Background
သဘာဝရော်ဘာတင်ပို့ခွန် အစီအစဉ်သစ် ထိုင်းနိုင်ငံက သဘာဝရော်ဘာတင်ပို့ခွန်ကို တိုးမြှင့်ဖို့စီစဉ်ထားလျက်ရှိပါတယ်။ သဘာဝရော်ဘာဈေးနှုန်း မှာ တစ်ကီလိုဂရမ်ကို ဘတ် ၈ဝ အောက်ဖြစ်ပါက ပို့ကုန်ခွန်တစ်ကီလိုဂရမ်ကို လက်ရှိ ၁ ဒသမ ၄ ဘတ်ကောက်ခံ နေရာမှ ၂ ဘတ်သို့လည်းကောင်း၊ ရော်ဘာဈေးနှုန်းမှာ တစ်ကီလိုဂရမ်ကို ၈ဝ ဘတ်မှ ၁ဝဝ ဘတ်အကြားရှိပါက ပို့ကုန်ခွန်ကို တစ်ကီလိုဂရမ် ၃ ဘတ်သို့လည်းကောင်း၊ ရော်ဘာဈေးနှုန်းမှာ တစ်ကီလိုဂရမ်ကို ၁ဝဝ ဘတ်အထက်ရှိ ပါက ပို့ကုန်ခွန်ကို တစ်ကီလိုဂရမ်ကို ၅ ဘတ်ကိုလည်းကောင်း အသီးသီးတိုးမြှင့်ကောက်ခံသွားမှာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ၎င်းသဘာဝရော်ဘာတင်ပို့ခွန်တိုးမြှင့်ကောက်ခံတဲ့ အစီအစဉ်က ၂ဝ၁ဝ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်အကျိုးသက်ရောက်မှာဖြစ်ပြီး သဘာဝရော်ဘာတင်ပို့ခွန်တိုးမြှင့်ကောက်ခံရခြင်းနဲ့ အသေးစားသဘာဝရော်ဘာ လုပ်ငန်းရှင်များအတွက် ငွေကြေးထောက်ပံ့ပေးနိုင်ဖို့အပါအဝင် သဘာဝရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ အမျိုးသား သဘာဝရော်ဘာရန်ပုံငွေတိုးမြင့်စေဖို့ ရည်ရွယ်ကြောင်း သိရပါတယ်။ ပင်လယ်ရပ်ခြားနိုင်ငံများရဲ့ ထုတ်လုပ်မှုစရိတ် ထက် ပိုမိုနိမ့်ကျတဲ့ ထိုင်းသဘာဝရော်ဘာထုတ်ကုန် ကုန်ချောများ ထုတ်လုပ်တဲ့ကဏ္ဍကိုလည်း နိုင်ငံခြားရင်းနှီးမြုပ်နံှ သူများကို ဆွဲဆောင် သွားနိုင်ဖို့လည်း ရည်ရွယ်ခဲ့ပါတယ်။ှ Source:thanir.com,မျိုးမျိုးထိုက်
တိုကျိုရော်ဘာကြိုပွိုင့်ဈေးနှုန်းနှင့် မလေးရှားရော်ဘာဈေးနှုန်းခုန်တက် စက်တင်ဘာလ ၂၇ ရက်နေ့တွင် လောင်စာဆီဈေးနှုန်းနဲ့ အခြားကုန်စည်ဈေးနှုန်းများ မြင့်တက်ခဲ့တဲ့အတွက် တိုကျိုရော်ဘာ ကြိုပွိုင့်ဈေးနှုန်းက ၅ လအတွင်း အမြင့်ဆုံးကိုရောက်ရှိခဲ့ပါတယ်။ မတ်လအတွက် ရော်ဘာကြိုပွိုင့် ဈေးနှုန်းမှာ တစ်တန်ကို ကန်ဒေါ်လာ ၃၆၉၄ နဲ့ တိုကျိုကြိုပွိုင့်ရောင်းဝယ်ရေးတွင် စာခုျပ်ခုျပ်ဆိုခဲ့ရာ ဧပြီလနောက်ပိုင်းအမြင့်ဆုံး ဈေးနှုန်း ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ မလေးရှားရော်ဘာဈေးနှုန်းကလည်း လာမဲ့ရက်သတ္တပတ်တွင် ရောင်းလိုအားတင်းကြပ်မှုကြောင့် ဈေးမာ နိုင်ကြောင်း၊မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရောင်းလိုအားကန့်သတ်ထားမှုက ဈေးနှုန်းကိုအမြင့်ကိုတွန်းပို့ပေးနေကြောင်း ဖော်ပြခဲ့ပါတယ်။ စက်တင်ဘာလ ၂၄ ရက်နေ့က မလေးရှားရော်ဘာအသင်းတွင် ဖြစ်ပေါ်ခဲ့တဲ့ မလေးရှား SMR၂၀ ဈေးနှုန်းက တစ်တန်ကို ကန်ဒေါ်လာ ၃၄၁၉ ဖြစ်ပြီး Latex မှာ တစ်တန်ကိုကန်ဒေါ်လာ ၂၃၆၂ ကိုဈေးတက်သွား ကြောင်း သတင်းရရှိပါတယ်။ှ Source:beta.brecorder.com,အေးမွန်မွန်လှိုင်
ယခုတစ်ပတ်နှမ်းတင်ပို့မှု တန် ၂ဝဝဝ ကျော် ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုအနေနဲ့ ယခုတစ်ပတ်စက်တင်ဘာ လ ၂ဝ ရက်မှ ၂၆ ရက်အတွင်း တန် ၂၃ဝဝ ခန့်အထိ စံချိန်တင်တိုးတက်လာတာ တွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ မလေးရှား၊စင်ကာပူနဲ့ ဗီယက်နမ်တို့ဖြစ်ပြီး၊ ဂျပန်နိုင်ငံကိုတော့ တန်ချိန် ၁၇ဝဝ ကျော်နဲ့ အများဆုံးတင်ပို့တာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်သီတင်းပတ် ဈေးနှုန်းများ အတိုင်း သိပ္ပံနှမ်း တစ်တန်ကို ကန်ဒေါ်လာ ၁၇ဝဝ-၁၈ဝဝ၊ နှမ်းနက်မှာကန်ဒေါ်လာ ၁၃၈ဝ-၁၄၈ဝ၊ နှမ်းဖြူတစ်တန်ကို ကန်ဒေါ်လာ ၁၃ဝဝ-၁၃၅ဝ အသီးသီးရှိကြောင်း သိရပါတယ်။MIRT (MAPT)
ရွှေဈေး ၁၃၁၁ ဒေါ်လာ နဲ့ရေနံစိမ်း ၇၉ ဒေါ်လာ နယူးယောက် ရွှေဈေးကွက်မှာ အမြင့်ဆုံး မှတ်တမ်းဝင်အဆင့်အဖြစ် ကြိုပွိုင့်ဈေး တစ်အောင်စကို ကန် ဒေါ်လာ ၁၃၁၁ ဒသမ ၈ဝ နဲ့ စက်တင် ဘာလ ၂၉ ရက်က ရောက်ရှိခဲ့ပါတယ်။ ဈေးကွက်က အရောင်းအဝယ် သမား တွေ၊ စိတ်ဝင်စားတဲ့ ပြည်သူတွေအနေနဲ့ ပိုမိုစိတ်ဝင်စား စရာဖြစ်လာပြီလို့ ဆိုပါ တယ်။ ''အရောင်းအဝယ် ပမာဏလည်း အနည်းငယ်တော့နှေးကွေး သွားတယ်။ ဝယ်လက်တွေ ပြန်ထုတ်လာတယ်။ ရွှေဈေးကို စိတ်ဝင်တစားမေးသူတွေ ပိုများ လာတယ်။ လက်ရှိအဆင့်ကတော့ အမြင့်ဆုံးပဲ''လို့ ကိုမစ်ဈေးကွက်က သုံးသပ်သူ တစ်ဦးက ပြောပါတယ်။ သုံးသပ်သူတချို့ကတော့ ဒီလိုမြင့်တက်လာတာ အံ့သြစရာမရှိပါဘူး။ အပြောင်းအလဲနဲ့ ပဲ ပျမ်းမျှအဆင့် ကိုရောက်ပြီး ပြန်လည် ကျသွားမှာပါလို့ဆိုပါတယ်။ ကာလတို မှာ အမြတ်ရရှိပြီး ရေရှည်မှာတော့ ပြန်ကျသွားမှာပါလို့ RBC Capital Market က သုံးသပ်သူ Lesh ပြောပါတယ်။ ကိုမစ်အဖွဲ့က ပြီးခဲ့တဲ့စက်တင်ဘာ ၂၇ ရက်နေ့က ဒီဇင်ဘာအရောက်ပို့ တစ်အောင်စကို ၁၂၇၆ ဒသမ ၂ ဒေါ်လာနဲ့ ရောင်းခဲ့ပြီးနောက် ယခု ၂၉ ရက်နေ့မှာ ၁၃၁၁ ဒသမ ၈ဝ နဲ့ ရောင်းခဲ့ပါတယ်။ ဥရောပနိုင်ငံများရဲ့ စီးပွားရေးအပေါ် ရောင်ပြန်ဟပ်မှုများ၊ ဗဟိုဘဏ်များရဲ့ ရောင်းလိုအားထက် ရွှေဝယ်လိုအားကို ဇောင်းပေးလာမှု များကြောင့် လက်ရှိ အနေအထားမှာ ရွှေဈေးက အကျပ်အတည်း စဖြစ်နေပြီး ရေနံစိမ်းဈေးကလည်း တစ်စည်ကို ၇၉ဒေါ်လာကျော်ကျော်နဲ့ ဈေးဖွင့်ခဲ့ပါ တယ်။ှSource:RBC Capital MarketWWN
ကမ္ဘာ့ရွှေဈေး ထပ်မံ စံချိန်ချိုး ပြည်တွင်းရွှေဈေး ဦးမော့လာနိုင် ကမ္ဘာ့ရွှေဈေးမှာ အဆမတန်မြင့်တက်လျက်ရှိရာ ယခုတစ်ပတ်အတွင်း ထပ်မံ ၍ စံချိန်မြင့်တက်လာသောကြောင့် ပြည်တွင်း ရွှေဈေးနှုန်းမှာလည်း ဦးမော့လာနိုင်ပြီးအတက်ဘက်သို့ ဦးတည်နေကြောင်း ရွှေလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။ ''အခုကမ္ဘာ့ဈေးက အမေရိကန်ငွေကြေးအပေါ် မူတည်နေတဲ့အတွက် အမေရိကန် ဒေါ်လာဈေးနှုန်းတွေ ကျဆင်းနေတဲ့အတွက် ရွှေဈေးက ဆက်တိုက်ဆိုသလို တက်လာတယ်။ ဒေါ်လာဈေးကျရင် ရွှေဈေးတက်သလို ဒေါ်လာဈေးတက်ရင် ရွှေဈေးကျတယ်။ အခုဆိုထိုင်းမှာလည်း စံချိန်သစ်တင်သွားတယ်။ တစ်ဒေါ်လာ ကို ဘတ် ၃ဝ ပဲရှိတယ်။ ကမ္ဘာ့ရွှေဈေးက အဆမတန် မြင့်တက် နေတဲ့အတွက် ပြည်တွင်းရွှေဈေးကလည်း အကျဘက်မရှိဘူး၊ အတက်ဘက်ကိုပဲ ဦးတည်နေတယ်။ အရောင်းအဝယ် ဈေးကွက်ကတော့ ပုံမှန်ပဲ။ ခပ်အေးအေးနဲ့ ပုံမှန်ပဲ သွားနေတယ်။ လက်ရှိဈေးနှုန်းကတော့ အတက်အကျသိပ်မရှိဘူး''ဟု ၎င်းက ပြောကြားသည်။ ကမ္ဘာ့ရွှေဈေးနှုန်းမှာ ယခင်တစ်ပတ်က တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၂၉၃ ဖြင့်စံချိန်တင်ခဲ့ပြီး ယခုတစ်ပတ် ကြာသပတေးနေ့တွင် တစ်အောင် စလျှင် အမေရိကန်ဒေါ်လာ ၁၃၁ဝ ဖြင့် စံချိန်အသစ်ချိူးခဲ့ကြောင်းနှင့် ပြည်တွင်း ရွှေဈေးနှုန်း မှာ စက်တင်ဘာ ၃ဝရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၅၅ဝဝဝ ကျပ်ဖြင့် ဈေးပိတ်ခဲ့ကြောင်းသိရသည်။ မင်းသန့််
သြဂုတ်လအတွင်း အမေရိကန်၏ တာရှည်ခံပစ္စည်းများ အဝယ်ဘော်ဒါ ပိုမိုရရှိခဲ့ခြင်းက ရေနံဝယ်လိုအားကို မြင့်မားစေ အာရှစတော့ရှယ်ယာတန်ဖိုးများ မြင့်မားလာခြင်းက စီးပွားရေးလုပ်ငန်းများနဲ့ စက်ရုံအလုပ်ရုံများရဲ့ ပစ္စည်းကိရိယာများ ဝယ်လိုအားကို ပြန်လည်ဆန်းသစ်စေတဲ့ လက္ခဏာကြောင့် လောင်စာဝယ်လိုအားမြင့်မားမယ်လို့ မျှော်လင့်လျက်ရှိပါတယ်။နယူးယောက်တွင် ရေနံစိမ်းဝယ်လိုအား ၄ ရက်မြောက်နေ့အဖြစ် ဆက်လက်မြင့်မား မယ်လို့ဆိုခဲ့ပြီး သြဂုတ်လအတွင်း အမေရိကန်ရဲ့ တာရှည်ခံပစ္စည်းများ အဝယ် အော်ဒါက မျှော်လင့်ထားတာထက် ပိုမိုရရှိခဲ့ခြင်းကလည်း ရေနံဝယ်လိုအားကိုမြင့်မားစေကြောင်း သိရပါတယ်။ နိုဝင်ဘာလတင်ပို့မဲ့ရေနံက တစ်စည်ကို ၂၉ ရာခိုင်နှုန်းမြင့်မားကာ ၇၆ ဒသမ ၇၄ ဒေါ်လာနဲ့ နယူးယောက် ကုန်စည် ဒိုင်ရောင်းဝယ်ရေးတွင် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာလတင်ပို့မဲ့ ဘရန့်အမိုျးအစားရေနံမှာလည်း တစ်စည်ကို ၂၈ ဆင့်မြင့်မားကာ ၇၉ ဒသမ ၁၅ ဒေါ်လာနဲ့ လန်ဒန် ICE Futures Europe Exchange တွင် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ှSource:bloomberg.com, ပပ
အင်ဒိုနီးရှားက သကြားဖြူဝယ်ယူဖို့ရှိပြီး၊ ပါကစ္စတန်က သကြားကြမ်းတင်သွင်းခွန်လျော့ချ အင်ဒိုနီးရှားနိုင်ငံက သကြားထုတ်လုပ်မှုကျဆင်းမယ့် အခြေအနေကိုစိုးရိမ်ပြီး သကြားဖြူတန်ချိန် ၅ သိန်း ခန့်တင်သွင်းသွားမှာဖြစ်ပြီး၊ ပါကစ္စတန်နိုင်ငံမှာလည်း သီးနံှများရေလွှမ်းမိုးမှုကြောင့် သကြားကြမ်းတင်သွင်းခွန်ကို ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ သကြားဝယ်ယူမှုက ကမ္ဘာ့ဈေးနှုန်းကိုမြင့်တက်စေနိုင်ပါတယ်။ လန်ဒန်မှာ လတ်တလောတင်ပို့ရမယ့် ထိုင်းသကြားဖြူရဲ့ ပရီမီယံတန်ဘိုးဟာ ကန်ဒေါ်လာ ၂ဝဝ ဖြစ်ခဲ့လို့ ဇူလိုင်လမှာ အမြင့်ဆုံးကို ရောက်ရှိခဲ့တဲ့ ကန်ဒေါ်လာ ၂၅ဝ နားနီးကပ်လာပြီလို့ ဆိုပါတယ်။ အရှေ့တောင်အာရှ နိုင်ငံများက သကြားအများဆုံး စားသုံးတဲ့ အင်ဒိုနီးရှား မှာ ယခုနှစ်မိုးတာရှည်တာကြောင့် သကြားအထွက်နှုန်း တန်ချိန် ၂ ဒသမ ၃သန်း ကို ကျဆင်းမယ့်အလားအလာအရ ၂ဝ၁၁ ခုနှစ်အစောပိုင်းစားသုံး ဖို့အတွက် မျှော်မှန်းထားတာထက်ပိုပြီး တန်ချိန် ၄၅ဝဝဝဝ တင်သွင်းသွားမယ်လို့ ကုန်သွယ်ရေးဝန်ကြီး Mari Pangestu မှ ပြောကြားပါတယ်။ အင်ဒိုနီးရှားနဲ့ ပါကစ္စတန်တို့လို သကြားသုံးစွဲနိုင်ငံများရဲ့ ဝယ်ယူမယ့်အလားအလာနဲ့ ထိပ်တန်းသကြား ထုတ်လုပ်တဲ့ ဘရာဇီးရဲ့ သကြားတင်ပို့မှု ပမာဏ များခြင်းတို့ကြောင့် စက်တင်ဘာလ ၂၁ ရက်နေ့မှာ ဒီဇင်ဘာလ အတွက် သကြားဖြူဈေးဟာ ကန်ဒေါ်လာ ၂ ဒသမ ၂ မြင့်တက်ပြီး တစ်တန်ကို ကန်ဒေါ်လာ ၆၁ဝဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပါကစ္စတန်နိုင်ငံဟာ သြဂုတ်လမှာ ရေလွှမ်းမိုးပြီး ကြံပင်များ ထိခိုက်ခဲ့ရတာကြောင့် သကြားကြမ်းတင်သွင်းခွန် ၂၅ ရာခိုင်နှုန်းကို လျှော့ချခဲ့တယ်လို့ သိရပါတယ်။ ယခုနှစ်မှာ သကြားတန်ချိန် ၁ ဒသမ ၂ သန်းတင်သွင်းဖို့ တင်ဒါများခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ ပါကစ္စတန်ဟာ နှစ်စဉ် သကြားတန်ချိန် ၄ ဒသမ၂ သန်း သုံးစွဲပြီး ယခုနှစ်မှာ တန်ချိန် ၃ သန်းခန့်သာထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ယမုံနာSources: Reuters
၂ဝ၁ဝ တွင် ကမ္ဘာ့ပြောင်းထုတ်လုပ်မှုမြင့်တက်နိုင် နိုင်ငံတကာသီးနံှကောင်စီရဲ့ နောက်ဆုံးထုတ်ပြန်တဲ့သတင်းအရ ကမ္ဘာ့ပြောင်းထုတ်လုပ်မှုက အမေရိကန်နိုင်ငံနဲ့ အာဖရိကနိုင်ငံတို့တွင် သီးနံှထွက်နှုန်းအလားအလာ ကောင်းမွန်တာကြောင့်တန်ချိန် ၈၂၉သန်း ခန့်ရှိမှာ ဖြစ်ကြောင်း ခန့်မှန်းပါတယ်။ တိရိစ္ဆာန်အစားအစာ၊ စက်မှုကဏ္ဍနဲ့ အစားအစာအတွက် အသုံးပြုမှု တိုးတက်လာတာနဲ့အမျှ ကမ္ဘာ့ပြောင်းစားသုံးမှုမှာ တန်ချိန် ၇ သန်းအထိ တိုးတက်လာပြီး စုစုပေါင်း တန်ချိန် ၈၃၇ သန်းခန့်သုံးစွဲမှု ရှိနေပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်အကုန်ပိုင်းတွင် ကမ္ဘာ့ပြောင်းကုန်လက်ကျန်မှာ လေးနှစ်တာကာလအတွင်း လျော့နည်းနိုင်ပြီး လက်ကျန်တန်ချိန် ၁၃၅သန်း ရှိမှာဖြစ်ပြီး ၂ဝဝ၉-၂ဝ၁ဝခုနှစ် ထက်တန်ချိန် ၈သန်းပိုမိုလျော့နည်းနိုင်ပါတယ်။ အမေရိကန်နိုင်ငံတွင် ပြောင်းကုန်လက်ကျန်မှာ တန်ချိန် ၃၂ ဒသမ ၈ သန်းရှိမှာဖြစ်ပြီး ၂ဝ၁ဝခုနှစ် ဇွန်လမှစတင်ကာ ဂုံျနဲ့ ဘာလီစပါးတင်ပို့မှုမှာ တန်ဖိုးအနေနဲ့ မြင့်မားစွာတိုးတက်လာပြီး ယှဉ်ပြိုင်မှု မြင့်မားလာကာ သွင်းကုန်မှာလည်း မူလ ခန့်မှန်းထားတဲ့တန်ချိန်များထက် ပိုမိုလာဖွယ်ရှိတယ်လို့ သုံးသပ်ဖော်ပြခဲ့ပါတယ်။ မျိုးမျိုးထိုက် Source:Capital Market.com
ဘရစ်စတုန်းနှင့် ဂွတ်ရီးယား ၄ နှစ်အတွင်း အဆိုးဆုံးရော်ဘာပြတ်လပ်မှုကြုံ ကမ္ဘာ့အကြီးဆုံး တာယာလုပ်ငန်းဖြစ်တဲ့ ဘရစ်စတုန်းကုမ္ပဏီဟာ ယခုနှစ်အတွင်း ဒုတိယအကြိမ်အဖြစ် ဥရောပဈေးကွက်ကိုဈေးနှုန်းမြင့်လိုက်ကြောင်းသိရပါတယ်။ ဂွတ်ရီးယားတာယာနဲ့ ရော်ဘာကုမ္ပဏီက ၂ဝဝ၇ ခုနှစ်ကတည်းကကြီးမားတဲ့ ရော်ဘာပြတ်လပ်မှုကို ရင်ဆိုင်ခဲ့ရတာကြောင့် ရော်ဘာပိုမိုရရှိလိုတယ်လို့ သိရပါ တယ်။ ဒီနှစ် မိုးဦးမှာ မိုးခေါင်မှုဖြစ်ပြီး မိုးနှောင်းပိုင်းမှာ ရွာသွန်းမှုများတာကြောင့် အာရှစိုက်ပျိုးရေးလုပ်ငန်း တွေမှာ ရော်ဘာအစေးထွက်ရှိမှုကို ထိခိုက်ခဲ့ ရတယ်လို့ ကမ္ဘာ့အကြီးဆုံးရော်ဘာထုတ်လုပ်ရေးနဲ့ ကမ္ဘာ့အကြီးဆုံး ပို့ကုန်တင်ပို့တဲ့ ထိုင်းနိုင်ငံအခြေစိုက် ဗွန်းဘန်ဒစ် ကုမ္ပဏီရဲ့ဦးဆောင်ညွှန်ကြားရေးမှူးက ပြောကြားခဲ့ပါတယ်။ အနည်းဆုံး ၂ နှစ်အတွင်း ဝယ်လိုအား တစ်ရှိန်ထိုး တက်လာပြီး ကမ္ဘာ့ထုတ်လုပ်မှုကတော့ ကျဆင်းနေအုံးမှာ ဖြစ်တယ်လို့ ၎င်းကဆက်လက်ပြောကြားခဲ့ပါတယ်။ လက်အိတ်နဲ့ကွန်ဒုံး ထုတ်လုပ်ရာမှာသုံးတဲ့ ကုန်ကြမ်း သိုလှောင်မှုဟာ လာမယ့်နှစ်မှာ ၁၂ ရာခိုင်နှုန်းကျဆင်းပြီး ၁ဝ စုနှစ်အတွင်း အဆိုးဆုံး အခြေအနေဖြစ်နိုင်ဖွယ်ရှိတယ်လို့ ဂိုးမန်းဆပ်ချ်အုပ်စုက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သုံးစွဲမှုဟာရောင်းလိုအား ထက် သာလွန်ပြီး ၁၂၇ဝဝဝမက်ထရစ်တန်ဖြစ်နိုင်တယ်လို့ ဘဏ်ရဲ့ပျမ်းမျှခြင်းစာရင်းအရသိရပါတယ်။ စင်္ကာပူရဲ့အလားအလာ ကတော့ မတ်လမှာဈေးနှုန်း၂ဝ ရာခိုင်နှုန်းလောက်ခုန်တက်သွားနိုင်ကြောင်း နယူးအေရှ်ဂျပန်ကုမ္ပဏီရဲ့ ညွှန်ကြားရေးမှူးက ခန့်မှန်းခဲ့ပြီး တစ်ကီလိုဂရမ်ကို၄ ဒသမ ၂ဝ ဒေါ်လာလောက်ရှိနိုင်တယ်လို့သိရပါတယ်။ ရော်ဘာရောင်းချရ နှုန်းက ၆ နှစ်အတွင်းအများဆုံးဖြစ်ပြီး ၂ဝဝ၇ကတည်းက ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုတိုးတက်တာ အမြန်ဆုံးနှုန်းဖြစ် တယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကပြောခဲ့ပါတယ်။ထိပ်တန်းရော်ဘာထုတ်လုပ်တဲ့ နိုင်ငံများဖြစ်တဲ့ ထိုင်းနဲ့ အင်ဒိုနီးရှားမှာ စိုက်ပျိုးမြေတွေရေဝပ်ခြင်းနဲ့ ရိတ်သိမ်းချိန်နောက်ကျခြင်းတို့ ဖြစ်ခဲ့ကြောင်း ကမ္ဘာ့ဒုတိယ အကြီးဆုံးတာယာထုတ်လုပ်ရေးဖြစ်တဲ့ မီချီလင်းကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ ကုန်ပစ္စည်း ကုန်ကျစရိတ်ဟာ တစ်နှစ်လုံးဝင်ငွေနီးပါးရှိနိုင်ပြီး ယူရို ၆၅ဝ သန်း (ဒေါ်လာ ၈၅ဝ သန်း) ရှိနိုင်တယ်လို့ ၎င်းကုမ္ပဏီကဆက်လက် ပြောကြားခဲ့ပါတယ်။ ရှေ့အလားအလာကတော့ မတ်လလောက်မှာ စင်္ကာပူကုန်စည်ဒိုင်မှာ ၁၄ ရာခိုင်နှုန်းဈေးတက်ပြီး တစ်ကီလိုဂရမ်ကို၄ ဒေါ်လာလောက်ရှိနိုင်ကြောင်း ပွဲစားများနဲ့သုတေသီများရဲ့ လေ့လာမှုအရသိရပါတယ်။ ထုတ်လုပ်ရေးတွေ ၆ ရာခိုင်နှုန်းကျဆင်းနိုင်ပြီးလာမယ့်နှစ်မှာတန်ချိန် ၂ ဒသမ ဝ၅ သန်းခန့်သာ ထုတ်လုပ်နိုင်ကြောင်း တိုကျိုရှိဂိုးမန်ဆပ်ချ်ကုမ္ပဏီမှ သုတေသီများက ခန့်မှန်းကြပါတယ်။ ဒီနှစ်ကုန်မှာ လာနီညာရာသီဥတု ဖြစ်စဉ်ကို ခံစားရဖွယ်ရှိကြောင်း ထိုင်းမိုးလေဝသဌာနကပြောကြားခဲ့ပါတယ်။ ဒါကြောင့်တစ်နိုင်ငံလုံးစိုက်ပျိုးရေးရဲ့ ၆၈ ရာခိုင်နှုန်းရှိတဲ့ တောင်ပိုင်းဒေသမှာ သာမန်ထက်ပိုပြီး မိုးရေချိန်မြင့်နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒီနှစ် ကမ္ဘာသုံးစွဲမှု ၉ ဒသမ ၄ ရာခိုင်နှုန်းတက်ပြီး တန်ချိန် ၁ဝ ဒသမ ၃၁ သန်းရှိကာ၂ဝဝ၄ ခုနှစ်ကလည်း အမြင့်ဆုံးစံချိန်ကိုရောက်ခဲ့ကြောင်း စင်္ကာပူအခြေစိုက် ၁၆ နိုင်ငံနဲ့ဥရောပသမဂ္ဂအဖွဲ့ဝင်တွေပါဝင်တဲ့ကမ္ဘာ့ ရော်ဘာလေ့လာရေးအုပ်စုက ပြောခဲ့ပါတယ်။ ထုတ်လုပ်မှုထက် ဝယ်လိုအားတန်ချိန် ၆ သိန်းပိုလံျှနိုင်ပြီး လွန်ခဲ့တဲ့နှစ်က၂၃၇ဝဝဝ တန် ပိုလံျှခဲ့တယ်လို့ သတင်းရရှိပါတယ်။ Sources : commodity advance, KZW
မြန်မာတရုတ်နယ်စပ်မှာပြောင်းဆံ တင်ပို့မှု အားကောင်းလာ စက်တင်ဘာလ ၁၅ ရက်မှ ၂၁ရက်ထိကာလအတွင်း မူဆယ်၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ပြောင်းဖူးစေ့ ၃၈ဝ၈ ဒသမ ၅ တန်နဲ့ လွယ်ဂျယ်မှ ၃၆ဝဒသမ ၇၉ တန် စုစုပေါင်း ၄၁၆၉ တန်ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ဒသမ ဝ၃၈ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၁၇၇၆ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ တစ်ဖက်နိုင်ငံပြောင်းဈေး သိသိသာသာ ပြောင်းလဲမှုမရှိသော်လည်း မိမိဘက်ဈေးမှာ တစ်တန်ကို ကျပ် ၂၅ဝဝဝ ခန့်မြင့် တက်လျက်ရှိပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ ပြောင်းဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ယွမ်/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၅၄၃၂၈ ၂၂၉၁၃၂ ၂၅၁၉၆ ၁ဝ ၂၉၂ ၂၉ဝ ၂ ဝ .၇MIRT (DOBT)