Main menu

Background

Monday, 21 Oct 2013

ယခုနှစ် သကြားဈေးမှာ အတက်ဈေးနဲ့ ဈေးတန်းနေပါတယ်။ တရုတ်နိုင်ငံမှ မြန်မာ့ သကြားကို တန်ချိန် သိန်းချီပြီး ဝယ်ယူမှုရှိခြင်းနှင့် ယိုးဒယားဘက်မှ သကြား များ ဝင်နေခြင်းကြောင့် သကြားဈေးမှာ အတက်ဈေးနဲ့ တည်ငြိမ်နေခြင်း ဖြစ်ပါ တယ်။

Monday, 21 Oct 2013

၂၀၁၃ ခုနှစ် အောက်တိုဘာလ ၉ ရက်မှ ၁၅ ရက်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်နဲ့ကန်ပိုက်တီးစခန်းများမှ ကန်ဒေါ်လာ ၇ ဒသမ ၅၉၆ သန်းတန်ဖိုးရှိတဲ့ ပြောင်းဖူးစေ့ ၂၄၃၁၃ တန် ကျော်ကိုတင်ပို့နိုင်ခဲ့ ပါတယ်။ စခန်းအသီးသီးအလိုက် တင်ပို့တဲ့ပြောင်းတန်ချိန်တွေကတော့ မူဆယ်မှ ၂၂၄၇၈ တန်ကျော်၊ ချင်းရွှေဟော်မှ ၁၀၉၇ တန်ကျော်၊ လွယ်ဂျယ်မှ ၆၅၈တန် နဲ့ ကန်ပိုက်တီးမှ ၇၉  တန်ခွဲ ဖြစ်ပါ တယ်။

Tuesday, 15 Oct 2013

စက်တင်ဘာလ ၂၉ ရက်မှ အောက်တိုဘာလ ၅ ရက်အတွင်း  ဓာတ်ဆီတန် ချိန်ငါးရာနဲ့ ဒီဇယ်တန်ချိန် တစ်သောင်းသုံးထောင်ကျော်ကို သွင်းကုန်လိုင်စင် လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်မှာ ဓာတ်ဆီအဝင်မရှိခဲ့ဘဲ ဒီတစ်ပတ်မှသာ ပြန်လည်တင်သွင်းလာခဲ့ခြင်းဖြစ်ပါတယ်။ ယခင်တစ်ပတ် ဒီဇယ် အဝင်မှာ တန်ချိန် နှစ်ထောင်ကိုးရာကျော်ရှိခဲ့ပြီး ဒီတစ်ပတ်အဝင်မှာ တန်ချိန် တစ်သောင်းသုံးထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန်တစ်သောင်း ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။

Tuesday, 15 Oct 2013

အောက်တိုဘာ ပထမပတ်မှာ မူဆယ်ဝယ်လက်တွေက အောင်ပန်းမှာ အထိုင်ချပြီး၊ ဆင်တောင်နနွင်း အသန့်တွေကို ဝယ်ယူသွားပါတယ်။ တစ်ပိဿာ ၁၁၅၀ ကျပ်နဲ့ ပိဿာချိန် ပေါင်း ခြောက်သောင်းခန့် ဝယ်ယူ သွားတယ်လို့လည်း နနွင်း ပွဲရုံတွေကသိရပါတယ်။ဆင်တောင်နနွင်းတစ်မျိုးတည်းကိုသာ ဝယ်ယူပြီး အောင်ပန်းကနေ တိုက်ရိုက်မူဆယ်ကို တင်ပို့ တယ်လို့လည်း သိရပါတယ်။

Tuesday, 15 Oct 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းက ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၀၁၁ သန်းတန်ဖိုးရှိ ကြက်သွန်နီတန် ၃၇၅၂ ဒသမ ၉၀၀ တင်ပို့နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလဖြစ်သော သြဂုတ်လထက် တန် ၂၀၀၀ နီးပါးပိုမိုတင်ပို့နိုင်ခဲ့သလို ကာလ တူ ဖြစ်သော ၂၀၁၂ ခုနှစ် စက်တင်ဘာလထက်လည်းတန် ၃၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် အောက် တိုဘာလ ၂ ရက်မှ ၈ ရက်ထိ ကန်ဒေါ်လာ သုည ဒသမ ၂၄၅ သန်းတန်ဖိုးရှိ ကြက်သွန်နီ ၅၁၂ တန်နီးပါး တင်ပို့နိုင်ခဲ့၍ ယခင်အပတ်နဲ့နှိုင်းယှဉ်ပါက ၂ ဒသမ ၇၆ တန်ကျော် လျော့ နည်း တင်ပို့ခဲ့ပါတယ်။

Tuesday, 15 Oct 2013

ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မန်ကျည်း ၅၅ တန်ကို စက်တင်ဘာ ၂၉ မှ အောက်တိုဘာ ၅ ရက်အတွင်းတင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် တင်ပို့ခဲ့တဲ့နိုင်ငံမှာ ပါကစ္စတန်နိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းတင်ပို့ မှုမှာ တန်ချိန် တစ်ရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ငါးဆယ်ကျော်  တင်ပို့မလျော့နည်းခဲ့ပါတယ်။ စက်တင်ဘာလအတွင်း မန်ကျည်းတင်ပို့ခဲ့တဲ့ နိုင်ငံ များမှာ ပါကစ္စတန်နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံများပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်မန် ကျည်းတင်ပို့မှုကြောင့် ကန်ဒေါ်လာ နှစ်သောင်းလေးထောင့်နှစ်ရာဝင်ငွေရရှိခဲ့ပါ တယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် သြဂုတ်လအတွင်း မန်ကျည်းတင်ပို့တန်ချိန် မှာ ၃၉၄ တန်ကျော်ရှိခဲ့ပြီး စက်တင်ဘာလအတွင်း တင်ပို့မှုမှာ တန်ချိန် ၁၂၄ ကျော်ရှိခဲ့တာကြောင့် စက်တင်ဘာလမှာ တန်ချိန် ခုနှစ်ဆယ်ကျော်တင်ပို့မှုလျော့ ခဲ့ပါတယ်။      MIRT ( DOT)

Tuesday, 15 Oct 2013

အောင်ပန်းဈေးကွက်မှာ ချင်းကအဝင်များလာပါတယ်။ သီတင်းကျွတ်ခါနီးလာ တော့ ငွေလိုတဲ့တောင်သူ တွေကလည်း ဖော်ပြီးရောင်းနေကြတာကြောင့် အဝင်က လည်းလှိုင်နေပါတယ်။ အဖိတ်ဈေးနဲ့ ဈေးနေ့တွေမှာ ပိုပြီးအဝင်များလေ့ရှိပြီး၊ အဲဒီရက်တွေမှာ တစ်ရက်ကို ပိဿာချိန် တစ်သောင်းခန့်အဝင်ရှိနေတယ် လို့ သိရပါတယ်။ ဒါပေမဲ့ အခုလက်ရှိဝင်နေတဲ့ချင်းက ချင်းနုတွေသာဖြစ်တာကြောင့် ကြာရှည်လည်း အထားမခံသေးပါဘူး။

Tuesday, 15 Oct 2013

ပြည်ချင်းဈေးကွက်မှာ ယခင်အပတ်က ချင်းတက်တစ်ပိဿာကို (ရှယ်) ၁၆၀၀ ကျပ်၊ (ဂျွန်)၁၂၀၀ ကျပ်တို့ ဖြစ်ပြီး၊ယခုအပတ်မှာ(ရှယ်) ၁၃၀၀ ကျပ်၊ (ဂျွန်) ၁၀၅၀ ကျပ်တို့နှင့် ရောင်းဝယ်လျက်ရှိတာကြောင့် တစ်ပိဿာ ၃၀၀ ကျပ်ခန့်ဈေးကျသွား ပြီး၊ ယခုတစ်ပတ်အတွင်း အောင်ပန်း၊ တောင်ကြီးဘက်မှ ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့်အဝင်ရှိခဲ့ပါတယ်။ တောင်ပေါ်ဈေးလည်းကျလို့ မှာယူတင်သွင်းမှုအပေါ် မူတည်ပြီး ဈေးအနည်းငယ် ကျသွားကြောင်း၊ သီတင်းကျွတ်ကာလရောက်ချိန် နီးလာလို့ ပိဿာချိန် ၃၅၀ ခန့် ပုံမှန်အရောင်းအဝယ်ဖြစ်နေပါတယ်။ ပြည်ဈေးခ ကွက်မှ တစ်ဆင့် ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တို့သို့ စားသုံးမှုအဖြစ် ယခုတစ်ပတ် အတွင်း ပိဿာချိန် ၃၀၀ ခန့် တင်ပို့ခဲ့ပါတယ်။              ဝင်းဝင်းခိုင်-ပြည်

Tuesday, 15 Oct 2013

မုံရွာကုန်စည်ဒိုင် အောက်တိုဘာ လ ၁၀ ရက် ပတ်ပဲဈေးကွက်မှာ လက် ကား ရောင်းဝယ်ကြတဲ့ ပဲအများစု ဈေး အေး အရောင်းအဝယ်လေးနေပြီး၊ လက်လီ အရောင်းသွက်တဲ့ ပဲအချို့က တော့ အမြင့်ဈေးမှာ ဆက်လက်မာနေ တာ တွေ့ရပါတယ်။ ယခုတစ်ပတ် ကုလားပဲ ဈေးကွက်အနေနဲ့ ဒေသတွင်း ခွဲစက်သမားတွေ လိုမှ ဝယ်ကြသလို  ကုန်သည်ကလည်းဈေးကြိုက်မှ ရောင်း နေကြတဲ့အတွက်တစ်ရက်တစ်ဈေး ဖြစ် ပေါ်နေတာတွေ့ရပါတယ်။

Tuesday, 15 Oct 2013

ပြည်ဈေးကွက် နှမ်းဈေးမှာ ယခုတစ်ပတ်မှာလည်း ဆက်လက်ဈေးမြင့်နေပါ တယ်။ မင်းတုန်း၊ ကံမ၊ မြန်အောင်နဲ့ ပေါင်းတည်ဘက်မှ တစ်နေ့ အိတ် ၁၀၀၀ ခန့် သာဝင်ရောက်လို့ နှမ်းအဝင်နည်းသွားပြီး၊ တရုတ်ဘက်မှ  အနီရော အနက်ပါ အဝယ်များနေလို့ ဈေးမြင့်ပြီး၊ တစ်နေ့ကို နှမ်းအိတ် ၁၀၀၀ ခန့် အရောင်းအဝယ် ဖြစ်တာ တွေ့ရပါတယ်။

Pages