Main menu

Background

Monday, 14 May 2012

    ဟိုပုံး နနွင်းကတော့ မူဆယ်ဝယ်လက်တွေ အနည်းအကျဉ်းပြန်ဝယ်ယူလာတာကြောင့် အရောင်းအဝယ် ဖြစ်နေပါတယ်။ အဝင်ကတော့ ၅ ရက်တစ်ဈေးကို ပိဿာချိန် ၁၅၀၀၀ ခန့် ဝင်နေတယ်လို့လည်း သိရပါတယ်။ သြင်္ကန်ပြီး စဖြစ်တာကြောင့် သယ်/ပို့ ဖို့ကားသိပ်မရှိသေးတာကြောင့် ထင်သလောက် အရောင်းအဝယ်မဖြစ်သေးဘူးလို့လည်း ဆိုကြပါတယ်။ နနွင်းခြောက် ဈေးကတော့ တစ်ပိဿာ ၈၈၀ ကျပ် ဈေးရှိတယ်လို့လည်း သိရပါတယ်။

Monday, 14 May 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၅၁၄ သန်းတန်ဖိုးရှိ နနွင်းတက် တန် ၃၂၇ ဒသမ ၆၂၀ တန်နဲ့ မြဝတီနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၀၆ သန်းတန်ဖိုးရှိ နနွင်းတက် ၃ တန် ကျော် ဧပြီလ ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်းမှာ တင်ပို့မှုရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၁၁၆ တန်ကျော် အပို့ပိုခဲ့ပါတယ်။

Monday, 14 May 2012

    ဧပြီလပထမပတ်ဖြစ်တဲ့ ဧပြီ ၁ ရက်မှ ၇ ရက်နေ့တာကာလအတွင်း နနွင်း တန် ၅၀ ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက ပါကစ္စတန်နိုင်ငံပဲ ဖြစ်ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် တစ်ရာ့တစ်ဆယ်ကျော် တင်ပို့နိုင် ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှာ တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၄၅၀ ရရှိခဲ့လို့ စုစုပေါင်းပို့ကုန် ဝင်ငွေ ကန်ဒေါ်လာ နှစ် ထောင်ကျော်ရရှိခဲ့ပါတယ်။                                               MIRT (DOT) 

Monday, 14 May 2012

    မန္တလေးတိုင်းဒေသကြီးရဲ့ မန်ကျည်းဈေးကွက်ကြီးတစ်ခုဖြစ်တဲ့ ကျောက်ပန်း တောင်းနယ်မှာ ယခုနှစ် မန်ကျည်းအရောင်းအဝယ်ပိုကောင်းတယ်လို့ သိရပါတယ်။ လက်ရှိအချိန်ဟာ မန်ကျည်းအထွက်လှိုင်ချိန်ဖြစ်ပြီး၊ ယခင်နှစ်ကထက်လည်း အသီးသီးနှုန်းအားကောင်းလို့ အထွက်ကောင်းပါတယ်။

Monday, 14 May 2012

    ဧပြီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၁၄ သန်းတန်ဖိုးရှိ မန်ကျည်းမှည့် (အစေ့ပါ) ၂၆၈ တန်ခန့်ကို မူဆယ်နယ်စပ်မှ အပို့ရှိပြီး စစ်တွေနယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၀၁၁ သန်းတန်ဖိုးရှိ မန်ကျည်း မှည့် (အစေ့ပါ) ၁၄ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၀၃ သန်းတန်ဖိုးရှိ မန်ကျည်းစေ့ ၆၂ တန် အပို့ရှိခဲ့တယ်လို့သိရပါတယ်။        MIRT (DOBT)

Monday, 14 May 2012

    ဒီသီတင်းပတ်ဖြစ်တဲ့ ဧပြီလ ၁ ရက်မှ ၇ ရက်နေ့တာကာလအတွင်း မန်ကျည်း ၂၀၆၂ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှု လမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် မန်ကျည်းတင်ပို့ခဲ့တဲ့ နိုင်ငံနဲ့ တန်ချိန်တွေမှာ အင်ဒိုနီးရှားနိုင်ငံကို ၂၇၂ တန်၊ မလေး ရှားနိုင်ငံကို ၅၃၃ တန်၊ ပါကစ္စတန်နိုင်ငံကို ၈၄၈ တန်၊ စင်ကာပူနိုင်ငံကို ၄၀၉ တန်အသီးသီးတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။

Monday, 14 May 2012

    အောင်ပန်းဈေးကွက်မှာတော့ ချင်း(စို)တွေ သြင်္ကန်မတိုင်ခင်ကထက်တော့ အဝင်များလာပါတယ်။ ချင်းထိုး သမားနဲ့ ဈေးပတ်သမားတွေ ဝယ်ယူနေတာကြောင့် ပုံမှန်အရောင်းအဝယ်ဖြစ်နေတယ်လို့လည်း သိရပါတယ်။ ဈေးတွေကတော့ သြင်္ကန် မတိုင်ခင်က ဈေးလိုပဲ အပြောင်းအလဲသိပ်မရှိပါဘူး၊ အနိမ့်ဆုံး ၂၀၀ ကျပ်မှ အမြင့်ဆုံး ၃၅၀ ကျပ် ဈေးရှိပါတယ်။

Monday, 14 May 2012

    ယခုတစ်ပတ် ပြည်ချင်းဈေးမှာ တစ်ပိဿာ (ရှယ်) ၇၀၀ ကျပ်၊ (ဂျွန်) ၆၀၀ ကျပ် တို့ဖြစ်ပြီး၊ သြင်္ကန်အခါ မတိုင်မီကဈေးထက် အနည်းငယ်ပိုမြင့်လာပါတယ်။ ဈေးကွက်သို့ အောင်ပန်းဘက်မှချင်းများ ပိဿာ ၃၀ ဝင် ချင်းအဟောင်းအိတ် ၁၅၀ ခန့်နဲ့ ချင်းအသစ်အိတ် ၃၀ ခန့် အဝင်ရှိပြီး၊ ဈေးကွက်အတွင်း ချင်းအဟောင်း ရှားကာ အသစ်ပေါ်ကာစဖြစ်လို့ ပစ္စည်းရှားချိန် ဈေးတက်ခြင်းဖြစ်ကြောင်းသိရပါ တယ်။ အရောင်းအဝယ်မှာတော့ ဈေးမြင့်ပေမဲ့တစ်နေ့ပိဿာချိန် ၄၀၀ ခန့်နဲ့ ပုံမှန် ရောင်းဝယ်မှုရှိပြီး၊ ဧရာဝတီနဲ့ရခိုင်ဘက်သို့လည်း စားသုံးမှုအဖြစ် တစ်နေ့ ပိဿာချိန် ၁၅၀ ခန့် တင်ပို့မှုရှိကြောင်းသိရပါတယ်။ဝင်းဝင်းခိုင်

Monday, 14 May 2012

    မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ ပွဲတော်အပြီး အရောင်းအဝယ် ပြန်စကတည်းက အမြင့်ဈေးနဲ့ အဝယ်သွက်ခဲ့တယ်လို့ သိရပါတယ်။ အထူးသဖြင့် Export ရှိတဲ့ V2  နဲ့ ကုလားပဲတိုင်ပေတို့ပိုပြီး ဈေးရခဲ့ကြတာ တွေ့ရပါတယ်။ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဈေးတွေအနေနဲ့ ကုလားပဲရိုးရိုး တစ် တင်း ၁၄၅၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်၊ ကုလားပဲ 929 ၁၆၀၀၀ ကျပ်မှ ၁၆၅၀၀ ကျပ်၊ ကုလားပဲတိုင်ပေ ၁၅၈၀၀ ကျပ်မှ ၁၆၃၀၀ ကျပ်နဲ့ V2 တစ်တင်း ၁၇၈၀၀ ကျပ်မှ ၁၈၅၀၀ ကျပ်အသီးသီးပေါက်ဈေးဖြစ်ပေါ်ခဲ့ပါတယ်။

Monday, 14 May 2012

    မတ်လ နောက်ဆုံးပတ်မှာ ပဲတီရွှေဝါ ပင်လယ်ရေကြောင်းက တင်ပို့မှု တန်ချိန် ၁၁၀၀၀ ကျော်ရှိခဲ့ရာမှ ဧပြီလဆန်း ပထမပတ်အတွင်းမှာ တန်ချိန် ၇၆၀၀ ကျော်ကို အနည်းငယ်လျော့ကျတင်ပို့ခဲ့ပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဧပြီလ ၂၀ ရက် အထိ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်က စုစုပေါင်း ပဲတီစိမ်း၊ ပဲတီရွှေဝါ တင်ပို့မှုမှာ တန်ချိန် ၁၇၃၀၀ ခန့်ရှိပြီး ယခင် ဘဏ္ဍာနှစ် ကာလတူမှာတန်ချိန် ၁၁၀၀၀ ကျော်သာရှိခဲ့တာ တွေ့ရပါတယ်။ လက်ရှိရောင်းဝယ်မှုစာရင်းများအရ လာမယ့်သီတင်းပတ်မှာ တင်ပို့မှုပိုမိုဖွယ်ရှိကြောင်း ခန့်မှန်းရပါတယ်။ MIRT - MAPT

Pages