Background
အောက်တိုဘာလ ၂၆ ရက်မှ နိုဝင်ဘာလ ၁ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၁၆၀၀ တန်ဖိုးရှိ နနွင်းတက် ၁ တန် စစ်တွေနယ်စပ်မှ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နယ်စပ်မှ ၃၃ တန်ခန့် အပို့ရှိခဲ့ပေမဲ့ ယခုအပတ်မှာတော့ မူဆယ်ကအပို့ မရှိခဲ့ပါဘူး။ MIRT(DOBT)
ဝယ်လိုအားအချို့နဲ့ ကုန်လက်ကျန်လျော့နည်းမှုကြောင့် ငရုတ်ကောင်းဈေးနှုန်း အသင့်အတင့် ပြန်လည် ကောင်းမွန်လာနိုင်ကြောင်း သိရှိရပါတယ်။ ကာရာလာနဲ့ ကာနာတာကား ပြည်နယ်တွေမှာ ငရုတ်ကောင်း ထုတ်လုပ်မှုက အနည်းငယ်သာ တိုးတက်နိုင်ပြီး ငရုတ်ကောင်း အသစ်ဈေးကွက်ကို ဝင်ရောက်မှုက အကန့် အသတ် ရှိနိုင်တယ်။ အမေရိကန်ဒေါ်လာနဲ့ ရူပီးလဲလှယ်ရာမှာ အမေရိကန်ဒေါ်လာတန်ဖိုး တက်ခြင်းကလည်း ပို့ကုန်အတွက် အကျိုးဖြစ်ထွန်းနိုင်မှာဖြစ်သလို ကမ္ဘာ့ငရုတ် ကောင်းထုတ်လုပ်မှုလျော့ကျမှုနဲ့ ဝယ်လိုအား မြင့်တက်မှုကြောင့် ငရုတ်ကောင်းဈေး နှုန်းက ကာလတိုမှ ကာလရှည်အထိမြင့်တက်နိုင်ကြောင်း ကုန်သည်တွေက ခန့်မှန်း လိုက်တယ်။ ဗီယက်နမ်ရဲ့ ငရုတ်ကောင်းသိုလှောင်ထားမှုက လျော့နည်းသွားကြောင်း အစီ ရင်ခံစာတွေအရ သိရှိရပြီး ဘရာဇီးနဲ့ အင်ဒိုနီးရှားတို့ရဲ့ ငရုတ်ကောင်းထုတ်လုပ်မှု ကလည်း ကျဆင်းသွားနိုင်တယ်။ အိန္ဒိယမှာလည်း ပိုမိုအကျိုးအမြတ်ရရှိမယ့် သီးနှံ ကို ပြောင်းလဲ စိုက်ပျိုးနေကြရာ ငရုတ်ကောင်းထုတ်လုပ်မှုကို ထိခိုက်မှာဖြစ်တယ်။ အိန္ဒိယနိုင်ငံ ဟင်းခတ်အမွှေးအကြိုင်အသင်းရဲ့ နောက်ဆုံးအစီရင်ခံစာအရ ငရုတ်ကောင်းတင်ပို့မှုက ၂၀၁၀ ခုနှစ် ဧပြီလမှ သြဂုတ်လအတွင်း တန်ချိန် ၇၈၀၀ မှ ၂၀၁၁ ခုနှစ် အလားတူကာလအတွင်း ၁၂ ရာခိုင် နှုန်းမြင့်တက်ကာ တန်ချိန် ၈၇၅၀ တင်ပို့နိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။ အေးမွန်မွန်လှိုင်၊Source: commodityonline.com
အောင်ပန်းနဲ့ တောင်ကြီးဈေးကွက်တွင် ချင်းဟောင်းလက်ကျန်မရှိတဲ့အတွက် ချင်းစိုက်တောင်သူများမှ အရင့်လိုသေးပေမယ့် ပစ္စည်းပြတ်နေတာကြောင့် တူးဖော် ရောင်းချလျက်ရှိပါတယ်။ ယခုတစ်ပတ်မှာလည်း ချင်းအသစ်ကို လှောင်လက်များမှ အဝယ်မရှိသေးဘဲ လက်လီလက်ကားရောင်းဝယ်သူများနဲ့ ဧရာဝတီတိုင်းဒေသ ကြီး၊ ရခိုင်ပြည်နယ်တို့သို့ တင်ပို့မှုအပါအဝင် ၂၅ ပိဿာဝင် တောင်း ၂၂၀ ခန့်နဲ့ အရောင်းအဝယ် အေးလျက်ရှိနေပါတယ်။ ပြည်ဈေးကွက်ကို ယခုတစ်ပတ် တောင်း ၅၀၀ ခန့်စီးဝင်မှုရှိခဲ့ပြီး၊ ဈေးနှုန်းမှာ တစ်ပိဿာကို ချင်းတက် (ရှယ်) ၁၀၀၀ ကျပ်၊ (ဂျွန်) ၈၀၀ ကျပ်၊ ချင်း(ဓားလှီး) ၁၂၀၀ ကျပ်တို့ဖြစ်ပြီး၊ ယခင်အပတ်အတိုင်း ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရ ပါတယ်။ ဝင်းလဲ့ဝါ
ဒီတစ်ပတ်အတွင်း အောင်ပန်းဈေးကွက်ကို ချင်းသစ်တွေအဝင်နည်းနေပါတယ်။ တောင်သူတွေက ရှမ်းပြည်နယ်ရဲ့ဓလေ့အတိုင်း ကထိန်အလှူပွဲတွေ လုပ်နေ တာရယ်၊ ချင်းဈေးကလည်း ထင်ထားသလောက် ဈေးမရတာ ရယ်ကြောင့် မဖော်ကြဘူးလို့ ပွဲရုံတွေကသိရပါတယ်။ အောင်ပန်းဒေသတစ်ဝိုက်ကသာ အနည်း အကျဉ်း ဝင်လာပြီး၊ ပင်လောင်းဖက်ကတော့ အဝင်မရှိသလောက်ဖြစ်နေပါတယ်။ အဝင်ကလည်း တစ်ရက်ကိုပိဿာချိန် ရာဂဏန်း လောက်သာ ဝင်ရောက်မှုရှိပြီး၊ မကွေး၊ တောင်ငူ၊ မန္တလေးက ချင်းထိုးသမားတွေ ဝယ်ယူနေတာကြောင့် အရင် တစ်ပတ်ကထက် ဈေးတက်လာပါတယ်။ ချင်းသစ်ဈေးက တစ်ပိဿာ ၄၀၀ ကျပ်၊ ၄၅၀ ကျပ်ဈေးရှိပါတယ်။ ချင်း (ဥမ)ကတော့ တစ်ပိဿာ ၄၀၀ ကျပ်ဈေးရှိပေမဲ့ ပစ္စည်းလက်ကျန်က မရှိတော့ဘူးလို့ သိရပါတယ်။ ချင်းခြောက်က လက်ကျန်အတော် များများကျန်နေသေး တယ်လို့သိရပြီး၊ တစ်ပိဿာကို ၂၀၀၀ ကျပ်မှ ၂၃၀၀ ကျပ်ဈေးရှိပါတယ်။ လှောင်လက်အချို့ကတော့ တစ်ပိဿာ ၂၅၀၀ ကျပ်ရမှသာ ရောင်းနိုင် မယ်ဆိုလို့ အရောင်း အဝယ်ကတော့ သိပ်မဖြစ်ပါဘူး။ တောင်ကြီးဈေးကွက်မှာတော့ ဟိုပုံးချင်းခြောက် တစ်ပိဿာ ၂၅၀၀ ကျပ်၊ ၂၆၀၀ ကျပ်ဈေး ရှိတယ်လို့သိရပါတယ်။ ဧဧခိုင်
ပင်လယ်ရေကြောင်းက မြေထောက်ပဲ တင်ပို့မှု တန်ချိန် ၂၂၀ အထိရှိခဲ့ရာမှ ယခုတစ်ပတ်မှာတန်ချိန် ၁၆၀ ခန့်ကို လျော့ကျခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ် အောက်တိုဘာလ ၂၈ ရက်နေ့အထိ မြေထောက်ပဲ တန်ချိန် ၉၀၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၇၂၀၀ ကျော်သာရှိခဲ့ပါတယ်။ ယခုတစ်ပတ် တင်ပို့တဲ့နိုင်ငံများကတော့ တောင်ကိုရီးယား၊ စင်ကာပူနဲ့ ဖိလစ်ပိုင်တို့ဖြစ်ပါတယ်။ ယခုတစ်ပတ်မှ ပဲယင်းတန် ၉၀ ကျော်ကို ဂျပန်၊ မလေးရှားနဲ့ စင်ကာပူတို့ကို တင်ပို့ခဲ့ပြီး၊ ပဲကြီး ၃ တန်ကို စင်ကာပူ၊ ဘိုကိတ် ၁၂၅ တန်ကို ထိုင်းကိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာတော့ အောက်တိုဘာလ ၂၈ ရက်မှ နိုဝင်ဘာလ ၃ ရက်နေ့အထိ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ မြေထောက်ပဲ ၁၃၅ တန်ဖြစ်ခဲ့ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ နိုဝင်ဘာလ ၄ ရက်နေ့မှာ ယခင်ဈေးများအတိုင်း မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၄၀-၇၆၀၊ ပဲယင်း တစ်တန်ကန်ဒေါ်လာ ၄၈၀-၅၀၀၊ ဘိုကိတ်ပဲ တစ်တန် ကန်ဒေါ်လာ ၅၄၀-၅၆၀ အသီးသီးရှိကြောင်းသိရပါတယ်။ MIRT-MAPT
ပြည်ဈေးကွက်အတွင်း ကုလားပဲဈေးနှုန်းမှာ တစ်တင်း ၂၀၃၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ အောင်လံဖက်မှ ပဲအဝင်အနည်းငယ်ရှိသလို ပွဲရုံများကလည်းလက်ကျန်များထုတ်ရောင်းချလာခဲ့ကြပါတယ်။ ကုလားပဲဈေး အနေ နဲ့ ယခင်နှစ်ဈေးနဲ့ နှိုင်းယှဉ်ရင် သိပ်လျော့နည်းသွားခဲ့တာမျိုးမရှိဘဲ တစ်တင်း ၂၀၀၀၀ ကျပ် အထက်ရှိခဲ့ကြပါတယ်။ ယခု နိုဝင်ဘာလဆန်းပိုင်းအတွင်း အရောင်း အဝယ်ဖြစ်မှု ပမာဏ အနေနဲ့ အိတ် ၈၀၀ ကျော်ရှိခဲ့ကြောင်း သိရပါတယ်။ လွင်လွင်ဆန်း
ယခုတစ်ပတ်မုံရွာ ကုန်စည်ဒိုင်ကုလားပဲဈေးကွက်မှာ V2 အနေနဲ့ ဒေသတွင်း ဝယ်လက်ရှိပြီး၊ ရောင်းလက်မရှိလို့ ရန်ကုန်ဖက်ကတစ်ဆင့် မုံရွာဈေးကွက်ထဲ ပြန်ဝင်လာမှုရှိတယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်က ကြားသိ ရပါတယ်။ ဒေသအတွင်း ဆောင်းသီးနှံအဖြစ် စောစောစိုက်ခဲ့ကြတဲ့ V2 ခင်းအချို့ ရေဝင်ပျက်စီးမှုရှိလို့ မျိုးပြန်ဝယ်ကြ တဲ့အတွက် အခုလို ဝယ်အားကောင်းခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ကုလားပဲ(တိုင်ပေ)နဲ့ 929 ကုလားပဲ ဈေးကွက်မှာတော့ ဒေသခံစက်သမားနဲ့ ကြာဇံသမားတွေအဆွဲလိုက်လို့ တစ်နေ့အိတ် ၇၀၀ မှ ၁၀၀၀ ကြား အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ အခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲပေါက်ဈေး တွေကတော့ V2 တစ်တင်း ၂၂၀၀၀ ကျပ်၊ ထိုင်ဝမ်တစ်တင်း ၁၉၇၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၉၃၀၀ ကျပ် အသီးသီး ဖြစ်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း မုံရွာဈေးကွက်မှ ကုလားပဲစီးဆင်းမှု အနေနဲ့ မန္တလေးကို တင်း ၇၀၀ ကျော်နဲ့ ရန်ကုန်ကို တင်း ၃၀၀၀ ကျော်သာရှိခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ ထွန်းလှိုှုင်
ပြည်ဈေးကွက်သို့ ပဲတီစိမ်းအသစ်များ အဝင်များလာတာကိုတွေ့ရပါတယ်။ ပန်းတောင်း၊ ဥသျှစ်ပင်မြို့နယ် များမှ အဝင်ရှိလာသလို အောင်လံ၊ မင်းတုန်း၊ ကံမဘက်မှလည်း ရေလမ်းရောကုန်းလမ်းမှပါ ဝင်ရောက်မှုများ ရှိခဲ့ပါတယ်။ တစ်ရက် အိတ် ၅၀၀ ကျော်အထိ အဝင်ရှိခဲ့ပြီး ရန်ကုန်ဝယ်လက်များ အဝယ်ရှိတာကြောင့် အဝင်ရှိသလောက် အရောင်းအဝယ် ဖြစ်ခဲ့ကြပါတယ်။ ဈေးနှုန်းကတော့ တစ်တင်း ၁၆၆၀၀ ကျပ်ဖြင့် ယခင်တစ်ပတ်ထက် ဈေးအနည်းငယ် ပြန်မြင့်လာကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
အောက်တိုဘာလ ၂၆ ရက်မှ နိုဝင်ဘာလ ၁ ရက်သတ္တပါတ်အတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၀ ဒသမ ၀၄၂ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၁၇၆ ဒသမ ၅၀ တန်အပို့ရှိခဲ့ပြီး ယခင်အပတ်ကထက် ၃၇ တန်ကျော် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ရာသီဥတုပူပြင်းတဲ့အခါ ကိုယ်တွင်အေးစေရန်အတွက် ပဲတီစိမ်းပြုတ်ရည်ကို သောက်သုံးကြခြင်း၊ မုန့်များ ပြုလုပ်ရန်တို့အတွက် ပဲတီစိမ်းကို ဝယ်ယူကြခြင်းဖြစ်သော် လည်းယခုအခါ တရုတ်ဖက်တွင် ရာသီဥတုအေးနေခြင်း၊ မုန့်ပဲသားရေစာထုတ်လုပ်ရေးလုပ်ငန်းများတွင် ဓာတုဆေးဝါးသုံးစွဲမှုများ မရှိစေရန် ကြပ်မတ်စစ်ဆေးမှုဆက်လက်ပြုလုပ် နေသဖြင့် အပို့လျော့နေရတယ်လို့ သိရပါတယ်။ မိမိဘက်မြေပြင်ဈေး အနည်းငယ် မြင့်တက်ပေမဲ့ တစ်ဘက်နိုင်ငံဈေးမှာတော့ လျော့ကျလျက် ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၅၆၉၆၅၄ ၅၆၆၄၅၆ ၃၁၉၈ ၀ .၆ ၈၅၃ ၈၆၄ ၁၁ ၁ .၃MIRT-MAPT
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင်တစ်ပတ်က တန်ချိန် ၁၂၀၀ ခန့်သာ အရောင်း အဝယ်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ်မှာတော့ ပဲတီစိမ်း၊ ပဲတီရွှေဝါ တန်ချိန် ၄၉၀၀ ခန့် အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲအသစ်တွေ ဈေးကွက်ထဲ ဝင်ရောက်နေပေမဲ့ အရည်အသွေးနိမ့်ပဲများပြီး အရည်အသွေးကောင်းပဲ ရရှိမှုနည်းတယ်လို့ သိရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာ ပြည်တွင်းအချို့ဒေသက ပဲအသစ်များ ဈေးကွက်ထဲ ဝင်လာတော့မှာဖြစ်လို့ အရောင်းအဝယ်ပိုဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်သီတင်းပတ်အတိုင်း နိုဝင်ဘာလ ၄ ရက်နေ့မှာလည်း FAQ (အညာ) တစ်တန် ကန်ဒေါ်လာ ၇၂၀-၇၄၀၊ ပခုက္ကူတစ်တန်ကန်ဒေါ်လာ ၇၄၀-၇၆၀ နဲ့ ပဲတီရွှေဝါအကြီး တစ်တန် ကန်ဒေါ်လာ ၈၈၀-၉၀၀ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT-MAPT
