Background
တရုတ်ပြောင်းဝယ်ယူမှု မြင့်တက်ဖွယ်ရှိ သြဂုတ်လအတွင်း တရုတ်နိုင်ငံရဲ့ ပြောင်းတင်းသွင်းမှုဟာ ၁၀ လအတွင်း အများဆုံး ပမာဏကို ရောက်ရှိ ခဲ့ပြီး ယခင်လထက် ၄၂ ရာခိုင်နှုန်း မြင့်တက်ကာ တန်ချိန် ၂၄၄၅၀၂ တင်သွင်းခဲ့တယ်လို့ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုဌာနမှ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ နိုင်ငံရဲ့ မြင့်တက်နေတဲ့ တိရစ္ဆာန် အစာဝယ်လိုအားကို ဖြည့်တင်းဖို့ တရုတ်ပြောင်း တင်သွင်းမှု ဆက်လက် မြင့်တက်ဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။ သြဂုတ်လ ၃၁ ရက်မှာ ကုန်ဆုံးတဲ့ ဈေးကွက်နှစ်အတွင်း တရုတ်နိုင်ငံက ပြောင်း တန်ချိန် ၁ ဒသမ ၃ သန်း တင်သွင်းခဲ့လို့ ယခင်နှစ်တင်သွင်းခဲ့တဲ့ တန်ချိန် ၇၁၅၆၇၈ ထက်ပိုမို ဝယ်ယူခဲ့ပါတယ်။ နိုင်ငံရဲ့ ရေရှည် ပြောင်းတင်သွင်းမှုကလည်း တဖြည်းဖြည်းမြင့်တက်လာနိုင်တယ်လို့ ပြည်တွင်းကောက်ပဲသီးနှံလေ့လာ ဆန်းစစ်သူ များကဆိုပါတယ်။ ပြည်တွင်းပြောင်း ရောင်းချမှုနည်းတဲ့အတွက် နှစ်စဉ်တင်သွင်းမှုဟာ ပမာဏ အားဖြင့် တန်ချိန် ၉ သန်း၊ သို့မဟုတ် ၁၀ သန်းလောက်အထိ မြင့်တက်နိုင်တယ် လို့လည်း Shanghai JC Intelligence ကုမ္ပဏီမှ လေ့လာ ဆန်းစစ်သူ Xiao Jun ကပြောကြားပါတယ်။ ပြောင်းသိုလှောင်မှုနည်းပြီး၊ ဝယ်လိုအားတက်တာ ကြောင့် အဓိက ပြုပြင်ထုတ်လုပ်တဲ့ ရှန်ဒေါင်းပြည်နယ်လက်ငင်းဈေးဟာ ပြက္ခဒိန်နှစ်စက စပြီး ၃၃ ရာခိုင်နှုန်း ခန့်မြင့်တက်ခဲ့ပါတယ်။ ရိတ်သိမ်းကာလမရောက်မီ ဈေးကွက်ဝယ်လိုအား ဖြည့်ဆည်းဖို့ ဗဟိုအစိုးရ သိုလှောင်မှုထဲက ပြောင်း တန်ချိန် ၃ ဒသမ ၇ သန်း ထုတ်ရောင်းသွားမယ်လို့ ဘေဂျင်းပြည်နယ်ကောက်ပဲသီးနှံ အုပ်ချုပ်မှုက ပြောကြား ပါတယ်။ ယခုနှစ်သီးနှံ အထွက်တိုးမယ့် အလားအလာအရ ယခုလအတွင်း ကမ္ဘာ့ဈေးကျဆင်းခဲ့ရာမှ တရုတ်နိုင်ငံက ဝယ်လက်ပြန်ထွက်ရင် ဈေးနှုန်းကို အထောက်အပံ့ဖြစ်လာ နိုင်တယ် လို့လည်း လေ့လာဆန်းစစ်သူများက ဆိုပါတယ်။ တရုတ်အစိုးရက တောင်အမေရိက ပြောင်းကို စိတ်ဝင်စားနေပြီး အထူး သဖြင့် အာဂျင်တီးနားပြောင်းကို စိတ်ဝင်စားလျက်ရှိရာ နောင်နှစ်နောက်ဆုံး ၃ လအတွင်း အမြောက်အမြား တင်သွင်းနိုင်တယ်လို့ Xiao ကပြောကြားပါတယ်။ ယမင်းခင်၊Source: Dowjones.com
ရော်ဘာအပို့ တက်ချည်ဆင်းချည် သြဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၃ ရက်ထိကာအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန် ၁၄၀ တန်ဖိုး ကန် ဒေါ်လာ သုည ဒသမ ၆၁၉ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ မလေးရှားကို တန် ၄၀ နဲ့ စင်ကာပူကို တန် ၁၀၀ တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်က တန် ၃၀၀ ကျော်တင်ပို့ခဲ့ပါတယ်။ ယခုရာသီက ရော်ဘာပြတ်လတ်တဲ့အချိန်ဖြစ်တာကြောင့် လက်ကျန်နည်းပြီး တင်ပို့မှုကျဆင်းတာဖြစ်ကြောင်းသိရပါတယ်။ နယ်စပ်ကလည်း ၆၆၉ တန်ခန့် အပို့ရှိပြီး ယခင်အပတ် တင်ပို့မှုထက် တန် ၃၀၀ ခန့် လျော့နည်းတင်ပို့ခဲ့တာတွေ့ရပါတယ်။ FOB (ရန်ကုန်)ဈေးကတော့ RSS-3 နဲ့ MSR-20 တစ်တန်ကို ၄၅၀၀ ဒေါ်လာနဲ့RSS-5 တစ်တန်ကို ၄၄၀၀ ဒေါ်လာ ဈေး ပေါက်ကြောင်းသိရပါတယ်။ KZW
ပြောင်းတင်ပို့မှု ထက်ဝက်ကျော်ကျ သြဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၃ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်းမှ ပြောင်းတန် ၂၃၄၀ ကျော် တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၆၅၁ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ စင်္ကာပူကို ၈၀၁တန်၊ အိန္ဒိယ ကို တန် ၃၆၀ ၊ အင်ဒိုနီးရှားကို တန် ၇၁၀ ၊ ဖိလစ်ပိုင်ကို တန်၂၃၀ ၊ ဗီယက်နမ်ကို တန် ၂၄၀ အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၅၀၀၀ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှု ထက်ဝက် ကျော်ကျဆင်းခဲ့ပါတယ်။ နယ်စပ်ကုန် သွယ်ရေးကနေ ၆၂၈၀ တန်အပို့ရှိပြီး ယခင်အပတ်ထက် တန် ၁၇၀၀ ခန့် လျော့ နည်း တင်ပို့ခဲ့တာတွေ့ရပါတယ်။ FOB (ရန်ကုန်)ဈေးကတော့ တစ်တန်ကို ဒေါ်လာ ၃၀၅ ဈေးပေါက်လျက်ရှိပါတယ်။ KZW
နယ်စပ်မှ ပြောင်းအပို့လျော့ သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၆ ရက်ထိကာလအတွင်း မူဆယ် နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၆၈၈သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၆၀၂၇ တန်ခန့် နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၇၉သန်းတန်ဖိုးရှိ နှံစားပြောင်း တန် ၂၆၀ အပို့ရှိခဲ့ပါ တယ်။ မန္တလေး-မူဆယ်ပြောင်း ၁ ပိဿာ ကုန်သယ်စရိတ်မှာ ၁ ပိသာ ၂၆ ကျပ် ဈေးဖြစ်နေပြီး ယခင်အပတ်အတိုင်း ပြောင်းလဲမှုမရှိဘူးလို့သိရပါတယ်။ မိမိဘက် မြေပြင် ပြောင်းဖူးစေ့ ဈေးအနည်းငယ် မြင့်တက်ခဲ့ပြီး နှံစားပြောင်းဈေးမှာ ကျပ် တစ်သောင်းကျော် လျော့နည်းခဲ့ပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၁၉၈၅၉၉ ၁၉၅၈၉၅ ၂၇၀၄ ၁ .၄ ၂၈၈ ၂၇၄ ၁၄ ၅နှံစားပြောင်း ၁၉၆၃၅၇ ၂၁၀၇၇၀ ၁၄၄၁၃ ၇ ၃၁၃ ၃၁၃ - -MIRT (DOBT)
ကာလတူထက်ရော အနီးစပ်ဆုံးကာလထက်ပါ သြဂုတ်လမှာ မူဆယ်မှ ပြောင်းအပို့ပို သြဂုတ်လမှာ ကန်ဒေါ်လာ ၁၁ ဒသမ ၇၅၀ သန်းတန်ဖိုးရှိပြောင်း ၄၁၉၈၁ တန် တင်ပို့မှုရှိပြီး ယမန်နှစ်ကာလတူထက် ၂၂၈၄၄ တန်နဲ့ အနီးစပ်ဆုံးကာလ ဇူလိုင်လထက် ၇၄၈ တန်ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ဧပြီလမှ သြဂုတ်လထိကာလမှာ ကန်ဒေါ်လာ ၅၅ ဒသမ ၃၆ သန်းတန်ဖိုးရှိပြောင်း တန်ချိန် ၂၀၁၄၀၀ ကျော်အပို့ရှိခဲ့ပါတယ်။ ပြည်တွင်းဈေး၊ သယ်ယူစရိတ်နဲ့ အခွန် အခအရ အရင်းကျသင့်ငွေများပြီး အကျိုးအမြတ်နည်း၍ ယခင်လထက် တင်ပို့မှု အနည်း ငယ်သာ ပိုမိုခဲ့ရပါတယ်။ ယခုလက်ရှိမူဆယ်မှ တင်ပို့နေတဲ့ပြောင်းတွေဟာ မန္တလေး၊ သီပေါနဲ့ တောင်ကြီးတို့က ပြောင်းလက်ကျန်များ တင်ပို့နေတာဖြစ်ပါတယ်။ ယခု ဘဏ္ဍာနှစ်မှာ တရုတ်ပြည်အတွင်းပိုင်းဒေသအချို့မှာ ရာသီဥတုဖောက်ပြန်တဲ့ အတွက် ပြောင်းအထွက်နည်းတာကြောင့်မို့ မိမိတို့ ပြောင်းကို ဝယ်လိုအားရှိနေတာ ဖြစ်ပါတယ်။ မိမိတို့ဘက်မှာတော့ ပြောင်းအထွက်များပြီး အစောပိုင်း ကာလများက သယ်ယူပို့ဆောင်ခ သက်သာခဲ့ခြင်းနဲ့ ယခုအခါ အခွန်နှုန်းထားများ လျှော့ချပေး လိုက်ခြင်းတို့ကြောင့် တင်ပို့မှုပိုမိုနေတာဖြစ်ပါတယ်။ ယခုလ ပြည်တွင်းပြောင်းဖူးစေ့ ဈေးနှုန်းများကတော့ ပြောင်း (စီပီ) ၁၆၄၄၃၉- ၁၈၇၁၂၀၊ ပြောင်း(ရှမ်း) ၁၅၀၈၃၀-၁၈၁၄၅၁ ကျပ်နဲ့ ပြောင်း (ဗမာ) ၁၄၇၄၂၈ - ၁၆၄၄၃၉ ကျပ် အသီးသီးဖြစ်ပြီး ရွှေလီဈေးကတော့ ၁ တန်ကို ယွမ် ၁၈၈၀ မှ ၁၉၀၀ ထိရှိပါတယ်။MIRT(DOBT)
ရော်ဘာစိုက်ပျိုးရေးစီမံကိန်းများမှ ဆင်းရဲမှုလျှော့ချပေးနိုင် မလေးရှားရော်ဘာစက်မှုလုပ်ငန်းငယ်များ ဖွံ့ဖြိုးရေး အာဏာပိုင် (RISDA) ကစိုက်ပျိုးမှုအကောင်းဆုံး ဆာဘေ့ ဒေသမှာ ရော်ဘာစိုက်ပျိုးရေးမြှင့်တင်ရေး လှုပ်ရှားမှုများကို ကျေးလက်အဖွဲ့အစည်းများကြားမှာ ဆင်းရဲမှုလျှော့ချရေး အစီအစဉ်အဖြစ် ဆောင်ရွက်မယ်လို့သိရပါတယ်။(RISDA) ရဲ့ဥက္ကဋ္ဌက ရော်ဘာလုပ်ငန်းငယ်တွေကို အထောက်အပံ့ပေး ခြင်းကို ဆက်လက် အကောင်အထည်ဖော်မှာဖြစ်ပြီး အထူးသဖြင့် ကျေးလက်ဒေသများကိုအဓိကထားပြီး ထောက်ပံ့မှာ ဖြစ်တယ်လို့ ပြောကြားပါတယ်။ နိုင်ငံတစ်ဝန်းလုံးမှာ ရော်ဘာ စိုက်ဧရိယာဟက်တာ(၁)သန်းကိုရောက်ရှိဖို့ ကြိုးစားမှာဖြစ်ပြီး၊ ကမ္ဘာ့ရော်ဘာ ထုတ်လုပ်နိုင်မှုအများဆုံး နိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားမယ်လို့လည်း ၎င်းင်းက ပြောကြားခဲ့ပါတယ်။ ပြည်နယ်အစိုးရဆီကတုံ့ပြန်မှု အကောင်းဆုံးလည်းလိုအပ်ပြီး အေဂျင်စီတွေနဲ့စိုက်ပျိုးသူတွေပါဝင်ဆောင်ရွက်ဖို့လည်း လိုအပ်ကြောင်း ပြောကြားပါတယ်။(RISDA) အနေနဲ့ အစီအစဉ် အမျိုးမျိုး ချမှတ်ဆောင်ရွက်နေပြီး အားလုံးသော အစီအစဉ်တွေက ကျေးလက်က ရော်ဘာလုပ်ငန်းတွေအတွက် ရည်ရွယ်ကြောင်း သိရပါတယ်။ ကျေးလက်ဒေသကို အဓိကထားရတဲ့ အကြောင်းရင်းကတော့ လုပ်ငန်းငယ်တွေက ကျေးလက်မှာပဲရှိပြီး ဆင်းရဲမွဲ တေမှုနှုန်းလည်း မြင့်မားကြောင်းသိရပါတယ်။ ဒီလိုဆောင်ရွက်တာက (RISDA) ရဲ့ စည်းမျဉ်းတစ်ခုဖြစ်ပြီး ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်လည်း ဖြစ်ကြောင်းသိရပါတယ်။ မလေးရှား Sabah ဒေသမှာ ရော်ဘာစိုက်ဧရိယာ ဟက်တာ(၇) သောင်းရှိပြီး နှစ်စဉ် မက်ထရစ်တန် (၆) သောင်းထုတ်လုပ်ကြောင်း ရော်ဘာ Sabah စက်မှု အသင်း (LIGS) ကပြောကြား ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့ ထုတ်လုပ်မှုကျဆင်းနေပြီး (LIGS) ရဲ့ဆောင်ရွက်ချက်ကတော့ ၂ ဆတက်ခဲ့ကြောင်း သိရပါတယ်။ အစိုးရအနေနဲ့(LIGS) နဲ့ (RISDA) တို့လိုအဖွဲ့အစည်းတွေက အထောက်အပံ့တွေပေးခဲ့ကြောင်းလည်း သိရပါတယ်။ မကြာသေးမီက ကျင်းပပြုလုပ်တဲ့ ညှိနှိုင်းအစည်းအဝေးမှာ စိုက်ပျိုးရေးနဲ့ အစားအစာ ဒုတိယဝန်ကြီးကလည်း အစိုးရအနေနဲ့Sabah ဒေသမှ ရော်ဘာဈေးနှုန်းကို အထောက်အပံ့ပေးသင့်ကြောင်းပြောကြားခဲ့ပါတယ်။ ပြည်နယ်အစိုးရကနေ LIGS ကို ချေးငွေရင်းဂစ် သန်း(၆၀)ထုတ်ပေးမယ်လို့လည်း ကြေညာခဲ့ပါတယ်။ ရော်ဘာ စိုက်ပျိုးရေး စီမံကိန်းအကောင်အထည်ဖော်မှုဟာ ကျေးလက်အဖွဲ့အစည်းတွေအတွက် အကျိုးကျေးဇူးကြီးမားမှာဖြစ်ပြီး စိုက်ပျိုးရေး နည်းပညာနဲ့ ဈေးကွက်ဈေးနှုန်း အားကောင်းလာတာကြောင့် ရော်ဘာ စိုက်ပျိုးသူတွေရဲ့ ဝင်ငွေတိုးလာပြီး နိုင်ငံတစ်ဝန်းလုံး အတွက် အကျိုးရှိမှာဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ Source:Internet,KZW
သကြားဈေးနှုန်း ထပ်မံမြင့်တက်နိုင် ဥရောပနဲ့ ထိုင်းနိုင်ငံရဲ့ သကြားထွက်ရှိမှုက တိုးတက်ဖွယ်ရှိတဲ့တိုင် ဘရာဇီး နိုင်ငံအထွက်လျော့ကျခြင်းကြောင့် သကြားဈေးထပ်မံမြင့်တက်ဖွယ်ရှိတယ်လို့ ကမ္ဘာ့ သကြားထုတ်လုပ်ပိုလျှံမှုခန့်မှန်းသူ Czarmikow ကပြောကြားပါတယ်။ ဥရောပမှာ သီးနှံအခြေအနေကောင်းမွန်နေတာကြောင့် ၂၀၁၁-၁၂ မှာ တန်ချိန် ၁၇ ဒသမ ၉ သန်းအထိ တန်ချိန် ၅ သိန်း ပိုထွက်မယ့်အပြင် ရုရှားနိုင်ငံကလည်း တန်ချိန် ၇ သိန်း ပိုမိုမယ်လို့ သကြားကုန်သည်များက ခန့်မှန်းထားပါတယ်။ ဒုတိယသကြားတင်ပို့မှု အများဆုံးထိုင်းနိုင်ငံက ကြံထုတ်လုပ်မှုတန်ချိန် ၇ သန်း ပိုမိုပြီး တန်ချိန် ၁၀၃ သန်းအထိ ထွက်ရှိနိုင်လို့ သကြားတန်ချိန် ၁၁ ဒသမ ၃ သန်းအထိ တိုးတက်ထွက်ရှိမယ်လို့ဆိုပါတယ်။ ထိုင်းတောင်သူများ ဈေးအမြင့်နဲ့ ရောင်းချရတာကြောင့် စိုက်ဧကတိုးမြင့်ခဲ့သလို ရာသီဥတုကလည်း သင့်တော်တာ ကြောင့် ကြံအထွက် ပိုမိုလာခြင်းဖြစ်တယ်လို့ Czarmikow ကပြောကြားပါတယ်။ ဒါပေမဲ့ ထိပ်တန်းထုတ်လုပ်သူ ဘရာဇီးရဲ့ အထွက်လျော့ကျမှုကြောင့် ကမ္ဘာ့သကြားပိုလျှံမှုက တန်ချိန် ၅ သန်း- ၅ ဒသမ ၃ သန်းခန့် ကျဆင်းဖွယ်ရှိတယ် လို့ ဆိုပါတယ်။ ဒီလိုအထွက်တိုးပေမယ့် ဥရောပနဲ့အိန္ဒိယတို့က ရာသီဥတုကြောင့် သီးနှံအထွက်ကျဆင်းမယ်ဆိုရင် ၃ နှစ်ဆက်တိုက် ကမ္ဘာ့သကြားမလုံလောက် မှုကြောင့် ကမ္ဘာ့သိုလှောင်မှုကို ဖြည့်ဆည်းဖို့ မလုံလောက်နိုင်ဘူးလို့ဆိုပါတယ်။ စက်တင်ဘာ ၁၄ ရက် သကြားဈေးဟာ တစ်ပေါင်ကန်ဒေါ်လာ ၃၀ ဆင့် (တစ်တန် ကန်ဒေါ်လာ ၆၆၁) နဲ့ အမြင့်မှာပဲရှိနေသေးတယ်လို့ Czarmikow က ထပ်လောင်း ပြောကြားပါတယ်။ ဘရာဇီးနိုင်ငံမှာ ရာသီဥတုခြောက်သွေ့ခြင်း၊ ဇူလိုင်လအစပိုင်းမှာ အလွန် အေးခြင်းနဲ့ ပျမ်းမျှကြံသက်တမ်း ကလည်း ၄ ဒသမ ၁ နှစ်ခန့်ရောက်ရှိလို့ အထွက် နှုန်းကျဆင်းနိုင်ခြင်းအပါအဝင် ဘရာဇီးကြံအထွက်လျော့ကျခြင်းနဲ့ ရင်ဆိုင်ရတာ ကြောင့် ကြံတန်ချိန် ၇၇ သန်းလျော့ကျပြီး တန်ချိန် ၄၉၈ သန်းမှ သကြားတန်ချိန် ၃၇ ဒသမ ၈ သန်းသာ ထွက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ နယူးယောက်မှာ အောက်တိုဘာလပို့ရမယ့်သကြားကြမ်းဈေးဟာ ၀ ဒသမ ၀၁ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၂၉ ဒသမ ၄၂ ဆင့် (တစ်တန်ကန်ဒေါ်လာ ၆၄၈) ယမင်းခင်၊Source: agrimoney.com
နေပြည်တော် တပ်ကုန်းမှာ အစေ့ထုတ်ပြောင်းများစတင်ထွက်ရှိ တပ်ကုန်းမြို့နယ်မှာ ယခုနှစ်အစေ့ထုတ်ပြောင်း စိုက်ဧက ၂၅၀၀ ကျော်ရှိပြီး၊ အဓိကစိုက်ပျိုးတဲ့ ကျေးရွာ အုပ်စုများမှာ ကျားသေအိုင်၊ ရွှေမြို့၊ ရှောက်ကုန်း၊ ကန်ကြီးအုပ်စုများဖြစ်ပါတယ်။ စိုက်ပျိုးတဲ့ မျိုးမှာ CP -888 မျိုးဖြစ်ပြီး၊ ယခုအခါ အစေ့ထုတ်ပြောင်းများစတင်ထွက်ရှိနေပြီ ဖြစ်ပါတယ်။ အစေ့ထုတ်ပြောင်း စံကွက် ရိတ်သိမ်းပွဲကို စက်တင်ဘာလ ၉ ရက်က ကံကြီးအုပ်စုက တောင်သူ ဦးတင်မြိုင် စိုက်ကွင်းမှာ ကျင်းပရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနဲ့ စိုက်-ညှိအဖွဲ့ဝင်များနဲ့ မြို့နယ်တွင်း ပြောင်းစိုက်တောင်သူ ၁၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရ ပါတယ်။ စံကွက်ရိတ်ရာမှာ တစ်ဧက ၉၅ တင်းထွက်ရှိကြောင်း သိရပါတယ်။ အစေ့ထုတ်ပြောင်းကို ဧက ၂၀ စိုက်ပျိုးခဲ့ရာ တစ်ဧကကို မျိုးစေ့ ၂၃၀၀၀ ဝန်းကျင်ပါ 5 kg တစ်ထုပ် စိုက်ပျိုးရပြီး၊ တစ်ထုပ်ကို ၁၇၅၀၀ ကျပ်ပေးရကြောင်း ၎င်းင်းစိုက်ခင်းကို စံကွက်ရိတ်သိမ်းရာ၌ ပြောင်းဖူး ၁၃၅ ဖူးကို အစေ့တစ်တင်းရရှိပြီး တစ်ဧကကုန်ကျစရိတ် ၁၆၀၀၀၀ ကျပ် ခန့်ကုန်ကျကာ ယနေ့ပေါက်ဈေး တစ်တင်း ၅၀၀၀ ကျပ်ရောင်းရလို့ တစ်ဧကအမြတ် ၃ သိန်းကျော်ရရှိတယ်လို့ တောင်သူ ဦးတင်မြိုင်က ပြောပါတယ်။ ခင်မောင်ဆွေ
နယ်စပ်မှ ပြောင်းအပို့လည်းပို မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့်တစ်ဖက်နိုင်ငံရွှေလီသို့ စက်တင် ဘာ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၉၃၃ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၇၀၀၀ ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၂၃ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၄၀၂ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပြောင်းဖူးစေ့ ၉၈၂ တန်ကျော်နဲ့ နှံစားပြောင်း ၁၄၃ တန်ခန့် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ မိမိဘက် မြေပြင်ပြောင်းဈေးများမြင့်တက်နေပြီး တစ်ဘက်နိုင်ငံမှာတော့ပြောင်းစေ့ ဈေးကျပြီး နှံစားပြောင်းဈေး အနည်းငယ် မြင့်တက်လျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၀၂၄၅၇ ၁၉၈၅၉၉ ၃၈၅၈ ၂ ၂၈၅ ၂၈၈ ၃ ၁နှံစားပြောင်း ၂၀၀၁၇၁ ၁၉၆၃၅၇ ၃၈၁၄ ၂ ၃၂၉ ၃၁၃ ၁၆ ၅MIRT (DOBT)
ပင်လယ်ရေကြောင်းမှ ပြောင်းတင်ပို့မှု ပုံမှန် စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ သုညဒသမ ၆၉၄ သန်းတန်ဖိုးရှိ ပြောင်း ၂၃၉၅ တန်တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ကလည်း တန် ၂၃၀၀ ကျော်တင်ပို့ခဲ့ တာကြောင့် တင်ပို့မှု ပုံမှန်ရှိတယ်လို့ဆိုရပါမယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ အိန္ဒိယကို တန် ၂၄၀ ၊ စင်ကာပူကို ၅၅၂ တန်၊ တရုတ်ကို ၃၅၅ တန်၊ ဗီယက်နမ်ကို ၇၄၃ တန်နဲ့ မလေးရှား ကို ၅၀၄ တန် အသီးသီးတင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခုတစ်ပတ်မှာ နယ်စပ်ကနေ တန် ၇၄၀၀ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ FOB ရန်ကုန်ဈေးကတော့ တစ်တန်ကို ဒေါ်လာ ၂၉၀-၃၀၅ အထိဈေးပေါက်လျက်ရှိတယ်လို့ သိရပါတယ်။KZW
