Background
ပဲစင်းငုံ FOB အရောင်းအဝယ် ပုံမှန်သာရှိ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက် ပဲစင်းငုံ အရောင်းအဝယ် ပုံမှန်ရှိနေပါတယ်။ ယခင်တစ်ပတ်က ပဲစင်းငုံ တန်ချိန် ၆၃၀၀ ကျော် ပြည်ပအရောင်းအဝယ်စာချုပ်ချုပ်ခဲ့ပြီး ယခုတစ်ပတ် (စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်) အတွင်းမှာလည်း တန်ချိန် ၆၁၀၀ ကျော် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ စက်တင်ဘာလအတွင်း ၂၂ ရက်နေ့အထိ ပဲစင်းငုံ ပြည်ပ အရောင်း အဝယ်ဖြစ်မှုဟာ တန်ချိန် နှစ်သောင်း ကျော်ရှိတယ်လို့ သိရပါတယ်။ ယခုသီတင်းပတ်အစပိုင်းမှာ အခြားပဲဈေးတွေ မြင့်တက်သလို ပဲစင်းငုံကိုလည်း အိန္ဒိယအဝယ် ပြန်ဖြစ်လာလို့ ဈေးတက်ခဲ့ပါတယ်။ ဒါပေမဲ့ သီတင်းပတ် နှောင်း ပိုင်းမှာတော့ အရောင်းအဝယ်ပြန်အေးပြီး ဈေးအနည်းငယ် လျော့လာပါတယ်။ ဒါပေမဲ့ ယခင်တစ်ပတ် ရန်ကုန် FOBဈေးထက် ပိုနေသေးတာ တွေ့ရပါတယ်။ ပဲစင်းငုံနီ ဖြူနီ ငုံနီ(အဟောင်း)၂၃-၉-၁၁ ၆၃၅-၆၅၅ ၅၁၅-၅၃၅ ၆၂၅-၆၄၅၁၆-၉-၁၁ ၆၀၀-၆၂၀ ၄၈၀-၅၀၀ ၅၉၀-၆၀၀MIRT(MAPT)
ရှမ်းပဲစင်းငုံဈေးတက် အရောင်းသွက် ပြီးခဲ့တဲ့လတွေက အကျဈေးနဲ့သာ ထုတ်ရောင်းနေရတဲ့ ရှမ်းပဲစင်းငုံက စက် တင်ဘာလမှာ ဈေးနည်းနည်း တက်လာပြီး အရောင်းလည်းသွက်လာပါတယ်။ ရန်ကုန်ဝယ်လက်တွေ ပြန်ဝယ်လာတာကြောင့် လက်ကျန်ပဲတွေ ဈေးအနည်းငယ်တက်လာတယ်လို့ သိရပါတယ်။ သြဂုတ်လမှာ ပဲစင်းငုံ(နီ-သေး)တစ်ပိဿာ ၅၈၀ ကျပ်၊ပဲစင်းငုံ(နီ-ကြီး) ၃၈၀ ကျပ်၊ ပဲစင်းငုံ (ဖြူ-ကြီး) ၃၈၀ ကျပ်ဈေးနဲ့သာ တစ်လလုံး ဈေးငြိမ်နေခဲ့ပါတယ်။ စက်တင်ဘာလ ပထမပတ်မှာ ဈေးအနည်းငယ်ပြန်လှုပ်လာပြီး ငုံ-နီ(သေး)က ၆၄၀ ကျပ်နဲ့ ငုံ(ဖြူ-ကြီး) ၄၃၀ ကျပ်ဈေးဖြစ်လာပါတယ်။ ပြောင်း (သစ်)တွေပေါ်လာပြီဖြစ်လို့ လှောင်လက်တွေကလည်း ပြောင်းတွေကို ဝယ်လှောင်ချင်လာတာကြောင့် ဈေးနည်းနည်းတက်လာချိန်မှာ ထုတ်ရောင်းနေကြပါတယ်။ ဟိုပုံးဈေးကွက်မှာတော့ ကုန်သလောက်ဖြစ်သွားပြီး၊ ရပ်စောက်၊ တောင်နီ၊ တောင်ကြီး မှာတော့ ကျန်နေသေးတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ပဲစင်းငုံ(နီသေး) တစ်ပိဿာ ၇၆၅ ကျပ်၊ (နီ-ကြီး) ၆၅၀ ကျပ်၊ (ဖြူ-ကြီး) ၅၀၀ ကျပ် ဈေးရှိပါတယ်။ ရန်ကုန်ဝယ်လက်တွေကသာ အဓိက ဝယ်ယူနေကြပြီး တစ်ပတ် အတွင်း ပိဿာချိန်ပေါင်း ခုနှစ်သောင်းသုံးထောင်ခန့် စီးဆင်းသွားတယ်လို့ ဒေသခံ ကုန်သည်တွေမှ သိရှိရပါတယ်။ ဧဧခိုင်
ပဲလွန်းဖြူလက်ကျန်နည်းလာလို့ တင်ပို့မှုရော အရောင်းအဝယ်ဖြစ်မှုပါ နည်းလာ လက်ကျန်နည်းလာပြီဖြစ်တဲ့ ပဲလွန်းဖြူပြည်ပတင်ပို့မှုဟာ ယခင် သီတင်းပတ်က တန်ချိန် ၁၇၅ ကျော်ခဲ့ ပေမဲ့ ယခုတစ်ပတ် (စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက်)အတွင်းမှာတော့ တန် ၅၀ ခန့်ကို လျော့ကျလာခဲ့ပါတယ်။ အလားတူ ရန်ကုန် FOB အရောင်း အဝယ်ဖြစ်မှုကလည်း ယခင်သီတင်း ပတ်ကတန်ချိန် ၁၃၇ ရှိခဲ့ရာမှ စက်တင် ဘာလ ၁၆ ရက်မှ ၂၂ ရက်ထိ တစ်ပတ် အတွင်းတန် ၉၀ ခန့်သာအရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြည်ပ ဝယ်လိုအားရှိပေမဲ့ လက်ကျန် နည်းသွားလို့ အရောင်းအဝယ် ဖြစ်မှု နည်းပြီး ဈေးငြိမ်နေတာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေးမှာ ယခင်သီတင်း ပတ်အတိုင်း စက်တင်ဘာ ၂၃ ရက်မှာ လည်း FAQတစ်တန် ကန်ဒေါ်လာ ၈၄၀-၈၆၀ နဲ့၊ SQ တစ်တန် ကန်ဒေါ် လာ ၉၅၀-၉၇၀ ရှိကြောင်း သိရပါ တယ်။ MIRT- MAPT
ပြည်ပဲတီစိမ်း အရောင်းအဝယ်အေးလာ ပြည်ဈေးကွက်တွင် ပဲတီစိမ်းသီးနှံမှာ အဝင်မရှိသလို လက်ကျန်နည်းလာခဲ့ပြီး အရောင်းအဝယ် အေးနေခဲ့ပါတယ်။ စက်တင်ဘာလလယ်မှစ၍ မျိုးပဲဝယ်ယူမှုများရှိလာ ခဲ့ပြီး တစ်တင်း ၁၇၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်ထိ အရောင်းအဝယ် ဖြစ်ခဲ့ကြပါတယ်။ တစ်ရက်လျှင် အိတ် ၂၀ ကျော် မျိုးအတွက် ဝယ်ယူမှုများရှိခဲ့ပြီး၊ လိုင်းသမား အဝယ်ရှိတဲ့ ရက်မှာ အိတ် ၁၀၀ ကျော် ရောင်းဝယ်မှုများရှိခဲ့ကြပါတယ်။ ယခင်နှစ်က မျိုးပဲဈေးမှာ တစ်တင်း ၂၅၀၀၀ ကျပ် ရှိတယ် လို့ သိရပါတယ်။ ခင်ဆွေဝင်း
အမြင့်ဆုံး ဈေးမထိန်းနိုင်သေးတဲ့ စိမ်းကြီးဈေးကွက် နယ်ကပစ္စည်းအဝင်မရှိသလို ရှိတဲ့ပစ္စည်းကလည်း အရည်အသွေးမမီလို့ စက်တင်ဘာလ တတိယပတ် မုံရွာကုန်စည်ဒိုင်စိမ်းကြီး ဈေးကွက်မှာ အဝယ်အနည်းငယ်လေးသွားပြီး ဈေးလည်း အေးသွားခဲ့ပါတယ်။ ဝင်လာခဲ့တဲ့ ပဲတီစိမ်းကြီး အသစ် တွေမှာ မိုးမိလို့ အရောင်းမလှတဲ့ ပဲတွေပါဝင်နေပြီး တရုတ်လက်အဝယ်မကြိုက်ဘဲ ဒေသတွင်း ခွဲစက်သမားတွေရဲ့ အဝယ်သာ ရှိခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ယခုတစ်ပတ် ပေါက်ဈေးမှာတော့ တစ်တင်း ၁၉၅၀၀ ကျပ်ကနေ ၁၈၅၀၀ ကျပ်ကို ကျဆင်းသွားခဲ့ပါတယ်။ မုံရွာဈေးကွက်ကနေ မန္တလေးကို စီးဆင်းမှု အနေနဲ့ ပုံမှန်ထက် လျော့မသွားဘဲ ယခုတစ်ပတ်အတွင်း တင်း ၃၀၀၀ ခန့်ရှိတယ်လို သိရပါတယ်။ ထွန်းလှိုင်
ပဲတီစိမ်းဈေး တည်ငြိမ်ရာမှ လျော့ကျ အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ဝယ်လိုအားအနည်းအပါးသာရှိလို့ ပဲတီစိမ်းဈေးတည်ငြိမ်ရာမှ လျော့ကျခဲ့ပါတယ်။ အဓိကပဲစိုက်ပျိုးရာဒေသများအတွင်း ပဲအသစ်များ ဆက်တိုက်ဝင်ရောက်လာပြီး ယခု သီတင်းပတ်ကုန်ပိုင်းမှာ မုတ်သုံမိုး ဆုတ်ခွာဖွယ်ရှိလို့ ပဲရိတ်သိမ်းဖို့ အခြေအနေကောင်းမွန် လာတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဈေးကွက်အတွင်း ပဲစိုက်ဧရိယာ လျော့ကျခြင်းက လွှမ်းမိုးလျက်ရှိနေပါတယ်။ ပဲထွက်ရှိမှု ခန့်မှန်းချက် အရ ယခင်နှစ်ထက် ၂၁ ဒသမ ၀၅ ရာခိုင်နှုန်းလျော့ကျ ပြီး တန်ချိန် ၁ ဒသမ ၂ သန်း ဝန်းကျင်သာ ထွက်ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဈေးကွက်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများနှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ၂၁-၉-၁၁ ၂၀-၉-၁၁ ၁၉-၉-၁၁ ၁၇-၉-၁၁မွန်ဘိုင်း (တန်ဇန်းနီးယား) ၉၄၁-၉၄၄ ၉၅၄-၉၅၉ ၉၅၂-၉၅၇ ၉၇၂ဒေလီ ၆၂၇-၈၈၈ ၆၆၄-၉၁၂ ၇၁၁-၉၆၃ ၇၁၉-၉၇၂အာကိုလာ ၇၃၂-၉၄၁ ၇၂၆-၉၃၃ ၇၃၂-၉၀၀ ၇၄၀-၉၀၉MIRT(MAPT)
ပဲတီစိမ်း တင်ပို့မှု ဆက်လက်လျော့နည်းဆဲ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဆင့်တစ်ဖက်နိုင်ငံသို့ တင်ပို့နေတဲ့ လယ်ယာထွက်ကုန်ထိပ်တန်းစာရင်းထဲမှာ ပါတဲ့ ပဲတီစိမ်း တင်ပို့မှုဟာ ယခုအပတ်မှာ နှမ်း၊ ရော်ဘာ ၊ ပြောင်းတို့ရဲ့ နောက် စတုတ္ထနေရာမှာ ရှိနေပါတယ်။စက်တင်ဘာလ၁၄ ရက်မှ ၂၀ ရက်ထိ ကာလတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၁၂၅ သန်းတန်ဖိုးရှိတဲ့ ပဲတီစိမ်း ၁၃၄၃ တန်အပို့ရှိခဲ့ပြီး ယခင်အပတ်ကထက် ၃၀၃ တန် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ မိမိဘက်မြေပြင်ဈေး ယခင် အပတ် ထက် မြင့်နေသော်လည်း တစ်ဖက်နိုင်ငံဈေးကတော့ လျော့နည်းသွားတာတွေ့ရပါတယ်။ မူဆယ်ကို ကုန်တက်လည်း နည်းတယ် လို့သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၆၅၈၀၄၃ ၆၀၉၃၁၄ ၄၈၇၂၉ ၈ ၈၉၃ ၉၀၉ ၁၆ ၂MIRT (DOBT)
FOB ပဲတီစိမ်း အရောင်းအဝယ် တန် ၁၅၀၀ ခန့်သာရှိ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ယခုတစ်ပတ် ပဲတီစိမ်း FOB အရောင်းအဝယ်တန် ၁၅၀၀ ခန့်သာရှိလို့ ယခင် သီတင်းပတ် အရောင်းအဝယ်ဖြစ်တဲ့ တန်ချိန် ၃၀၀၀ ထက် ထက်ဝက်လျော့ခဲ့ပါတယ်။ သင်္ဘောတင်ပို့မှု အခက်အခဲရှိတဲ့ အပြင် အိန္ဒိယဝယ်လက်များ အဝယ်နှေးသွားခဲ့တဲ့အတွက် အရောင်းအဝယ် လျော့လာတာဖြစ်ပါတယ်။ စက်တင်ဘာလအတွင်း ၂၂ ရက်နေ့အထိ FOB အရောင်းအဝယ်ဖြစ်မှုမှာ ပဲတီရွှေဝါ တန် ၆၆၀၀ ကျော်၊ ပဲတီစိမ်းတန် ၁၀၀၀ ကျော်နဲ့ ပဲတီစိမ်းခွဲခြမ်း တန် ၁၅၀၀၊ စုစုပေါင်း တန်ချိန် ၉၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ MIRT- MAPT
ပဲတီစိမ်းတင်ပို့မှု ပြန်နှေး ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုဟာ ယခင်သီတင်းပတ်က တန်ချိန် ၄၅၀၀ ထိ တိုးတက်တင်ပို့ နိုင်ခဲ့ပေမဲ့ ယခုသီတင်းပတ် (စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက်)အတွင်းမှာတော့ တန်ချိန် ၂၄၀၀ ကျော်ကို ပြန်လည်လျော့ကျ တင်ပို့ လာတာ တွေ့ရပါတယ်။ အိန္ဒိယပြည်တွင်းမှာ ပဲတီစိမ်းအသစ်အချို့ ဈေးကွက်ထဲ ဝင်လာပြီဖြစ်လို့ မြန်မာနိုင်ငံက ပဲတီစိမ်း အဝယ်မသွက်ဘဲ ပုံမှန်သာ ဝယ်ယူမှုရှိပြီး တင်ပို့မှုလည်း နည်းနေတာ ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် စက်တင်ဘာလ ၁၆ ရက်နေ့အထိ စုစုပေါင်း ပဲတီစိမ်းတင်ပို့ပြီးစီးမှု တန်ချိန် ၁၈၆၀၀၀ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၁၂၀၀၀၀ ကျော်တင်ပို့မှုနဲ့ ယှဉ်ရင် တန်ချိန် ၆ သောင်း ကျော်ပိုတင်နိုင်တာ တွေ့ရပါတယ်။ MIRT- MAPT
ကုလားပဲတင်ပို့မှု တန် ၂၀၀၀ အောက်လျော့လာ ပင်လယ်ရေကြောင်းက ကုလားပဲတင်ပို့မှုဟာ ပြည်တွင်းအသုံးရှိခြင်းနဲ့အတူ ပြည်ပအဝယ်များဆက်တိုက် ရောင်းချနေတာကြောင့် လက်ကျန်နည်းလာပြီး တင်ပို့မှု တဖြည်းဖြည်းလျော့ကျလာခဲ့ပါတယ်။ ယခင်တစ်ပတ်က ကုလားပဲတန်ချိန် ၄၅၀၀ အထိ တင်ပို့မှုရှိခဲ့ပေမဲ့ ယခုသီတင်းပတ်(စက်တင်ဘာလ ၁၁ ရက်မှ ၁၇ ရက်)အတွင်းမှာတော့ တန် ၂၀၀၀ အောက်သာတင်ပို့နိုင်တာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း စက်တင်ဘာလ ၁၆ ရက်နေ့အထိ တင်ပို့ပြီးစီးမှုဟာ တန်ချိန် ၅၉၀၀၀ ခန့် ရှိတာတွေ့ရပါတယ်။ ယခုသီတင်းပတ်အတွင်း ရန်ကုန် FOB ဈေးကွက်မှာ ကုလားပဲအရောင်းအဝယ်ဖြစ်မှု မရှိတာကြောင့် လာမယ့် သီတင်းပတ်တွေမှာလည်း တင်ပို့မှုလျော့ကျလာဖွယ်ရှိပါတယ်။ MIRT-MAPT