Main menu

Background

Monday, 18 Oct 2010

နို့ဆီ၊ နို့စိမ်း တင်သွင်းမှုလျော့    ယခုအပတ်မှာ ကော့သောင်းနယ် စပ်မှ နို့ဆီ ၄၂ တန် (၂၂၅ဝ ကာတွန်း) နဲ့ နို့စိမ်း ၂၈ တန်(၁၅ဝဝ ကာတွန်း) ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၇၁၇၇၅ ဖိုးတင်သွင်းခဲ့ပါတယ်။ တင်သွင်းတဲ့ တံဆိပ်တွေကတော့ နို့စိမ်းမှာ MyBoy  ဖြစ်ပြီး နို့ဆီမှာတော့ MyBoy နဲ့ Falcon  တံဆိပ်များဖြစ်ပါတယ်။ တစ်ဖက် နိုင်ငံဈေး မိမိဘက်ဈေး ထူးခြားစွာ ပြောင်းလဲမှုမရှိသော်လည်း ယခုအပတ် တွင် မိုးများစွာရွာသွန်းမှုကြောင့် ကုန် ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုများရှိနိုင် တဲ့အတွက် တင်သွင်းမှု လျော့နည်းရ ခြင်းဖြစ်ပြီး ယခင်အပတ် နဲ့နှိုင်းယှဉ်လျှင် နို့ဆီ ၉ တန်နဲ့ နို့စိမ်း ၆၅ တန် လျော့ နည်းတင်သွင်းခဲ့တယ်လို့သိရပါတယ်။                                                                                                                       MIRT(DOBT)

Monday, 18 Oct 2010

စင်ကာပူဘက်ကနို့စိမ်းအဝင်ကောင်း              စားသောက်ကုန်သုံးနို့ဆီကို အမြဲ တမ်းဖောက်သည်ဖြစ်တဲ့ စင်ကာပူ နိုင်ငံဘက်ကနေ အောက်တိုဘာ ၄ ရက်မှ ၁၁ ရက်ကာလတွင်း တန်ချိန် ၃၁ ဒသမ ၄၄တန်၊ တန်ဖိုးကန်ဒေါ်လာ ၂၆၃၂၅၁ ဒသမ ၃ ဒေါ်လာဖိုး တင် သွင်းခဲ့ ပါတယ်။ ယခုသီတင်းပတ် အတွင်း နို့ဆီ ၃၁ ဒသမ ၄ တန်သွင်း ခဲ့သလို နို့စိမ်းဘက်ကတော့ တန်ချိန် ၅ဝ၉ ဒသမ ၃ တန် ဝင်လာ တာတွေ့ ရပါတယ်။ ဒွန်းတံဆိပ် နို့စိမ်းတွေတင် သွင်းလာတာဖြစ်ပြီး နို့ဆီနို့စိမ်းစုစုပေါင်း ကန်ဒေါ်လာ ၇၆၇၂၇၃ ဒေါ်လာဖိုး တင်သွင်းခဲ့ပါတယ်။ နို့စိမ်းအဝင်က ပြီး ခဲ့တဲ့အပတ်ထက် ၁၆ ဆလောက်ပိုခဲ့ပါ တယ်။ နို့မှုန့်အဝင်ကတော့ နယူးဇီလန် နိုင်ငံဘက်က စုစုပေါင်းတန်ချိန် ၁၇ဝ ဒသမ ၄ တန် နို့မှုန့်အဝင်ရှိခဲ့ကြောင်း သိရပါတယ်။ြွှှုျ (ီဥွှ)

Wednesday, 13 Oct 2010

ပြည်တွင်းနို့ဆီလက်ကားဈေး                   တစ်ဘူး/ကျပ်                                  ရန်ကုန်        မန္တလေးဒွန်း( နို့ဆီ )                     ၆၄၅          ၆၆ဝဒွန်း( နို့စိမ်း)                     ၆၁ဝ           ၆၂၅မာရီဂိုး(နို့ဆီ)                    ၅၈ဝ           ၅၉၅လပ်ကီးကောင်း( နို့စိမ်း)       ၅၃ဝ           ၅၄၅

Wednesday, 13 Oct 2010

 တရုတ်နိုင်ငံ ဂရိဘွန်းစာချုပ်တွေ ဝယ်ဖို့ကမ်းလှမ်း         ဂရိနိုင်ငံရဲ့ကြွေးမြီဝန်ထုပ်ဝန်ပိုးတွေက ယူရိုဇုန်ကို အကျပ်အတည်းဖြစ် အောင် တွန်းပို့နေတဲ့အတွက် ဂရိနိုင်ငံကို ထောက်ပံ့မှုပေးကြောင်း ပြသတဲ့ အနေနဲ့ ဂရိအစိုးရကထုတ်ဝေတဲ့ ဘွန်းစာချုပ်တွေဝယ်ယူဖို့ ဂရိနိုင်ငံသို့ နှစ်ရက် ကြာ သွားရောက်ခဲ့တဲ့ ခရီးစဉ်အစ အောက်တိုဘာ ၂ ရက်နေ့က တရုတ်နိုင်ငံ က ကမ်းလှမ်းခဲ့ပါတယ်။ ဂရိနိုင်ငံဟာ ဥရောပခရီးစဉ်ရဲ့ ပထမစခန်းချရာနိုင်ငံ ဖြစ်ပါတယ်။ လာမဲ့ငါးနှစ်အတွင်းမှာ တရုတ်နိုင်ငံက ဂရိနိုင်ငံနဲ့ ကုန်သွယ်မှု ဆက်ဆံရေးကို နှစ်ဆတိုးမြင့်မယ်လို့ ဝမ်က ဂရိဝန်ကြီးချုပ် ဂျော့ပါပန်ဒရီယိုနဲ့ ဆွေးနွေးစဉ် ကာလအတွင်း ပြောကြားခဲ့ပါတယ်။        အကျပ်အတည်းကို အောင်မြင်ကျော်လွှားနိုင်အောင် ယူရိုဇုန်နိုင်ငံတွေနဲ့ ဂရိနိုင်ငံကို ထောက်ပံ့နိုင်ဖို့အတွက် တရုတ်အစိုးရက အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ဝမ်က ပြောကြားပါတယ်။      ဂရိနိုင်ငံမှာ စီးပွားရေးအခွင့်အလမ်းတွေ တွေ့မြင်နေရရုံသာမက စီးပွား ရေးအတွက် အသည်းအသန်ရုန်းကန်နေရတဲ့ ဥရောပနိုင်ငံတွေကိုလည်း တရုတ် နိုင်ငံရဲ့ထောက်ပံ့မှုက တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေးမူဝါဒအပေါ်မှာ အပြည်ပြည် ဆိုင်ရာက ဝေဖန်မှုတွေနဲ့ ယွမ်တန်ဖိုးကို အကြီးအကျယ်တိုးမြှင့်ပေးဖို့ ငြင်း ဆန်နေတာတွေကို လွင့်ပါးသွားစေမှာ ဖြစ်ပါတယ်။     ဂရိပါလီမန်မှာပြောကြားရာ၌ တရုတ်နိုင်ငံရဲ့ ''ဈေးကွက်စီးပွားရေး အဆင့် အတန်းပြည့်ဝမှု''ကို အသိအမှတ်ပြုဖို့နဲ့ နည်းပညာ အဆင့်မြင့်ပို့ကုန်တွေ ကန့် သတ်ထားတာတွေလျှော့ချဖို့ သူက တိုက်တွန်းခဲ့ပါတယ်။         တရုတ်နိုင်ငံမှာ လုပ်ငန်းဆောင်ရွက်နေတဲ့ ပင်လယ်ရပ်ခြားကုမ္ပဏီတွေကို လိုင်စင်ထုတ်ပေးရာမှ အခက်အခဲ တွေကြုံနေပြီး ပြည်တွင်းကုမ္ပဏီတွေကတော့ မမျှတတဲ့ အကျိုးကျေးဇူးတွေ ခံစားနေရတယ်ဆိုတဲ့ စိုးရိမ်မှုတွေ ပြေပျောက်မှု ရှိအောင် ဝမ်က ပြောကြားခဲ့ပါတယ်။ှ                                                                                 Source :aljazeera.net, ဉာဏ်တင်

Tuesday, 12 Oct 2010

ဘရာဇီးကြံအထွက်လျော့ကျမယ့် ခန့်မှန်းချက်ကြောင့် သကြားဈေးမြင့်တက်လာ        ကမ္ဘာမှာ သကြားအများဆုံးထုတ်လုပ်တဲ့ ဘရာဇီးနိုင်ငံအတွင်း ကြံ အထွက် လျော့ကျမယ်ဆိုတဲ့ အမေရိကန် စိုက်ပျိုးရေးဌာန (USDA ) ရဲ့ ခန့်မှန်းချက် ထွက်ပေါ်လာပြီးနောက် လန်ဒန်မှာ သကြားဈေးမြင့်တက်လာခဲ့ပါတယ်။ မေလ ၁ ရက်နေ့မှာ စတင်တဲ့ လက်ရှိဈေးကွက်ရာသီအတွင်း ဘရာဇီးနိုင်ငံက ကြံတန်ချိန် ၆၃၉ သန်းရိတ် သိမ်းရမယ်လို့(USDA ) က အောက်တိုဘာလ ၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အဲဒီပမာဏဟာ အစောပိုင်းခန့်မှန်းထားတဲ့တန်ချိန် ၆၆ဝသန်း ထက် လျော့ကျခဲ့ပါတယ်။        နယူးယောက်မှာ ဒီဇင်ဘာပို့ရမယ့် သကြားဖြူဈေးဟာ တစ်တန်ကို ဝ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ကန်ဒေါ်လာ ၆၁ဝ ဒသမ ၉ဝ ဈေးဖြစ်ခဲ့ပြီး မတ်လ ပို့ရမယ့် သကြားကြမ်းဈေးကလည်း ဝ ဒသမ ၄ ရာခိုင်နှုန်းမြင့် တက်ပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၂၃ ဒသမ ဝ၈ ဆင့် (တစ်တန် ကန်ဒေါ်လာ ၅ဝ၉) ဈေးနဲ့ အရောင်းအ ဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာလပို့ရမယ့် ရိုဘက်စတာကော်ဖီဈေးဟာ ဝ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို ကန်ဒေါ်လာ ၁၆၃၂ ဈေးဖြစ်ခဲ့တယ်လို့သိရပါတယ်။ယမုံနာ၊ှSources: Bloomberg .com  

Tuesday, 12 Oct 2010

ပင်လယ်ရေကြောင်းအပို့ ပမာဏအနည်းငယ်ရှိ           စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၃ရက်နေ့အတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတင်ပို့မှု ၃၁၂ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ဝ၈၄ သန်းဖိုးတင်ပို့ခဲ့ကြောင်းသိရပါတယ်။ စက်တင်ဘာပထမပတ်က ၆၉ တန်တင်ပို့ခဲ့ပြီးနောက် တင်ပို့မှုရပ်တန့်ခဲ့ပြီး ယခုရက်သတ္တပတ်မှ ပြန်လည်တင်ပို့ ခြင်းဖြစ်ပါတယ်။ မလေးရှားကို တန် ၁၂ဝ နဲ့ ဟောင်ကောင်ကို ၁၉၂ တန်တင် ပို့ ခဲ့ကြောင်း သတင်းရရှိပါတယ်။ု                                                                                                                                  KZW  

Tuesday, 12 Oct 2010

အိန္ဒိယနိုင်ငံသည် ရော်ဘာတင်သွင်းမှု ၅၄ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ သကြား    အိန္ဒိယနိုင်ငံက ၂ဝဝ၉ ခုနှစ်တွင် ရော်ဘာတန်ချိန် ၅၇၄ တန်တင်ပို့နိုင်ပြီး ဧပြီလမှ စက်တင်ဘာလအတွင်း ရော်ဘာ ဝယ်လိုအားမှာ တန်ချိန် ၄၅၆၃၆၅ တန်မှ တန်ချိန် ၄၆၅၅၅ဝ တန်ကိုမြင့်တက်ခဲ့ရာ ရာခိုင်နှုန်းအနေနဲ့ ၂ ရာခိုင်နှုန်း ပိုမိုခဲ့ကြောင်း ၊ ရော်ဘာထုတ်လုပ်မှု မှာ တန်ချိန် ၃၄၈၆၂၅ တန်ရှိပြီး ၇ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက် ခဲ့ကြောင်း ရော်ဘာ အသင်းက ပြောခဲ့ပါတယ်။     ကားတာယာသုံးအတွက် ဝယ်လိုအားမြင့်တက်လျက်ရှိပြီး ဧပြီမှ စက်တင်ဘာလအတွင်း တာယာဝယ်လို အားမှာ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ၊ ဒါကြောင့် ပြည်တွင်းထုတ် မလုံလောက်မှုကြောင့် စက်တင်ဘာလတွင် သဘာဝရော်ဘာ တင်သွင်းမှု မြင့်တက်ခဲ့ရကြောင်း ဖော်ပြခဲ့ပါတယ်။ှ                                                                                                              Source:infodriveindia.com, နှင်းပန်းဖြူ

Tuesday, 12 Oct 2010

တရုတ်သို့ ရော်ဘာတန် ၁၀၀၀ ကျော်တင်ပို့     မြန်မာ-တရုတ်နယ်စပ်ရှိမူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်စခန်းများမှတစ်ဆင့် မြန်မာရော်ဘာအဆင့်စုံ တန်ချိန် ၁ဝ၅၄တန်ကျော်ကို စက်တင်ဘာလ ၂၉ ရက်မှ အောက်တိုဘာလ ၅ ရက်ထိကာလအတွင်း တရုတ်နိုင်ငံသို့ တင်ပို့ခဲ့တယ်လို့သိရပါတယ်။      မူဆယ် နယ်စပ်က RSS (၁) ၃၈ တန်ကျော်၊ RSS(၃) ၃၇၄ တန်နီးပါး၊ RSS(၅) ၃၁ တန်၊ MSR  (၂ဝ) ၁၂၆ တန်နဲ့ MSR  (၅ဝ) ၁၂၅ တန်ကျော်၊ ကန်ဒေါ်လာ ၂ ဒသမ ဝ၉၄ သန်းဖိုးနဲ့ ချင်းရွှေဟော်နယ်စပ်ကRSS (၃) တန် ၂၅ဝ နဲ့ RSS (၅) တန် ၁၁ဝ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ သန်းကျော်ဖိုးတင်ပို့ခဲ့တာဖြစ်ပါတယ်။ ဘဏ္ဍာနှစ်စမှ လအလိုက် နယ်စပ်စခန်းများကနေ ရော်ဘာတင်ပို့နိုင်မှုတွေကတော့ ဧပြီလမှာ ၂၆၁၆ တန်၊ ဇွန်လမှာ ၂၈၉၉ တန်နီးပါး၊ ဇူလိုင်လမှာ ၃၆၂၅ တန်ကျော်၊ သြဂုတ်လမှာ ၂၈၃၅ တန်ခန့်နဲ့ စက်တင်ဘာလမှာ ၄၆၅၅ တန်ခန့် အသီးသီး တင်ပို့နိုင်ခဲ့တယ် လို့သိရပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့မြန်မာ-တရုတ်နယ်စပ်က ရော်ဘာပေါက်ဈေးတွေကတော့ RSS(၃) တစ်တန်ကို ၂၉၆၈၄၇၄ ကျပ်နဲ့ RSS  (၅) တစ်တန်ကို ၂၈၄၇ဝ၁၄ ကျပ်အသီးသီး ဈေးပေါက်နေပြီး ၂၈-၉-၂ဝ၁ဝ နေ့က ဈေးနဲ့ နှိုင်းယှဉ်လျှင် RSS (၃) တစ်တန်ကို ၁၃၃၆၇၄ ကျပ်နဲ့ RSS (၅) တစ်တန်ကို ၂၂၅ဝ၁၄ ကျပ်ပိုခဲ့ပါတယ်။ တစ်ဖက်နိုင်ငံ မှာလည်း ရော်ဘာဈေးနှုန်းဟာ တည်ငြိမ်နေရာမှ ယခုအပတ်မှာ RSS  (၃) တစ်တန်ကို ၂၅၃ ဒေါ်လာနဲ့ RSS (၅) တစ်တန်ကို ၂၉၈ ဒေါ်လာခန့် ဈေးပိုလာတာတွေ့ရပါတယ်။ ယခုအပတ်နဲ့ ယခင်အပတ် ဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                            မိမိဘက်(ကျပ်/တန်)                           တစ်ဘက်နိုင်ငံ(ယွမ်/တန်)                ယခု       ယခင်           ပြောင်းလဲမှု     %      ယခု       ယခင်      ပြောင်းလဲမှု       %ှRSS(၃) ၂၉၆၈၄၇၄    ၂၈၃၄၈ဝဝ        ၁၃၃၆၇၄     ၄      ၂၃၃၇      ၂၉၈၄          ၂၅၃           ၈RSS(၅) ၂၈၄၇ဝ၁၄     ၂၆၂၂ဝဝ၁        ၂၂၅ဝ၁၄     ၈       ၃ဝ၅၈     ၂၇၆ဝ          ၂၉၈           ၁ဝMIRT (DOBT)

Wednesday, 6 Oct 2010

အိန္ဒိယ-အာဆီယံလွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက် အကောင်အထည်ဖော်နိုင်ရန် အိန္ဒိယနိုင်ငံမှလာအိုနိုင်ငံအား အထောက်အပံ့များပေးခြင်း     အိန္ဒိယ-အာဆီယံလွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်တွင် လာအိုနိုင်ငံမှ မကြာမီပါဝင်ပူးပေါင်း အကောင်အထည်ဖော်ဖို့ အိန္ဒိယနိုင်ငံဘက်မှ မျှော်လင့်လျက်ရှိကြောင်း၊ အဆိုပါပူးပေါင်းကုန်သွယ်မှုနှစ်နိုင်ငံ ကုန်သွယ်မှု အမေရိကန် ဒေါ်လာ ၃၆ ဒသမ ၉၈ သန်းကို တိုးတက်မြှင့်တင်နိုင်မှာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ လာအိုနိုင်ငံရဲ့ ဖွံ့ဖြိုးမှုအနိမ့်ဆုံးအဆင့်မှ လွတ်မြောက်ရေးအတွက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့ကို အိန္ဒိယမှ ကူညီလိုကြောင်း၊ လာအိုနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ အိန္ဒိယသမ္မတ Pratibha Patil  က ပြောကြားခဲ့ပါတယ်။        လာအိုနိုင်ငံဘက်ကလည်း မကြာမီအိန္ဒိယနိုင်ငံတွင် ကျင်းပမဲ့ အာဆီယံ-အိန္ဒိယကုန်စည်ပြပွဲ ၂ဝ၁၁ ခုနှစ် မတ်လ တွင် ပါဝင်ပြသဖို့ရှိနေပါတယ်။ ဒီလိုကြိုးပမ်းအားထုတ်မှုများကြောင့် ၂ဝ၂ဝ တွင် အယ်ဒီစီအဆင့်မှ လွတ်မြောက် ဖို့ ကြိုးပမ်း ရည်မှန်းထားခဲ့ပြီး လာအို ရေအားလျှပ်စစ်စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၇၂ ဒသမ ၅၅ သန်းကို ငွေချေးစနစ်နဲ့ ထုတ်ချေးခဲ့ဖို့ အိန္ဒိယကသဘောတူခဲ့ပါတယ်။ှ                                                                                            Source :ibnlive.in.com ,တင်တင်နွဲ့

Wednesday, 6 Oct 2010

လန်ဒန်ကြိုပွိုင့်ရောင်းဝယ်ရေးတွင် သကြားနှင့် ကော်ဖီဈေးနှုန်းမြင့်တက်     လန်ဒန်ကြိုပွိုင့်ရောင်းဝယ်ရေး (London International Financial Futures and options Exchange -LIFFE) တွင် စက်တင်ဘာ ၂၈ ရက် နေ့တွင် ဒီဇင်ဘာလ သင်္ဘောတင်မဲ့ သကြားအဖြူဈေးနှုန်းက တစ်တန်ကို ကန်ဒေါ်လာ ၆၄၅ ကို ဈေးတက် သွားကြောင်း သတင်းရရှိပါတယ်။      ကမ္ဘာ့သကြားအဓိက ထုတ်လုပ်တဲ့ နိုင်ငံများဖြစ်တဲ့ ဘရာဇီး၊ အမေရိက  အလယ်ပိုင်း၊ ရုရှ၊ အိန္ဒိယနဲ့ သြစတြေးလျ တို့တွင် ရာသီဥတု ဆိုးကိုျးများ ကြောင့် သကြားဈေးကွက်ကို တွန်း အား ဖြစ်စေခဲ့ကြောင်း၊ အမေရိက အလယ်ပိုင်းဒေသမှာ ယခု ရက်သတ္တ ပတ်တွင် အပူပိုင်းမုန်တိုင်း ကြုံတွေ့ခဲ့မှု ကြောင့် ကြံပင်များ ပျက်စီးဆုံးရှုံး ခဲ့ ကြောင်း ဖော်ပြခဲ့ပါတယ်။      အလားတူ ဗီယက်နမ်တွင် ကော်ဖီထုတ်လုပ်မှုက အကန့်အသတ် ရှိမယ်လို့ မျှော်မှန်း ထားပြီး နိုဝင်ဘာလ သင်္ဘောတင်မဲ့ ရိုဘတ်စ်တာကော်ဖီက တစ်တန်ကို ကန်ဒေါ်လာ ၃ဝ ဈေး တက် သွားပြီး တစ်တန်ကို ကန်ဒေါ်လာ ၁၇၆၆ နဲ့ လန်ဒန် ကြိုပွိုင့်ရောင်းဝယ်ရေးတွင် ချုပ်ဆိုခဲ့ပါတယ်။ ဈေးကွက် အခြေအနေက အနောက် အာဖရိကရဲ့ ကောက်ပဲသီးနံှ ထုတ် လုပ်မှု အခြေအနေကို ခန့်မှန်း မရနိုင်သေးဘဲ စိုးရိမ်ဖွယ်ရာရှိနေဆဲ ပင် ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။                                                                                                        Source:beta.brecorder.com,                                                                                                                  အေးမွန်မွန်လှိုင်

Pages