Main menu

Background

Sunday, 28 Aug 2011

ဈေးစွာတဲ့ စိမ်း                တရုတ်ဈေးကွက်ကို နှစ်စဉ်အားထားပို့နေတဲ့ ပဲတီစိမ်းဟာ ဒီတစ်ပတ်ထဲမှာ ဈေးစွာလာတာကို တွေ့ရ ပါတယ်။ ဈေးကွက် မှာ ရွှေဝါစ မရှိသလောက်ဖြစ်နေပေမယ့် အညာစတွေဟာ သူ့အရည်အသွေးနဲ့သူ အရောင်း ဖြစ်နေပါတယ်။ သုံးတင်းတစ်အိတ် ထိပ်စ ၅ဝဝဝဝ ကျပ်ဝန်းကျင်နဲ့ အညံ့စ ၃၅ဝဝဝ ကျပ်ထိ ဈေးပေါက်ပါတယ်။ ကုန်သွယ်ခွန်တွေ စလျှော့ပေးမယ်လို့ သတင်းတွေ ကြားနေတုန်းက ဇူလိုင်နောက်ဆုံးပတ်မှာ စိမ်းကြီးတစ်အိတ်-၄ဝဝဝဝ ကျပ်- ၅၇ဝဝဝ ကျပ်ထိ ပေါက်ဈေးရှိခဲ့ရာမှ အခွန် လျှော့ပေးတဲ့ကာလမှာ တရုတ်ငွေဈေးကျလာလို့ ပဲတီစိမ်းတစ်အိတ် ၃ဝဝဝဝ ကျပ်-၄၈ဝဝဝ ကျပ်ထိ ဈေးနိမ့်လာခဲ့ပါတယ်။ ဒါပေမယ့် အကောင်းဘက်က တွေးကြည့်ရင် ကုန်သွယ်ခွန်လျှော့ပေးလို့ အဲဒီကာလက ဒီဘက်မှာ ဈေးချမဝယ်ရတော့ဘူး။ ဈေးကွက်အသာ စီးမရပေမယ့် ဈေးဆစ်တဲ့ဒဏ်ကို ခံသာခဲ့တယ်လို့ ကုန်သည်များက ဆိုပါတယ်။ အခုတရုတ် ငွေ ဈေးမာလာလို့ ပဲဈေးမြင့်ဝယ်လာပြီး၊ ဈေးကွက်မှာလည်း ပဲတီစိမ်း ဈေးစွာလာခဲ့ပါတယ်။ ကုန်သွယ်ခွန်ကို နောက်ပဲသစ်ပေါ်မဲ့ အချိန်ကာလ အထိ လျှော့ပေးထားတာဆိုတော့ ပြည်ပဝယ်လိုအားအနေနဲ့ ငွေဈေးအပေါ်မှာ မူတည်ပြီး ပဲသမားများအတွက် မင်္ဂလာနေ့သစ် များကို ရောက်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ သက်သက်နိုင် 

Sunday, 28 Aug 2011

ယခုအပတ် စစ်တွေနယ်စပ်မှလည်း ပဲတီစိမ်းအပို့ရှိ             သြဂုတ်လ ၁၇ ရက်မှ ၂၃ ရက် ထိကာလအတွင်းမှာ ပုံမှန်တင်ပို့လျက်ရှိသော မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှသာမက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေမှလည်း ဒေသထွက် ပဲတီစိမ်းအပို့ရှိတာတွေ့ရပါတယ်။ ယခုအပတ်မှာ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၂ ဒသမ ၃ဝ၄ သန်း တန်ဖိုးရှိ ပဲတီစိမ်း (အညာစ) ၂၉၂၂ တန် အပို့ရှိပြီး စစ်တွေနယ်စပ်မှ ကန်ဒေါ်လာသုည ဒသမ ဝ၁၆ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၂၂ တန် တင်ပို့ခဲ့တာမို့ ယခုအပတ် နယ်စပ်မှ ကန်ဒေါ်လာ ၂ ဒသမ ၃၂ဝ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၂၉၄၄ တန်ကျော် တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ စစ်တွေနယ်စပ်မှ အပို့ရှိလာသော်လည်း မူဆယ်မှ တင်ပို့မှု လျော့နည်းခဲ့တာကြောင့် နယ်စပ်မှ ပဲတီစိမ်း တင်ပို့မှုဟာ ၈၄၃ တန်ကျော် လျော့နည်းခဲ့ပါတယ်။ မြန်မာ-တရုတ် နယ်စပ် ပေါက်ဈေးများကတော့ နှစ်နိုင်ငံလုံးမှာ ဆက်လက်လျော့နည်းနေတာတွေ့ရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင် ပေါက်ဈေးများကိုနှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်-                                   မိမိဘက်(ကျပ်/တန်)                         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု            ယခင်        ပြောင်းလဲမှု    %      ယခု       ယခင်   ပြောင်းလဲမှု   %ပဲတီစိမ်း      ၅၇၄၇၅၃     ၆ဝ၇၄၅၃      ၃၂၇ဝဝ         ၆      ၈ဝဝ      ၈၁၅           ၁၅        ၂  MIRT (DOBT)

Sunday, 28 Aug 2011

ပဲတီစိမ်းတင်ပို့မှု အနည်းငယ်တိုး                ယခုတစ်ပတ် သြဂုတ်လ ၁၄ ရက်မှ ၂ဝ ရက်အထိ တစ်ပတ်အတွင်း ပဲတီစိမ်း ပြည်ပတင်ပို့မှု တန်ချိန် ၃၆ဝဝ ခန့်ရှိလို့ ယခင်သီတင်းပတ်တင်ပို့ခဲ့တဲ့ တန်ချိန် ၃၃ဝဝ ထက် အနည်းငယ်ပိုလာပါတယ်။ ဒါပေမယ့် ဇူလိုင်လ နောက်ဆုံးပတ် တင်ပို့ခဲ့တဲ့ တန်ချိန် ၄ဝဝဝ ကျော်ထက်တော့ လျော့ကျနေသေးတာတွေ့ရပါတယ်။                  လက်ရှိဘဏ္ဍာနှစ် သြဂုတ် ၁၉ ရက်အထိ တင်ပို့ပြီးစီးမှုကို လေ့လာကြည့်ရင် ပဲတီစိမ်းတန်ချိန် ၃သိန်းကျော်ပြီဖြစ်ပြီး၊ ယခင်ဘဏ္ဍာနှစ်ကာလတူမှာ တန်ချိန် ၂ သိန်းနီးပါးရှိလို့ ယခုနှစ်မှာ တန်ချိန် ၁ သိန်းကျော် ပိုတင်ပြီးတာ တွေ့ရပါတယ်။ လက်ရှိဈေးကွက်တွေမှာ ပဲတီစိမ်း အရောင်းအဝယ်ဖြစ်မှုအရ လာမယ့်သီတင်းပတ်မှာလည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ခန့်မှန်း ထားပါတယ်။ MIRT - MAPT

Sunday, 28 Aug 2011

လက်ကျန်ပြတ်သွားပြီဖြစ်တဲ့ ပြည်ပဲလွန်းဖြူ                  ပြည်ပဲလွန်းဖြူဈေးကွက် မှာတော့ ယခင်နှစ်က ပဲလွန်းဖြူတစ်တင်းကို ၁၉ဝဝဝ ကျပ်နဲ့ ပစ္စည်းလက်ကျန် ပြတ် သွားခဲ့ပြီး၊ ယခုနှစ်ပဲလွန်းဖြူ လက်ကျန်ပြတ်ချိန်မှာတော ပဲတစ်တင်းကို ၁၈ဝဝဝ ကျပ်ဈေးနဲ့ ဈေးပြတ်သွားတာ ကို တွေ့ရပါတယ်။ ပစ္စည်းမပြတ်ခင်က ရွှေတောင်ဘက်က နောက်ဆုံးအဝင် ရှိတယ်လို့ သိရပါတယ်။ မိမိအေး

Sunday, 28 Aug 2011

ပဲလွန်းဖြူ FOB အရောင်းအဝယ် တန် ၂ဝဝ ကျော်ဖြစ်              ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ FOB ဈေးကွက်မှာ သြဂုတ် ၁၉ ရက်မှ ၂၅ ရက်အထိ FOB အရောင်းအဝယ်ဖြစ်မှုတန် ၂ဝဝ ကျော်တယ်လို့ သိရပါတယ်။ သြဂုတ် လအတွင်း ၂၅ ရက်နေ့အထိ အရောင်း အဝယ်စာချုပ်ချုပ်ဆိုမှု တန်ချိန် ၉ဝဝ ကျော်ရှိခဲ့ပါတယ်။ အရောင်းအဝယ် ဖြစ်တဲ့ ပဲမို့ ယခုတစ်ပတ် FOB ဈေး အနည်းငယ် တက်လာတာ တွေ့ရပါ တယ်။                   ပဲလွန်းဖြူ(FAQ)        ပဲလွန်းဖြူ(SQ)၂၆-၈-၁၁         ၈၄ဝ-၈၆ဝ            ၉၅ဝ-၉၇ဝ၁၈-၈-၁၁         ၈၃ဝ-၈၅ဝ            ၉၄ဝ-၉၆ဝ                                                                MIRT(MAPT)

Sunday, 28 Aug 2011

ပုံမှန်တင်ပို့နေဆဲ ပဲလွန်းဖြူ                 ပဲလွန်းဖြူကို ပင်လယ်ရေကြောင်း က ပုံမှန်တင်ပို့လျက်ရှိရာ ယခုသီတင်း ပတ် (သြဂုတ် ၁၄ ရက်မှ ၂ဝ ရက်) အတွင်း တန်ချိန် ၃ဝဝ တင်ပို့မှု ရှိခဲ့တာ တွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေက တော့ အိန္ဒိယ၊ ကိုရီးယား၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့ဖြစ်ပါတယ်။ ယခုလက်ရှိ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် သြဂုတ်လ ၁၉ ရက်နေ့အထိ ပဲလွန်းဖြူ တင်ပို့ပြီးစီးမှု ဟာ တန်ချိန် ၁၄ဝဝဝ ခန့်ရှိပြီး၊ ယခင် ဘဏ္ဍာနှစ်ကာလတူက တင်ပို့ခဲ့တဲ့ တန်ချိန် ၁၃၆ဝဝ ခန့်ထက် အနည်းငယ် ပိုမိုတာ တွေ့ရပါတယ်။ ပြည်တွင်း အဝယ်လိုက်တဲ့ ပဲဖြစ်လို့ လက်ကျန်များ ဆက်လက်တင်ပို့ဖွယ်ရှိပါတယ်။ MIRT - MAPT

Sunday, 28 Aug 2011

ယခုတစ်ပတ် ထောပတ်နဲ့ မြေထောက် FOB  အရောင်းအဝယ်ပိုဖြစ်                ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ FOB ဈေးကွက်မှာ ယခုတစ်ပတ်အတွင်း ထောပတ်ပဲနဲ့ မြေထောက်ပဲ အရောင်းအဝယ်ဖြစ်မှုဟာ တန်ချိန် ၄၃၃ နဲ့ မြေထောက်ပဲတန်ချိန် ၄၁၉ ရှိတယ်လို့ သိရပါတယ်။ သြဂုတ်လအတွင်း ၂၅ ရက်နေ့အထိ အရောင်းအဝယ်စာချုပ်ချုပ်ဆိုမှုဟာ ထောပတ်ပဲတန်ချိန် ၇ဝဝ ကျော်နဲ့ မြေထောက်ပဲတန်ချိန် ၈၅ဝ ကျော်ရှိပြီလို့ သိရပါတယ်။                   ရန်ကုန် FOB ဈေးအနေနဲ့ သြဂုတ်လ ၂၆ ရက်မှာ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၃ဝ-၇၅ဝ မြေထောက်ပဲတစ်တန် ကန်ဒေါ်လာ ၆၄ဝ- ၆၆ဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT

Sunday, 28 Aug 2011

ပဲစင်းငုံ ပြည်ပအဝယ်လိုက်                ယခုတစ်ပတ် သြဂုတ်လ ၁၉ ရက်မှ ၂၅ ရက်အထိ တစ်ပတ်အတွင်း ရန်ကုန် တိုင်းဒေသကြီး၊ ဘုရင့်နောင် ကုန်စည်ဒိုင် FOB ဈေးကွက်မှာ အိန္ဒိယဝယ်လက်များ ပဲစင်းငုံကို အဝယ်လိုက်တယ်လို့ သိရပါတယ်။ ပဲစင်းငုံ အနီစရော၊ ရှမ်းစအကြီးနဲ့ လင်းခေးစများ အရောင်းအဝယ်ဖြစ်မှုဟာ ယခုတစ်ပတ်မှာ တန်ချိန် ၁၁ဝဝဝ ခန့် ရှိတယ်လို့ သိရပါတယ်။ သြဂုတ်လ ၂၅ ရက်အထိ စုစုပေါင်း အရောင်းအဝယ်ချုပ် ဆိုမှုမှာ ပဲစင်းငုံဖြူနီ၊ အနီနဲ့ ခွဲခြမ်းစုစုပေါင်း တန်ချိန် နှစ်သောင်းကျော်တယ်လို့ သိရပါတယ်။               ပြည်ပအဝယ်လိုက်ပြီး အရောင်းအဝယ်ဖြစ်မှုများပေမယ့် ပို့ကုန်ဝင်ငွေလဲနှုန်း အပြောင်းအလဲကြောင့် FOB ဈေးကတော့ အပြောင်းအလဲမရှိ ငြိမ်နေတာတွေ့ရပါတယ်။ သြဂုတ်လ ၂၆ ရက် FOB ဈေးအနေနဲ့ ပဲစင်းငုံနီ(FAQ)တစ်တန် ကန်ဒေါ်လာ၅၅ဝ-၅၇ဝ၊ ဖြူနီ (FAQ)တစ်တန် ကန်ဒေါ်လာ ၄၃ဝ-၄၅ဝနဲ့ ပဲစင်းငုံနီ အဟောင်း တစ်တန် ကန်ဒေါ်လာ ၅၄ဝ-၅၆ဝ ဈေးနဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။ MIRT - MAPT 

Sunday, 28 Aug 2011

ပဲစင်းငုံ တင်ပို့မှု တန်ချိန် ၃၂ဝဝ ခန့်သာရှိ               ယခုတစ်ပတ် (သြဂုတ် ၁၄ ရက်မှ ၂ဝ ရက်ထိ) ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုတန်ချိန် ၃၂ဝဝ ခန့်သာရှိတာတွေ့ရပါတယ်။ သြဂုတ်လ ပထမပတ်မှာ တန်ချိန် ၅ဝဝဝ ဝန်းကျင်တင်ပို့မှုနဲ့ ယှဉ်ရင် လျော့ကျခဲ့တာ တွေ့ရပါတယ်။ လက်ရှိ ဘဏ္ဍာနှစ် သြဂုတ်လ ၁၉ ရက်နေ့ထိ တင်ပို့ပြီးစီးမှုကို လေ့လာကြည့်ရင် ပဲစင်းငုံ တန်ချိန် ၈၂ဝဝဝ ခန့် ရှိပြီဖြစ်လို့ ယခင်ဘဏ္ဍာနှစ်ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၄၂ဝဝဝ ကျော်ထက် တစ်ဆခန့် ပိုလာတာ တွေ့ရပါတယ်။ လာမယ့် သီတင်းပတ် တွေမှာတော့ ပိုမိုတင်ပို့နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ MIRT - MAPT

Sunday, 28 Aug 2011

နယ်စပ်မှ မတ်ပဲအပို့ရှိ                  သြဂုတ်လ ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတိုင်းဒေသကြီးထွက် ကန်ဒေါ်လာ ဝ ဒသမ ဝ၇၇ သန်းတန်ဖိုးရှိ မတ်ပဲ တန် ၉ဝ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ် ၉၇ တန် အပို့ရှိခဲ့တာမို့ ယခု အပတ်မှာ ၉ တန်သာ တင်ပို့မှုလျော့နည်းခဲ့တာဖြစ်ပါတယ်။ မတ်ပဲ မြေပြင်ပေါက် ဈေးများမှာ မိမိဘက်မှာရော တစ်ဘက်နိုင်ငံမှာပါ ယခင်အပတ်အတိုင်း ဈေး ပြောင်းလဲမှု မရှိတာတွေUရပါတယ်။ မိမိဘက်မြေပြင်ပေါက်ဈေးမှာ ကျပ် ၄၉၉၂၇၃ ဖြစ်ပြီး တစ်ဘက်နိုင်ငံ ပေါက်ဈေးကတော့ ၈၆၂ ဒေါ်လာဖြစ်ပါတယ်။ MIRT (DOBT)

Pages