Main menu

Background

Sunday, 3 Jul 2011

မုံရွာကုန်စည်ဒိုင်သို့ အဝင်လှိုင်တဲ့ မိုးကြိုပဲတီစိမ်း                  စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ၂ဝ၁၁-၁၂ ခုနှစ် မိုးပဲတီစိမ်း စိုက်ပျိုးရန်လျာထားဧက ၄ သိန်း ၁ သောင်းကျော် အနက် ဧက ၂ သိန်း ၁ သောင်း၊ ရာခိုင်နှုန်း ၅ဝ စိုက်ပျိုးပြီး ဖြစ်ကြောင်း သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပဲတီစိမ်းသီးနံှကို မိုးကြို၊ မိုး၊ ဆောင်းသီးနံှများအဖြစ် တစ်နှစ်ကို ၃ ကြိမ်စိုက်ပျိုးကြပါတယ်။ ယခုအချိန်က မိုးပဲတီစိမ်းစိုက်ချိန် မိုးကြိုပဲတီစိမ်းသီးနံှများ လှိုင်လှိုင်ထွက်ပေါ်ချိန်ဖြစ်လို့ နယ်စုံမှ မုံရွာကုန်စည်ဒိုင်သို့ အဝင်လှိုင်နေကြောင်း ကုန်စည်ဒိုင် သတင်းရပ်ကွက်က သိရပါတယ်။ အဝင်လှိုင်လို့ မုံရွာ ကုန်စည်ဒိုင်မှာ ဇွန်လပထမပတ်အတွင်း ပဲတီစိမ်းကြီး တစ်ပိဿာ ၁၅၂၆ ကျပ်မှ ဇွန်လ တတိယပတ်မှာ ၁၁၃၂ ကျပ်သို့ ဈေးအေးခဲ့ရာ တစ်ပိဿာအပေါ် ၃၉၄ ကျပ်၊ တစ်တင်း အပေါ် ၇၅ဝဝ ကျပ်ဈေးကျခဲ့ကြောင်း သိရပါတယ်။               ဈေးအေးသော်လည်း မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ကို ပဲတီစိမ်းကြီးပျမ်းမျှတင်း ၁ဝဝဝ ကျော် အရောင်း အဝယ် ဖြစ်ကြောင်း ဇွန်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ မန္တလေး သို့ ပဲတီစိမ်းကြီးတင်း ၄၃ဝဝ ကျော်စီးထွက်ခဲ့ကြောင်း သိရပါ တယ်။                    သန်းးသန်းးတင် 

Sunday, 3 Jul 2011

ပဲတီစိမ်း ဈေး ခိုင်မာနေရာမှ ပြန်လည်လျော့ကျ              အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ပဲတီစိမ်းဈေး ခိုင်မာနေခဲ့ရာမှ ယခုသီတင်းပတ်မှာ ပြန်လည်လျော့ကျ လာခဲ့ပါတယ်။ ဈေးကွက်တွေမှာ ဝယ်လိုအားနည်းပါးခြင်းကြောင့် ဈေးပြန်လည်ကျဆင်း လာတာဖြစ်ပါတယ်။ ပဲတီစိမ်းအဓိကစိုက်ပျိုးတဲ့ ရာဂျက်စသန်နဲ့ မဟာရပ်ရှတရာအပါအဝင် အခြားဒေသတွေမှာ မိုးရွာသွန်းခြင်းက အစောပိုင်းစိုက်သီးနံှတွေအတွက် ကောင်းမွန်စေပါတယ်။ လက်ရှိရာသီပဲအထွက်ကောင်းမယ့်အလားအလာရှိခြင်း၊ ဝယ်လိုအားပါးနေပေမဲ့ လှောင်လက်များ လက်ကျန် ထုတ်ရောင်းလာခြင်းတို့က ဈေးနှုန်းပိုမိုကျဆင်းဖို့ ဖိအားဖြစ်စေပါတယ်။ လှောင်လက်များလက်ထဲမှာ လက်ကျန်ပမာဏများများ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ ကာလတိုအတွင်း လက်ရှိဈေးနှုန်းဦးတည်ရာအတိုင်း သွားနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးက ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                           ဒေါ်လာ/ တန်                       ၃ဝ-၆-၁၁           ၂၉-၆-၁၁         ၂၈-၆-၁၁               ၂၇-၆-၁၁မွန်ဘိုင်း             ၉၅ဝ                  ၉၆၈-၉၇၄         ၉၇၇                     ၉၈၁-၉၈၇ဒေလီ             ၇၉၄-၈၅ဝ             ၇၉ဝ-၈၄၆       ၇၈၈-၈၄၄               ၇၈၇-၈၄၃အာကိုလာ      ၈၅ဝ-၉၁၇              ၈၄၆-၉၃၅       ၈၄၄-၉၃၂              ၈၄၃-၉၃၁MIRT(MAPT)

Sunday, 3 Jul 2011

ပဲတီစိမ်း တန် ၁ဝဝဝ ကျော် ပိုမိုတင်ပို့           ဇွန်လ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ပဲတီစိမ်း ၆၂၅ဝ တန်၊ ဒေါ်လာ ၆ ဒသမ ၄ဝ၈ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန် ၅ဝဝဝ ကျော် တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှ တန် ၁ဝဝဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်ရော တစ်ဖက်နိုင်ငံ ဈေးများပါ မြင့် တက်လာတဲ့ အတွက် တင်ပို့မှုပိုမိုခဲ့တယ်လို့ ဆိုရပါတယ်။ ဝယ်လိုအားတက်လာသလို မန္တလေး-မူဆယ် သယ်ယူစရိတ်နှုန်းထားလည်း ပဲတီစိမ်း ၁ ပိသာလျှင် ၄၁ ကျပ်မှ ၄၃ ကျပ်အထိ မြင့်တက်ခဲ့တယ်လို့သိရပါတယ်                                          မိမိဘက်(ကျပ်/တန်)                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု        ယခင်       ပြောင်းလဲမှု     %      ယခု       ယခင်   ပြောင်းလဲမှု    %ပဲတီစိမ်း    ၇၉၃၅၁ဝ   ၇၆၇၇၆၃    ၂၅၇၄၇       ၃ .၂    ၁၁၇၆    ၁၁၇၃          ၃           ဝ .၃MIRT (DOBT)

Sunday, 3 Jul 2011

ပဲတီစိမ်း ပြည်ပအဝယ်နည်းလာ           ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲတီစိမ်းကို ပြည်ပအဝယ်နည်းလာတာ တွေ့ရပါတယ်။ အိန္ဒိယဝယ်လက်အဝယ်နည်းသလို တရုတ်ဘက်ကလည်း အဝယ်လျော့လို့ ယခုတစ်ပတ် (ဇွန်လ ၂၅ ရက်မှ ဇူလိုင်လ ၁ ရက်) အတွင်း တန်ချိန် ၁၅ဝဝ ခန့်သာ ပြည်ပအရောင်းစာချုပ်ချုပ်ခဲ့တယ်လို့ သိရပါတယ်။ မိုးမိ ရေနာပဲများကို ပြည်ပဝယ်လက်များ အရည်အသွေးအရ ဝယ်ယူမှုနည်းခြင်းဖြစ်သလို ဈေးလည်းလျော့တယ်လို့ သိရပါတယ်။ ပြောင်းလဲတဲ့ ရန်ကုန် FOB ဈေးများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                        ဒေါ်လာ/တန်                 ပဲတီစိမ်း (အညာ)      ပဲတီရွှေဝါ(အသေး)          ပဲတီရွှေဝါအကြီး၁-၇-၁၁        ၁ဝဝဝ-၁ဝ၂ဝ           ၁၁၈ဝ-၁၂ဝဝ                  ၁၂၈ဝ-၁၃ဝဝ၂၄-၆-၁၁     ၁ဝ၂ဝ-၁ဝ၄ဝ            ၁၁၈ဝ-၁၂ဝဝ                  ၁၂၈ဝ-၁၃ဝဝMIRT (DOBT)

Sunday, 3 Jul 2011

ပဲလွန်းဖြူ တင်ပို့မှု သိသိသာသာတက်                    ဇွန်လ ၂၂ ရက်မှ ၂၈ ရက်အထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ၁၉၇ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ ၂၂၇ ဒသမ ၂၅ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကတန် ၉ဝ နီးပါးတင်ပို့ခဲ့ တာကြောင့် ယခုအပတ်မှာ ၃ ဆခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ပဲလွန်းဖြူရဲ့ မိမိဘက်ပေါက်ဈေး ၁ တန် ၅၆၄၈ဝ၃ ကျပ်နဲ့ တစ်ဖက်နိုင်ငံဈေး ၉၂၈ ဒေါ်လာဖြစ်ကြောင်း သိရပါတယ်။

Sunday, 3 Jul 2011

်ပဲလွန်းဖြူတန် ၄ဝဝ စာချုပ် အရောင်းရှိ              ရန်ကုန်တိုင်းဒေသကြီး ကုန်စည်ဒိုင်ရဲ့ FOB ဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိနေတဲ့ ပဲလွန်းဖြူဟာ ယခုတစ်ပတ် ဇွန်လ ၂၅ ရက်မှ ဇူလိုင်လ ၁ ရက်အတွင်းမှာလည်း တန် ၄ဝဝ စာချုပ်အရောင်းရှိခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ တစ်လလုံး စာချုပ် ချုပ် ဆိုမှုမှာ တန်ချိန် ၂ဝဝဝ နီးပါးရှိတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်သီတင်းပတ်ဈေးများအတိုင်း ဇူလိုင် ၁ ရက်မှာလည်း FAQ တစ်တန် ကန် ဒေါ်လာ ၈၆ဝ-၈၈ဝ နဲ့ SQ တစ် တန်ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ နဲ့ ပြောင်းလဲခြင်း မရှိဘူးလို့ သိရပါတယ်။               MIRT - MAPT

Sunday, 3 Jul 2011

ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တန် ၁ဝဝဝ တင်                  ပင်လယ်ရေကြောင်း ပဲလွန်းဖြူ တင်ပို့မှုမှာ ယခင်သီတင်းပတ်က တန် ချိန် ၆ဝဝ ရှိရာမှ ယခုသီတင်းပတ် (ဇွန်လ ၂၃ ရက်မှ ၃ဝ ရက်) အတွင်းမှာ တန်ချိန် ၁ဝဝဝ အထိတင်ပို့မှုတက်လာ ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယားနဲ့ အိန္ဒိယတို့ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၂၄ ရက် နေ့အထိ ပဲလွန်းဖြူ ပြည်ပတင်ပို့ ပြီးစီးမှုမှာ တန်ချိန် တစ်သောင်းကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၈ဝဝဝ ကျော်ရှိလို့ ယခုနှစ်မှာ ပိုမိုတင်ပို့ နိုင်တာတွေ့ရပါတယ်။ ပြည်ပအဝယ် ရှိတဲ့ပဲဖြစ်လို့လာမယ့် သီတင်းပတ်တွေ မှာလည်း ဆက်လက်တင်ပို့မှုရှိမယ်လို့ ခန့်မှန်းရပါတယ်။             MIRT - MAPT

Sunday, 3 Jul 2011

မရည်ရွယ်ပါဘူး ပဲစင်းငုံနီ                   အိန္ဒိယသမုဒ္ဒရာထဲက ငွေကြေးဈေးကွက် စက်လှေပေါ်မှာ တင်မိတဲ့ ပဲစင်းငုံ တွေဟာ ဇွန်လအတွင်းမှာတော့ လှိုင်းအိကလေးတွေစီးပြီး တက်နဲနဲကျနဲနဲနဲ့လဆန်း မှာ အမြင့်ဆုံးတစ်တင်းကို ၁၄၂ဝဝ ကျပ်မှ လလယ်မှာ အနိမ့်ဆုံး ၁၁၃ဝဝ ကျပ်ထိ ဆင်းခဲ့ပေမဲ့ ယခုလကုန်မှာတော့ အိန္ဒိယအဝယ် လေကလေးထန်လာလို့ ၁၂၉ဝဝ ကျပ်မှ ၁၃ဝဝဝ ကျပ်ထိ ဈေးပြန်မြင့်လာခဲ့ပါတယ်။ ပခုက္ကူကုန်စည်ဒိုင်က ပဲသမား တစ်ဦးကတော့ မနှစ်ကအတွေ့အကြုံအရ လှောင်ဖို့ စိတ်မကူးဘဲ၊ ဝယ်ပြီးရောင်းမယ်ဆိုပြီးဝယ်မိရာက ဈေးတွေတစ်ရက် တစ်ဈေးကျပြီး မရောင်းဖြစ်တော့ မရည် ရွယ်ဘဲ လှောင်မိသလိုဖြစ်သွားကြောင်းသူ့အဖြစ်ကိုပြောပြရှာပါတယ်။                     မောင်မောင်အေး

Sunday, 3 Jul 2011

ဒီတစ်ပတ် ပဲစင်းငုံ တန် ၃ဝဝဝ ကျော်သာ စာချုပ်အရောင်းရှိ            ရန်ကုန်တိုင်းဒေသကြီး (ဘုရင့်နောင်) ကုန်စည်ဒိုင်မှာ ယခင်တစ်ပတ်က ပဲစင်းငုံ FOB  အရောင်းအဝယ် စာချုပ် ချုပ်ဆိုမှု တန် ၇ဝဝဝ ရှိခဲ့ရာမှ ယခုတစ်ပတ် (ဇွန်လ ၂၅ ရက်မှ ဇူလိုင်လ ၁ ရက်) အတွင်းမှာတော့ တန် ၃ဝဝဝ ကျော်သာ အရောင်းစာချုပ်ချုပ်ခဲ့တယ်လို့ သိရပါတယ်။ ဇွန်တစ်လလုံး ပြည်ပအရောင်းအဝယ် ဖြစ်မှုမှာ တန်ချိန် နှစ်သောင်းကျော်ရှိတယ်လို့ သိရပါတယ်။              ပြည်တွင်းလုပ်ငန်းရှင်တွေ ကုန်သွယ်လုပ်ငန်းခွန် ၃ ရာခိုင်နှုန်းလျှော့ချရောင်းချခွင့်ရလို့ အရောင်းအဝယ် သွက်လက်ပေမဲ့ အိန္ဒိယဝယ်လက်တွေက ပဲစင်းငုံဈေးကို လျှော့ဝယ်မှုရှိတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်တစ်ပတ် အတိုင်း ပြောင်းလဲမှုမရှိဘဲ ဇူလိုင်လ ၁ ရက်မှာလည်း ပဲစင်းငုံ (FAQ) တစ်တန် ကန် ဒေါ်လာ ၆၂ဝ-၆၄ဝ၊  ပဲစင်းငုံ ဖြူနီ၊ အဖြူ (FAQ) တစ်တန် ကန်ဒေါ်လာ ၅၂ဝ-၅၄ဝ ရှိတယ်လို့ သိရပါတယ်။ MIRT - MAPT

Sunday, 3 Jul 2011

မတ်ပဲတင်ပို့မှု နှစ်ဆတက်              ဇွန်လ ၂၂ ရက်မှ ၂၈ ရက်အထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်၊ ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ဝ၆ဝ၉ သန်းတန်ဖိုးရှိ မတ်ပဲ တန် ၇ဝ တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၃ဝ သာ တင်ပို့ခဲ့တာကြောင့် ယခု အပတ်မှာ တန် ၄ဝ ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးဒေသထွက် မတ်ပဲများ တင်ပို့နေခြင်းဖြစ် ကြောင်းသိရပါတယ်။ ယခင်အပတ်က မိမိဖက်ရော တစ်ဘက်နိုင်ငံဈေးများပါ မြင့်တက်လျက်ရှိတာ တွေ့ရပါတယ်-            မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                  ယခု         ယခင်       ပြောင်းလဲမှု     %         ယခု     ယခင်    ပြောင်းလဲမှု        %မတ်ပဲ     ၅၆၆ဝ၆၇    ၅၅၂၁၈၄         ၁၃၈၈၃     ၂ .၅      ၈ဝ၅     ၈ဝ၃             ၂          ဝ .၂MIRT (DOBT)

Pages