Main menu

Background

Tuesday, 19 Oct 2010

 ကိုရီးယား ဝမ်တန်ဖိုး သုံးလအတွင်း ၁ဝ ရာခိုင်နှုန်းတက်      ဝမ်တန်ဖိုးဟာ တစ်ဒေါ်လာကို ဝမ် ၁ဝဝဝ အထိမြင့်တက်လာရင် ပို့ကုန်လုပ်ငန်းတွေက အရင်းပြန်ရဖို့အတွက် အဓိက ကုန်တွေဈေးနှုန်းကို ထပ်တင်ရမှာဖြစ်ပါတယ်။ဈေးနှုန်းကိုမြင့်လိုက် ရင်လည်း အမှာစာက ၁ဝ ရာခိုင်နှုန်းအထိ ကျသွားနိုင်ပါတယ်။      ဝမ်တန်ဖိုးက တစ်ဒေါ်လာကိုဝမ် ၁ဝ၅ဝ အထိတက်လာမယ်ဆိုရင် ပြည်တွင်းက အဓိက ပို့ကုန်လုပ်ငန်းကြီး ၉၁ ခုရဲ့ ဆုံးရှုံးငွေဟာ ဝမ် ၅ ဒသမ ၉ ထရီလီယံထိရှိလာနိုင်တယ်လို့ ဆမ်ဆောင်း အီလက်ထရွန်းနစ် သုတေသနဌာနက ခန့်မှန်း ပါတယ်။ ပို့ကုန်လုပ်ငန်း ၅ဝ၄ ခုပါဝင်တဲ့ ကိုရီးယား ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းကပြုလုပ်တဲ့ စစ်တမ်းအရ ဝမ်ငွေ လဲလှယ်နှုန်း တစ်ဒေါ်လာကို ဝမ် ၁ဝ၅ဝ ကနေ ၁၁ဝဝ အတွင်းရှိ နေရင်အကျိုးအမြတ်ခပ်ပါးပါးရဖို့ အာမခံချက်ရှိ နေသေး တယ်လို့ ကုမ္ပဏီထက်ဝက်ကျော်က ပြောပါတယ်။ အသေးစားလုပ်ငန်းတွေရဲ့ ပြဿနာက ပိုမိုနက်ရှိုင်းပါတယ်။ ''ဇူလိုင်လတုန်းက တစ် ဒေါ်လာကို ဝမ် ၁၂ဝဝ နှုန်းနဲ့ထားပြီး ကျွန်တော်တို့ကန်ထရိုက်စာချုပ်ရထားပါတယ်။သုံးလအတွင်း မှာဝမ်တန်ဖိုးက ၁ဝ ရာခိုင်နှုန်းမြင့်တက်လာတဲ့အတွက် အကျိုးအမြတ်က အကြီးအကျယ် ကျဆင်း သွားပါတယ်''လို့ အိုင်တီကုမ္ပဏီတစ်ခုရဲ့ အမှုဆောင်အရာရှိချုပ်တစ်ဦးက ပြောပါတယ်။        ဝမ်တန်ဖိုးတစ်ဒေါ်လာကို ၁ဝဝဝ အထိရောက်လာရင် ဆောင်ရွက်နိုင်ဖို့အတွက် ကုမ္ပဏီကြီး တွေကလည်း အစီအမံတွေ ချမှတ်ဆောင်ရွက်နေပါတယ်။ မကြာမီကဖြစ်ခဲ့တဲ့ ဝမ်တန်ဖိုးမြင့်တက် မှုက မျှော်လင့်ထားသလောက်သာရှိသေးတယ်။ ဒါပေမယ့်အခြေအနေက ဒီအတိုင်းဆက်ဖြစ်လာ မယ်ဆိုရင် မကောင်းတဲ့အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ ဆမ်ဆောင်းအီလက်ထရွန်းနစ်က ပြောပါတယ်။                                        Source :joongangdaily.com,ဉာဏ်တင်

Tuesday, 19 Oct 2010

 အိုပတ်ထုတ်လုပ်မှု စည်ရှစ်သောင်း ခန့်လျော့ခဲ့     အဖွဲ့ဝင် ၁၂ နိုင်ငံပါဝင်တဲ့ အိုပက်ရေနံထုတ်လုပ်သူများအဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ပျမ်းမျှတစ်နေ့ စည်ပေါင်း ၂၉ ဒသမ ဝ၃ သန်းထုတ်လုပ်ခဲ့ ကြောင်း၊ တစ်နေ့တာအတွင်းစည်ပေါင်း ရှစ်သောင်းခန့်ထုတ်လုပ်မှု လျော့နည်းခဲ့ကြောင်း ပြောခဲ့ပါတယ်။ သြဂုတ်လအတွင်း တစ်နေ့စည်ပေါင်း ၂၉ ဒသမ ၁၁ သန်းထုတ်နိုင်ခဲ့ပါတယ်။ ဒီလိုလျော့နည်းခဲ့တာတွေက အင်ဂိုလာနိုင်ငံဘက်မှ ရေနံ ပို့လွှတ်မှုအတွက် အရေးကြီးတဲ့အစိတ်အပိုင်း တွေပြင်ဆင်နေမှု၊ အီရန်နဲ့ အာရပ် စော်ဘွားနိုင်ငံ ဘက်က တင်ပို့မှုအပိုင်းမှာ အနည်းငယ်လျော့ကျနေမှု များကြောင့် အီရတ်နဲ့ နိုက်ဂျီးရီးယားတို့က တိုးတက်ထုတ်လုပ်ခဲ့ပေမဲ့လည်း စုစုပေါင်းအထွက် ကတော့ အခုစက်တင်ဘာလမှာ လျော့နည်းခဲ့တယ်လို့ ဆိုပါတယ်။ အိုပက်ရဲ့ ခန့်မှန်းချက်ကတော့ တစ်နေ့ စည်ပေါင်း ၂၄ ဒသမ ၈၄၅သန်းထုတ်လုပ်ရန် ရည်ရွယ် ခဲ့ပေမဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ထုတ်လုပ်မှုကတော့ ရည်ရွယ်ချက် ကိုကျော်လွန်ကာ ၂၈သန်း ၂၉ သန်းဝန်းကျင်နေ့စဉ်ထုတ်ခဲ့ကြပါတယ်။ အောက်တိုဘာ ၁၄ ရက် ဗီယက်နမ်မြို့ အိုပက်ရေနံ ဝန်ကြီး များအစည်းအဝေးမှာ ထုတ်လုပ်မှုကိုတာနဲ့ပတ် သက်ပြီး ဆွေး နွေးကြမှာ ဖြစ်ပြီး ရေနံစိမ်းဈေးက ၇၅ နဲ့ ၈၅ အကြား မှာပြေးနေ တယ်။ ကျလည်း နည်းနည်းပဲကျတယ်။ အိုင်အမ်အက်ဖ်အဖွဲ့ကလည်း လာမဲ့နှစ်မှာ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု နှေးလိမ့်မယ်လို့ ပြောတယ်။ ဒီကြားထဲမှာ လက်ရှိ ရောင်းဈေး ဗြိတိန်ရေနံစိမ်း တစ်စည်ကို ၈၄ ဒသမ ၃၃ နဲ့ ရောင်းနေတယ်လို့ဲJohn Kingston  က ပြောပါတယ်။                                                    Source:commodityonline.com, WWN

Tuesday, 19 Oct 2010

ဈေးနှုန်းအတက်အကျ အပြောင်းအလဲဖြစ်နေတဲ့ အိန္ဒိယနနွင်း         အိန္ဒိယနနွင်း ဈေးကွက်တွေကို နနွင်းဝင်ရောက်မှု တိုးတက်လာတဲ့နေ့မှာ ဈေးကျဆင်းပြီး ပြည်တွင်း ဝယ်လိုအားကောင်း တဲ့နေ့မှာ ဈေးအနည်းငယ်တက်လာတာကို တွေ့ရပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ နနွင်းရာသီမှာ အထွက်မြင့်တက်မယ့် မျှော်လင့်ချက်နဲ့ လတ်တလော ပြည်ပအဝယ်နည်းနေတာကြောင့် ဈေးထပ်ကျမယ့် ခန့်မှန်းချက်များအရ အောက်တိုဘာ ၁၁ ရက် ဈေးကွက်တွေကို နနွင်းဝင်ရောက်မှု ဟာ ဝ ဒသမ ၂၇ ရာခိုင်နှုန်း တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်းနီဇမ်မာဘတ်ဈေးကွက်မှာ တစ်တန်ကို ၆၆ ဒသမ ၄၅ ရူပီး (ကန်ဒေါ်လာ ၁ ဒသမ ၅) ကျဆင်းပြီး ရူပီး ၁၄၅၂၄၇ (ကန်ဒေါ်လာ ၃၂၈ဝ) နဲ့ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။      အောက်တိုဘာလ ၁၂ ရက်မှာ ပွဲတော်နဲ့ လက်ထပ်ရာသီအတွက် လက်ငင်းအဝယ်တက်လာတာကြောင့် နနွင်းကြိုပွိုင့်ဈေး ၁ ဒသမ ၁၈ ရာခိုင်နှုန်း ပြည်လည်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ NCDEX  မှာ ဒီဇင်ဘာလပို့ရမယ့် နနွင်းဈေးဟာ ရူပီး ၁၃၂ဝ (ကန်ဒေါ်လာ ၂၉ ဒသမ ၈၁) မြင့်တက်ပြီး ရူပီး ၁၁၂၉၈ဝ (ကန်ဒေါ်လာ ၂၅၅၁) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အင်ဒရာပရာဒေ့ရှ်ရဲ့ အဓိကလက်ငင်းဈေးကွက်ဖြစ်တဲ့ နီဇမ်မာဘတ်မှာလည်း တစ်တန်ကို ရူပီး ၂၃ဝ (ကန်ဒေါ်လာ ၅ ဒသမ ၁၉) မြင့်တက်ပြီး ရူပီး ၁၄၅၉၅ဝ (ကန်ဒေါ်လာ ၃၂၉၆) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။        နိုင်ငံရဲ့ ထိပ်တန်း နနွင်းထုတ်လုပ်တဲ့ အင်ဒရာပရာဒေ့ရှ်ရဲ့ နနွင်းထွက် ရှိမှုဟာ နနွင်းစိုက်သူတွေ ပိုမိုစိုက်ပိုျးလာခြင်းနဲ့ ရာသီဥတုအခြေအနေ ပေးခြင်း တို့ကြောင့် ယခုနှစ် ၂ဝ၁ဝ-၂ဝ၁၁ မှာ ၄ဝ ရာခိုင်နှုန်း မြင့်တက်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ဈေးကွက်လေ့လာ ဆန်းစစ်သူများရဲ့ ပြောကြားချက်အရ လက်ရှိ ပွဲတော်နဲ့ လက်ထပ်ရာသီ အတွက်လက်ငင်း အဝယ်မြင့် တက်ခြင်းက ကြိုပွိုင့်ဈေးကို ဆွဲမြင့်နိုင်ပေမဲ့ ပြည်ပအဝယ်လျော့ကျခြင်းနဲ့ နနွင်းအထွက်မြင့်တက်မယ့် မျှော်လင့်ချက်များက ဈေးနှုန်းမြင့်တက်မှုကို ကန့်သတ်နိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။                                                                                                                          ယမင်းခင်၊Source: P T I

Tuesday, 19 Oct 2010

အိန္ဒိယရော်ဘာဈေးကွက်ပုံစံအား သီရိလင်္ကာမှအတုယူ      ရော်ဘာထုတ်လုပ်မှုအားကောင်းလာတဲ့ အိမ်နီးချင်းသီရိလင်္ကာနိုင်ငံအတွက် အိန္ဒိယနိုင်ငံရဲ့ ရော်ဘာ ဈေးကွက် ဟာ စံနမူနာဖြစ်လာခဲ့ကြောင်းသိရပါတယ်။ ဒီလိုဖြစ်စေတဲ့အကြောင်းအရင်းကတော့ အိန္ဒိယရော်ဘာ ဈေးကွက်ဟာ ပုံမှန်လည်ပတ်မှုရှိပြီး ကုန်သွယ်ရေးအတားအဆီးများကို ကျော်ဖြတ်ပြီး စိုက်ပိုျးသူများအား ဝင်ငွေရအောင် ချိတ်ဆက် ဆောင်ရွက်ခွင့်ပြုထားလို့ပဲဖြစ်ပါတယ်။ အိန္ဒိယရဲ့ရော်ဘာခြံဈေးနှုန်းနဲ့ဈေးကွက်ဈေးနှုန်းက ၅ ရာခိုင်နှုန်း ကွာကြောင်း သီရိလင်္ကာမှရော်ဘာ ကျွမ်းကျင်သူများအဖွဲ့ကပြောကြားပါတယ်။ သီရိလင်္ကာစိုက်ပိုျး ရေးသမားများကတော့ ကုန်သွယ်ရေးအတားအဆီးများကြောင့် ဈေးကွက်ဈေးနှုန်း ၂ဝ ရာခိုင်နှုန်းလောက် ဆုံးရှုံးနေရကြောင်း သိရပါတယ်။ သီရိလင်္ကာစိုက်ပိုျးရေး ဝန်ကြီးဌာနမှအဖွဲ့ဟာ အိန္ဒိယရော်ဘာသိပ္ပံ၊ ရော်ဘာအသင်း၊ စိုက်ပျိုးရေးခြံများနဲ့ ရော်ဘာထုတ်လုပ်ရေးစက်ရုံများကို သွားရောက်ခဲ့ပြီးသီရိလင်္ကာရဲ့ ရော်ဘာဈေးကွက်ကို မြှင့်တင်ဖို့လေ့လာခဲ့ကြောင်းသိရပါတယ်။ သီရိလင်္ကာမှာ စိုက်ပျိုးသူများထံမှ ကုန်သည်များက စုစည်းဝယ်ယူပြီး တစ်ပတ်ကိုနှစ်ကြိမ်လေလံတင်ရောင်းချပြီး လက်ကားဈေးသဘောဝယ်ယူပါ တယ်။ ဒါ့ကြောင့် စိုက်ပျိုးသူများဟာ နိုင်ငံတကာဈေးနှုန်းရဲ့ ၈ဝ ရာခိုင်နှုန်းကိုသာရရှိတယ်လို့ သီရိလင်္ကာစိုက်ပျိုး ရေးဝန်ကြီးဌာနရဲ့ တွဲဖက်ဝန်ကြီးကပြောကြားပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ ရော်ဘာစိုက်ပိုျးရေးသမား တွေဟာနိုင်ငံတကာ ဈေးရဲ့၉၅ ရာခိုင်နှုန်းကို ရရှိပါတယ်။သီရိလင်္ကာ လေ့လာရေးအဖွဲ့ဟာ အိန္ဒိယရော်ဘာ သုတေသနဌာနများကို သွားရောက်လေ့လာခဲ့ပြီး အိန္ဒိယရော်ဘာ မြှင့်တင်ရေး လုပ်ငန်းများကိုလည်း ကြည့်ရှုနည်းယူခဲ့ကြောင်း သိရပါတယ်။          သီရိလင်္ကာအနေနဲ့ ရော်ဘာထုတ်လုပ်မှု ၆ ရာခိုင်နှုန်းတိုးလာပြီး ရော်ဘာစိုက်ပိုျးရေးတွေကနေ ထုတ်လုပ်မှုတိုးမြှင့် ရေးနဲ့ ဈေးကွက်အကျိုးသက်ရောက်မှုတိုးတက်ရေးအတွက် စီမံကိန်းချမှတ်ဆောင်ရွက်လိုပါ တယ်။ သီရိလင်္ကာမှာရော်ဘာစိုက်ပျိုးဧရိယာစာရင်းများကောက်ယူနေပြီး ဒီနှစ်မှာ ဟက်တာ ၂ဝဝဝ လောက်တိုးခဲျ့စိုက်ပျိုးမှာဖြစ်ကြောင်းသိရပါတယ်။ သီရိလင်္ကာဟာ ထုတ်လုပ်မှုရဲ့ ၄ဝ ရာခိုင်နှုန်းကိုတင်ပို့ပြီး ၆ဝ ရာခိုင်နှုန်းခန့်ကိုတော့ ဒေသတွင်းစက်မှု လုပ်ငန်းများဖြစ်တဲ့ဆိုက်ကားတာယာ၊ မွေ့ယာနဲ့ အခြားပစ္စည်းများ ထုတ်လုပ်ရာမှာ အသုံးပြုပါတယ်။ ၂ဝ၁ဝ မတ်လနောက်ပိုင်းမှာသီရိလင်္ကာရဲ့ရော်ဘာထုတ်လုပ်မှုဟာ ရာသီဥတု ဆိုးရွားမှုကြောင့်ကျဆင်းခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့စနစ်နဲ့နှိုင်းယှဉ်ရင်သီရိလင်္ကာရော်ဘာစိုက်ပျိုးသူတွေဟာ လေလံတင်ရောင်းချမှုကြောင့် ဈေးကောင်းရဖို့ ခက်ခဲနေသေးကြောင်း သီရိလင်္ကာမှပြောရေးဆိုခွင့်ရှိသူက ပြောကြားကြောင်းးသတင်းရရှိပါတယ်။ှ                                                                                                             Source : commodity onLine,                                                                                                                       KZW

Tuesday, 19 Oct 2010

ရော်ဘာဈေးနှုန်းမြင့်တက်၍ တာယာဈေးတက်မည်      ဂျာမန်မော်တော်ယာဉ်ပစ္စည်းထုတ်လုပ်ရေး Continential  များက ရော်ဘာဈေးနှုန်းတွေ စံချိန်တင်လောက်အောင် မြင့်တက်နေတဲ့အတွက် လာမယ့်နှစ်မှာ တာယာဈေးနှုန်းပျှမ်းမျှခြင်း ၅ ရာခိုင်နှုန်း မြှင့်တင်မယ်လို့ ပြောကြားခဲ့ပါတယ်။ Continential  ဟာ ဥရောပတာယာထုတ်လုပ်ရေးမှာ အကြီးဆုံးလုပ်ငန်းဖြစ်ပြီး တာယာအမျိုးအစားများစွာထုတ်လုပ်ပါတယ်။ ရော်ဘာဈေးနှုန်းဟာ သမိုင်းတင်လောက်အောင်မြင့်တက်နေပြီး တစ်ကီလိုဂရမ်ကို ၃ ဒေါ်လာ ကျော်ဖြစ်နေ ကြောင်း ကုမ္ပဏီမှရှင်းပြခဲ့ပါတယ်။ တာယာပြုလုပ်ရာမှာ သဘာဝရော်ဘာ ၄ဝ ရာခိုင်နှုန်းကျော်သုံးစွဲရပြီး Continential အနေနဲ့ တဖြည်းဖြည်း ရော်ဘာအစားထိုးနိုင်ဖို့ကို ရှာဖွေခဲ့ကြောင်းလည်း ကုမ္ပဏီက ဆက်လက်ပြောကြား ခဲ့ပါတယ်။ မီချီလင်း တာယာ လုပ်ငန်းကတော့ ဇူလိုင်လကတည်းက ဈေးတက်ဖို့ပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။ှ                                                                                                                                Source: AFP,KZW

Tuesday, 19 Oct 2010

ပင်လယ်ရေကြောင်းအပို့အနည်းငယ်ကျဆင်း       အောက်တိုဘာ ၄ ရက်မှ ၁ဝ ရက်အထိ ကာလအတွင်းပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၈၈၄ တန်၊တန်ဖိုးကန်ဒေါ်လာ ၂ ဒသမ ၆၄၄ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က တန်ချိန် ၁၂ဝဝ တင်ပို့ခဲ့တာကြောင့်ယခုအပတ် ၃၁၆ တန်လျော့နည်းတင်ပို့ခဲ့ကြောင်းသိရပါတယ်။ ရက်သတ္တတစ်ပတ်နဲ့ တစ်ပတ် အတိုးအလျော့ကွာပေမဲ့စဉ်ဆက်မပြတ်တင်ပို့နေရကြောင်းတွေ့ရှိရပါတယ်။ ယခုအပတ်တင်ပို့တဲ့ နိုင်ငံများကတော့ တရုတ်ကို MSR (၂ဝ) ၂ဝ၁တန်၊ ဗီယက်နမ်ကိုRSS (၃) တန် ၆ဝ နဲ့မလေးရှားကိုMSR  (၅ဝ) တန် ၄ဝ၊  RSS  (၃) ၁၉၈ တန်နဲ့RSS  (၅) ၃၅၈ တန်အသီးသီးတင်ပို့ခဲ့ကြောင်း သတင်းရရှိပါတယ်။ု                                                                                                                                                KZW

Tuesday, 19 Oct 2010

ပဲစင်းငုံဈေးနှုန်းကျလာ    အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များမှာ ပဲအလွယ်တကူ ရရှိနေခြင်းနဲ့ခွဲစက်များက ဝယ်လိုအားနည်းခြင်းတို့ကြောင့် ဒီတစ်ပတ် ပဲစင်းငုံဈေးနှုန်း ကျဆင်းလာပါတယ်။ ဒါ့အပြင် လက်ရှိမိုးရာသီ ပဲအထွက်မြင့်တက်မယ့် မျှော်လင့်ချက်များကြောင့် ဈေးကွက်တွေမှာ ပဲရောင်းအားများနေပါတယ်။ ပဲစင်းငုံစိုက်ပိုျးတဲ့ဒေသတွေမှာ ရာသီဥတုအခြေအနေပေးခြင်းက သီးနံှများအတွက် တိုးတက်မှုရှိနေတယ် လို့ သိရပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့စာရင်းအရ အင်ဒရာပရာဒေ့ရှ်မှာ ပဲစင်းငုံစိုက်ဟက်တာ ၆ ဒသမ ၄ဝ သိန်းရှိလို့ ယခင်နှစ် စိုက်ဟက်တာ ၄ ဒသမ ၃၉ သိန်းထက် ဟက်တာ ၂ သိန်းကျော် ပိုမိုနေပါတယ်။ ကာလတို အတွင်း ပဲစင်းငုံဈေးနှုန်း လျော့ကျဖွယ်ရှိ တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ် ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ်ဇယား-၄                                                                                             ဒေါ်လာ/တန်  ဈေးကွက်                     ၇ .၁ဝ .၁ဝ         ၆ .၁ဝ .၁ဝ           ၅ .၁ဝ .၁ဝ         ၄ .၁ဝ .၁ဝမွန်ဘိုင်း (မြန်မာပဲစင်းငုံ)         ၇၄၂               ၇၅၄                     ၇၇၃               ၇၇၇ဒေလီ (မြန်မာပဲစင်းငုံ)            ၇၅၃               ၇၆ဝ                     ၇၇၉               ၇၈၉ချန်နိုင်း( မြန်မာပဲစင်းငုံ)           ၇၉၈               ၇၉၃                    ၈ဝ၁                ၈ဝဝ

Tuesday, 19 Oct 2010

ပဲတီစိမ်းဈေး ငြိမ်သလောက်ရှိ     ယခုတစ်ပတ် အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပွဲတော် အတွက် အဝယ်ရှိလို့ ပဲတီစိမ်းဈေးငြိမ်သလောက် ဖြစ်နေပါတယ်။ရာဂျက်စသန်ဒေသဈေးကွက်တွေကို ပဲအသစ်ဝင်ရောက်မှု တိုးတက် ပေမဲ့ အရည်အသွေးကောင်း ပဲများကို ဝယ်လိုအားရှိခြင်းက ဈေးနှုန်း ကို အထောက်အပံ့ဖြစ်စေပါတယ်။ ကာနာတာကာရဲ့ ပဲထွက်ရှိရာ ဒေသများက ပဲဝင်ရောက်မှု ကျဆင်းနေတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၅ ရက်စာရင်းအရ အင်ဒရာပရာဒေ့ရှ်မှာ ပဲတီစိမ်း စိုက်ဧရိယာဟက်တာ ၂ ဒသမ ၉၆ သိန်းရှိလို့ ယခင်နှစ်ကာလတူ စိုက်ဟက်တာ ၂ ဒသမ ၁၃ သိန်းထက် ပိုမိုနေပါတယ်။ တရုတ်နိုင်ငံ နဲ့ တန်ဇန်းနီးယားတို့ကတင်သွင်းထားတဲ့ ပဲတီစိမ်းများ ရောက်ရှိလာခြင်း က ရောင်းအားကိုပိုစေပါတယ်။ ကာလတိုအတွင်း ဈေးနှုန်းလျော့ ကျနိုင်တယ်လို့ ခန့်မှန်းကြ ပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက် ပါတယ်ဇယား-၃                                                                                    ဒေါ်လာ/တန်  ဈေးကွက်                ၇ .၁ဝ .၁ဝ        ၆ .၁ဝ .၁ဝ         ၅ .၁ဝ .၁ဝ             ၄ .၁ဝ .၁ဝမွန်ဘိုင်း(ပဲတီရွှေဝါ)   ၁ဝ၇၉-၁၁၂၄      ၁ဝ၇၃-၁၁၁၈        ၁ဝ၈၄-၁၁၂၉         ၁ဝ၈၂-၁၁၂၇ချန်နိုင်း(ပဲတီရွှေဝါ)        ၁ဝ၅၆              ၁ဝ၅၁                ၁ဝ၆၁                  ၁ဝ၃၇ဒေလီ                      ၁ဝ၁၁               ၁ဝဝ၆                ၁ဝ၁၆                  ၁ဝ၁၄

Tuesday, 19 Oct 2010

ကုလားပဲဈေးအပြောင်းအလဲများ    အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များမှာ ယခုသီတင်းပတ်အစပိုင်းမှာ ပွဲတော်အတွက် အဝယ်တက်လာလို့ ဈေးအနည်း ငယ် တက်ခဲ့ပြီး သီတင်းပတ်နှောင်းပိုင်းမှာ ရောင်းလိုအားများတာကြောင့် ဈေးလျော့ခဲ့ကာ တစ်ပတ်အတွင်း အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပါ တယ်။ ဈေးကွက်တွေမှာ လက်ကျန်တွေရှိနေသေးတာရယ်၊ မိုးပဲအထွက်မြင့်တက်မယ့် မျှော်လင့်ချက်တွေရယ် ကြောင့် ဈေးနှုန်းလျော့ ကျနိုင်ပေမဲ့ ဆောင်းကုလားပဲအတွက် အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်း မြင့်တက်မယ့် ခန့်မှန်းချက်တွေနဲ့ ပွဲတော်အတွက် ဝယ်လိုအားတွေ ရှိနေခြင်းတို့ကြောင့် ကာလတိုအတွင်း ဈေးခိုင်မာဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက် တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ်ဇယား-၂                                                                             ဒေါ်လာ/တန်  ဈေးကွက်        ၇ .၁ဝ .၁ဝ       ၆ .၁ဝ .၁ဝ          ၅ .၁ဝ .၁ဝ         ၄ .၁ဝ .၁ဝမွန်ဘိုင်း            ၅၃၃              ၅၂၇                 ၅၃၅                 ၅၃၆-၅၃၉ဒေလီ               ၅၁၇              ၅၁၄                 ၅၁၉                    ၅၁၈ကန်ပါ            ၅၃၃-၅၃၄           ၅၂၇                ၅၃၆                  ၅၃၄-၅၃၅

Tuesday, 19 Oct 2010

အိန္ဒိယနိုင်ငံမှာ ပွဲတော်ရာသီ စတင်ဝင်ရောက်လာတာနဲ့အမျှ ပဲမျိုးစုံဝယ်လိုအား ကောင်းလာနိုင်ပြီး ဈေးနှုန်းများမြင့်တက်လာဖို့တာစူနေပါတယ်။ ယခင်နှစ်ကာလတူ စိုက်ဟက်တာ ၉၇ ဒသမ ၆၆ သိန်းထက် ၁၈ ဒသမ ၂၇ သိန်း မြင့်တက်လာခဲ့ပါတယ်။ ၂ဝဝ၈ ခုနှစ်နဲ့ နှိုင်းယှဉ်ရင်လည်း ဟက်တာ ၁၁ ဒသမ ၇ သိန်း တိုးခဲျ့လာနိုင် တယ်လို့ သိရပါတယ်။ ယခင်နှစ်တွေထက် စိုက်ဧရိယာ သိသိသာ သာ ပိုမိုလာတာကြောင့် အထွက်လည်းမြင့်တက်မယ့် အလားအလာ တွေအရ ပဲဈေးက သိသိသာသာ မတက်ဘဲရှိနေတာကို တွေ့ရပါ တယ်။ မတ်ပဲဈေး ဆက်လက်လျော့ကျ         အိန္ဒိယပြည်တွင်းပဲဈေးကွက်တွေမှာ ပဲအသစ်တွေဝင်လာ နေပေမဲ့ မတ်ပဲခွဲခြမ်းတွေကို ဝယ်လိုအားကျလာ တာကြောင့် ဒီတစ်ပတ် မတ်ပဲဈေး ဆက်လက်လျော့ကျခဲ့ပါတယ်။ တောင်ပိုင်းဈေးကွက် များနဲ့ မဒ္ဒရာပရာဒေ့ရှ်မှာတော့ ပဲဝင်ရောက်မှု ကျဆင်းလာတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့စာရင်းအရ အင်ဒရာပရာ  ဒေ့ရှ်မှာ မတ်ပဲစိုက်ဧရိယာ တစ်သိန်း ရှိလို့ ယခင်နှစ်ကာလတူ စိုက် ဟက်တာ ဝ ဒသမ ၈၃ သိန်းထက် ပိုမိုနေပါတယ်။ လက်ရှိရာသီ အတွင်း မတ်ပဲအသစ် ထွက်ရှိ ပိုမိုမယ့် မျှော်လင့်ချက်များက ဈေးနှုန်း ကျဆင်းဖို့ ဖိအားဖြစ်စေတာမို့ ကာလတိုအတွင်းမှာလည်း ဈေးလျော့ ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက် အသီးသီးမှာ တစ်ပတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား (၁)နဲ့ ဖော်ပြထားပါတယ်ဇယား-၁                                                                              ဒေါ်လာ/တန်  ဈေးကွက်     ၁၃ .၁ဝ .၁ဝ        ၁၂ .၁ဝ .၁ဝ         ၁၁ .၁ဝ .၁ဝ           ၉ .၁ဝ .၁ဝမွန်ဘိုင်း         ၉၄၄                ၉၃၉-၉၅ဝ            ၉၆၅-၉၇၁              ၉၇၅-၉၈ဝဒေလီ            ၉၇၈                   ၉၇၈                ၉၉၃                     ၉၉၁ချန်နိုင်း      ၉၈၉-၁၁၄၆             ၉၉၅-၁၁၅၁        ၁ဝ၁၆-၁၁၇၄           ၁ဝ၁၄-၁၁၇၇

Pages