Main menu

Background

Monday, 12 Dec 2011

    ကုမ္ပဏီများ မှတ်ပုံတင်ဖွဲ့စည်း တည်ထောင်ရာတွင် လုပ်ငန်းအမျိုးအစားအလိုက် လုပ်ငန်းရည်ရွယ်ချက် များ ကန့်သတ် ထားခဲ့ရာ ရောင်းဝယ်ရေးလုပ်ငန်းတွင် လုပ်ငန်းရည်ရွယ်ချက် ၁၈ ခုအနက် နှစ်သက်ရာ ၅ ခု၊ ဝန်ဆောင်မှုလုပ်ငန်းတွင် လုပ်ငန်းရည်ရွယ်ချက် ၁၁ ခုအနက် နှစ်သက်ရာ ၄ ခု၊ စက်မှု/ထုတ်လုပ်မှု လုပ်ငန်းတွင် လုပ်ငန်းရည်ရွယ်ချက် ၁၄ ခု အနက် နှစ်သက်ရာ ၄ ခုကို ရွေးချယ်ဆောင်ရွက်ခွင့် ပြုခဲ့ပါသည်။ 

Monday, 12 Dec 2011

    မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာပထမပတ် ကုလားပဲဈေးကွက်မှာ ပဲအားလုံးနီးပါး အရောင်းအဝယ် ပါးခဲ့တယ်လို့ ဆိုပါတယ်။ V2 ဈေးကွက်မှာတော့ Export  အဝယ်မရှိခဲ့ဘဲ မျိုးပဲအဖြစ်သာ ပိုရောင်း လိုဝယ်ရှိခဲ့ပြီး၊

Monday, 12 Dec 2011

    ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၇၀၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း ၁၆၈၀၀ ကျပ်ဖြင့်သာ အရောင်း အဝယ်ရှိခဲ့ပါတယ်။ ဒီဇင်ဘာလပထမပတ်မှစပြီး ကုလားပဲဈေးမှာ ဆက် တိုက် ကျဆင်းနေတာကို တွေ့ရပါတယ်။

Monday, 12 Dec 2011

    အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေမှာ ကုလားပဲဈေးဟာ ကြိုပွိုင့်ဈေး မြင့်တက်မှုနဲ့အတူ လိုက်ပါမြင့်တက်ခဲ့ပါတယ်။

Monday, 12 Dec 2011

    ကုလားပဲဖြူလုံးကြီး ပြည်ပတင်ပို့မှုအနေနဲ့ အပတ်စဉ်လျော့နည်းလျက်ရှိရာ ယခုတစ်ပတ် (နိုဝင်ဘာ ၂၈-ဒီဇင်ဘာ ၂) အတွင်းမှာလည်း တန်ချိန် ၁၀၈ တန် သာရှိခဲ့ပါတယ်။ နိုဝင်ဘာလ တစ်လလုံးမှာ တန်ချိန် ၃၅၄ သာရှိခဲ့ပြီး အောက်တို ဘာလအတွင်းမှာ တန်ချိန် ၁၉၀၀ ကျော်တင်ပို့ခဲ့တာတွေ့ရပါတယ်။

Monday, 12 Dec 2011

    ပဲတီစိမ်းအသစ်များ ပြည်ဈေးကွက်သို့ ဆက်လက်ဝင်ရောက်လျက်ရှိပြီး နေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့ကြ ပါတယ်။ ပဲတီစိမ်း ဈေးနှုန်းမှာ ရှယ်စတစ်တင်း ၁၇၀၀၀ ကျပ်၊ ရိုးရိုးစ တစ်တင်း ၁၅၅၀၀ ကျပ်ဖြင့် ယခင်အပတ်ကထက် ဈေးအနည်းငယ် ကျသွားခဲ့ပါတယ်။

Monday, 12 Dec 2011

    ပဲတီစိမ်းဈေးကွက်ဟာ မုံရွာကုန်စည်ဒိုင်မှာ ကာလကြာအရောင်းအဝယ်ပါးခဲ့ရာ ဒီဇင်ဘာပထမပတ်မှာ ပဲတီစိမ်းကြီးအပြင် စိမ်းသေးအသစ်ပါ နယ်စုံကစတင်ဝင်ရောက်လာလို့ ဈေးကွက်သွက်လာတယ်လို့ဆိုပါတယ်။

Monday, 12 Dec 2011

    အိန္ဒိယဈေးကွက်တချို့ကို ရာဂျက်စသန်ဘက်မှ ပဲတီစိမ်းဝင်ရောက်မှု အိတ်ပေါင်း ၄၇၀၀၀-၄၈၀၀၀ ခန့်ထိ ဝင်ရောက်မှု တိုးတက်လာတာကြောင့် ပဲတီစိမ်းဈေး ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။

Monday, 12 Dec 2011

        မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၆ ရက်ထိ ကာလအတွင်းကန်ဒေါ်လာ ဝ.၉၁၁ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၁၇၀ တန်နဲ့ ကန်ဒေါ်လာ ဝ.၁၀၄ သန်းတန်ဖိုး ရှိ ပဲတီစိမ်းလုံးခြမ်း ၁၀၈တန်ကိုတင်ပို့ခဲ့ပါတယ်။

Monday, 12 Dec 2011

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပခုက္ကူ၊ အောင်လံနဲ့ တောင်ငူဘက်က ထွက်တဲ့ ပဲတီစိမ်းများအရောင်းအဝယ်ရှိတယ်လို့သိရပါတယ်။ ဒီဇင်ဘာလ၂ ရက်မှ ၈ ရက်အထိတစ်ပတ်အတွင်း ပဲတီစိမ်းရိုးရိုးနဲ့ ခွဲခြမ်း တန်ချိန် ၂၀၀၀ ကျော် အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Pages