Background
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ် မတ်ပဲ အရောင်းအဝယ် ဖြစ်မှုက ယခင်တစ်ပတ်ထက်ပိုမိုတာ တွေ့ရပါ တယ်။ယခင်တစ်ပတ်က တန်ချိန် ၁၂၀၀၀ ကျော် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ယခု တစ်ပတ် (မတ်လ ၂၃-၃၀ )အတွင်း တန်ချိန် ၂၁၀၀၀ ကျော်ထိ အရောင်းအဝယ် စာချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ FOB ဈေးမှာ
ပြည်ပကို ပင်လယ်ရေကြောင်းမှ မတ်ပဲတင်ပို့မှုကတော့ ယခင်သီတင်းပတ် များထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်က မတ်ပဲတန်ချိန် ၁၁၀၀၀ ကျော်တင်ပို့မှုရှိခဲ့ပြီး ယခု (မတ်လ ၁၉ ရက်မှ ၂၃ ရက်) အတွင်းမှာ တန်ချိန် ၁၇၀၀၀ နီးပါးထိ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခုဘဏ္ဍာနှစ် ၂၀၁၁-၁၂ မတ်လ ၂၃ ရက် အထိ စုစုပေါင်း
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၄ ဒသမ ၂၇၉ သန်း တန်ဖိုးရှိတဲ့ RSS-3 ၆၃၅ တန်၊RSS-4 ၁၅ တန်ခန့်၊ RSS-5 တန် ၃၀၊ MSR - 20 ၃၇၉ တန်ခန့်နဲ့ MSR - 50 ၁၂၁ တန်ကို မတ်လ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်းမှာတစ်ဖက်တရုတ်နိုင်ငံသို့တင်ပို့ခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၃၆၇ သန်း
မတ်လ ၁၁ ရက်မှ ၁၇ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၁၅၂၁ တန် တန်ဖိုး ကန်ဒေါ်လာ ၅ ဒသမ ၅၅၂ သန်းဖိုးကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၄၀၀ ခန့်တင်ပို့မှု မြင့်တက်ခဲ့ ပါတယ်။ နိုင်ငံအလိုက် တင်ပို့မှု တွေကတော့ မလေးရှားကို ၂၉၆ တန်၊ တရုတ်ကို တန် ၉၀၀ နဲ့ စင်္ကာပူကို ၃၂၄ တန် အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါ တယ်။ တရုတ်နယ်စပ်ကလည်း တန် ၂၀၀၀ နီးပါး တင်ပို့နေတာ တွေ့ရပါတယ်။ FOB (ရန်ကုန်)ဈေးကတော့ အနည်းငယ် ကျဆင်းသွားပြီး RSS-3 တစ်တန်ကို (၃၅၀၀-၃၆၀၀) ဒေါ်လာနဲ့ RSS-5 တစ်တန်ကို (၃၄၀၀-၃၅၀၀) ဒေါ်လာ အသီးသီး ဈေးပေါက်တယ်လို့ သိရပါတယ်။K.Z.W
မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၇၄၁ သန်း တန်ဖိုးရှိပြောင်းဖူးစေ့တန်ချိန် ၆၂၁၃ တန်ကျော်ကို မတ်လ ၁၄ ရက်မှ ၂၀ ရက်ထိ ကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ၅၇၇၇ တန်၊ ချင်းရွှေဟော်မှ ၈၄
မတ်လ ၁၁ ရက်မှ ၁၇ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း၁၀၆၅ တန်တန်ဖိုးသုည ဒသမ ၂၉၃ သန်းဖိုးကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်က တင်ပို့မှုလုံးဝမရှိဘဲ ယခုပြန်လည်တင်ပို့ နိုင်တာ ဖြစ်ပါတယ်။ တင်ပို့မှုတွေကတော့ ဗီယက်နမ်ကို တန် ၂၃၀ နဲ့ ဖိလစ်ပိုင်ကို ၈၃၅ တန် အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးအနေနဲ့လည်း တရုတ်နယ်စပ်မှ တန် ၆၂၀၀ ကျော် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ FOB (ရန်ကုန်)ဈေးကတော့ ပြောင်း လဲမှု မရှိဘဲ တစ်တန်ကို ဒေါ်လာ (၂၇၅-၂၉၅) ကြား ဈေးရလျက်ရှိပါတယ်။K.Z.W
ပြည်ငရုတ်ခြောက်ဈေးကွက်သို့ ယခုတစ်ပတ်အတွင်း မြန်အောင်ငရုတ်ခြောက်များပိဿာ ၂၀ ဝင်အိတ် ၂၀၀ ခန့် ပုံမှန်အဝင်ရှိနေပါတယ်။ ငရုတ်သီးမှုန့်လုပ်ငန်းများ လက်လီ လက်ကားရောင်းဝယ်သူများမှလည်း အဝင်ရှိ သလောက် အဝယ်ရှိလို့ ပွဲရုံများမှာ လက်ကျန်မရှိ တစ်ပတ်ချင်းကုန် ပစ္စည်း ပြတ်လျက်ရှိပါတယ်။ ပြည်ဈေးကွက် ငရုတ်ခြောက် ဈေးမှာ တစ်ပိဿာ(အရှည်) ၂၆၀၀ ကျပ်၊ (မိုးထောင်)
ကျောက်ဆည်ခရိုင်မှာ နနွင်းတက်ကုန်သည်ပွဲစားများ တစ်ရွာဝင်၊ တစ်ရွာထွက် ထော်လာဂျီယာဉ်များနဲ့ လိုက်လံဝယ်ယူပြီး၊ သိုလှောင်နေကြပါပြီ။ ရွာဈေးက တစ်ပိဿာ ၁၀၀၀ ကျပ်၊ ပွဲရုံဈေးတစ်ပိဿာ ၁၁၀၀ ကျပ်နဲ့ ရောင်းဝယ်နေကြရာ ကျောက် ဆည်မြို့ ဧမြကြည်လင်ဈေးရှိ နေလသုခပွဲရုံ၊ အောင်လံထူပွဲရုံ၊ ဗ၁ ပွဲရုံ၊ ဆင်နှစ်ကောင်ပွဲရုံများမှာ နနွင်းတက် တောင်သူများ စည်ကားလျက်ရှိပါတယ်။
ဒီတစ်ပတ်နနွင်းဈေးကလည်း နည်းနည်းအေးလာပါတယ်။ ဟိုပုံးဈေးကွက်မှာ နနွင်းခြောက်တွေ အဝင်များလာပြီး၊ ဈေးကလည်းအနည်းငယ်ပြန်ကျလာပါတယ်။ သြင်္ကန်မှာ အလှူအတန်းလုပ်ဖို့အတွက် ငွေလိုတဲ့တောင်သူတွေကလည်း ထုတ်ရောင်းနေကြတာရယ်၊ တရုတ်ဝယ်လက်က အဝယ်ရပ်သွားတာရယ်ကြောင့် ဈေးပြန်ကျလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၂၈၆ သန်းတန်ဖိုးရှိ နနွင်းတက် (ရှမ်း) ၁၈၄ တန်ကျော်နဲ့ မြန်မာ - ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၁၇ သန်း တန်ဖိုးရှိ ဒေသ ထွက်နနွင်းတက် ၁၀ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နယ်စပ်မှသာ ၁၈၇ တန် တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ ၇ တန်မျှ ပိုမို တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT (DOBT)
