Main menu

Background

Monday, 4 Jun 2012

    မေလ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်းမှာ မြန်မာ-တရုတ် နယ် စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၄၈ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ ၆၇ တန်ကျော်နဲ့ မြဝတီမှ ကန်ဒေါ်လာ သုညဒသမ ၀၂၀ သန်းတန်ဖိုးရှိ ပဲလွန်း ဖြူ တန် ၃၀ ကိုအပို့ရှိခဲ့ရာ ယခင်အပတ် က ထက် ၄၅ တန်ကျော်အပို့ပိုခဲ့ပါ တယ်။ မိမိဘက် မူဆယ် မြေပြင်ဈေး အနည်းငယ် မြင့်တက်လျက် ရှိပြီး တစ်ဘက်နိုင်ငံဈေးမှာ သုံးဒေါ်လာခန့် လျော့နည်း ခဲ့တယ်လို့ သိရှိ ရပါတယ်။

Monday, 4 Jun 2012

    ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တင်ပို့မှုမှာ ယခင်တစ်ပတ်တင်ပို့တဲ့ တန်ချိန် ၉၀၀ ထက်ပိုပြီး ယခုတစ်ပတ် (မေလ ၂၁-၂၅ ) အတွင်းမှာ တန်ချိန် ၁၄၅၀ ခန့်ထိ ပိုမို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့နိုင်ငံတွေကတော့ အိန္ဒိယ၊ ကိုရီးယား၊ မလေးရှား၊ ဖိလစ် ပိုင်၊စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ ဖြစ် ပါတယ်။

Monday, 4 Jun 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်  FOB ဈေးကွက်မှာ ယခင် တစ်ပတ်က ပဲစင်းငုံတန် ၆၅၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ် (မေလ ၂၅-၃၁ ရက်)အတွင်းမှာတန်ချိန် ၁၁၀၀၀ ကျော်ထိ တစ်ဆခန့် ပိုမိုခဲ့ပါတယ်။ အိန္ဒိယကုန်သည်များလက်ထဲမှာ လက်ကျန်နည်းလာပြီဖြစ်လို့ ပဲစင်းငုံဝယ်လိုအား ကောင်းလာခဲ့တာဖြစ်ပါတယ်။

Monday, 4 Jun 2012

    ပဲစင်းငုံတင်ပို့မှုမှာ ယခင်သီတင်းပတ်တွေထက် ပိုမိုလာပါတယ်။ မေ ၂၁ ရက်မှ ၂၅ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၉၈၀၀ ကျော်တင်ပို့နိုင်ခဲ့လို့ ယခင် တစ်ပတ်တင်ပို့မှုတန်ချိန် ၈၉၀၀ ထက် ပိုမိုခဲ့ပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် မေလ ၂၅ ရက်အထိ စုစုပေါင်း တင်ပို့မှုမှာ တန်ချိန် ၃၉၀၀၀ နီးပါးရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၂၂ သန်းနီးပါးရှိခဲ့လို့ ယခင်နှစ်ကာလတူ တင်ပို့မှုတန်ချိန် ၂၃၀၀၀ ကျော်မှ ရရှိတဲ့ဝင်ငွေ ကန်ဒေါ်လာ ၁၉ သန်းခန့်နဲ့ ယှဉ်ရင် ပမာဏအားဖြင့် ပိုမို တင်ပို့ခဲ့သလို ဝင်ငွေမှာလည်း ပိုမိုရရှိတာတွေ့ရပါတယ်။ ယခင်နှစ်နဲ့ ယခုနှစ်ပဲစင်းငုံ ဈေးနှုန်း ကွာဟမှုနည်းတဲ့အတွက် ရရှိတဲ့ဝင်ငွေ သိသိသာသာလျော့ နည်းမှုမရှိတာ တွေ့ရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာလည်း ပဲစင်းငုံတင်ပို့မှုပိုကောင်းလာဖွယ် ရှိပါတယ်။                                                                               MIRT - MAPT

Monday, 4 Jun 2012

    ယခင်တစ်ပတ်က ပြည်ပဲဈေးကွက်မှာ ပဲတစ်တင်းကို ၁၂၁၀၀ ကျပ်ဈေးရှိခဲ့ပြီး၊ ယခုတစ်ပတ် ၁၂၃၀၀ ကျပ်ဈေးနဲ့ ဈေးအနည်းငယ်တက်ခဲ့တယ်လို့ သိရပါတယ်။ ပဲအဝင်ပါးလာခဲ့ပြီး ဝက်ထီးကန်၊ ပန်းတောင်းဘက်မှ သာ အနည်းငယ် အဝင်ရှိပြီး၊ တစ်နေ့ကို အိတ် ၂၀၀-၃၀၀ ခန့် ဝင်ရောက်လျက်ရှိပါတယ်။

Monday, 4 Jun 2012

    မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနဲ့မောင်တောနယ်စပ်များမှ ကန်ဒေါ် လာ သုည ဒသမ ၁၃၄ သန်းတန်ဖိုးရှိ မတ်ပဲ ၂၃၂ တန်ကျော်ကို မေ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ နယ်စပ်အလိုက်တင်ပို့နိုင်မှုတွေ ကတော့ စစ်တွေမှ ၂၆ တန်နဲ့ မောင်တောမှ ၂၀၆ တန်ကျော်ဖြစ်ပါတယ်။ ယခင် အပတ်ကထက် တန် ၁၀၀ ဝန်းကျင်အပို့ပိုခဲ့ပါ တယ်။ မေလ အတွင်းနယ်စပ်မှ မတ်ပဲ တန် ၃၇၀ ကျော်အပို့ရှိခဲ့ပြီး ယခင်လကထက် ၆၃ တန်ခန့် အပို့လျော့ခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ် ပထမနှစ်လတာမှာ နယ်စပ်မှ မတ်ပဲတန် ၈၀၀ ကျော်တင်ပို့ထားပြီး ဖြစ်ပါတယ်။                                                                               MIRT(DOBT)

Monday, 4 Jun 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ်အတွင်း မတ်ပဲ FAQ ၊ SQ နဲ့ အခွံချွတ်နေ့စဉ်အရောင်းအဝယ်ဖြစ်ရာ မေလ ၂၅ ရက်မှ၃၁ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၁၅၀၀၀ နီးပါး အရောင်း အဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။

Monday, 4 Jun 2012

    ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခင်သီတင်းပတ်တွေက တန်ချိန် နှစ်သောင်းအထက်ထိ တင်ပို့မှုအားကောင်းခဲ့ရာ ယခုတစ်ပတ်မှာတော့ အနည်းငယ် လျော့နည်းတင်ပို့ခဲ့ပါတယ်။ မေ ၂၁ရက်မှ ၂၅ ရက်အထိ တစ်ပတ်အတွင်း မတ်ပဲ စုစုပေါင်း တန်ချိန် ၁၉၀၀၀ ကျော်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

Wednesday, 30 May 2012

    ဥရောပဇုန်ရဲ့ ကြွေးမြီအကျပ်အတည်းပြဿနာတွေ ရှိနေပေမယ့်လည်း ထိုင်းနိုင်ငံရဲ့ ပြည်တွင်းရောင်းလိုအား အကျပ် အတည်းကြောင့် ရော်ဘာတင်သွင်းမယ့် စီမံကိန်းသတင်းကြားပြီးနောက် အိန္ဒိယနဲ့ တရုတ်ရဲ့ ဝယ်လိုအားလည်း တိုးလာတာ ကြောင့် အဓိကကုန်စည်ဒိုင်ကြီးတွေဖြစ်တဲ့ အိန္ဒိယအမျိုးသားကုန်စည်ဒိုင် (NMCE)၊ တိုကျိုကုန်စည်ဒိုင် (TOCOM)၊ ဘန်ကောက်ဈေးကွက်တို့မှာရော်ဘာဈေးနှုန်းတွေ မြင့်တက်လာကြောင်း သိရပါတယ်။

Wednesday, 30 May 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၃ ဒသမ ၆၇၄ သန်းတန်ဖိုးရှိ ရော်ဘာ အဆင့်စုံ တန် ၁၀၇၀ ကို မေလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ရာ ယခင်အပတ်ကထက် ၁၀၃ တန်ကျော်အပို့ပိုခဲ့ပါတယ်။ နယ်စပ်အလိုက်ရော်ဘာတင်ပို့နိုင်မှုတွေကတော့မူဆယ်မှ MSR-20  ၁၂၇ တန်၊ MSR-50  ၅၃ တန်၊ RSS-3 ၁၄၅ တန်နဲ့ ရော်ဘာဖြတ်စ ၁၅ တန်၊ ချင်းရွှေဟော်မှ MSR-20  ၄၅ တန်ခန့်နဲ့RSS-3  ၆၈၅ တန်ကျော် အသီးသီးဖြစ်ပါတယ်။                                                                                                                             MIRT(DOBT)

Pages