ချိန် တစ်သန်းခန့်သာ မနှစ်ကထက် မြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။ ပြည် တွင်းတိုးမြှင့်ရောင်းချနိုင်ဖို့ အစိုးရက ပြည်ပမှ တင်သွင်းမှုကိုလည်း အားပေး လျက်ရှိရာ ဆိပ်ကမ်းအရောက် တန်ဖိုး နဲ့ အာမခံကြေး ကုန်ကျစရိတ်ရဲ့ ၁ ဒသမ ၂ ရာခိုင်နှုန်း ဝန်ဆောင်မှုစရိတ်နဲ့ အများပြည်သူဖြန့်ဝေရေး (PSUs ) နဲ့ ဖြန့်ဖြူးရာမှာ ဆုံးရှုံးမှုအတွက် ၁၅ ရာခိုင်နှုန်း ထောက်ပံ့မှုများ ဆောင်ရွက် ပေးလျက် ရှိပါတယ်။ ယခင် ၂ဝဝ၉ - ၂ဝ၁ဝ အတွင်း တောင်သူများ ဈေးအမြင့်ရရှိခဲ့ တာကြောင့် ပဲမိုျးစုံစိုက်ဧရိယာ တိုး တက်ခဲ့တဲ့အပြင် အစိုးရမှ ပြည်တွင်းပဲ တန်ချိန် ၄ သန်းခန့် လုံလောက်မှုကို ဖြည့်ဆည်းနိုင်ဖို့ တောင်သူများကို အားပေးတဲ့အနေနဲ့ ထောက်ပံ့ ဈေးနှုန်း ကို သိသိသာသာ တိုးမြှင့်ပေးခဲ့တာ ဖြစ် ပါတယ်။                                                                                                                                    ယမင်းခင်၊ Sources: P T I

Thursday, 11 Nov 2010

လက်ရှိဘဏ္ဍာနှစ်အတွင်း ပဲတန်ချိန် ၄ သိန်းကျော်တင်သွင်းဖို့ အိန္ဒိယစာချုပ်ပြီး            အိန္ဒိယနိုင်ငံပိုင် အေဂျင်စီများဖြစ်တဲ့ PEC ၊ MMTC ၊ STC နဲ့ NCCF ကုမ္ပဏီများဟာ ယခု ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်း ပြည်ပမှ ပဲမျိုးစုံတန်ချိန် ၄ ဒသမ ၈၄ သိန်းတင်သွင်းဖို့ စာချုပ်ချုပ်ပြီးဖြစ်ကြောင်း သိရပါတယ်။ ယင်းပမာဏထဲက တန်ချိန် ၃ ဒသမ ၁၉ သိန်းမှာ ပြည်တွင်းကို ရောက်ရှိပြီး တန်ချိန် ၁ ဒသမ ၆၈ သိန်းကို အောက်တိုဘာလ ၂၅ ရက်နေ့အတွင်း အေဂျင်စီများရဲ့ သိုလှောင်ရုံများမှာ ထားသိုပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင်အောက်တိုဘာ ၂၅ ရက်နေ့အထိ ကာလအတွင်း ပဲတန်ချိန် ၁ ဒသမ ၅၆ သိန်းကို အင်ဒရာပရာဒေ့ရှ်၊ တမီလ်နာဒူး၊ ရာဂျက်စသန်၊ မဟာရပ်ရှတရာ၊ ကီရာလာ၊ အတ္တရာပရာဒေ့ရှ်၊ ဟာရာနာ၊ ဟီမာချယ်ပရာဒေ့ရှ်နဲ့ ပန်ဂျပ် ပြည်နယ်များမှ ပြည်သူ့ရိက္ခာ ဖြန့်ဖြူးရေးဌာနများကို ပို့ဆောင်ပြီးဖြစ်တယ်လို့ သိရပါတယ်။ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ် ပြည်ပမှ တင်သွင်းပဲ တန်ချိန် ၂ ဒသမ ၅ သိန်းကို ယင်းပြည်နယ်များရှိ အစိုးရပိုင် ရိက္ခာဖြန့်ဖြူးရေးဌာနများမှ တစ်ဆင့် အများပြည်သူများကို ရောင်းချပေးခဲ့ကြောင်း သိရပါတယ်။                                                                                                  Sources: commoditycontrol

Thursday, 11 Nov 2010

အောက်တိုဘာလအတွင်း အိန္ဒိယမတ်ပဲဈေးတစ်တန်ကို ကန်ဒေါ်လာ ၁ဝဝ ကျော်ကျ         အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ လက်ရှိဈေးကွက်တွေထဲ ဝင်လာနေတဲ့ မိုးပဲအထွက်က ၂၅-၃ဝ ရာခိုင်နှုန်းခန့် မြင့်တက်မယ့်မျှော်လင့်ချက် ရှိနေတဲ့အပြင် ဈေးကွက်တွေကို ပဲဝင်ရောက်မှုတိုးလာတဲ့အတွက် အောက်တိုဘာလ အတွင်း မတ်ပဲတစ်တန်ကို ကန်ဒေါ်လာ ၁ဝဝ ကျော်လျော့ကျခဲ့ပါတယ်။ ဒါ့အပြင် ဈေးထပ်မံကျဆင်းမယ့် ခန့်မှန်းချက်တွေကြောင့်လည်း အရောင်းအဝယ်အေး တယ် လို့သိရပါတယ်။ ဒါပေမဲ့ယခုသီတင်းပတ်မှာတော့အချို့ဈေးကွက်တွေကိုပဲဝင်ရောက် မှု နှေးကွေးလာတယ်လို့ သိရပါတယ်။ အောက်တိုဘာလအတွင်း ဖြစ်ပေါ်တဲ့ ဈေးကို နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                                                                                                                     ဒေါ်လာ/တန်                       မွန်ဘိုင်းဈေးကွက်            မွန်ဘိုင်း(C&F)၂၈-၁ဝ-၁ဝ           ၈၈၈-၈၉၉                   ၉၆ဝ-၁ဝ၆ဝ၁-၁ဝ-၁ဝ            ၁ဝဝ၇-၁ဝ၃ဝ                ၁ဝ၁ဝ-၁၁၁ဝ                                                                                                                                      MIRT(MAPT)

Thursday, 11 Nov 2010

အောက်တိုဘာလအတွင်း အိန္ဒိယပဲစင်းငုံ တောက်လျှောက်ဆင်း      အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ အောက်တိုဘာလဆန်းပိုင်းကတည်း ကလက်ရှိအချိန်ထိ ပဲစင်းငုံဈေးက တောက်လျှောက်ဆင်းခဲ့ပါတယ်။ ပဲစင်းငုံစိုက်ပျိုး တဲ့ ဒေသတွေမှာ ရာသီဥတုအခြေအနေပေးလို့ သီးနံှအလားအလာ ကောင်းတဲ့ အပြင် ဈေးကွက်တွေကို အခြားပဲအသစ်တွေ ဝင်ရောက်လာမှုများလာတဲ့အတွက် အခြား ပဲဈေးနဲ့အတူ ပဲစင်းငုံဈေးလည်း ကျဆင်းလာတာဖြစ်ပါတယ်။ ပြည်တွင်းမှာ လက်ကျန် အသင့်အတင့်ရှိနေတဲ့အပြင် တန်ဇန်းနီးယားက တင်သွင်းပဲများလည်း ရောက်ရှိလာတာကြောင့် ရောင်းအားများနေတယ်လို့ သိရပါတယ်။ အောက်တိုဘာ လ အတွင်း ပြောင်းလဲလာတဲ့ ဈေးနှုန်းများ ဖော်ပြလိုက်ပါတယ်                                                                                                                         ဒေါ်လာ/တန်                  မွန်ဘိုင်းဈေးကွက်                   မွန်ဘိုင်း(C&F)၂၈-၁ဝ-၁ဝ         ၆၈၆-၆၉၇                       ၇၆ဝ-၇၈ဝ၁-၁ဝ-၁ဝ              ၇၉၅                             ၈၂၅                                                                                                                        MIRT(MAPT)

Thursday, 11 Nov 2010

အိန္ဒိယမြောက်ပိုင်းမှ အမြောက်အမြားဝယ်ယူမှုရှိလို့ နနွင်းဈေးမြင့်         အိန္ဒိယမြောက်ပိုင်းဒေသမြို့များမှ အဝယ်အမှာများအတွက် အမြင့်ဈေးနဲ့ လက်ကျန်များဝယ်ယူလာကြလို့ နိုဝင်ဘာလ ၃ ရက်နေ့ အီရော့ဈေးကွက်မှာ နနွင်းလက်ငင်းဈေးမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ကုန်သည်များ အကြား အပြိုင် အဆိုင်ဝယ်ယူလာကြတဲ့အတွက် တစ်တန်ကို ရူပီး ၁၅ဝဝ မှ ၂၅ဝဝ (ကန်ဒေါ်လာ ၃၃ ဒသမ ၈၅ မှ ၅၆ ဒသမ ၄၂) အတွင်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။          နနွင်းလက်ချောင်းအရွယ်ဈေး ဟာ တစ်တန်ကို ရူပီး ၉၃ဝ၆ဝ (ကန်ဒေါ်လာ ၂၁ဝဝ) မှ ရူပီး ၁၄၃၅၉ဝ (ကန်ဒေါ် လာ ၃၄၂၁)ကိုလည်းကောင်း၊ နနွင်းဥဈေးက တစ်တန်ကို ရူပီး ၉ဝဝ၁ဝ (ကန်ဒေါ် လာ ၂ဝ၃၁)မှ ရူပီး ၁၄၂၉၉ဝ (ကန်ဒေါ်လာ ၃၂၂၇) ကိုမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ အီရော့သမ ဈေးကွက် မှာတော့ နနွင်းလက်ချောင်းအရွယ်ဈေးက တစ်တန်ကို ရူပီး ၁၃၈၉၉ဝ (ကန်ဒေါ်လာ ၃၁၃၇) မှ ရူပီး ၁၄၃၇၅ဝ (ကန်ဒေါ်လာ ၃၂၄၄) ကိုမြင့်တက်ခဲ့ပြီး၊ နနွင်းဥ ဈေးက တစ်တန်ကို ရူပီး ၁၃၆၈ဝဝ (ကန်ဒေါ်လာ ၃ဝ၈၇) မှ ရူပီး ၁၄၃၁၆ဝ (ကန်ဒေါ်လာ ၃၂၃၁) ကို မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။     NCDEX ကုန်စည်ဒိုင်မှာ နိုဝင်ဘာလစာခုျပ် နနွင်းကြိုပွိုင့်ဈေးက တစ် တန်ကို ရူပီး ၈ဝဝ (ကန်ဒေါ်လာ ၁၈) လျော့ကျပြီး ရူပီး ၁၃၂၂၆ဝ (ကန်ဒေါ်လာ ၂၉၈၅) ဖြစ်ပြီး ဒီဇင်ဘာလ စာချုပ်ဈေးက ရူပီး ၁၂၂ဝ (ကန်ဒေါ်လာ ၂၆) လျော့ကျပြီး ရူပီး ၁၂၃၃ဝဝ (ကန်ဒေါ်လာ ၂၇၈၃) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အင်ဒရာပရာဒေ့ရှ် စိုက်ပိုျးရေးဌာနရဲ့ နောက်ဆုံးစာရင်းအရ ၂ဝ၁ဝ အောက်တိုဘာ ၂ဝ ရက်နေ့အထိ နနွင်းစိုက်ဧရိယာဟာ ဟက်တာ ဝ ဒသမ ၆၅ သိန်းရှိလို့ ယခင်နှစ် ကာလတူ ဟက်တာ ဝ ဒသမ ၅၉ သိန်းနဲ့ ပုံမှန် စိုက်ဟက်တာ ဝ ဒသမ ၆၄ သိန်းထက်လည်း ပိုမိုနေတယ်လို့ သိရပါတယ်။                                                                                                 ယမုံနာ၊ှSources: commodityonline

Thursday, 11 Nov 2010

ကိုရီးယားကဆက်၍ဝယ်           နနွင်းပို့ကုန်ကုန်သွယ်မှုအဖြစ် အောက်တိုဘာလ ၂၅ ရက်နေ့ကနေ ၃၁ ရက်တာကာလအတွင်း တန်ချိန် ၃၁ တန် တန်ဖိုးကန်ဒေါ်လာ ၄၆၁၅ဝ ဖိုးတင်ပို့ နိုင်ခဲ့ပါတယ်။ ကိုရီးယားကို ၁၆ တန်နဲ့ အာရပ်စော်ဘွားနိုင်ငံကို ၁၅ တန်ခွဲပို့ခဲ့ပါတယ်။ အောက်တိုဘာလအတွင်း နနွင်းကုန်သွယ်ဖက်နိုင်ငံတွေက ဂျပန်၊ ကိုရီးယား၊ ပါကစ္စတန်၊ စင်ကာပူနဲ့ အာရပ်စော်ဘွားများနိုင်ငံနှင့် ယီမင်နိုင်ငံတို့ကို စုစုပေါင်း တန်ချိန် ၁၂၉ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ဒီအောက်တိုဘာလအတွင်း ကိုရီးယား ဈေးကွက်က ဝယ်လက်အားအကောင်းဆုံးအဖြစ် ၃၉ တန်ကျော်ဝယ်ခဲ့ပြီး ဒုတိယ အများဆုံးအဝယ်ကတော့ ဂျပန်ဖြစ်ကာ တန်ချိန် ၂၁ တန်ကျော်ကျော် ဝယ်ခဲ့ပါတယ်။ စက်တင်ဘာလထက် အောက်တိုဘာလမှာ နနွင်းပိုမိုတင်ပို့နိုင်ခဲ့သလို ဒီနှစ်မှာ ကိုရီး ယားဈေးကွက်ကအဝယ်သွက်ပြီး အခြားအိန္ဒိယဈေးကွက်များကဲ့သို့ အဆွဲပိုလာပြီး နှစ်လဆက်တိုက်လစဉ်တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။                                                                                                                               MIRT (DOT) 

Wednesday, 10 Nov 2010

ပြောင်း ဖူးစေ့သာမက ပြောင်းကြိတ်ဖတ်များ တင်ပို့နိုင်           မြန်မာ-တရုတ်နယ်စပ်ရှိမူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ယခုအပတ်မှာ ပြောင်းဖူးစေ့ တန်ချိန် ၁၂ဝဝဝ ကျော်နဲ့ ပြောင်းကြိတ်ဖတ်အမှုန့် တန် ၁ဝဝ နှင့်ကြိတ်ဖတ်အကျစ် ၂၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ဝ၁၅ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ လွယ်ဂျယ်နယ်စပ်မှလည်း ၇၂၆ တန်နဲ့ ကန်ပိုက်တီးနယ်စပ်မှ ပြောင်း ၁၈ဝ တန် တင်ပို့နိုင် ခဲ့တဲ့အတွက် ယခုအပတ်မှာ နယ်စပ်စခန်းများမှ ပြောင်းဖူးစေ့တန်ချိန် ၁၂၉ဝ၆ တန်၊ ပြောင်းကြိတ် ဖတ်အမှုန့် တန် ၁ဝဝ၊ အကျစ် ၂၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၂၅၃ သန်း ဖိုး တင်ပို့နိုင်တဲ့အတွက်ယခင်အပတ်ကထက် ပြောင်းဖူးစေ့ တန်ချိန် ၅၈ဝ ကျော်ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ရွှေလီပေါက်ဈေးများကို ကြည့်တဲ့အခါ ပြောင်းဖူးစေ့ဈေးတစ်တန်ကို ၃၂၅ဝ ကျပ် ပိုမိုခဲ့တာတွေ့ရပါတယ်။ ယခင်အပတ်နဲ့ ယခုအပတ်ပြောင်းဈေးများကိုနှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်                   မိမိဘက်(ကျပ်/တန်)                           တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                       ယခု       ယခင်       ပြောင်းလဲမှု    %      ယခု      ယခင်      ပြောင်းလဲမှု        %ပြောင်းဖူးစေ့ ၂၃၈၅၃၆    ၂၃၅၂၈၆       ၃၂၅ဝ       ၁ .၄    ၂၆၉     ၂၆၄                  ၅           ၂                                                                                                                             MIRT (DOBT)

Wednesday, 10 Nov 2010

အိန္ဒိယကားထုတ်လုပ်မှုမြင့်တက်လို့ တာယာထုတ်လုပ်မှုလည်းမြင့်            ဧပြီလမှသြဂုတ်လအတွင်း ရော်ဘာအထွက်နှုန်း တိုးတက်သလို အိန္ဒိယရဲ့မော်တော်ကား ထုတ်လုပ်မှုလည်း တိုးတက်လျက်ရှိပါတယ်။ ၎င်းကာလအတွင်း ယခင်နှစ်ကထက် ရော်ဘာ ၂၉ ရာခိုင်နှုန်း ပိုမိုထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဧပြီလကနေ သြဂုတ်လအထိကာလတွင်းမှာ တာယာကုမ္ပဏီများအားလုံးရဲ့ ထုတ်လုပ်မှုဟာ စုစုပေါင်းတာယာ ၄၇ ဒသမ ၁ သန်းရှိကြောင်း သိရပါတယ်။ မော်တော်ယာဉ်ထုတ် လုပ်ရေးတွေက ဆိုင်ကယ်အစိတ်အပိုင်းအပါအဝင် ၆၅ ရာခိုင်နှုန်း တိုးတက်ထုတ်လုပ်နိုင်ခဲ့ပြီး သုံးဘီးကားတာယာ ၄၄ ရာခိုင်နှုန်းနဲ့ ခရီးသည်တင်ကားအတွက်၄၃ ရာခိုင်နှုန်းထုတ်လုပ်နိုင်ကြောင်း မော်တော်ကားတာယာ ထုတ်လုပ်သူများအသင်း ATMA  ရဲ့ စာရင်းများအရ သိရပါတယ်။ စီးပွားရေးလုပ်ငန်း သုံး ကားဈေးနှုန်း များတက်တာကြောင့် ရော်ဘာ ဈေးနှုန်းမြင့်တက်နေပေမဲ့လည်း ကားထုတ်လုပ်မှုတိုးတက် လျက်ရှိပါတယ်။ ယခုနှစ်ဧပြီမှစက်တင်ဘာအထိ စီးပွားရေးလုပ်ငန်းသုံးကားထုတ်လုပ်ရေးဟာ ၄၁ ဒသမ ၅၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အိန္ဒိယမော်တော်ယာဉ် ထုတ်လုပ်သူများ အဖွဲ့ SIAM ပြောကြားခဲ့ပါတယ်။ ရိုးရိုးကားဈေးနှုန်းက ၃၃ ဒသမ ၅၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး နှစ်ဘီးတပ် ယာဉ်ဈေးနှုန်းက ၂၅ ဒသမ ၈၆ ရာခိုင်နှုန်း တိုးမြင့်ခဲ့ပါတယ်။                                                                                                       Source: commodity online, KZW

Monday, 1 Nov 2010

အောက်တိုဘာလအတွင်း အိန္ဒိယပဲစင်းငုံ တောက်လျှောက်ဆင်း     အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ အောက်တိုဘာလဆန်းပိုင်းကတည်း ကလက်ရှိအချိန်ထိ ပဲစင်းငုံဈေးက တောက်လျှောက်ဆင်းခဲ့ပါတယ်။ ပဲစင်းငုံစိုက်ပျိုး တဲ့ ဒေသတွေမှာ ရာသီဥတုအခြေအနေပေးလို့ သီးနံှအလားအလာ ကောင်းတဲ့ အပြင် ဈေးကွက်တွေကို အခြားပဲအသစ်တွေ ဝင်ရောက်လာမှုများလာတဲ့အတွက် အခြား ပဲဈေးနဲ့အတူ ပဲစင်းငုံဈေးလည်း ကျဆင်းလာတာဖြစ်ပါတယ်။ ပြည်တွင်းမှာ လက်ကျန် အသင့်အတင့်ရှိနေတဲ့အပြင် တန်ဇန်းနီးယားက တင်သွင်းပဲများလည်း ရောက်ရှိလာတာကြောင့် ရောင်းအားများနေတယ်လို့ သိရပါတယ်။ အောက်တိုဘာ လ အတွင်း ပြောင်းလဲလာတဲ့ ဈေးနှုန်းများ ဖော်ပြလိုက်ပါတယ်-                                                                                          ေါ်ါ်လာ/တန်                  မွန်ဘိုင်းဈေးကွက်             မွန်ဘိုင်း(C&F) ၂၈-၁ဝ-၁ဝ       ၆၈၆-၆၉၇                    ၇၆ဝ-၇၈ဝ ၁-၁ဝ-၁ဝ           ၇၉၅                            ၈၂၅MIRT(MAPT)

Pages