Background
ဇန်နဝါရီလ ၂၅ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်ကသာ ပြောင်းဖူးစေ့ တန်ချိန် ၃၄၆၅၊ တန်ဖိုးကန်ဒေါ်လာသုညဒသမ ၉၇၀ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်မှ ယခင်အပတ်ကထက် ၃၃၈ တန် ကျော် ပိုမိုတင်ပို့နိုင်ခဲ့သော်လည်း ချင်းရွှေဟော်စခန်းမှ တင်ပို့နိုင်ခြင်းမရှိကြောင်း သိရပါတယ်။မန္တလေး-မူဆယ်သယ်ယူခနှုန်းထားမှာ တစ်ပိဿာကျပ် ၁၀၀ နှုန်းဖြစ်ပြီး ယခင်အပတ်ကထက် ၅ ကျပ် ကျဆင်းခဲ့တာတွေ့ရပါတယ်။ မိမိဖက်ဈေး မြင့်တက် ပေမယ့် တစ်ဖက်နိုင်ငံဈေးနှုန်းတွေက ပြောင်းလဲမှုမရှိတာ တွေ့ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၇၁၀၅၂ ၂၆၅၈၃၆ ၅၂၁၆ ၂ ၃၀၀ ၃၀၀ - -MIRT (DOBT)
စင်္ကာပူ၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့သို့ ဇန်နဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၃၀၃ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၁၁၀၀ ခန့် ပင်လယ်ရေကြောင်းမှ တင်ပို့မှုရှိခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံ အလိုက်တင်ပို့မှုတွေကတော့ ဖိလစ်ပိုင်သို့ ၇၄၄ တန်၊ ဗီယက်နမ်နိုင်ငံသို့ ၂၄၀ တန်နဲ့ စင်္ကာပူသို့ ၁၁၅ တန် အသီးသီးတင်ပို့နိုင်တာ ဖြစ်ပါတယ်။
ရှမ်းနနွင်းကတော့ ဈေးအေးနေတာ ၂ နှစ်လောက်ရှိနေပါပြီ။ ဒီနှစ်နနွင်းကလည်း အရောင်းသမားသာ ရှိပြီး၊ အဝယ် သမားမရှိတာကြောင့်ဈေးကွက်ကိုလည်း အနည်းအကျဉ်းလောက်သာအဝင်ရှိနေပါသေးတယ်။ ကလောနယ်တစ်ဝိုက်က ထွက် တဲ့ နနွင်းတွေသာ လက်လီရောင်းသမားတွေ ဝယ်ယူနေတာကြောင့် ကြိုကြားကြိုကြား သာအဝင်ရှိနေပါတယ်။
ယခုအချိန်ဟာမကွေးတိုင်းဒေသကြီးအတွင်း ကြက်သွန် နီထွက်ရှိတဲ့ ကာလဖြစ်ပြီး၊ ပြည်ဈေးကွက်သို့ ယခုတစ်ပတ် အတွင်း ၃၅ ပိဿာဝင်အိတ် ၁၂၀၀ ခန့်အဝင်ရှိပြီး၊ တစ်နေ့ကို အိတ် ၁၅၀ ခန့် ပုံမှန်ရောင်းဝယ်လျက် ရှိနေပါတယ်။ အဝင် များတဲ့အတွက် ပြည်ကြက်သွန်နီ ဈေးအနည်းငယ်ကျဆင်း သွားပါတယ်။ပွဲရုံများမှာ ကြက်သွန်နီ တစ်ပိဿာ (ကြီး) ၃၅၀ ကျပ်၊ (လတ်) ၃၂၀ ကျပ်၊ (သေး)၂၅၀ ကျပ်တို့နဲ့ ရောင်းဝယ် နေပြီး၊ ဟင်္သာတသို့ တစ်နေ့ ၃၅ ပိဿာ ဝင်အိတ် ၂၀၀ ခန့် ပုံမှန်ရောင်းဝယ်လျက်ရှိပါတယ်။ ဝင်းဝင်းခိုင်
ယခုတစ်ပတ်အတွင်း ပြည်ဈေးကွက်အတွင်းသို့ မကွေးတိုင်းဒေသကြီးမှ ငရုတ်ခြောက်များ ပိဿာ ၂၀ ဝင်အိတ် ၂၀၀ ခန့်နဲ့ အဝင်နည်းနေပါတယ်။ အဝင်နည်းတဲ့အတွက် ဈေးမြင့်မသွားဘဲ၊ ဈေးအနည်းငယ်ကျသွားပြီး ရောင်းဝယ်မှုလည်း လက်လီဝယ်ယူမှုများသာ တစ်နေ့ပိဿာ ၃၀၀ ခန့်နဲ့ အရောင်းအဝယ်အေးလျက်ရှိနေပါတယ်။
ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇန်နဝါရီ ၂၂ ရက်မှ၂၈ ရက်တာ ကာလအတွင်း နနွင်း ၁၆ တန်ကို တင်ပို့ ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တင်ပို့ခဲ့တဲ့တာက ကိုရီးယားနိုင်ငံကို ၁၁ တန်နဲ့ မလေးရှားကို ၅ တန်ဘဲဖြစ်ပါတယ်။ ယခင်သီတင်း ပတ်က ၄ တန်ပဲ အပို့ရှိခဲ့လို့ ဒီတစ်ပတ် အပို့သာခဲ့တယ်လို့ ဆိုရပါမယ်။ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၁၅၀၀-၁၅၅၀ ရရှိခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ နှစ် သောင်းလေးထောင်ကျော် ရရှိခဲ့ပါတယ်။MIRT (DOT)
ကယားပြည်နယ်လွိုင်ကော်ဈေးကွက်အတွင်း ဒီမော့ဆိုမြို့နယ်၊ ကုန်းသာ ကျေးရွာမှ စိုက်ပျိုးထွက်ရှိတဲ့ မိုးစိုက်အာလူးများ ၂၀၁၁ ဒီဇင်ဘာလမှ စတင်ထွက်ရှိ ခဲ့ပြီး၊ ယခုအခါ ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပါတယ်။
ဇန်နဝါရီ ၂၂ ရက်မှ ၂၈ ရက်တာ ကာလအတွင်း မန်ကျည်း ၃၉၂ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့နိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ အင်ဒိုနီးရှားနိုင်ငံကို ၁၇၄ တန်၊ မလေးရှားနိုင်ငံကို ၄၈ တန်၊ ပါကစ္စတန်နိုင်ငံကို ၁၄၅ တန်နဲ့ စင်ကာပူနိုင်ငံကို ၂၅ တန်အသီးသီးတင်ပို့ခဲ့တာ တွေ့ရပါတယ်။
အောင်ပန်းဈေးကွက်မှာ ချင်းကပုံမှန်အဝင်ရှိနေပါတယ်။ ဈေးဖိတ်နေ့ဆိုရင် အဝင်ပိုများပြီး၊ ပိဿာချိန် ၄၀၀၀-၅၀၀၀ ခန့်အဝင်ရှိပါတယ်။ အောင်ပန်းဒေသ တစ်ဝိုက်ရယ်၊ ဟိုပုံးချင်းနဲ့ နမ့်စန်ချင်းတွေလည်း အနည်းအကျဉ်းဝင်နေတယ်လို့ လည်း သိရပါတယ်။ ချင်း(စို)က ဒီနှစ်မှာ မနှစ်ကလောက်အဝင်မများသလို ဖြုန်း အားလည်း မများသေးပါဘူး။
ပြည်ဈေးကွက်သို့ အောင်ပန်းချင်းများ ယခုတစ်ပတ်တွင် ပိဿာ ၃၀ ဝင်အိတ် ၁၀၀ ခန့်နဲ့ အဝင်နည်းသွားပြီး အရောင်းအဝယ်မှာလည်း တစ်နေ့ပိဿာချိန် ၂၀၀ ခန့်နဲ့ အရောင်းအဝယ်အေးနေပါတယ်။ ဈေးနှုန်းမှာ ယခင် တစ်ပတ်ဈေးအတိုင်း တစ်ပိဿာကို ချင်း (ရှယ်) ၆၅၀ ကျပ်၊ (ဂျွန်) ၅၅၀ ကျပ်တို့ဖြစ်ပြီး ရခိုင်ပြည်နယ်သို့ စားသုံးမှုအဖြစ် တစ်နေ့ကို ပိဿာချိန် ၂၀၀ ခန့် တင်ပို့မှုရှိတယ်လို့သိရပါတယ်။ဝင်းဝင်းခိုင်
