Background
ပင်လယ်ရေကြောင်း တန် ၁၉ဝဝ ကျော်တင်ပို့မှုရှိ ဇွန် ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၁၉၂၇ တန်၊ တန်ဖိုး ဝ ဒသမ ၅၅၂ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၁၆၅၇ တန် တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ တင်ပို့မှုတန် (၃ဝဝ) လောက်ပိုမိုခဲ့ပါတယ်။ ပြောင်းအထွက်ကျချိန်ဖြစ်တာကြောင့် တင်ပို့မှု လျော့ကျရခြင်းဖြစ်ကြောင်းသိရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်ကို ၂၁၂ တန်၊ စင်္ကာပူကို ၁ဝ၈ဝ တန်နဲ့ အိန္ဒိယကို ၆၃၅ တန်အသီးသီး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ FOB ရန်ကုန်ဈေးနှုန်းတွေကတော့ ပြောင်းလဲမှုမရှိပဲ တစ်တန်ကို ၂၉ဝ ဒေါ်လာနဲ့ ၃၁ဝ ဒေါ်လာကြား ဈေးရလျက် ရှိပါတယ်။ ပင်လယ်ရေကြောင်းက အပို့နည်းပေမယ့် နယ်စပ်ကနေ တန် ၈ဝဝဝ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ုKZW
မန်းထောပတ်ပဲ ဈေးအေးလာ မန္တလေးဈေးကွက်မှ တရုတ်ဈေးကွက်ကို နှစ်စဉ်တင်ပို့တဲ့ အထဲမှာ ထောပတ်ပဲဟာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ၂ဝ၁၁ ခုနှစ်အတွင်း ဖေဖော်ဝါရီလမှာ ၁ဝ တန်၊ မတ်လမှာ တန် ၁ဝဝ သာတင်ပို့နိုင်ခဲ့ပြီး ဧပြီလမှာတန် ၅ဝဝ တင်ပို့နိုင်ခဲ့ တာကို တွေ့ရပါတယ်။ မေလအတွင်းမှာ တန် ၂၅ဝ ခန့်နဲ့ ယခုဇွန်လ တတိယပတ်ထိ တန် ၁၅ဝ ခန့်တင်ပို့ပြီးဖြစ်ပါတယ်။ ဇွန်လအတွင်း တင်ပို့ခဲ့တဲ့ တန် ၁၅ဝ ဟာ ပထမပတ်အတွင်း က တင်ပို့ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ တင်ပို့မှု အေးနေပါ တယ်။ဒါကြောင့် ဈေးကွက်အခြေအနေကလည်း အေးလာတာကို တွေ့ရပါတယ်။ ဈေးကွက်မှာဖြစ်ပေါ်ခဲ့တဲ့ ထောပတ်ပဲ တစ်ပိဿာဈေးများကတော့ ဇွန်လ ပထမပတ် ၈ ရက်နေ့မှာ အမြင့်ဆုံး ၁ဝ၆၇ ကျပ်၊ အနိမ့်ဆုံး ၇၄၇ ကျပ်ဖြစ်ခဲ့ပြီး၊ ဒုတိယပတ် ၁၃ ရက်နေ့က အမြင့်ဈေး ၁ဝ၇၆ ကျပ်၊ အနိမ့်ဈေး ၁ဝ၄၉ ကျပ်ထိ ဈေးကွက်မြင့်တက်ခဲ့ပါတယ်။ တတိယ ပတ်ထဲမှာတော့ အမြင့်ဈေး ၁ဝ၃ဝ ကျပ်၊ အနိမ့်ဈေး ၇၅၆ ကျပ်ထိ ဈေးအေးခဲ့ပါတယ်။ ဇွန်လ ၁ဝ ရက်နောက်ပိုင်းမှာ တော့ တရုတ်တင်ပို့မှု မရှိသလောက်ဖြစ်ခဲ့ပြီး ရန်ကုန်ဈေး ကွက် အနည်းငယ်နဲ့ ဒေသတွင်း ဝယ်လက်လောက်သာ ရှိကြောင်း သိရပါတယ်။ မိုးမိုးအေး
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပဲစင်းငုံနီစိုက်ပျိုးနေပြီ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တစ်နှစ်ကိုတစ်သီးသာ စိုက်ပျိုးတဲ့ပဲစင်းငုံနီဟာ ၂ဝ၁၁-၁၂ ခုနှစ်လျာထား စိုက်ဧက ၅ ဒသမ ၄၅ သိန်းအနက်ဧက ၃ ဒသမ ၄၂ သိန်း၊ ရာခိုင်နှုန်းအားဖြင့် ၆၃ ရာခိုင်နှုန်းစိုက်ပျိုးပြီးဖြစ်ကြောင်း သိရှိရပါတယ်။ ပဲစင်းငုံ သီးနံှကို မေ၊ ဇွန်၊ ဇူလိုင် လများမှာစတင်စိုက်ပျိုးပြီး နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ ကာလများ မှာထွက်ပေါ်မှာဖြစ်လို့ သက်တမ်း ၆ လမျှအချိန်ကာလကြာမြင့်ပါတယ်။ ယခုရောင်းဝယ်နေတာက တောင်သူနဲ့ ကုန်သည်များလက်ဝယ်ရှိနေတဲ့ ယခင်နှစ်ထွက်ပဲစင်းငုံများဖြစ်ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ဇွန်လအတွင်းပဲစင်းငုံ နီတစ်ပိဿာ အနိမ့်အမြင့်ဈေးမှာ ၆၁ဝ ကျပ်၊ ၇ဝဝ ကျပ်ဈေးအသီးသီးနဲ့ရောင်းဝယ်ခဲြ့ကပြီး တစ်ရက်ကိုပဲစင်းငုံနီ ပျမ်းမျှတင်း ၁ဝဝဝ ကျော်အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါတယ်။ ယခုလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မှ မန္တလေးသို့ ပဲစင်းငုံနီတင်း ၂၁ဝဝ ကျော်စီးထွက်ခဲ့ကြောင်း သိရှိရပါတယ်။ သန်းးသန်းးတင်
ဈေးမာလာတဲ့ မန်းပဲကြီး မန်းပဲဈေးကွက်သို့ တိုင်းဒေသကြီးများမှ ပဲကြီးများ ဆက်လက်အဝင်ရှိနေပြီး ရန်ကုန်ဝယ်လက်နှင့် ဒေသတွင်း ပဲကြော်ဖိုသမားများ အဝယ်ရှိတာကြောင့် တစ်ရက်ကို အိတ် ၅ဝဝ ဝန်းကျင်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရ ပါတယ်။ ဇွန်ပထမပတ်ပဲကြီးတစ်ပိဿာကို အမြင့်ဈေး ၈၃၃ ကျပ်၊ အနိမ့်ဈေး ၈၁၄ ကျပ် ဈေးရှိခဲ့ပြီး၊ ဒုတိယပတ်မှာတော့ အမြင့်ဈေး ၉၄၁ ကျပ်၊ အနိမ့်ဈေး ၉ဝ၅ကျပ်ဖြင့်ဈေးမာလာတာတွေ့ရပါတယ်။ ယခုအပတ်မှာတော့ အမြင့်ဈေး ၉၉၅ ကျပ် မှအနိမ့်ဈေး ၉၄၁ ကျပ်ဖြင့် ဈေးမြင့်ရောင်းဝယ်လျက်ရှိကြောင်း သိရပါတယ်။ တရုတ်လှောင်လက်သမားများမှ ပြန်လည်အဆွဲများလာတာကြောင့် ဈေးမာလာပြီး တင်ပို့မှု အနေနဲ့ကတော့ ဖေဖော်ဝါရီလမှာ ၃၃ တန်၊ မတ်လမှာ ၆၅၄ တန်အများဆုံးတင်ပို့ခဲ့ပြီး ဧပြီလ မှာတော့ ၅၈၂ တန်ခန့်၊ မေလမှာ ၂၆၅တန် တင်နိုင်ခဲ့ပါတယ်။ ယခုဇွန်တတိယပတ် အထိ တန် ၂၄၆ ခန့်တင်ပို့ပြီး ဖြစ်ကြောင်း သိရှိရပါတယ်။ မိုးးမိုးးအေး
ပဲလွန်းဖြူ တန် ၉ဝ ခန့် မူဆယ်မှ အပို့ရှိ ဇွန်လ ၁၅ ရက်မှ ၂၁ ရက်အထိကာလအတွင်းကန်ဒေါ်လာ ၇၆ဝဝဝ တန်ဖိုး ရှိ ပဲလွန်းဖြူ ၈၉ တန်ကျော်တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၁ဝဝ ကျော်လျော့နည်းတင်ပို့ခဲ့ပါတယ်။ မိမိဘက်မြေပြင် ပေါက်ဈေး လျော့နည်းခဲ့ပေမဲ့ တစ်ဘက်နိုင်ငံဈေးကတော့ အနည်းငယ်မြင့်တက်ခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက် နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲလွန်းဖြူ ၅၆၁ဝဝ၆ ၅၆၃၅ဝ၈ ၂၅ဝ၂ ဝ .၄ ၉၂၆ ၈၉၅ ၃၁ ၃ .၃MIRT (DOBT)
Export ဝယ်လက်ဆွဲတဲ့ စစ်ကိုင်းပဲကြီး ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ချောင်းဦး၊ မြောင်မြို့နယ်များမှပဲကြီးများ မုံရွာကုန်စည်ဒိုင်သို့ဝင်ရောက် လာပါတယ်။ Export ဝယ်လက်ရှိလို့ ဇွန်လတတိယ ပတ်အတွင်း ရန်ကုန်ဝယ်လက်ကမုံရွာကုန်စည်ဒိုင်မှာပဲကြီးတင်း ၅၈ဝ ကျော်ဝယ်ယူ သွားကြောင်းသိရပါတယ်။ တိုင်းအတွင်းစားသုံးမှုနဲ့ ပဲကြော်ဖိုလုပ်ငန်းများရဲ့ သုံးစွဲမှုရှိ လို့ မုံရွာကုန်စည်ဒိုင်မှာနေ့စဉ်ပဲကြီးတင်း ၁ဝဝ -၂ဝဝခန့်အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက် ကသိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ယခုလအတွင်း ပဲကြီးတစ်ပိဿာအနိမ့်အမြင့်ဈေးမှာ ၆၄၂ ကျပ်၊ ၆၇၃ ကျပ်၊ ယခင်နှစ်ကာလတူပေါက်ဈေးမှာ ၁၅၇၉ ကျပ်၊ ၁၆ဝ၅ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ်ခဲ့ကြောင်း သိရှိရပါတယ်။ သန်းးသန်းးတင်
ဈေးအပြောင်းအလဲမရှိတဲ့ ဘိုကိတ် ပြည်ဘိုကိတ်ပဲမှာ ယခင်နှစ်က ပိဿာ ၂ဝ တစ်တင်းကို ၂၁၅ဝဝ ကျပ်ဖြင့် ဈေးကောင်းရ ခဲ့ပြီး ဒေသတွင်း ပဲကြော်၊ ပဲလှော်လုပ်ငန်းရှင်များဖြင့် အဝယ်သွက်ခဲ့ပါတယ်။ ယခုနှစ်မှာတော့ လက်ရွေးသန့်စင်ပြီးသော ဘိုကိတ်ပဲအမိုျးအစားမှာ ၁၂၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်သည့်ရက်၌ အိတ် ၅ဝ မှ ၁ဝဝ အတွင်း အရောင်းအဝယ်ဖြစ်ပြီး အရည်အသွေးညံ့သော ဘိုကိတ်ပဲမှာ တစ်တင်းကို ၁၁ဝဝဝ ကျပ်ဖြင့် ၁၅ အိတ်ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဘိုကိတ်ပဲများကို အခြားတိုင်းသို့ တင်ပို့နိုင်ခြင်းမရှိသလို အခြားတိုင်းမှ ဝင်ရောက်မှု မရှိဘဲ တိုင်းအတွင်းရှိ လက်လီသမားများဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဆုမွန်မွန်ဆွေ
ပြည်ဈေးကွက်မှာ ကုလားပဲဈေး အနည်းငယ်မြင့် ပြည်ဈေးကွက်အတွင်း ယခုတစ်ပတ်မှာ ကုလားပဲဈေးအနည်းငယ်မြင့် တက်လာကြောင်းသိရပါတယ်။ ယခင်တစ်ပတ်ကတစ်တင်း ၁၄၈ဝဝ ကျပ်ဖြင့်အရောင်း အဝယ်ရှိရာမှ ယခုတစ်ပတ်တွင် ၁၆၂ဝဝ ကျပ်ဖြင့်ဈေးတက် လာခဲ့တာကိုတွေ့ရပါတယ်။ ဒေသအတွင်းမှအဝင်နည်းလာပြီး အောင်လံဘက်မှကုလားပဲ အဝင် ရှိခဲ့ပါတယ်။ ခွဲစက် သမားများပုံမှန်အဝင်ရှိတဲ့အတွက် တစ်နေ့အိတ် ၂ဝဝ - ၃ဝဝ ခန့်အရောင်းအဝယ်ရှိကြောင်းသိရပါတယ်။ လွင်လွင်ဆန်း
ကုလားပဲဖြူလုံးကြီးကို ပြည်ပအဝယ် ယခင်တစ်ပတ်ထက်ပို ယခင်သီတင်းပတ်က ရန်ကုန် FOB ဈေးကွက်မှာ ကုလားပဲဖြူလုံးကြီး တန်ချိန် ၁၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ် ဇွန်လ ၁၈ ရက်မှ ၂၄ ရက်အတွင်း တန်ချိန် ၂၃ဝဝ ကျော်ထိ တိုးတက်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၁ ရက်မှ ၂၄ ရက်အထိ စုစုပေါင်း စာချုပ်ပြီးစီးမှု တန်ချိန် ၄ဝဝဝ ကျော် ရှိပြီလို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်တစ်ပတ်ဈေးအတိုင်း ပြောင်းလဲခြင်းမရှိဘဲ FAQ တစ်တန်ကန်ဒေါ်လာ ၈၂ဝ-၈၄ဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
ကုလားပဲဖြူလုံးကြီး တင်ပို့မှု တန် ၁ဝဝဝ အောက်လျော့လာ ယခင်သီတင်းပတ်များက ပင်လယ်ရေကြောင်း ကုလားပဲဖြူလုံးကြီး တင်ပို့မှု တက်နေခဲ့ရာမှ ယခုသီတင်းပတ် (ဇွန်လ ၁၆ ရက်မှ ၂၂ ရက်) အတွင်းမှာတော့ တန်ချိန် ၁ဝဝဝ အောက်သာ တင်ပို့တာတွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံကတော့ စင်ကာပူနဲ့ အိန္ဒိယတို့ဖြစ်ပါတယ်။ယခုဘဏ္ဍာနှစ် ဇွန်လ ၁၇ ရက်နေ့အထိ ပြည်ပ တင်ပို့ ပြီးစီးမှုမှာ တန်ချိန် ၂၅ဝဝဝ ကျော်ပြီဖြစ်ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန် ၅ဝဝ ခန့်သာ ရှိတာတွေ့ရပါတယ်။ MIRT - MAPT
