Main menu

Background

Tuesday, 5 Apr 2011

ဂျပန်ဆူနာမီဒဏ်ခံလေဆိပ် ပြန်လည်ကောင်းမွန်                  ဂျပန်မှာကြီးမားတဲ့ ဆူနာမီဖြစ်ပွားပြီးနောက်ပိုင်း ရက်သတ္တပတ်သုံးပတ်အတွင်း ခရီးသည်သယ်ယူပို့ဆောင်ရေး ခရီးစဉ်တွေကို ပြန်လည်စတင်နေပြီဖြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်နေတဲ့ အမေရိကန်လေကြောင်းဆိုင်ရာ ပုဂ္ဂိုလ်တွေက ပြောပါတယ်။ လေယာဉ် အဆောက်အဦကို ရေလွှမ်းမိုးခံရပြီး ကားရပ်နားစခန်းနဲ့ လေယာဉ်ရပ်နားရာ နေရာတွေ မီးလောင်ခံခဲ့ရပါတယ်။ အဲဒီအချိန်က ခရီးသည် တွေဟာ အပေါ်ထပ်မှာ နှစ်ရက်ကြာ ပိတ်မိနေပြီး ဝန်ထမ်းတွေက အုပ်ချုပ်ရေးရုံးအဆောက်အအုံ ခေါင်မိုးပေါ်ကို ပြေးတက်ခဲ့ရပါတယ်။ Source:AFP

Monday, 17 Jan 2011

 စင်ကာပူမှာ တက္ကသိုလ် ပညာရေးစရိတ်ကြီးမား           စင်ကာပူမှာ အခြေခံပညာ အထက်တန်းလွန်စရိတ် တိုးတက်ကြီးမား လျက် ရှိပါတယ်။ စင်ကာပူအမျိုးသား တက္ကသိုလ် (NUS) ) ၊ နန်ယန်း နည်းပညာ တက္ကသိုလ် (NUS)  နဲ့စင်ကာပူ စီမံခန့်ခွဲမှု တက္ကသိုလ် (SMU)  တို့က ကျောင်းပညာ သင်ကြေးတွေ ပိုမို ကောက်ခံဖို့ စီစဉ်လျက်ရှိကြောင်း စင်ကာပူရဲ့ တက္ကသိုလ် သုံးခု၊ ပိုလီတက္ကနစ်ကျောင်းနဲ့ နည်းပညာ ပညာ ရေး ကျောင်းငါးခုက ဇန်နဝါရီ ၁၄ ရက်နေ့ မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။Source:CNA

Tuesday, 30 Nov 2010

 တောင်ကိုရီးယားရဲ့ ၂ဝ၁၁ အတွက် စက်မှုလုပ်ငန်းအခြေအနေကောင်းမွန်             လာမဲ့နှစ်မှာ တောင်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု နှေး ကွေးမယ်လို့ ခန့်မှန်းထားပေမဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်းနဲ့ မော်တော် ကား ထုတ်လုပ်ရေး လုပ်ငန်းတွေလို စက်မှုကဏ္ဍရဲ့လုပ်ငန်း စွမ်းဆောင်ရည် တိုးတက်ကောင်းမွန်မယ်လို့ ကိုရီးယား စက်မှုလုပ်ငန်းအသင်းက နိုဝင်ဘာ ၂၆ ရက်မှာထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ကိုရီးယား နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်း ၄ ရာခိုင်နှုန်းထိ တိုးတက်မှုရှိမှာဖြစ်လို့ ကမ္ဘာ့ပျမ်းမျှ တိုးတက်မှုနှုန်းထက် အနည်းငယ်သာလွန်မယ်လို့ဖေါ်ပြထား      ပါတယ်။Source:Joongang.co.kr

Tuesday, 30 Nov 2010

ဗိုဗိုကုမ္ပဏီက စင်ကာပူမှာ ကား ၃ဝဝ ပြန်သိမ်း                   ကားတွေ ဖြည်းဖြည်းမောင်းတဲ့အခါ ကားစက်ဆောင့်တွန်း တာမျိုး ဒါမှမဟုတ် ရပ်သွားတာမျိုးတွေ မဖြစ်စေဖို့အတွက် ကြိုတင် စီမံတဲ့အနေနဲ့ အင်ဂျင်ဆော့ဝဲတွေကို အခမဲ့အဆင့်မြှင့်ပေးရအောင် ဗိုဗိုကားကုမ္ပဏီက စင်ကာပူမှာ ကား ၃ဝဝကို ပြန်သိမ်းခဲ့ပါတယ်။ မကြာမီ က ကမ္ဘာအနံှ့ကားတွေ ပြန်သိမ်းခဲ့စဉ်က ၂ဝဝ၉ ခုနှစ်နောက်ပိုင်း ထုတ် တဲ့ S40 , V 50  နဲ့ စီ ၃ဝ မိုဒယ်စုစုပေါင်း ၁၁ဝဝဝ ပါဝင်ခဲ့ပါတယ်။ စင်ကာပူ နိုင်ငံမှာ ထိခိုက်မှုရှိတဲ့ ကားတွေအတွက် ဗိုဗိုဖြန့်ဖြူးရေးကုမ္ပဏီ ွျှWearnes Automotive က တာဝန်ယူဆောင်ရွက်ပါတယ်။                                            Source:The Strait Times.com

Tuesday, 30 Nov 2010

 ဆမ်ဆောင်းက အိန္ဒိယနိုင်ငံကို အီလက်ထရွန်းနစ် လူသုံးကုန် ထုတ်လုပ်ရေးအချက်အချာအဖြစ် ထားရှိမည်           ၂ဝ၁၆ ခုနှစ်မှာ တောင်ကိုရီးယား အီလက်ထရွန်းနစ် ကုမ္ပဏီ ဆမ်ဆောင်းက အိန္ဒိယနိုင်ငံမှာ ရူပီးငွေသန်း ၃၅ဝဝ ထပ်မံရင်းနှီးမြုပ်နံှပြီး အိန္ဒိယနိုင်ငံကို အရှေ့အလယ်ပိုင်းဒေသနဲ့ အိမ်နီးချင်းဒေသ ဈေးကွက်တွေ အတွက်လာမဲ့ငါးနှစ်အတွင်း ထုတ်လုပ်ရေး အချက်အချာဒေသ အဖြစ် ထားရှိသွားမယ်လို့ ကြေညာပါတယ်။                                       Source:Southasianews.com

Tuesday, 30 Nov 2010

 ဂျပန်ပါလီမန်က စီးပွားရေးတွန်းအားပေးအစီအစဉ်ကို အတည်ပြု           စီးပွားရေးဆုတ်ကပ် နောက်တစ်ကျော့ ပြန်လည်ဖြစ်ပွားမှာကို ကာကွယ်တဲ့အနေနဲ့ စီးပွားရေးတွန်းအားပေး အစီအစဉ်နောက်ထပ် ယန်း ၄ ဒသမ ၈ ထရီလီယံ (ဒေါ်လာ ၅၈ ဘီလီယံ) သုံးစွဲဖို့ ဂျပန်ပါလီမန်က နိုဝင်ဘာ ၂၆ ရက်က အတည်ပြုခဲ့ပါတယ်။ယခုအစီအစဉ်က ဝန်ကြီးချုပ် နာအိုတိုခန် ရာထူးလက်ခံပြီးနောက်ပိုင်း ဒုတိယအကြိမ်ချမှတ်တဲ့ အစီ အစဉ်ဖြစ်ပြီး အလုပ်အကိုင် အစီအစဉ် သက်သာချောင်ချိရေးနဲ့ အသေးစား စီးပွားရေးလုပ်ငန်းတွေနဲ့ စီးပွားရေးအခြေခံ အဆောက်အဦးကို ထောက်ပံ့ရေး အစီအစဉ်တွေအတွက် အသုံးပြုမှာဖြစ်ပါတယ်။ Source:AFP

Wednesday, 24 Nov 2010

ဂျင်နရယ်မော်တာက အိန္ဒိယတွင် မိုဒယ်သစ် ခြောက်ခုထုတ်မည်         အိန္ဒိယနိုင်ငံမှာ မော်တော် ကားလုပ်ငန်းဖွံ့ဖြိုးမှု ခိုင်မာလာတဲ့ အတွက် လာမဲ့နှစ်နှစ်အတွင်းမှာ ဂျင်နရယ် မော်တာက အိန္ဒိယနိုင်ငံမှာ မိုဒယ်သစ်ခြောက်မျိုးထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ ကုမ္ပဏီရဲ့အဆင့်မြင့် အရာရှိတစ်ဦးက နိုဝင်ဘာ ၂ဝ ရက်ကပြောပါတယ်။                   Source:Southasianews.com

Wednesday, 24 Nov 2010

တရုတ်နိုင်ငံက ဒီဇယ်တင်သွင်းရဖွယ် ရှိ        တရုတ်နိုင်ငံရဲ့ အရှေ့ပိုင်းနဲ့တောင်ပိုင်းပြည်နယ်တွေမှာရှိတဲ့ စက်သုံး ဆီဆိုင် ၂ဝဝဝ ကျော်ရဲ့လက်ကျန်တွေ ကုန်ခန်းသွားတဲ့အတွက် တိုးတက် လာတဲ့ဝယ်လိုအားကို ဖြည့်ဆည်းဖို့အတွက် ယခု လကစပြီး တရုတ်နိုင်ငံ ပိုင်ရေနံချက်စက်ရုံတွေက ဒီဇယ်တင်သွင်းမှုကို တိုးမြှင့်ရဖွယ်ရှိပါတယ်။ တရုတ်နိုင်ငံရဲ့ အကြီးဆုံးရေနံချက်စက်ရုံ China Petroleum and Chemicalက နိုဝင်ဘာ စောစောပိုင်းက တန်ချိန် ၈ဝဝဝဝ တင်သွင်းခဲ့ပြီး နောက်ပိုင်းနောက်ထပ်တန် ချိန် ၂ဝဝဝဝဝ တင်သွင်းဖို့စီစဉ်နေတယ်လို့ ကုမ္ပဏီရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ဆီနိုပက်ရဲ့ ဝက်ဘ်ဆိုက်မှာဖော်ပြထားပါတယ်။ ှSource:bloomberg.com

Wednesday, 24 Nov 2010

 'စူပါဘတ်'အန္တရာယ် ပံျ့နံှ့မည်ကို ဥရောပကျွမ်းကျင်သူတို့ စိုးရိမ်        အိန္ဒိယနိုင်ငံမှာ စတင်ပေါ်ပေါက်ခဲ့တဲ့ ဆေးဝါးမျိုးစုံဒဏ်ခံနိုင်ရည် ရှိတဲ့ စူပါဘတ်ရောဂါပိုးကို ဗြိတိန်နိုင်ငံမှာ သြဂုတ်က စတင် စမ်းသပ် တွေ့ရှိခဲ့ပါတယ်။ ဒီရောဂါပိုးက နိုင်ငံ ၁၂ နိုင်ငံကို ပံျ့နံှ့လာတာကို ထောက်လှမ်း တွေ့ရှိရတယ်လို့ ဥရောပရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ် ရေးစင်တာက နိုဝင်ဘာ ၁၇ ရက်နေ့ကပြောပါတယ်။ Source:Chinadaily.com.cn

Wednesday, 24 Nov 2010

ဥရောပကြွေးမြီပြဿနာမပြီးသေး      ဥရောပြွေကးမြီအကျပ်အတည်းက ပြီးဆုံးခြင်း မရှိသေးကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ညွှန်ကြားရေးမှူးချုပ် ဒိုမနစ်စထရော့ခန်းက ပြောကြားပြီး ယူရိုငွေကြေးသုံးစွဲတဲ့ နယ်မြေအတွင်းဖွံ့ဖြိုး မှုမညီမျှမှုများကို သက်သာလျော့ပါးအောင် ဂျာမနီနိုင်ငံက ပိုမို ဆောင်ရွက်ဖို့လိုကြောင်းအချက်ပေးလိုက်ပါတယ်။ သို့သော် အိုင်ယာလန် နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ကသောင်းကနင်းဖြစ်မှုများကို တိုက်ရိုက်ရည်ညွှန်းခြင်းမရှိခဲ့ပါ။ Source:bloomberg.com

Pages