Main menu

Background

Sunday, 18 Dec 2011

    ရေနံ (သို့မဟုတ်) ရော်ဘာကို ကုန်ကြမ်းအဖြစ် အသုံးပြုခြင်းထက် သကြားကို ကုန်ကြမ်းအဖြစ်သုံးပြီး အစိမ်းရောင် တာယာများနဲ့ လမ်းမများထက်မှာ မောင်းနှင်နိုင်တော့မှာဖြစ်ကြောင်း အမေရိကန်သုတေသီများက ပြောကြားလိုက်ပါတယ်။ တာယာကုမ္ပဏီများနဲ့ ဇီဝနည်းပညာအဖွဲ့များ ပူးပေါင်းပြီး ဇီဝဗေဒ အခြေခံတဲ့ တာယာအသစ်အမျိုးအစားကို တီထွင်လိုက်ခြင်း ဖြစ်ကြောင်း သတင်းများမှာ ဖော်ပြထားပါတယ်။

Sunday, 18 Dec 2011

    ကမ္ဘာ့ထိပ်တန်းရော်ဘာထုတ်လုပ်သူများဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံများက ဒေသတွင်းဈေးကွက်ကို ဈေးနှုန်း မှန်ကန်အောင် ပြန်လည်တည်ဆောက်မှာဖြစ်ပြီး လာမယ့်ကာလများမှာ တောင်သူတွေအတွက် ဈေးနှုန်းမှန်ကန်စွာ ရရှိရေး ကာကွယ်ပေးသွားမှာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Sunday, 18 Dec 2011

    ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ မွန်ပြည်နယ်ရော်ဘာစိုက်ဧက ၄ ဒသမ ၆၄ သိန်း စိုက်ပျိုးပြီးစီးခဲ့လို့ ယခင်နှစ်ထက် ဧက ၁၃၀၀၀ ကျော် ပိုမိုခဲ့ပါတယ်။ ယခုနှစ် အစေးလှီးဧက ၂၈၀၀၀ မှ တန် ၈၀၀၀၀ ထွက်ရန် ရည်မှန်းထားပြီး၊ နိုဝင်ဘာလ ၃၀ ရက် ထိ တန် ၅၆၀၀၀ ထွက်ပြီးကြောင်း သိရပါတယ်။

Sunday, 18 Dec 2011

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှ ဒီဇင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၇၆၈ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၈၂၂ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၁၃၀ ကျော်အပို့ပိုခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ယခုအပတ် အဆင့်လိုက်ရော်ဘာတင်ပို့နိုင်မှုများမှာ RSS-3 ၄၆၃ တန်ကျော်၊  MSR-20 ၂၄၄ တန်ခန့်နဲ့ MSR-50 ၁၁၅ တန်ခန့်ဖြစ်ပါတယ်။ ယခုအပတ်မှာတော့ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၀၇၁ သန်းတန်ဖိုးရှိ  RSS-3 တန် ၂၀ နီးပါးအပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ချင်းရွှေဟော် နယ်စပ်မှ ရော်ဘာတင်ပို့မှု ၂၇၆ တန် လျော့နည်းခဲ့ပါတယ်။ ယခုအပတ်မှာ မြိတ်နယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၆ သန်းတန်ဖိုးရှိ  RSS-5 တန် ၁၀၀ နဲ့ MSR-50 တန် ၁၀၀ လည်း အပို့ရှိခဲ့တယ်လို့သိရပါတယ်။ ယခုအပတ်မှာ နယ်စပ်ကုန် သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၄၄ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၀၄၂ တန်ကျော်အပို့ရှိခဲ့ရာ ယခင်အပတ် တင်ပို့မှုထက် ၁၆ တန် အပို့ပိုခဲ့ပါတယ်။ ယခင်အပတ်က မြိတ်မှအပို့မရှိခဲ့သော်လည်း ယခုအပတ်မှာ အဆင့်စုံတန် ၂၀၀ အပို့ရှိခဲ့ပြီး တာချီလိတ်နယ်စပ်ကယခင်အပတ်က  RSS-1 တန် ၄၀ အပို့ရှိခဲ့သော်လည်း ယခုအပတ်မှာတော့ တင်ပို့နိုင်ခြင်း မရှိခဲ့ပါဘူး။ နိုဝင်ဘာလမှာနယ်စပ်မှရော်ဘာ ၄၂၉၄ တန်အပို့ရှိခဲ့ပြီး ဧပြီလမှနိုဝင်ဘာလထိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ရော်ဘာ အဆင့်စုံ တန် ၂၁၈၅၀ ခန့်တင်ပို့ထားခဲ့ပြီးဖြစ်ပါတယ်။ ယခင်အပတ်နဲ့ ယခုအပတ်ရော်ဘာ ဈေးများကိုကြည့်ရာမှာ မိမိဘက်မြေပြင်ဈေးများ အနည်းငယ်ပိုမိုဈေးရတာတွေ့ရပါတယ်။ တစ်ဘက်နိုင်ငံဈေးမှာတော့ RSS-3 ဈေးမှာ ယခင် အပတ်ဈေးအတိုင်း ပြောင်းလဲမှုမရှိသော်လည်း RSS-5 ဈေး အနည်းငယ်လျော့နည်းလျက်ရှိပါတယ်-                                             မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                             ယခု            ယခင်      ပြောင်းလဲမှု    %          ယခု         ယခင်    ပြောင်းလဲမှု    %RSS - 3    ၂၅၇၉၇၁၄    ၂၅၇၀၅၂၈    ၉၁၈၆        ၀ .၃၆    ၃၃၁၅       ၃၃၁၅              -           -RSS - 5    ၂၂၄၂၁၃၂    ၂၂၃၂၉၄၆    ၉၁၈၆        ၀ .၄၁    ၂၉၉၉       ၃၁၅၇            ၁၅၈       ၅ MIRT (DOBT)

Sunday, 18 Dec 2011

    ဒီဇင်ဘာ ၄ ရက်မှ ၁၀ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၁၀၆၉ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၆၅၇ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ တရုတ်ကို ၄၇၄ တန်နဲ့ မလေးရှားကို ၅၉၅ တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ရော်ဘာအထွက်ကောင်းတဲ့ရာသီဖြစ်တဲ့အပြင် ကမ္ဘာ့ဈေးပါ ပြန်လည်မြင့်တက်လာတဲ့အတွက် ယခင်အပတ်ထက် တန်ချိန် ၆၀၀ ကျော် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ နယ်စပ်ကလည်း မူဆယ်နဲ့ ချင်းရွှေဟော်စခန်းတွေ ကနေ တန် ၈၀၀ ကျော် တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးကတော့RSS-3  တစ်တန်ကို (၃၂၅၀-၃၃၀၀) ဒေါ်လာနဲ့ RSS-5  တစ်တန်ကို (၃၁၅၀-၃၂၀၀) ကြား ဈေးရနေပါတယ်။KZW

Sunday, 18 Dec 2011

    အောင်ပန်းမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ပင်းတယမြို့နယ်က နနွင်းသစ်တွေဖော်နေပေမယ့် ဈေးကွက်မှာတော့ အရောင်း အဝယ် အေးနေပါတယ်။ လက်ကျန်နနွင်းရဲ့ ဈေးကွက်ကလည်း မရှိသလို ချင်းအသစ်ကလည်း အဝယ်ပါးနေပါသေးတယ်။ ဝယ်လက်အချို့ကတော့ ဆင်တောင် နနွင်းကို တစ်ပိဿာ ၁၅၀၀ ကျပ်နဲ့ ဝယ်ယူချင်ပေမယ့် တောင်သူတွေက မရောင်းနိုင်ဘူး လို့သိရပါတယ်။

Sunday, 18 Dec 2011

    မူဆယ် ၁၀၅ မိုင်မှ နနွင်းတက်ရှမ်းစ ၁၅ တန်ကျော်နဲ့ စစ်တွေနယ်စပ်မှ ၁ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၀၂၆ သန်းဖိုးကို ဒီဇင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်များမှာတော့ နယ်စပ်မှ နနွင်းတက်အပို့ရပ်နားခဲ့ရာမှ ယခုအပတ်မှာ ပြန်လည်တင်ပို့နေပြီလို့ သိရပါတယ်။MIRT(DOBT)

Sunday, 18 Dec 2011

    ပြည်ကြက်သွန်ဖြူဈေးကွက်မှာ ကြက်သွန်ဖြူ(ရှမ်းမွှာ)အနေနဲ့ ယခုတစ်ပတ်မှာ တစ်ပိဿာကို ၁၇၀၀-၁၈၀၀-၂၀၀၀ ကျပ်တို့ရှိပြီး၊ အဟောင်းများဖြစ်လို့ ယခင် အပတ်များထက် ဈေးကျသွားပါတယ်။ စီးဝင်မှုအနေနဲ့ အောင်ပန်းမှ ပိဿာ ၃၀ ဝင်အိတ် ၁၅၀ ခန့်ဝင်ရောက်မှုရှိပြီး၊အရောင်းအဝယ်မှာရောင်းအားရှိ သလောက် သာ မှာယူတဲ့အတွက် အိတ် ၁၂၀ ခန့်ကို လက်လီ၊ လက်ကားသမားများ၊ ဧရာဝတီ တိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့သို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အောင်ပန်းမှပင် အဝင်ရှိသော (ဥတစ်လုံး)ကြက်သွန်ဖြူမှာ တစ်ပိဿာကို ၁၇၀၀-၂၃၀၀-၂၄၀၀ ကျပ် အသီးသီးရှိပြီး၊ အဝင်အားဖြင့် ပိဿာ ၃၀ ဝင် ၁၅ အိတ်ခန့် သာ အဝင်ရှိလျက် ၁၀ အိတ်ခန့်သာ လက်လီအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ကြက်သွန်ဖြူ(ကြူကုတ်)မှာတော့ မူဆယ် နယ်စပ်မှ ၁၅ ပိဿာဝင် အိတ် ၇၀၀-၈၀၀ ခန့်အဝင်ရှိပြီး၊ ပွဲရုံများမှာ အိတ် ၆၅၀ ခန့်ကို တစ်ပိဿာ ၁၁၀၀-၁၂၀၀ ကျပ်တို့နဲ့ ပုံမှန်ဈေးကွက်များကို အရောင်းအဝယ်ဖြစ်နေပါတယ်။ဝင်းလဲ့ခိုင်

Sunday, 18 Dec 2011

    ယခုတစ်ပတ် ပြည်ချင်းဈေးကွက်ရဲ့ ချင်းဈေးမှာ အနည်းငယ်ပြောင်းလဲပြီး မှာယူတင်သွင်းတဲ့ အောင်ပန်း ဈေးကွက်မှာပင် အဝင်များလို့ ဈေးကျနေတဲ့အတွက် ပြည်ပွဲရုံများလည်း ချင်းတစ်ပိဿာ (ရှယ်)၈၀၀-၇၀၀ ကျပ်၊(ဂျွန်) ၆၅၀-၆၀၀ ကျပ် တို့နဲ့ ဈေးအနည်းငယ်ကျသွားပါတယ်။

Sunday, 18 Dec 2011

    ဟိုပုံးဈေးကွက်မှာလည်း ချင်းတွေ အနည်းငယ်ဝင်လာနေပါပြီ၊ ဈေးကွက်ကို စဝင်လာတဲ့ ချင်းတွေကတော့ နမ့်ခုတ်မြို့နယ်ကထွက်တဲ့ ချင်းတွေဖြစ်ပါတယ်။ နောက်လမှသာ အဝင်လှိုင်လာနိုင်တယ်လို့လည်း သိရပါတယ်။ ဒီနှစ်ဟိုပုံးချင်းက မိုးကောင်းပြီး၊ ရေဝပ်တာကြောင့် အပင်တွေပုပ်သွားပြီး၊ ချင်းမျိုးလည်းပျက်သွားတာ ကြောင့် အထွက်နှုန်းလည်း နည်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဟိုပုံးချင်းကိုတော့ တစ်ပိဿာ ၃၀၀ ကျပ်နဲ့ ဈေးစဖွင့်ပါတယ်။ ချင်းခြောက်ကတော့ လက်ကျန် မရှိတော့ပါဘူး။

Pages