Main menu

Background

Wednesday, 6 Oct 2010

ဝယ်လိုအားနည်းလို့ အိန္ဒိယနနွင်းဈေးလျော့ကျ         အိန္ဒိယဒေလီဈေးကွက်အတွင်း လက်ရှိအမြင့်ဈေးမှာ ပြည်တွင်းရော ပြည်ပအဝယ်ပါ လျော့နည်းတာကြောင့်နနွင်း ဈေးကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်းအဓိကနနွင်းဈေးကွက်များမှာ လက်ကျန် အသင့်အတင့် ရှိနေတဲ့အပြင် လက်ရှိရာသီအထွက်တိုးတက်မယ့် အခြေအနေများကြောင့် ထပ်မံကျဆင်းနိုင်တယ် လို့ ခန့်မှန်း ကြပါတယ်။ NCDEX မှာအောက်တိုဘာပို့ရမယ့် နနွင်းဈေးဟာ ဝ ဒသမ ၅၆ ရာခိုင်နှုန်း လျော့ကျပြီး တစ်တန်ကို ရူပီး ၁၃၃၈ဝဝ (ကန်ဒေါ်လာ ၂၉၇၇) ဖြစ်ခဲ့ပြီး လက်ရှိရောင်းဝယ်နေတဲ့ စာခုျပ်ဈေးက ဝ ဒသမ ၂၈ ရာခိုင်နှုန်း လျော့ကျပြီး ရူပီး ၁၃၄၁၈ဝ (ကန်ဒေါ်လာ ၂၉၈၅) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။        နနွင်းအဓိကစိုက်ပိုျးတဲ့ မဟာရပ်ရှတရာ၊ အင်ဒရာပရာဒေ့ရှ်နဲ့ တမီနာဒူး ပြည်နယ်များမှာ မိုးအလုံအလောက်ရရှိတာကြောင့် လက်ရှိရာသီမှာ အထွက်မြင့် တက်မယ်လို့ ဈေးကွက်ခန့်မှန်းကြပါတယ်။ လက်ရှိရာသီအတွင်း နနွင်းအိတ်သိန်း ၇ဝ ဝန်းကျင်ထိ ထွက်ရှိနိုင်လို့ ယခင်နှစ်ထွက်ရှိတဲ့ အိတ် ၄၈ သိန်းထက် ပိုမိုမယ်လို့ ဆိုပါတယ်။ဒါ့အပြင် အဓိကဈေးကွက်များမှာ လက်ကျန်များနေတယ်လို့ ဆိုပါတယ်။ စုစုပေါင်း နနွင်းလက်ကျန်ဟာ အိတ်၁၁ သိန်းခန့်ရှိလို့ ယခင်နှစ်ကာလတူ လက်ကျန်အိတ် ၇ သိန်းထက် ပိုမိုနေပါတယ်။ယမင်းခင်၊ှSources: business standard

Wednesday, 6 Oct 2010

ရုရှက အာလူးဂံျုဈေးမြင့်မှုကိုကာကွယ်        ရုရှအစိုးရက ပြည်တွင်းစားသောက်ကုန်ဈေးနှုန်း ဖောင်းပွမှုမှသက်သာစေဖို့ အကောက်ခွန်အဖွဲ့အစည်း ကို အာလူး၊ ဂေါ်ဖီထုပ်နဲ့ ပန်းဂံျု (buckwheat) အပေါ်တွင် သွင်းကုန်ခွန်ကို ၆ လကြာ ဖျက်သိမ်းပေးဖို့ စက်တင်ဘာလ၂၄ ရက်နေ့ က တောင်းဆိုခဲ့ကြောင်းသတင်းရရှိပါတယ်။        ရုရှတွင် မိုးခေါင်မှုကြောင့် ကောက်ပဲသီးနံှထွက်နှုန်းကျဆင်းခဲ့မှုကို ကာမိ စေဖို့ အတွက် သွင်းကုန်ခွန် ကင်းလွတ်ခွင့်ကို တောင်းဆိုခြင်း ဖြစ်ကြောင်း ဒုတိယ ဝန်ကြီးခုျပ် Viktor Zubkov  မှပြောကြားခဲ့ပြီး အကောက်ခွန် ဆွေးနွေးပွဲကို အဖွဲ့ဝင် နိုင်ငံများနဲ့ လာမဲ့လအတွင်း ပြုလုပ်သွားဖို့ ရည်မှန်းထားခဲ့ပါတယ်။       ယခုလောလောဆယ်တွင် အာလူးနဲ့ ဂေါ်ဖီထုပ်အပေါ်တွင် ကောက်ခံ နေတဲ့ အခွန်နှုန်းမှာ ၁၅ ရာခိုင်နှုန်း ဖြစ်ပြီး ပန်းဂံျု (buckwheat) ပေါ်တွင် ကောက်ခံနေတဲ့ အခွန်နှုန်းမှာ ၁ဝ ရာခိုင်နှုန်းဖြစ်ပါတယ်။ အကောက် ခွန်နှုန်းလျှော့ချဖို့ တောင်းဆို ခဲ့ရခြင်းက သြဂုတ်လတွင် ဂုံျဈေးနှုန်းများ ၃၁ ရာခိုင်နှုန်း ခုန်တက် သွားခဲ့တာကြောင့် ဒီလိုတောင်းဆိုခဲ့ကြောင်း ပြောခဲ့ပါတယ်။       သွင်းကုန်တိုးတက်တင်သွင်းခြင်းနဲ့ ဈေးနှုန်းများမြင့်တက်သွားခြင်းမှ သက်သာစေဖို့ ရည်ရွယ်ခဲ့ကြောင်း၊ ရုရှတွင် အာလူး စားသုံးမှုက တန်ချိန် ၂၉ သန်းဖြစ်ရာ အာလူးထွက်ရှိမှုက တန်ချိန် ၂၂ သန်းထွက်ရှိမယ်လို့ ခန့်မှန်းထားတာကြောင့် တန်ချိန် ၇ သန်းခန့် အထွက်လျော့ မှာဖြစ်ကြောင်း ၊ အာလူးကို အီဂျစ်၊ တရုတ်၊ ဟော်လန်နဲ့ ပြင်သစ်မှ တင်သွင်းနိုင်ပြီး ဈေးနှုန်းညှိနှိုင်း သွားမှာဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ အောက်တိုဘာလကုန်တွင် သီးနံှများ ရိတ်သိမ်းပြီးနိုင်ပြီး နိုဝင်ဘာလ တွင်မှ ဝယ်ယူနိုင်မှာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ှ                                                                                                                                     Source:rt.com,                                                                                                                                     အေးမွန်မွန်လှိုင်

Wednesday, 6 Oct 2010

 ပြောင်းဖူးစေ့အသစ်ကို ကြာကြာမသိုလှောင်ဘဲ အမြန်တင်ပိုရောင်းချနေ       စက်တင်ဘာလ ၂၂ ရက်မှ ၂၈ရက်ထိကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊လွယ်ဂျယ်နဲ့ ချင်းရွှေဟော် နယ်စပ်စခန်း များမှတစ်ဆင့် ပြောင်း ဖူးစေ့ ၅၂၅၃ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၆၈၆ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၄၁၆၉ တန်တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၁ဝ၈၄ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်ပြည်တွင်းဈေးနဲ့ တစ်ဖက် နိုင်ငံဈေးများကျဆင်းခဲ့သော်လည်း စိုထိုင်းဆများပြီး ကြာရှည် သိုလှောင် ထားပါက အရောင်အသွေး ထိခိုက်မည်စိုး၍ ပြောင်းဖူးစေ့အသစ်များကို ထုတ်ရောင်းချခဲ့သဖြင့် ယခုအပတ်မှာ တင်ပို့မှုပိုမိုခဲ့ခြင်းဖြစ်ပါတယ်။ ယခုအပတ်နဲ့ ယခင်အပတ်ပြောင်းဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်                     မိမိဘက်(ကျပ်/တန်)                                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                      ယခု        ယခင်    ပြောင်းလဲမှု     %        ယခု     ယခင်      ပြောင်းလဲမှု        %ပြောင်းဖူးစေ့ ၂၃၃၈၇၆   ၂၅၄၃၂၈     ၂ဝ၄၅၂         ၉       ၂၆၈       ၂၉၂           ၂၄              ၉MIRT (DOBT)

Wednesday, 6 Oct 2010

 သဘာဝရော်ဘာရောင်းလိုအား လာမယ့်နှစ်တိုင်အောင် အခက်ကြုံနိုင်          သဘာဝရော်ဘာဟာ နောက်နှစ်အထိ အပင်အိုတွေရဲ့အထွက်နှုန်းကျဆင်းတာကြောင့် ရောင်းလိုအား အကျပ် အတည်းတွေနဲ့ ကြုံဦးမှာဖြစ်ပြီး ထုတ်လုပ်မှုလဲ နှေးကွေးသွားမယ်လို့ ရော်ဘာထုတ်လုပ်သော နိုင်ငံများ အသင်း ( ANRPC) ကပြောကြားခဲ့ကြောင်း သိရပါတယ်။ ဒီနှစ်တစ်နှစ်လုံး ရောင်းလိုအား အကျပ်အတည်း ကြုံတွေ့နေရဦးမှာ ဖြစ်ပြီး ၂ဝ၁၁ လောက်မှာတော့ အပြောင်းအလဲ ဖြစ်နိုင်ချေရှိကြောင်း စီးပွားရေး ပညာရှင်တစ်ဦးက ပြောကြားခဲ့ပါတယ်။ ဈေးကွက်ကတော့ ခိုင်မာဆဲဖြစ်ပြီး အဓိကရော်ဘာ ထုတ်လုပ်တဲ့ နိုင်ငံများဖြစ်တဲ့ ထိုင်းနဲ့ အင်ဒိုနီးရှားမှာ မိုးကြီးပြီး တာယာရောင်းလိုအားကို ထိခိုက်စေခဲ့ပါတယ်။ ရော်ဘာရဲ့အမြင့်ဆုံး အဆင့်ကိုမြှင့်တင်ခဲ့ပြီး ငါးလအတွင်း ကမ္ဘာ့ဈေးကွက်မှာ လေးနှစ်အတွင်း အဆိုးဆုံး ပြတ်လတ်မှု ဖြစ်ခဲ့ကာ လာမယ့်နှစ်မှာ ရာသီဥတုအခြေအနေကြောင့် ရောင်းလိုအားအခက်တွေ့ပြီး ဝယ်လိုအားကတော့ ကောင်းနေအုံးမှာ ဖြစ်ကြောင်းသိရပါတယ်။ တာယာလုပ်ငန်းတွေအတွက် ရောင်းလိုအား အကျပ်အတည်းရှိပြီး ဝယ်လိုအား ကောင်းတာကြောင့် ရော်ဘာဈေးနှုန်း ရှေ့ဆက် ်မြင့်တက်နေဦးမှာဖြစ်ကြောင်း  (Future agri Trade ) ကုမ္ပဏီရဲ့ ဈေးကွက် အရာရှိကပြောကြားခဲ့ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံရဲ့ အဓိက ရော်ဘာထုတ်လုပ်ရေးဧရိယာ ဖြစ်တဲ့ တောင်ပိုင်းဒေသမှာ မိုးရွာသွန်းမှု ဆက်လက်ဖြစ်ပွားနိုင်ဖွယ်ရှိပြီး ရောင်းလိုအား ပြတ်လတ်ဦးမှာ ဖြစ်တယ်လို့ သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ ထုတ်လုပ်မှုက တတိယနဲ့ စတုထ္ထသုံးလပတ်မှာ ယခင်နှစ်နဲ့နှိုင်းယှဉ်ရင် ၃ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ထုတ်လုပ်သူများအုပ်စုကပြောခဲ့ပါတယ်။ထိုင်းနိုင်ငံရဲ့ ရော်ဘာ ထုတ်လုပ်မှုဟာ ဇူလိုင်လမှာ ဆောင်းရာသီ ရှည်လျားပြီး မိုးများ တာကြောင့် ၂၃ ရာခိုင်နှုန်း အထိကျဆင်းခဲ့ တယ်လို့ ၎င်းအုပ်စုက ဆက်လက်ပြောကြားခဲ့ပါတယ်။ ဖေဖော်ဝါရီကနေ ဧပြီအထိ ဆောင်းကာလဖြစ်ကာ ရော်ဘာပင်များအရွက်ကြွေပြီး အစေးထွက်နှုန်း   နှေးတာကြောင့် ထုတ်လုပ်မှု ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။      ထိုင်းနိုင်ငံဟာ ဒီနှစ်မှာ ရော်ဘာမက်ထရစ်တန် ၃ ဒသမ ၂၈ သန်း ထုတ်လုပ်နိုင်ဖွယ်ရှိပြီး ယခင်နှစ်ကတန်ချိန် ၃ ဒသမ ၁၆ သန်းကျော်ထုတ်လုပ်ခဲ့ကြောင်းသိရပါတယ်။ အင်ဒိုနီးရှားကတော့ တန်ချိန် ၂ ဒသမ ၅၉ သန်း ထုတ်လုပ် နိုင်ဖွယ်ရှိကြောင်း ထုတ်လုပ်သူများအုပ်စုကပြောကြားခဲ့ပါတယ်။ ပထမလေးလပတ်ကနေ ဇူလိုင် သြဂုတ်ထိကာလမှာ တရုတ်၊ အိန္ဒိယနဲ့ မလေးရှားတို့မှ ဝယ်လိုအားတွေကျဆင်းပြီး 0x158င်းသုံးနိုင်ငံက သွင်းကုန်ကျဆင်းတဲ့အတွက် ကမ္ဘာ့ဝယ်လိုအား ကျ ဆင်းခဲ့ကြောင်းလည်း ရော်ဘာထုတ်လုပ်ရေးအုပ်စုက ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။ တရုတ်ရဲ့ ရော်ဘာသုံးစွဲမှုဟာ တတိယသုံးလပတ်မှာ ၄ ဒသမ ၃ရာခိုင်နှုန်းတိုးပြီး ပထမသုံးလပတ်နဲ့ နှိုင်းယှဉ်ရင် ၂၈ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရပါ တယ်။ အိန္ဒိယရဲ့ ဝယ်လိုအားက ဇူလိုင်နဲ့ စက်တင်ဘာလကြားမှာ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ပထမသုံးလပတ်နဲ့ နှိုင်းယှဉ်ရင် ၁၂ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သတင်းရရှိပါတယ်။ Source : Bloomberg.com,KZW

Wednesday, 6 Oct 2010

 သဘာဝရော်ဘာတင်ပို့ခွန် အစီအစဉ်သစ်    ထိုင်းနိုင်ငံက သဘာဝရော်ဘာတင်ပို့ခွန်ကို တိုးမြှင့်ဖို့စီစဉ်ထားလျက်ရှိပါတယ်။ သဘာဝရော်ဘာဈေးနှုန်း မှာ တစ်ကီလိုဂရမ်ကို ဘတ် ၈ဝ အောက်ဖြစ်ပါက ပို့ကုန်ခွန်တစ်ကီလိုဂရမ်ကို လက်ရှိ ၁ ဒသမ ၄ ဘတ်ကောက်ခံ နေရာမှ ၂ ဘတ်သို့လည်းကောင်း၊ ရော်ဘာဈေးနှုန်းမှာ တစ်ကီလိုဂရမ်ကို ၈ဝ ဘတ်မှ ၁ဝဝ ဘတ်အကြားရှိပါက ပို့ကုန်ခွန်ကို တစ်ကီလိုဂရမ် ၃ ဘတ်သို့လည်းကောင်း၊ ရော်ဘာဈေးနှုန်းမှာ တစ်ကီလိုဂရမ်ကို ၁ဝဝ ဘတ်အထက်ရှိ ပါက ပို့ကုန်ခွန်ကို တစ်ကီလိုဂရမ်ကို ၅ ဘတ်ကိုလည်းကောင်း အသီးသီးတိုးမြှင့်ကောက်ခံသွားမှာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။              ၎င်းသဘာဝရော်ဘာတင်ပို့ခွန်တိုးမြှင့်ကောက်ခံတဲ့ အစီအစဉ်က ၂ဝ၁ဝ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်အကျိုးသက်ရောက်မှာဖြစ်ပြီး သဘာဝရော်ဘာတင်ပို့ခွန်တိုးမြှင့်ကောက်ခံရခြင်းနဲ့ အသေးစားသဘာဝရော်ဘာ လုပ်ငန်းရှင်များအတွက် ငွေကြေးထောက်ပံ့ပေးနိုင်ဖို့အပါအဝင် သဘာဝရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ အမျိုးသား သဘာဝရော်ဘာရန်ပုံငွေတိုးမြင့်စေဖို့ ရည်ရွယ်ကြောင်း သိရပါတယ်။ ပင်လယ်ရပ်ခြားနိုင်ငံများရဲ့ ထုတ်လုပ်မှုစရိတ် ထက် ပိုမိုနိမ့်ကျတဲ့ ထိုင်းသဘာဝရော်ဘာထုတ်ကုန် ကုန်ချောများ ထုတ်လုပ်တဲ့ကဏ္ဍကိုလည်း နိုင်ငံခြားရင်းနှီးမြုပ်နံှ သူများကို ဆွဲဆောင် သွားနိုင်ဖို့လည်း ရည်ရွယ်ခဲ့ပါတယ်။ှ                                                                                                    Source:thanir.com,မျိုးမျိုးထိုက်

Wednesday, 6 Oct 2010

 တိုကျိုရော်ဘာကြိုပွိုင့်ဈေးနှုန်းနှင့် မလေးရှားရော်ဘာဈေးနှုန်းခုန်တက်         စက်တင်ဘာလ ၂၇ ရက်နေ့တွင် လောင်စာဆီဈေးနှုန်းနဲ့ အခြားကုန်စည်ဈေးနှုန်းများ မြင့်တက်ခဲ့တဲ့အတွက် တိုကျိုရော်ဘာ ကြိုပွိုင့်ဈေးနှုန်းက ၅ လအတွင်း အမြင့်ဆုံးကိုရောက်ရှိခဲ့ပါတယ်။ မတ်လအတွက် ရော်ဘာကြိုပွိုင့် ဈေးနှုန်းမှာ တစ်တန်ကို ကန်ဒေါ်လာ ၃၆၉၄ နဲ့ တိုကျိုကြိုပွိုင့်ရောင်းဝယ်ရေးတွင် စာခုျပ်ခုျပ်ဆိုခဲ့ရာ ဧပြီလနောက်ပိုင်းအမြင့်ဆုံး ဈေးနှုန်း ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။        မလေးရှားရော်ဘာဈေးနှုန်းကလည်း လာမဲ့ရက်သတ္တပတ်တွင် ရောင်းလိုအားတင်းကြပ်မှုကြောင့် ဈေးမာ နိုင်ကြောင်း၊မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရောင်းလိုအားကန့်သတ်ထားမှုက ဈေးနှုန်းကိုအမြင့်ကိုတွန်းပို့ပေးနေကြောင်း ဖော်ပြခဲ့ပါတယ်။ စက်တင်ဘာလ ၂၄ ရက်နေ့က မလေးရှားရော်ဘာအသင်းတွင် ဖြစ်ပေါ်ခဲ့တဲ့ မလေးရှား SMR၂၀ ဈေးနှုန်းက တစ်တန်ကို ကန်ဒေါ်လာ ၃၄၁၉ ဖြစ်ပြီး Latex မှာ တစ်တန်ကိုကန်ဒေါ်လာ ၂၃၆၂ ကိုဈေးတက်သွား ကြောင်း သတင်းရရှိပါတယ်။ှ                                                                                                  Source:beta.brecorder.com,အေးမွန်မွန်လှိုင်

Tuesday, 5 Oct 2010

ယခုတစ်ပတ်နှမ်းတင်ပို့မှု တန် ၂ဝဝဝ ကျော်     ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုအနေနဲ့ ယခုတစ်ပတ်စက်တင်ဘာ လ ၂ဝ ရက်မှ ၂၆ ရက်အတွင်း တန် ၂၃ဝဝ ခန့်အထိ စံချိန်တင်တိုးတက်လာတာ တွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ မလေးရှား၊စင်ကာပူနဲ့ ဗီယက်နမ်တို့ဖြစ်ပြီး၊ ဂျပန်နိုင်ငံကိုတော့ တန်ချိန် ၁၇ဝဝ ကျော်နဲ့ အများဆုံးတင်ပို့တာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်သီတင်းပတ် ဈေးနှုန်းများ အတိုင်း သိပ္ပံနှမ်း တစ်တန်ကို ကန်ဒေါ်လာ ၁၇ဝဝ-၁၈ဝဝ၊ နှမ်းနက်မှာကန်ဒေါ်လာ ၁၃၈ဝ-၁၄၈ဝ၊ နှမ်းဖြူတစ်တန်ကို ကန်ဒေါ်လာ ၁၃ဝဝ-၁၃၅ဝ အသီးသီးရှိကြောင်း သိရပါတယ်။MIRT (MAPT)

Tuesday, 5 Oct 2010

   ရွှေဈေး ၁၃၁၁ ဒေါ်လာ နဲ့ရေနံစိမ်း ၇၉ ဒေါ်လာ        နယူးယောက် ရွှေဈေးကွက်မှာ အမြင့်ဆုံး မှတ်တမ်းဝင်အဆင့်အဖြစ် ကြိုပွိုင့်ဈေး တစ်အောင်စကို ကန် ဒေါ်လာ ၁၃၁၁ ဒသမ ၈ဝ နဲ့ စက်တင် ဘာလ ၂၉ ရက်က ရောက်ရှိခဲ့ပါတယ်။ ဈေးကွက်က အရောင်းအဝယ် သမား တွေ၊ စိတ်ဝင်စားတဲ့ ပြည်သူတွေအနေနဲ့ ပိုမိုစိတ်ဝင်စား စရာဖြစ်လာပြီလို့ ဆိုပါ တယ်။    ''အရောင်းအဝယ် ပမာဏလည်း အနည်းငယ်တော့နှေးကွေး သွားတယ်။ ဝယ်လက်တွေ ပြန်ထုတ်လာတယ်။ ရွှေဈေးကို စိတ်ဝင်တစားမေးသူတွေ ပိုများ လာတယ်။ လက်ရှိအဆင့်ကတော့ အမြင့်ဆုံးပဲ''လို့ ကိုမစ်ဈေးကွက်က သုံးသပ်သူ တစ်ဦးက ပြောပါတယ်။ သုံးသပ်သူတချို့ကတော့ ဒီလိုမြင့်တက်လာတာ အံ့သြစရာမရှိပါဘူး။ အပြောင်းအလဲနဲ့ ပဲ ပျမ်းမျှအဆင့် ကိုရောက်ပြီး ပြန်လည် ကျသွားမှာပါလို့ဆိုပါတယ်။ ကာလတို မှာ အမြတ်ရရှိပြီး ရေရှည်မှာတော့ ပြန်ကျသွားမှာပါလို့ RBC Capital Market က သုံးသပ်သူ Lesh ပြောပါတယ်။ ကိုမစ်အဖွဲ့က ပြီးခဲ့တဲ့စက်တင်ဘာ ၂၇ ရက်နေ့က ဒီဇင်ဘာအရောက်ပို့ တစ်အောင်စကို ၁၂၇၆ ဒသမ ၂ ဒေါ်လာနဲ့ ရောင်းခဲ့ပြီးနောက် ယခု ၂၉ ရက်နေ့မှာ ၁၃၁၁ ဒသမ ၈ဝ နဲ့ ရောင်းခဲ့ပါတယ်။ ဥရောပနိုင်ငံများရဲ့ စီးပွားရေးအပေါ် ရောင်ပြန်ဟပ်မှုများ၊ ဗဟိုဘဏ်များရဲ့ ရောင်းလိုအားထက် ရွှေဝယ်လိုအားကို ဇောင်းပေးလာမှု များကြောင့် လက်ရှိ အနေအထားမှာ ရွှေဈေးက အကျပ်အတည်း စဖြစ်နေပြီး ရေနံစိမ်းဈေးကလည်း တစ်စည်ကို ၇၉ဒေါ်လာကျော်ကျော်နဲ့ ဈေးဖွင့်ခဲ့ပါ တယ်။ှSource:RBC Capital MarketWWN

Tuesday, 5 Oct 2010

 ကမ္ဘာ့ရွှေဈေး ထပ်မံ စံချိန်ချိုး ပြည်တွင်းရွှေဈေး ဦးမော့လာနိုင်       ကမ္ဘာ့ရွှေဈေးမှာ အဆမတန်မြင့်တက်လျက်ရှိရာ ယခုတစ်ပတ်အတွင်း ထပ်မံ ၍ စံချိန်မြင့်တက်လာသောကြောင့် ပြည်တွင်း ရွှေဈေးနှုန်းမှာလည်း ဦးမော့လာနိုင်ပြီးအတက်ဘက်သို့ ဦးတည်နေကြောင်း ရွှေလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။      ''အခုကမ္ဘာ့ဈေးက အမေရိကန်ငွေကြေးအပေါ် မူတည်နေတဲ့အတွက် အမေရိကန် ဒေါ်လာဈေးနှုန်းတွေ ကျဆင်းနေတဲ့အတွက် ရွှေဈေးက ဆက်တိုက်ဆိုသလို တက်လာတယ်။ ဒေါ်လာဈေးကျရင် ရွှေဈေးတက်သလို ဒေါ်လာဈေးတက်ရင် ရွှေဈေးကျတယ်။ အခုဆိုထိုင်းမှာလည်း စံချိန်သစ်တင်သွားတယ်။ တစ်ဒေါ်လာ ကို ဘတ် ၃ဝ ပဲရှိတယ်။ ကမ္ဘာ့ရွှေဈေးက အဆမတန် မြင့်တက် နေတဲ့အတွက် ပြည်တွင်းရွှေဈေးကလည်း အကျဘက်မရှိဘူး၊ အတက်ဘက်ကိုပဲ ဦးတည်နေတယ်။ အရောင်းအဝယ် ဈေးကွက်ကတော့ ပုံမှန်ပဲ။ ခပ်အေးအေးနဲ့ ပုံမှန်ပဲ သွားနေတယ်။ လက်ရှိဈေးနှုန်းကတော့ အတက်အကျသိပ်မရှိဘူး''ဟု ၎င်းက ပြောကြားသည်။        ကမ္ဘာ့ရွှေဈေးနှုန်းမှာ ယခင်တစ်ပတ်က တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၂၉၃ ဖြင့်စံချိန်တင်ခဲ့ပြီး ယခုတစ်ပတ် ကြာသပတေးနေ့တွင် တစ်အောင် စလျှင် အမေရိကန်ဒေါ်လာ ၁၃၁ဝ ဖြင့် စံချိန်အသစ်ချိူးခဲ့ကြောင်းနှင့် ပြည်တွင်း ရွှေဈေးနှုန်း မှာ စက်တင်ဘာ ၃ဝရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၅၅ဝဝဝ ကျပ်ဖြင့် ဈေးပိတ်ခဲ့ကြောင်းသိရသည်။             မင်းသန့််

Tuesday, 5 Oct 2010

သြဂုတ်လအတွင်း အမေရိကန်၏ တာရှည်ခံပစ္စည်းများ အဝယ်ဘော်ဒါ ပိုမိုရရှိခဲ့ခြင်းက ရေနံဝယ်လိုအားကို မြင့်မားစေ      အာရှစတော့ရှယ်ယာတန်ဖိုးများ မြင့်မားလာခြင်းက စီးပွားရေးလုပ်ငန်းများနဲ့ စက်ရုံအလုပ်ရုံများရဲ့ ပစ္စည်းကိရိယာများ ဝယ်လိုအားကို ပြန်လည်ဆန်းသစ်စေတဲ့ လက္ခဏာကြောင့် လောင်စာဝယ်လိုအားမြင့်မားမယ်လို့ မျှော်လင့်လျက်ရှိပါတယ်။နယူးယောက်တွင် ရေနံစိမ်းဝယ်လိုအား ၄ ရက်မြောက်နေ့အဖြစ် ဆက်လက်မြင့်မား မယ်လို့ဆိုခဲ့ပြီး သြဂုတ်လအတွင်း အမေရိကန်ရဲ့ တာရှည်ခံပစ္စည်းများ အဝယ် အော်ဒါက မျှော်လင့်ထားတာထက် ပိုမိုရရှိခဲ့ခြင်းကလည်း ရေနံဝယ်လိုအားကိုမြင့်မားစေကြောင်း သိရပါတယ်။     နိုဝင်ဘာလတင်ပို့မဲ့ရေနံက တစ်စည်ကို ၂၉ ရာခိုင်နှုန်းမြင့်မားကာ ၇၆ ဒသမ ၇၄ ဒေါ်လာနဲ့ နယူးယောက် ကုန်စည် ဒိုင်ရောင်းဝယ်ရေးတွင် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာလတင်ပို့မဲ့ ဘရန့်အမိုျးအစားရေနံမှာလည်း တစ်စည်ကို ၂၈ ဆင့်မြင့်မားကာ ၇၉ ဒသမ ၁၅ ဒေါ်လာနဲ့ လန်ဒန် ICE Futures Europe Exchange တွင် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ှSource:bloomberg.com, ပပ

Pages