Background
မော်တော်ကားသုံး အပလီကေးရှင်းပါတဲ့ ပုံရိပ်ဖတ်ပရိုဆက်ဆာကို နမူ နာစတင်တင်ပို့တော့မယ်လို့ တိုရှီဘာ ကော်ပိုရေးရှင်က အောက်တို ဘာ ၁၃ ရက်က ပြောပါတယ်။ အမြောက်အမြား ထုတ်လုပ်မှုကို ၂၀၁၂ ခုနှစ် စက်တင်ဘာလမှ စတင်ထုတ်လုပ်မှာဖြစ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ယခုထုတ်လုပ်မဲ့ Visconti2 စီးရီးက လမ်းတွေ၊ ယာဉ်တွေ၊ လမ်း သွားလမ်းလာတွေနဲ့ မော်တော်ကားလမ်း အမှတ်အသားတွေကို မှတ်မိနိုင်ဖို့အတွက် ကင်မရာကိုအခြေပြုထားတဲ့ အမြင်စနစ်ကို သုံးမှာ ဖြစ်ပါတယ်။ Source:asahi.com
ဂျပန်နီဆန်းမော်တာကုမ္ပဏီက တရုတ်နိုင်ငံမှာ အခြေစိုက်ထားမဲ့ ဒီဇိုင်း စတူဒီယိုကို ဖွင့်လှစ်ခဲ့ပါတယ်။ ဒီစတူဒီယိုမှတစ်ဆင့် တရုတ်နိုင်ငံ ဈေးကွက်အတွက် သုံးနှစ်အတွင်း မော်တော်ကားတွေကို ထုတ်လုပ်ပေး မှာ ဖြစ်ပါတယ်။ "Nissan Design China" မှာ ဝန်ထမ်း ၂၀ ကိုခန့်ထား မှာ ဖြစ်ပြီး အများစုက တရုတ်လူမျိုးတွေဖြစ်ပါတယ်။ အသက် အပိုင်း အခြားအားဖြင့် အသက် ၂၀ ဝန်းကျင်ဖြစ်ပါတယ်။ Source:asahi.com
ဗီယက်နမ်အဲလိုင်းနဲ့ အိန္ဒိယပုဂ္ဂလိ က လေကြောင်းလိုင်းဂျက်အဲဝေးတို့ နားလည်မှု စာချွန်ကိုရေးထိုးပြီးနောက် ပိုင်း ဗီယက်နမ်နဲ့ အိန္ဒိယတို့ တိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲနိုင်တော့မှာ ဖြစ်ပါတယ်။ အောက်တိုဘာ ၁၂ ရက်က နယူးဒေလီမှာ လက်မှတ်ရေးထိုး ခဲ့တဲ့ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်အရ နှစ်နိုင်ငံ အပြန်အလှန် ရင်း နှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု၊ ခရီးသွား လုပ်ငန်းနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင် ရွက်မှုတို့ အကောင်အထည် ဖော်နိုင်တော့မှာ ဖြစ်ပါတယ်။ Source:VNS
ကြွေးမြီအဆင့်သတ်မှတ်ရေးအေ ဂျင်စီဖစ်ချ်က ဥရောပဘဏ်သုံးခု ကို ကြွေးမြီအဆင့်လျှော့ချခဲ့တဲ့အပြင် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး အဖွဲ့အစည်းများကိုလည်း စောင့်ကြည့်ရမဲ့ စာရင်းမှာထည့်သွင်းခဲ့ ပါ တယ်။ ဗြိတိသျှဘဏ်များဖြစ်တဲ့ ယူဘီအက်စ်ဘဏ်၊ လွိုက်ဘဏ်နဲ့ စကော့တလန်ရွိုင်ရယ်ဘဏ်တို့ရဲ့ ချေးငွေအဆင့်ကို လျှော့ချခဲ့ပါတယ်။ ဖစ်ချ်က အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းခုနှစ်ခုကို စောင့် ကြည့်ရမည့်အဆင့်အဖြစ် သတ်မှတ်ခဲ့ရာ လိုအပ်ပါက အဆင့်လျှော့ ချမည့် သဘောဖြစ်ပါတယ်။ Source:Xinhua
တရုတ်ငွေနဲ့ ဆောင်ရွက်မဲ့နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်း ဥပဒေကို တရုတ်နိုင်ငံပြည်သူ့ဘဏ် (ဗဟိုဘဏ်)က အောက်တိုဘာ ၁၄ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ယခုထုတ်ပြန်ချက်အရ တရုတ်နိုင်ငံမှာ လက်ရှိ ကျင့်သုံးနေတဲ့ ဥပဒေနဲ့ စည်းမျဉ်း ဥပဒေတွေနဲ့ ကိုက်ညီမယ်ဆိုရင် တရုတ်ငွေကြေး RMB ဖြင့် တရုတ်နိုင်ငံမှာ တိုက်ရိုက် ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံခြားမှ အဖွဲ့အစည်းများနဲ့ တစ်သီး ပုဂ္ဂလတို့က လျှောက်ထားနိုင်တော့မှာ ဖြစ်ပါတယ်။ Source:Xinhua
အီတလီနဲ့စပိန်တို့ရဲ့ နိုင်ငံတော်ပိုင် ဘွန်းစာချုပ်တွေကို ဝယ်ယူဖို့ အနေအထားမရှိတော့ကြောင်း။ သို့သော် ထိုနိုင်ငံများရှိ ဘဏ်များကို အကူအညီပေးဖို့ နည်းလမ်းရှာဖွေမှာဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ရဲ့ ဥရောပဌာနခွဲအကြီးအကဲ အန်တိုနီယို ဘောဂက်စ်က မော်စကိုတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှာ ပြော ကြားပါတယ်။Source:economictimes.indiatimes.com
ဗြိတိသျှနိုင်ငံတော်ပိုင် Royal Bank of Scotland နဲ့ လွိုက်ဘဏ် တို့ အပါအဝင် ဘဏ် ၁၂ ခုရဲ့ ကြွေးမြီပေး ဆပ်နိုင်မှုအဆင့်ကို အောက်တိုဘာ ၇ ရက်က လျှော့ချခဲ့ပါတယ်။ အစိုးရရဲ့ ဘဏ္ဍာရေး ထောက်ပံ့မှု ဖယ်ရှားလိုက်တဲ့အတွက် ဘဏ်ကြီးငါးခုနဲ့ အသေးစား ဘဏ် ၃ ခုရဲ့ အဆင့်ကို လျှော့ချလိုက်တယ်လို့ မူဒီက ကြေညာပါတယ်။ ဒီထဲမှာ HSBC၊ ဘာကလေနဲ့ စတန်းဒတ် ချာတာဘဏ်တို့ မပါဝင်ပါဘူး။ Source:AFP
အက်ပဲကွန်ပျူတာကို စတိစနစ်နဲ့အတူ ပူးတွဲ ထူထောင်ခဲ့ပြီး သူ့ခေတ်သူ့ အခါမှာ စိတ်ကူးစိတ်သန်းအကောင်း ဆုံးဖြစ်ခဲ့တဲ့ စတိဂျော့ ဟာ အသက် ၅၆ နှစ်အရွယ် ၂၀၁၁ ခုနှစ် အောက်တိုဘာ ၅ ရက်က ကွယ်လွန်ခဲ့ပါတယ်။ သူ့သက်တမ်းအတွင်းမှာ အိုင်ဖုန်း၊ အိုင်ပက်နဲ့ အခြား ထူးထူးခြားခြား တီထွင်ဆန်းသစ်မှု ကိရိယာတွေကို တီထွင်နိုင်ခဲ့ပါတယ်။ သူ့ကို ဆက်ခံသူ တင်ကွပ်က ရေတိုမှာ လုပ်ငန်းကို ဆက်လက် ရှင်သန်နိုင်အောင် ဆောင်ရွက်နိုင်မဲ့ ကျွမ်းကျင်မှုဆိုပေမယ့် အီလက်ထရွန်းနစ် ဈေးကွက်မှာ လူတော်တွေကို စုဆောင်းရာမှာ သူ့ကို မီဖို့မ လွယ်ဘူးလို့ လေ့လာဆန်းစစ်သူတွေက ဆိုပါတယ်။ Source:AFP
ငွေလဲနှုန်းကြောင့်ဖြစ်လာမဲ့ ထုတ်ကုန်ပစ္စည်းဈေးနှုန်းတွေကို တောင်ကိုရီးယားစောင့်ကြည့်မည် ထိန်းချုပ်၍မရနိုင်အောင်ဖြစ်နေတဲ့ ငွေကြေးဖေါင်းပွမှုကို ထိန်းချုပ် နိုင်ဖို့အတွက် ကြိုးပမ်းတဲ့အနေနဲ့ ငွေလဲလှယ်နှုန်းကြောင့် ဈေးနှုန်း အပြောင်းအလဲဖြစ်ရတဲ့ကုန်ပစ္စည်းတွေကို တောင်ကိုရီးယားက ဂရုတစိုက် စောင့်ကြည့်လေ့လာသွားမယ်လို့ တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီး ဘတ်ဂျေးဝန်က စက်တင်ဘာ ၃၀ ရက်က ပြောပါတယ်။မကြာသေးမီက ဖြစ်ခဲ့တဲ့ ဝမ်ဈေး နှုန်းကျဆင်းတာကြောင့် အဓိကကျတဲ့ ကုန်ကြမ်းတွေနဲ့ တခြားသွင်းကုန်တွေ ဈေးနှုန်းမြင့်တက်လာမှာကို ပူပန်မှုတွေ ရှိလာချိန်မှာ ဝန်ကြီးကယခုလို ပြောခဲ့တာဖြစ်ပါတယ်။ Source:Youhap News
Air Asia က တောင်ကိုရီးယားနိုင်ငံရှိ ဘူဆန်သို့ ခရီးစဉ်သစ်ဆွဲမည် ဈေးနှုန်းချိုသာတဲ့ လေကြောင်းလိုင်း Air Asia ရဲ့လုပ်ငန်းခAir Asia X က မလေးရှားနိုင်ငံ ကွာလာလမ်ပူနဲ့ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ ပျံသန်းတဲ့ခရီးစဉ်သစ်ကို မူလစီစဉ်ထားတဲ့အတိုင်း ပြေးဆွဲဖို့ ရှိပါတယ်။တောင်ကိုရီးယားမှာ လေကြောင်းလိုင်းက ဝန်ဆောင်မှုပေးတဲ့ အထိမ်းအမှတ်အဖြစ် အင်ချွန်း-ကွာလာလမ်ပူခရီးစဉ်ကို လျှော့ဈေးနှုန်း ၈၅ ဒေါ်လာနဲ့ အောက်တိုဘာ ၇ ရက်ကနေ ဒီဇင်ဘာ ၁၂ ရက်ထိ ပြေးဆွဲပေးမှာဖြစ်ပါတယ်။ Source:Joongang.co.kr
