Main menu

Background

Sunday, 1 Jul 2012

    ပြည်ကြက်သွန်နီဈေးကွက်ကို ယခုတစ်ပတ်အတွင်း ရေနံချောင်း၊ ပခုက္ကူ ဘက်မှ ကြက်သွန်နီများ၃၅ ပိဿာဝင်အိတ် ၅၀၀ ခန့် ရက်ခြားအဝင်ရှိပြီး၊ အရောင်း အဝယ်မှာလည်း တစ်ရက်ကို အိတ် ၆၀ ခန့်သာ အရောင်း အဝယ်ဖြစ်ပြီး၊ ဈေးကွက် အတွင်း အရောင်းအဝယ်ပါးတာကြောင့် ဈေးအေးသွားခဲ့ကြောင်းသိရပါတယ်။ ပြည် ပွဲရုံများရဲ့ ဈေးနှုန်းမှာ ယခင်အပတ်ထက် တစ်ပိဿာကို ၅၀ ကျပ်ခန့်ဈေးကျပြီး၊ ကြက်သွန်နီ(ကြီး) တစ်ပိဿာ ၆၀၀ ကျပ်၊ (လတ်) ၅၅၀ ကျပ်၊ (သေး) ၅၃၀ ကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိနေပါတယ်။                        ဝင်းဝင်းခိုင်

Sunday, 1 Jul 2012

    ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ပြည်ပကိုမန်ကျည်း ၁၆၉ ဒသမ ၉၈ တန်ကို ဇွန် ၁၇ ရက်မှ ၂၃ ရက်တာ ကာလအတွင်း တင်ပို့ခဲ့ပါတယ်။ ဒီ သီတင်းပတ် အတွင်း မလေးရှားနိုင်ငံကို ၁၄၄ ဒသမ ၉၈ တန်နဲ့ ထိုင်းနိုင်ငံကို ၂၅ တန်တင်ပို့နိုင်ခဲ့ ပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းတင်ပို့မှုက တန်တစ်ရာငါးဆယ် ကျော်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ ယခင်သီတင်းပတ်ထက် ဆယ်တန်ကျော်ပိုမို တင်ပို့နိုင်ခဲ့ပါ တယ်။ FOB ဈေးကတစ်တန်ကိုကန်ဒေါ်လာငါးရာနှစ်ဆယ်ကျော်ရရှိခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေကန်ဒေါ်လာ ကိုးသောင်းနီးပါးရရှိခဲ့ပါတယ်။                                      MIRT (DOT)

Sunday, 1 Jul 2012

    ချင်း(ဥမ)တွေကတော့ အောင်ပန်းဈေးကွက်မှာ ပုံမှန်အဝင်ရှိနေပါတယ်။ တစ် ရက်ကို ပျမ်းမျှ ပိဿာချိန် ၁၀၀၀ ခန့်အဝင်ရှိနေပါတယ်။ ချင်းထိုးသမားတွေက ချင်း(ဥမ)ကိုပိုပြီးကြိုက်ကြပါတယ်။ဥမကဖောင်းပြီးကြီးတာကြောင့် လှီးရတာလွယ်ကူ တယ်လို့ ဆိုပါတယ်။ ချင်းတက်ကတော့ လှီးရတာ လက်ဝင်တာကြောင့် ဥမပေါ်ချိန် ဆို ဥမကိုသာအဆွဲများပါတယ်။

Sunday, 1 Jul 2012

    ယခုတစ်ပတ်မှာအောင်ပန်း၊ တောင်ကြီးတို့မှ ချင်းပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့်အဝင်ရှိပြီး၊ ယခင်အပတ်ထက် အဝင်ပိုများလာကာ ဈေးနှုန်းများမှာလည်း တစ် ပိဿာကို ချင်း(ရှယ်) ၅၀၀ ကျပ် (ဂျွန်) ၃၅၀ ကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိလို့၊ ယခင်တစ်ပတ်ထက်တစ်ပိဿာကို ၁၀၀ ကျပ်ခန့် ဈေးကျသွားခဲ့ပါတယ်။ အရောင်း အဝယ်အားဖြင့် ယခုတစ်ပတ် ပြည်ဈေးကွက်အတွင်းမှာ လက်လီ၊ လက်ကား ရောင်း ဝယ်သူများအပြင် ဧရာဝတီနဲ့ ရခိုင်ကို တင်ပို့မှုအပါအဝင် တစ်ရက်ကို ပိဿာချိန် ၁၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ဝင်းဝင်းခိုင်

Sunday, 1 Jul 2012

    မုတ်သုံမိုးက ပျမ်းမျှမိုးရေချိန်အောက်ကိုရောက်ရှိနေခြင်းဟာ နိုင်ငံရဲ့ ပဲထုတ်လုပ်မှုကို ထိခိုက်နိုင်တဲ့ စိုးရိမ်မှုတွေနဲ့အတူ ဥပုသ်လပွဲတော်နီးကပ်လာတဲ့ ကာလအတွင်း စားသုံးသူဝယ်လိုအား မြင့်တက်ဖွယ်ရှိခြင်း တို့ကြောင့် ဇွန်လ ၂၇ ရက် အိန္ဒိယ ကုလားပဲကြိုပွိုင့်ဈေးမြင့်တက်ခဲ့ပါတယ်။ NCDEX  မှာဇူလိုင် ကုလားပဲ စာချုပ်ဈေးက တစ်တန်ကို သုည ဒသမ ၈၄ ရာခိုင် နှုန်း မြင့်တက်ပြီး၊ ရူပီး ၄၃၁၅၀ (ကန်ဒေါ်လာ ၇၅၆)ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Sunday, 1 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၅၁၈ သန်းတန်ဖိုးရှိ ပဲယင်း ၁၂၆၁ တန်ကျော်ကို ဇွန်လ ၂၀ ရက်မှ ၂၆ ရက်အတွင်းမှာ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှုနဲ့နှိုင်းယှဉ်ပါက တန် ၉၉၀ ဝန်းကျင် ယခုအပတ်မှာပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေး လိုက်ပါတယ် -

Sunday, 1 Jul 2012

    ပြည်တွင်းမှာ လက်ကျန်နည်းလာပြီဖြစ်တဲ့ ကုလားပဲကို ရောင်းဝယ်မှုရော ပြည်ပတင်ပို့မှုမှာ အနည်းငယ် သာရှိပါတယ်။ ယခင်တစ်ပတ်ကပင်လယ်ရေကြောင်း တင်ပို့မှုတန်ချိန် ၁၅၀၀ ရှိပြီး ယခုတစ်ပတ်မှာ တန်ချိန် တစ်သောင်းကျော်သာ တင်ပို့ နိုင်ကြောင်းတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇွန် ၂၂ ရက်ထိ စုစုပေါင်း တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၃၅၀၀၀ ကျော်ရှိပြီး ရရှိ တဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၂၆ သန်းနီးပါးရရှိပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၂၅၀၀၀ ကျော်တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၁၉ သန်းခန့်ရှိလို့ ယခုနှစ် ကာလတူမှာ တင်ပို့မှု ပမာဏရော ဝင်ငွေပါ ပိုမိုရရှိတာတွေ့ရပါတယ်။

Sunday, 1 Jul 2012

    ပြည်ဈေးကွက်အတွင်း အခြားပဲသီးနှံအချို့မှာ ဈေးမြင့်လာမှုရှိခဲ့သော်လည်း ပဲတီစိမ်းသီးနှံကတော့ ဈေးငြိမ် လျက်ရှိခဲ့ပါ တယ်။ ဈေးကွက်အတွင်း ပဲလက်ကျန် အဟောင်းများ နည်းလာခဲ့ပြီဖြစ်ပြီး၊ ပဲအဝင်လည်းမရှိခဲ့တာကြောင့် လက်ကျန်ပဲများ သာ ဝယ်လက်အပေါ် မူတည်ပြီးအရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ဝယ်ယူမှုအနေ နဲ့ နေ့တိုင်းအဝယ်မရှိဘဲ အဝယ်ရှိတဲ့ရက်မှာ အိတ် ၂၀၀ ကျော်ရောင်းဝယ်ခဲ့ကြ သလို ဈေးနှုန်းကတော့ တစ်တင်း ၁၅၅၀၀ ကျပ်နဲ့ ဈေးငြိမ်နေလျက်ရှိတာ ကို တွေ့ရပါ တယ်။                                               ခင်ဆွေဝင်း

Sunday, 1 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂ ဒသမ ၈၁၁ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၄၁၉၅ တန်ကို ဇွန်လ ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်းမှာ တစ်ဖက်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှု နဲ့နှိုင်းယှဉ်လျှင် ၁၂၈၁ တန် ယခုအပတ်မှာ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်မြေပြင် ဈေးမြင့်တက်လျက်ရှိသော်လည်း တစ်ဘက်နိုင်ငံဈေး ပြောင်းလဲမှုမရှိပါဘူး။ ငွေလဲ နှုန်းကြောင့်သာ အနည်းငယ်လျော့နည်းခဲ့တာ ဖြစ်ပါတယ်-

Sunday, 1 Jul 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲတီစိမ်း၊ ပဲတီရွှေဝါ အရောင်းအဝယ်ဖြစ်မှု လျော့ကျနေ ပါတယ်။ ပြည်တွင်းမှာ လက်ကျန် နည်းလာပြီ ဖြစ်သလို ပြည်ပကလည်း ဝယ်လိုအားနည်းနေပါတယ်။ ဗီယက်နမ်မှ တစ်ဆင့် တရုတ်ကို တင်ပို့မှုလည်း လျော့ကျလာတဲ့အတွက် အရောင်းအဝယ်လည်း လျော့ကျလာကြောင်း သိရပါတယ်။

Pages