Background
ပဲလွန်းဖြူသစ်များ ဈေးကွက်ဝင် ရောက်မှု နည်းနေသေးတာကြောင့် ပြည်ပ တင်ပို့မှုနဲ့ အရောင်းအဝယ် တွေကို ပဲအဟောင်းအနည်းငယ်စီသာ ရောင်းဝယ်တင်ပို့မှုရှိနေသေးကြောင်း သိရပါတယ်။ ယခုတစ်ပတ် (ဒီဇင်ဘာ ၁၂-၁၆ရက်) မှာ ပဲလွန်းဖြူ တန်ချိန် ၁၇၀ ပြည်ပတင်ပို့နိုင်လို့ ယခင်သီတင်း ပတ် တင်ပို့တဲ့ တန်ချိန် ၁၃၀ ထက် အနည်းငယ် ပိုလာတာ တွေ့ရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် သီတင်းပတ်က တန်ချိန် ၁၁၀၀၀ ကျော်အထိ အရောင်းအဝယ်သွက်ခဲ့ရာမှ ယခု တစ်ပတ် (ဒီဇင်ဘာလ ၁၆-၂၂ ရက်) အတွင်းမှာတော့ အရောင်းအဝယ်ပြန်လည် လျော့ကျခဲ့ရာတန်ချိန် ၄၃၀၀ ကျော်သာအရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရ ပါတယ်။
ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုဟာ ယခင်တစ်ပတ်က တန် ၇၀၀၀ ကျော်ထိတင်ပို့မှုရှိခဲ့သလို ယခုတစ်ပတ် (ဒီဇင်ဘာလ ၁၂ ရက်မှ ၁၆ ရက်) အတွင်း မှာလည်း တန်ချိန် ၈၄၀၀ ခန့်အထိ ပိုမိုတင်ပို့လာတာ တွေ့ရပါတယ်။
ရင်းနှီးမြှုပ်နှံမှုကို ပိုမိုတွန်းအားပေးရန်နှင့် နိုင်ငံတော်၏စီးပွားရေးအရှိန်မြှင့် တင်နိုင်ရန်အတွက် ၂၀၁၂ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစတင်ကာ ဗဟိုဘဏ် အတိုးနှုန်းကို ၁၂ရာခိုင်နှုန်းမှ ၁၀ရာခိုင် နှုန်းသို့ လျှော့ချသတ်မှတ်လိုက်ကြောင်း၊ ထိုသို့ လျှော့ချလိုက်သည့်အတွက် ဘဏ်များမှ အပ်ငွေများအပေါ် ပေးရ သည့် အတိုးနှုန်းကိုလည်း
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင်သီ တင်းပတ်က နေ့စဉ်ရောင်းဝယ်မှုဖြစ်ခဲ့ပြီး တန်ချိန် ၆၀၀ ကျော်အရောင်းအဝယ် စာချုပ် နိုင်ခဲ့ရာမှ ဒီဇင်ဘာလ ၁၆ ရက်မှ ၂၂ ရက်အတွင်းမှာတော့ မတ်ပဲ SQ၊ FAQ တန်ချိန် ၃၈၀၀ ခန့်သာ အရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ် ရေးစခန်းများမှ ကန်ဒေါ်လာ ၆ ဒသမ ၇၄၈ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၂၄၁၀၃ တန်ခန့်ကို ဒီဇင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း အပို့ရှိခဲ့ရာ ယခင် အပတ်ကထက် တန် ၃၄၆၇ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
ဒီဇင်ဘာ ၄ ရက်မှ ၁၀ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တန်ချိန် ၄၇၂ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၀ ဒသမ ၁၃၅ သန်းဖိုး တင်ပို့ခဲ့ ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ အင်ဒိုနီးရှားကို ၃၅၂ တန်နဲ့ စင်ကာပူကို တန် ၁၂၀ တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်က တန် ၁၀၀၀ ကျော်တင်ပို့ခဲ့ တာတွေ့ရပါတယ်။ နယ်စပ်ကနေတော့ မူဆယ်နဲ့ ချင်းရွှေဟော်စခန်း တွေကနေ တန်ချိန် ၂၄၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ ပြောင်း လဲမှုမရှိဘဲ တစ်တန်ကို ဒေါ်လာ (၂၇၅-၂၉၅)ကြား ဈေးပေါက်လျက်ရှိပါတယ်။ KZW
ရေနံ (သို့မဟုတ်) ရော်ဘာကို ကုန်ကြမ်းအဖြစ် အသုံးပြုခြင်းထက် သကြားကို ကုန်ကြမ်းအဖြစ်သုံးပြီး အစိမ်းရောင် တာယာများနဲ့ လမ်းမများထက်မှာ မောင်းနှင်နိုင်တော့မှာဖြစ်ကြောင်း အမေရိကန်သုတေသီများက ပြောကြားလိုက်ပါတယ်။ တာယာကုမ္ပဏီများနဲ့ ဇီဝနည်းပညာအဖွဲ့များ ပူးပေါင်းပြီး ဇီဝဗေဒ အခြေခံတဲ့ တာယာအသစ်အမျိုးအစားကို တီထွင်လိုက်ခြင်း ဖြစ်ကြောင်း သတင်းများမှာ ဖော်ပြထားပါတယ်။
ကမ္ဘာ့ထိပ်တန်းရော်ဘာထုတ်လုပ်သူများဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံများက ဒေသတွင်းဈေးကွက်ကို ဈေးနှုန်း မှန်ကန်အောင် ပြန်လည်တည်ဆောက်မှာဖြစ်ပြီး လာမယ့်ကာလများမှာ တောင်သူတွေအတွက် ဈေးနှုန်းမှန်ကန်စွာ ရရှိရေး ကာကွယ်ပေးသွားမှာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ မွန်ပြည်နယ်ရော်ဘာစိုက်ဧက ၄ ဒသမ ၆၄ သိန်း စိုက်ပျိုးပြီးစီးခဲ့လို့ ယခင်နှစ်ထက် ဧက ၁၃၀၀၀ ကျော် ပိုမိုခဲ့ပါတယ်။ ယခုနှစ် အစေးလှီးဧက ၂၈၀၀၀ မှ တန် ၈၀၀၀၀ ထွက်ရန် ရည်မှန်းထားပြီး၊ နိုဝင်ဘာလ ၃၀ ရက် ထိ တန် ၅၆၀၀၀ ထွက်ပြီးကြောင်း သိရပါတယ်။
