Background
ဥရောပတိုက်အတွင်းရှိ အတိဒုက္ခရောက်နေတဲ့ နိုင်ငံတွေကိစ္စကို အလေးပေး ဆွေးနွေးမယ့် ဥရောပ သမဂ္ဂ (အီးယူ) ထိပ်သီးအစည်းအဝေးကို ဇန်နဝါရီ ၃၀ ရက်မှာ ကျင်းပမှာဖြစ်ကြောင်း အီးယူ ဥက္ကဌ ဗန်ရွမ်ပိုင်က ပြီးခဲ့တဲ့ အင်္ဂါနေ့ (ဒီဇင်ဘာ ၂၀ ) ကပြောကြားပါတယ်။
ခရစ္စမတ်နဲ့ နှစ်သစ်ကူးအပါအဝင်ပွဲတွေမှာ ဗုံးဖောက်ခွဲမယ်ဆိုတဲ့ ခြိမ်းခြောက်မှု သတင်းများ ကြောင့် နိုင်ငံခြားသား ခရီးသည်များက စိုးရိမ်မှု ဖြစ်နေတဲ့အတွက် ထိုင်းနိုင်ငံသို့ ဒီဇင်ဘာ နိုင်ငံခြား ခရီးသွားအဝင် ၃၀ ရာခိုင်နှုန်းက ၄၀ ရာခိုင်နှုန်းထိ ကျဆင်းနိုင်တယ်လို့ ထိုင်းဟိုတယ်အသင်း ( THA) ကပြောပါတယ်။
ဂျပန်တွင်ဖြစ်ပွားသော မတ်လ ငလျင်နှင့် ထိုင်းရေလွှမ်းမိုးမှုဖြစ် ပွားမှုဒဏ်ကိုခံရပြီးနောက် တိုယိုတာ ကုမ္ပဏီက ၂၀၁၂ ခုနှစ်မှာ ကမ္ဘာ့ ဈေးကွက်သို့ စီးရေ ၈ ဒသမ ၄၈ သန်း တင်ပို့မှာဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ဒီအရေ အတွက်ထက်ပိုပြီးတင်ပို့မယ်လို့ ကုမ္ပဏီက ကြေညာပါတယ်။ ကမ္ဘာ့မော်တော်ကားတင်ပို့မှုမှာ ထိပ်ဆုံးကရှိခဲ့တဲ့ တိုယိုတာက ယခုနှစ် ပထမနှစ်ဝက်မှာ အမေရိကန်မှ ဂျင်နရယ်မော်တာကုမ္ပဏီနဲ့ ဂျာမနီ ဗောက်စ်ဝက်ဂင်အေဂျီတို့ရဲ့နောက် တတိယနေရာကို ရောက်ရှိခဲ့ပါတယ်။ Source: AFP
ယခင်နှစ်က သဘောတူလက် မှတ်ရေးထိုးခဲ့တဲ့ စီမံအုပ်ချုပ်ရေးအစီ အစဉ်ကိုပြီးမြောက်အောင်အရှိန်မြှင့် ကြိုးစားဆောင်ရွက်ဖို့ အပြည်ပြည် ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)ရဲ့ ဘုတ်အဖွဲ့က အဖွဲ့ဝင် နိုင်ငံတွေကို တိုက်တွန်းပါတယ်။ ၂၀၁၀ ပြည့်နှစ်စီမံအုပ်ချုပ်မှုနဲ့ ခွဲတမ်း ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို အကောင်အထည်ဖော်မှု အခြေအနေ တိုးတက်မှုကို လေ့လာနေတယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။ Source: xinhua
အရှေ့တောင်အာရှမှာရှိတဲ့ စီမံကိန်းကြီးတွေကိုငွေထုတ်ချေးဖို့နဲ့ ဘဏ်နှစ်ခုစလုံးရဲ့ဘဏ္ဍာရေးအဆင့်အတန်း၊စီးပွားရေးအခွင့်အလမ်းတွေ ကို တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ဖို့ ကာဆီကွန်ဘဏ်နဲ့ တရုတ် ဖွံ့ဖြိုးရေးဘဏ်တို့ ဒီဇင်ဘာ ၂၂ ရက်က ဗန်ကောက်မြို့မှာ စီးပွားရေးနဲ့ ဘဏ္ဍာရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ စာချုပ် အရ တရုတ်ဖွံ့ဖြိုးရေးဘဏ်က ရှန်ဇန်းရှိ ကာဆီကွန်ဘဏ်ခွဲကို ယွမ် ၁ ဒသမ ၅ ဘီလီယံပေးမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ လုပ်ငန်းချဲ့ထွင်ဖို့ အတွက် တရုတ်ဘဏ်ကို ထိုင်းဘဏ်က အလားတူပမာဏကို ပြန်ပေးမှာ ဖြစ်ပါတယ်။ Source: xinhua
ဂျပန်ကားထုတ်လုပ်ရေးကုမ္ပဏီကြီးရှစ်ခုရဲ့ စုစုပေါင်းပြည်တွင်းထုတ် လုပ်မှုက နိုဝင်ဘာလမှာ ၇၉၄၈၉၆ စီးရှိပြီး နှစ်အလိုက် တိုးတက်နှုန်း ၄ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ယခုလိုတိုးတက်တာဟာ နှစ်လ ဆက်တိုက် ရှိခဲ့တာကို စာရင်းဇယားတွေအရသိရပါတယ်။ ဒါပေမဲ့ အောက်တိုဘာ လက ၁၉ ဒသမ ၇ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ရင် အများကြီး နည်းနေတာ တွေ့ရပါတယ်။ နိုဝင်ဘာကုန်ထုတ်ကျဆင်းတာက ထိုင်းနိုင်ငံ ရေကြီး မှုကြောင့် ဖြစ်ရတယ်လို့ ဆိုပါတယ်။ Source: ajw.asahi.com
အမေရိကန်ပြည်ထောင်စုတွင် အလုပ်လက်မဲ့ခံစားခွင့်တောင်းဆိုမှုက ၂၀၀၈ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးအ ဆင့်သို့ ကျဆင်းခဲ့တာကို အမေရိကန် အစိုးရအစီရင်ခံစာတွင်တွေ့မြင်ရပြီး ပို့ ကုန်တွေရဲ့အလားအလာကလည်း ပြန် လည်မြင့်တက်လာပြီး နောက်ပိုင်း အာရှငွေကြေးများ ပြန်လည်မြင့်တက် လာပါတယ်။ယခင်က ဖြစ်ပေါ်ခဲ့တဲ့ သီတင်းပတ်အလိုက် တန်ဖိုးကျဆင်း တာတွေလည်းရပ်သွားပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အလုပ် လက်မဲ့ ခံစားခွင့်ပေးခဲ့တဲ့ လျှောက်လွှာ ကဒီဇင်ဘာ ၁၀ ရက်မှကုန်ဆုံးတဲ့ သီတင်းပတ်မှာ ၃၆၆၀၀၀ ရှိခဲ့ရာ ဘလွမ်းဘတ်သတင်းဌာနက စစ်တမ်း ကောက်ယူချက်အရ ခန့်မှန်းချက် အောက်ကိုကျဆင်းခဲ့ပါတယ်။တရုတ်ယွမ် ချေးငွေ ထိန်းချုပ်တာတွေကို လျှော့ချပေးမဲ့ လက္ခဏာတွေကြောင့် တရုတ်နိုင်ငံရဲ့စီးပွားရေး အကြီးအ ကျယ် နှေးကွေးမှာကို မူဝါဒရေးဆွဲသူ တို့က ရှောင်ကြဉ်လိမ့်မယ်ဆိုတဲ့ အကောင်းမြင်မှုကို ပိုမိုမြင့်တက်လာစေ ပါတယ်။ဒါကြောင့် ယွမ်ငွေကြေးတန်ဖိုး က နှစ်လအတွင်း အမြင့်ဆုံးကိုရောက် ခဲ့ပါတယ်။တရုတ်ဗဟိုဘဏ်က ဗဟိုဘဏ်ရဲ့ ငွေလဲနှုန်းမှာဒေါ်လာတန် ဖိုးကို သုညဒသမ ၁ ရာခိုင်နှုန်းမြှင့်တင် ပြီး တစ်ဒေါ်လာကို ၆ ဒသမ ၃၃၅၂ ယွမ်နှုန်း သတ်မှတ်ခဲ့ပါတယ်။အိန္ဒိယရူပီး အိန္ဒိယရူပီး ငွေကြေးနဲ့ တန်ဖိုးကျ ဆင်းတာကို ထိန်းချုပ်ဖို့အတွက် ငွေလွှဲ ပို့ရောင်းဝယ်တာကို အိန္ဒိယဗဟိုဘဏ် ကကန့်သတ်ချက်ထုတ်ပြီးနောက် ဒီဇင် ဘာ ၁၆ ရက်က ဈေးကွက်ဖွင့်ချိန်မှာ အိန္ဒိယရူပီးတန်ဖိုးက သုညဒသမ ၇၄ ရူပီးကျဆင်းပြီး တစ်ဒေါ်လာကို ၅၂ ဒသမ ၉၀ ရူပီးရှိခဲ့ပါတယ်။ဒီဇင်ဘာ ၁၅ ရက်ကတော့ ရူပီးတန်ဖိုးက ဈေးမ ငြိမ်တဲ့အတွက် ၈၄ ဒသမ ၃၀ ရူပီးနှုန်း ထိစံချိန်တင် တန်ဖိုးကျဆင်းခဲ့ပြီး သုည ဒသမ ၀၇ ရူပီးနှုန်းပြန်လည် မြင့်တက် ခဲ့ပြီးတစ်ဒေါ်လာကို ၅၃ ဒသမ ၆၄ ရူပီးနှုန်းရှိခဲ့ပါတယ်။ဂျပန်ယန်း တိုကျိုမှာ ဒေါ်လာတန်ဖိုးက ဒီဇင်ဘာ ၁၆ ရက်မှာ တစ်ဒေါ်လာကို ၇၇ ဒေါ်လာတန်းအထက်မှာ ရှိနေပြီး ယူရိုတန်ဖိုးက မကြာမီကကျဆင်းခဲ့ပေ မဲ့ ထေမိသွားပြီး ဒေါ်လာနဲ့ယူရိုတို့နဲ့ ဖလှယ်ရာမှာ ပြန်လည်ဦးမော့လာပါ တယ်။ ယန်းတန်ဖိုးဟာ ဒီဇင်ဘာ ၁၅ ရက် ညနေ ၅ နာရီက နယူးယောက် မှာ ၇၇ ဒသမ ၈၁ ယန်းနဲ့ တိုကျိုမှာ တစ်ဒေါ်လာ ၇၇ ဒသမ ၉၃ ယန်းမှ ဒီဇင်ဘာ ၁၆ ရက် ညနေ ၅နာရီမှာ တစ်ဒေါ်လာကို ၇၇ ဒသမ ၈၈ ယန်း နှုန်းရှိခဲ့ပါတယ်။မလေးရှားရင်းဂစ် ဥရောပကြွေးမြီ အကျပ်အတည်း ကထွန်းသစ်စဈေးကွက်တွေရဲ့ အက် ဆက်တွေရဲ့ ဝယ်လိုအားကို ပိုမိုဆိုးလာ မှာကိုစိုးရိမ်မှုကြောင့် မလေးရှားရင်းဂစ် တန်ဖိုးက ဒုတိယသီတင်းပတ်အဖြစ် ဆက်လက်ကျဆင်းခဲ့ပါတယ်။ အရှေ့တောင်အာရှမှာ စီးပွားရေး တတိယနေရာရှိနေတဲ့ မလေးရှားရဲ့ အောက်တိုဘာပို့ကုန်က ယခင်နှစ်က ထက် ၁၅ ဒသမ ၈ ရာခိုင်နှုန်းတိုးတက် ခဲ့ပါတယ်။စက်တင်ဘာကရှိခဲ့တဲ့ ၁၆ ဒသမ ၆ ရာခိုင်နှုန်းနှိုင်းယှဉ်ရင်တော့ နည်းနေပါတယ်။ ကွာလာလမ်ပူမှာ ဒီဇင်ဘာ ၁၅ ရက်မနက် ၉ နာရီ၆ မိနစ်က ရင်းဂစ် တန်ဖိုးက သီတင်းပတ်အတွင်း ကျဆင်း မှု သုညဒသမ ၉ ရာခိုင်နှုန်းရှိပြီး တစ်ဒေါ်လာကို ၃ ဒသမ ၁၇၈၅ ရင်း ဂစ်နှုန်းရှိခဲ့ပါတယ်။တောင်ကိုရီးယားဝမ် အမေရိကန်ပြည်ထောင်စုမှာ အလုပ်လက်မဲ့ ခံစားခွင့်တောင်းတဲ့ အရေအတွက်က ၂၀၀၈ ခုနှစ် နောက် ပိုင်းအနိမ့်ဆုံးကို ရောက်ခဲ့လို့ အမေရိ ကန်ကိုတင်ပို့မဲ့ပို့ကုန်အလားအလာတွေ တောက်ပြောင်လာတာ တွေ့ရပါတယ်။ ဘလွမ်းဘတ် စစ်တမ်းအရ ဆိုးလ်မြို့မှာတောင်ကိုရီးယားဝမ်တန်ဖိုး က သုညဒသမ ၄ ရာခိုင်နှုန်းမြင့်တက် ပြီး တစ်ဒေါ်လာကို ၁၁၅၈ ဒသမ ၇၃ ဝမ်နှုန်း ရှိခဲ့ပါတယ်။ထိုင်းဘတ် ဥရောပကြွေးမြီ အကျပ်အတည်း က ထွန်းသစ်စနိုင်ငံတွေရဲ့အ က်ဆက် တွေဝယ်လိုအား ကျဆင်းနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကြောင့် ထိုင်းဘတ်ငွေတန်ဖိုးက ဒုတိယသီတင်းပတ်အဖြစ်တန်ဖိုးကျနေ တာကို ဆက်လက်တည်တံ့ နေစေပါ တယ်။ ဘတ်ငွေတန်ဖိုးက ဗန်ကောက်မှာ ဒီဇင်ဘာ ၁၅ ရက် ညနေ ၃ နာရီ ၁၃ မိနစ်က သီတင်းပတ်အတွင်းမြင့်တက်မှု ၁ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး တစ်ဒေါ် လာကို၃၁ဒသမ၃၅ဘတ်နှုန်းရှိခဲ့ပါတယ်။ources :bloomberg.com; thehindu.com; Mainichi Japan, btimes.com.my
Standard &Poor's စံနှုန်းသစ်တွေကို ချမှတ်ပြီးနောက် စပိန်ဘဏ် ၁၀ ခုရဲ့ေ<ကးမြီအဆင့်ကို ဒီဇင်ဘာ ၁၅ ရက်ကလျှော့ချခဲ့ပါ တယ်။ ထို့အပြင် ထိုဘဏ်များ၏ ရေတို အဆင့်မှတ်များကို ထပ်မံ လျှော့ချဦးမည်ဖြစ်ကြောင်း သတိပေး ပြောကြားခဲ့ပါတယ်။အေဂျင်စီက စံနှုန်းအသစ်တွေနဲ့ ဘဏ်တွေအတွက် ချမှတ်ထားတဲ့ နည်းနာနိဿယ တွေ အသုံးပြုပြီး ဒီဘဏ် ၁၀ ခုကို အကဲဖြတ်ခဲ့တာဖြစ်တယ်လို့ အေဂျင်စီ က ပြောပါတယ်။Source.AFP
လွန်ခဲ့တဲ့ သုံးလကစပြီး ယန်းငွေ တန်ဖိုးမြင့်တက်မှု၊ ထိုင်းနိုင်ငံမှာ ရေကြီးမှုနဲ့ ဥရောပအကျပ်အတည်းကြောင့် ကမ္ဘာ့စီးပွားရေးအလား အလာများမရေရာမှုတို့ကြောင့်ဂျပန်ကုမ္ပဏီကြီးတွေက စီးပွားရေးအပေါ် ယုံကြည်မှုကို ယိုယွင်းပျက်ပြားစေတယ်လို့ ဒီဇင်ဘာ၁၅ရက်က ထုတ်ပြန် တဲ့ ဂျပန်ဗဟိုဘဏ်စာရင်းဇယားတွေမှာ တွေ့ရပါတယ်။
ပြင်သစ်နိုင်ငံက စီးပွားရေးဆုတ်ကပ်အတွင်းသို့ ခဏမျှ ကျဆင်း နိုင်ပြီး ၂၀၁၂ ခုနှစ်အတွက် ချမှတ်ထားတဲ့ အစိုးရရဲ့ ရည်မှန်းချက်ဖြစ်တဲ့ စီးပွားရေး တိုးတက်နှုန်း ၁ ရာခိုင်နှုန်းကိုရဖို့ အခက်အခဲတွေ့နိုင်ကြောင်း INSEE စာရင်း အေဂျင်စီက ဒီဇင်ဘာ ၁၅ ရက်က ထုတ်ပြန်သည်။ပြင်သစ်နိုင်ငံသည် ၂၀၁၁ ခုနှစ်နောက်ဆုံးသုံးလပတ်နဲ့ ၂၀၁၂ ခုနှစ် ပထမသုံးလပတ်တွင် စီးပွားရေး ဆုတ်ကပ်ဖြစ်နိုင်သည်ဟု အေဂျင်စီက သုံးသပ်ပါတယ်။Source.AFP
