Background
လုပ်ခလစာကို ညှိပြီး တင်ထားတဲ့အတွက် အိမ်ဖော်အေဂျင်စီ ၁၆ ခုကိုဒဏ်ရိုက် လုပ်ခဈေးနှုန်းများကို ညှိပြီးမြှင့်တင်ထားတဲ့အတွက် အိမ်ဖော် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ၁၆ ခုကို စင်ကာပူဒေါ်လာ ၁၅၂၆၃ ဒေါ်လာဒဏ်ရိုက်ခဲ့ပါတယ်။ ဈေးအပြိုင်မရှိစေရန် ရည်ရွယ်ချက်ဖြင့် အင်ဒိုနီးရှား အိမ်ဖော်တွေရဲ့လစာကို စင်ကာပူဒေါ်လာ ၄၅၀ သတ်မှတ်ဖို့ ဆွေးနွေးညှိနှိုင်းတာကို စင်ကာပူနိုင်ငံယှဉ်ပြိုင်မှု (CCS) ကော်မရှင်က ဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။ Source. CNA
ဥရောပကယ်တင်ရေး ရန်ပုံငွေကို ဂျာမန်ပါလီမန် အတည်ပြု ဂျာမန်ဥပဒေပြုအမတ်များက ဥရောပရန်ပုံငွေတိုးမြှင့်ရေးကိစ္စကို တစ်ခဲနက် အတည်ပြုပေးလိုက်တာကြောင့် ဥရောပရန်ပုံငွေကိစ္စအတွက် အဓိက အခက်အခဲတစ်ခုက စက်တင်ဘာ ၂၉ ရက်ကနေ့က ရှင်းလင်း သွားပြီ ဖြစ်ပါတယ်။ ဥရောပဘဏ္ဍာရေး တည်ငြိမ်ရေး အစီအစဉ် (EFSF) ရဲ့ အရွယ်အစားနဲ့ နယ်ပယ်ကိုတိုးချဲ့ဖို့အတွက် ဂျာမန်ပါလီမန်က ထောက်ခံမဲ ၅၂၃ မဲ၊ ကန့်ကွက်မဲ ၈၅ မဲ၊ ပျက်ကွက်မဲ ၃ မဲ နဲ့ အတည်ပြု ပေးလိုက်ပါတယ်။ Source. AFP
အမေရိကန်စီးပွားရေးဖွံ့ ဖြိုးမှု 'မရေရာကြောင်း'ဘာနန်ကီက ပြောကြား အမေရိကန်ပြည်ထောင်စုရဲ့ လတ်တလောစီးပွားရေးဖွံ့ဖြိုးတိုးတက် မှုနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်အနေဖြင့် ရေရေရာရာ ပြောဆိုနိုင်ခြင်းမရှိ ကြောင်းနဲ့ စီးပွားရေးကို ကျားကန်ပေးရန်အတွက် တတိယအကြိမ် ငွေ ကြေးလှည့်ပတ်မှု တိုးတက်ရေးအစီအစဉ် (QE) ကို အကောင်အထည် ဖော်ရန် ဗဟိုဘဏ်အနေဖြင့် အသင့်မရှိသေးကြောင်း ဇူလိုင် ၁၄ ရက် နေ့က ပြောကြားပါတယ်။ အမေရိကန်လွှတ်တော်တွင် ပြုလုပ်သော ကြားနာစစ်ဆေးမှုတွင် ဘာနန်ကီက ယခုကဲ့သို့ ထွက်ဆိုခဲ့တာဖြစ်ပါတယ်။ Source:xinhua
ရင်းနှီးမြှုပ်နံှသူတွေကို အကာအကွယ်ပေးဖို့ တရုတ်က အမေရိကန်ကို တိုက်တွန်း အမေရိကန်ပြည်ထောင်စုရဲ့ ေြွကးမြီအဆင့်ကို A သုံးလုံးအဆင့်မှ စောင့်ကြည့်ရမဲ့အဆင့်ကို Moody's အေဂျင်စီက လျှော့ချခဲ့ပြီး နောက်ပိုင်း ရင်းနှီးမြှုပ်နံှသူတို့ရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးရန် အမေရိကန်ပြည်ထောင်စုအား တရုတ်နိုင်ငံက ဇူလိုင် ၁၄ ရက်နေ့က တိုက်တွန်းခဲ့ပါတယ်။ ဧပြီလက ထုတ်ပြန်ခဲ့တဲ့ စာရင်းဇယားများ အရ တရုတ်နိုင်ငံဟာ အမေရိကန် ပြည်ထောင်စုအပေါ် ေြွကးမြီဒေါ်လာ ၁ ဒသမ ၁၅၃ ထရီလီယံတင် ရှိနေပါတယ်။ Source:AFP
ကမ္ဘာ့စီးပွားရေးမရေရာမှုတွေကြောင့် တစ်ဆင့်ကန်ထရိုက်လုပ်ငန်းအတွက် အခွင့်အလမ်းများပေါ် ကမ္ဘာ့စီးပွားရေး မရေရာမှုတွေကြောင့် တစ်ဆင့်ကန်ထရိုက်လုပ်ငန်း (outsourcing) အပ်တဲ့ဖောက်သည် တွေပိုများလာတယ်။ ဒါကြောင့် ကွန်ပျူတာဝန်ဆောင်မှုလုပ်ငန်းတွေအတွက် ဝယ်လိုအားတွေ ပိုမို တိုးတက်လာတာ ကိုတွေ့ရတယ်လို့ အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံးဆော့ဖ်ဝဲ တင်ပို့ရေးလုပ်ငန်းဖြစ်တဲ့ တာတာအတိုင်ပင်ခံလုပ်ငန်း လီမိတက်(TCS) ကပြောပါတယ်။ ကုမ္ပဏီရဲ့ သုံးလပတ်အမြတ်က ၂၈ ရာခိုင်နှုန်းပိုမို မြင့်တက်လာတယ်လို့ ကုမ္ပဏီရဲ့ဘဏ္ဍာရေးအရာရှိချုပ်အက်စ်မဟာ လင်ဂမ်က ပြောပါတယ်။ Source:bloomerg.com
ကမ္ဘာ့ဘဏ္ဍာရေးစင်တာစာရင်းတွင် ရှန်ဟဲက ဆဋမနေရာမှာရှိ မကြာသေးမီက ထုတ်ပြန်သော ဘဏ္ဍာရေးအညွှန်းကိန်းများအရ ဘဏ္ဍာရေးစင်တာများတွင် ရှန်ဟဲက အမှတ် ၆ နေရာတွင်ရှိပြီး ဟောင်ကောင်ရဲ့နောက်အဆင့်နှစ်ဆင့် ကွာကျန်ခဲ့ပါတယ်။ ရှန်ဟဲရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကို တိုးခဲျ့နိုင်ရန်အတွက် ရင့်ကျက်တည်ငြိမ်တဲ့ ဈေးကွက်ထိန်းကျောင်းမှုနဲ့ ရင်းနှီးမြှုပ်နံှမှုလမ်းကြောင်းအမိုျးအစားကို ပိုမိုခဲျ့ထွင်သင့်ကြောင်း ကျွမ်းကျင်သူတို့က ပြောကြားပါတယ်။ Source:xinhuanet.
ငွေဖြစ်လွယ်မှု လွန်ကဲတဲ့ ပြဿနာနှင့် ထွန်းသစ်စ နိုင်ငံတို့ ရင်ဆိုင်နေရ ဖွံ့ဖြိုးပြီးနိုင်ငံအတော်များများမှာ သုညရာခိုင်နှုန်းနီးပါး အတိုးနှုန်းများကို သတ်မှတ်ထားတဲ့အတွက် ထွန်းသစ်စ ဈေးကွက်တွေမှာ မတည်ရင်းနှီးငွေစီးဆင်းမှု ဝန်ထုပ်ဝန်ပိုးရဲ့ဒဏ်ကို ခံနေရတယ်လို့ စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်းက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွား ရေးဖိုရမ် ပဏာမပြင်ဆင်မှု အစည်းအဝေးမှာ ပြောကြားပါတယ်။ အကယ်၍ အမေရိကန်ပြည်ထောင်စုက စည်းစနစ်တကျ ဖြစ်သွားမယ် ဆိုရင် အာရှနိုင်ငံတွေအပေါ် ကျရောက်နေတဲ့ ငွေကြေးဖောင်းပွမှုဒဏ်ကို ခံရတာ သက်သာသင့်သလောက် သက်သာသွားမယ်လို့ သူကပြောပါတယ်။ တရုတ်ယွမ်ငွေ ကိစ္စနဲ့ပတ်သက်ပြီး ပြောကြားရာမှာ မစ္စတာလီက တရုတ် ငွေကြေးကို အပူတပြင်း တန်ဖိုးမြင့်တာထက် တစ်စစ ချိန်ညှိတိုးမြှင့်သွားမှာကို ပိုမိုသဘောကျတယ်လို့ ပြောပါတယ်။ ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ရာမှာ တရုတ်နိုင်ငံကနည်းလမ်းစုံသုံးပါမယ်လို့ ပြောထားပြီးဖြစ်တဲ့အတွက် ယွမ်ငွေ တန်ဖိုးဟာ ယခုနှစ်အတွင်း ၅ ရာခိုင်နှုန်း ၆ ရာခိုင်နှုန်းထိ တက်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။ Source:todayonline.com
စမတ်ဖုန်းဈေးကွက်မှာ ဆမ်ဆောင်းက နိုကီယာကို ကျော်တက်မည် စမတ်ဖုန်းထုတ်လုပ်ရာမှာ ဆမ်ဆောင်းက နိုကီယာကို ယခုနှစ် ဒုတိယသုံးလပတ်မှာ ကျော်တက်နိုင်မယ်လို့ နိုမူရာအဖွဲ့ရဲ့ ဈေးကွက် သုတေသနလုပ်ငန်းကို ကိုးကား၍ ရိုက်တာကပြောကြားပါတယ်။ သို့ဖြစ် ရာ ၁၉၉၆ ခုနှစ်မှစပြီး ကမ္ဘာ့ဆဲလ်ဖုန်းဈေးကွက်ကို ရှေ့ဆောင်လာခဲ့တဲ့ နိုကီယာဟာ ဤကဏ္ဍရှိ ထိပ်တန်းနေရာကို ဆမ်ဆောင်းသို့ လွဲှပေးရမဲ့ သဘောဖြစ်နေပါတယ်။ Source:chosun.com
NUS က ပညာသင်ဆုပေးရာတွင် လူကြိုက်အများဆုံးဖြစ် စင်ကာပူ အမျိုးသားတက္ကသိုလ် ( NUS) က စင်ကာပူမှာရှိတဲ့ ကျောင်းသားများအား ပညာသင် ဆုပေးရာတွင် ပြည်သူ့ဝန်ထမ်း ကော်မရှင် (PSC) ထက် သာလွန်ပါတယ်။ NUS ပေးတဲ့ ပညာသင်ဆုလေးမျိုးက ကျောင်းသားများအတွက် ပေးတဲ့ပညာသင်ဆုတွေထဲမှာ ထိပ်တန်းမှ ပါဝင်ပါတယ်။ ဤစာရင်းမှာ ၂ဝ၁၁ ခုနှစ်က ဘရိုက်စပါ့ခ် စကောလားရှစ် စစ်တမ်းအဖွဲ့က ကျောင်းသား ၃ဝဝဝကို စစ်တမ်း ကောက်ယူရာမှ ရရှိသော ရလဒ် ဖြစ်ပါတယ်။ Source: channelnewsasia.com
အိုင်အမ်အက်ဖ် နဲ့ ကမ္ဘာ့ဘဏ်တို့ ရဲ့ ၂ဝ၁၂ခု နှစ်ပတ်လည်အစည်းအဝေးကို ဂျပန်တွင်ကျင်းပမည် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)နဲ့ ကမ္ဘာ့ ဘဏ်တို့ရဲ့ ၂ဝ၁၂ခုနှစ် နှစ်ပတ်လည် အစည်းအဝေးများကို ဂျပန်နိုင်ငံ တိုကျိုမြို့ တွင် ကျင်းပမှာဖြစ်တယ်လို့ အိုင်အမ်အက်ဖ်က ဇွန် ၆ရက်က ကြေညာပါတယ်။ အစည်းအဝေးများကို မူလက အီဂျစ်နိုင်ငံတွင်ပြုလုပ်မယ်လို့ ကြေညာခဲ့သော် လည်း မြောက်အာဖရိကဒေသတွင် မကြာမီက ဖြစ်ပွားခဲ့သော မငြိမ်သက်မှု များကြောင့် ဂျပန်တွင် ရွှေ့ပြောင်းကျင်းပခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံ ဝါရှင်တန် အခြေစိုက် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍရေး အဖွဲ့အစည်းနှစ်ခုရဲ့နှစ်ပတ်လည် အစည်းအဝေးမှာ အပြည်ပြည်ဆိုင်ရာ စီးပွား ရေးနဲ့ဘဏ္ဍာရေးဖြစ်ပေါ် တိုးတက်မှုတွေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒ များကို ဆွေးနွေးကြပြီး ဆင်းရဲမှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် သက်ဆိုင်ရာနိုင်ငံများအား အကူအညီပေးရေးကိစ္စများကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ အဖွဲ့ဝင် ၁၈၇နိုင်ငံတို့အား ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးနိုင်မဲ့ နည်းလမ်းများ ကို ရှာဖွေဖို့ ဖိုရမ်ဆွေးနွေးပွဲတစ်ခုကို ကျင်းပပေးမှာ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်မှ ဂျပန်နိုင်ငံ ပြန်လည်နာလန်ထူလာပြီ ဖြစ်ကြောင်း ကမ္ဘာ့တစ်ဝန်းမှ တက်ရောက်လာသူများအား ပြသနိုင်ဖို့အတွက် ဤ အစည်းအဝေးက ပြည့်စုံသော အခွင့်အလမ်းများကို ပေးမှာဖြစ်ကြောင်း ဂျပန် ဘဏ္ဍာရေးဝန်ကြီး ယိုရှီကီကိုနိုဒါက ပြောကြားပါတယ်။ Source: xinhua
