Background
ထောပတ်ပဲနဲ့ မြေထောက်ပဲ ကို ပြည်ပပုံမှန်ဝယ် ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပို့ကုန်ဝင်ငွေတစ်ယူနစ် တန်ဖိုး အပြောင်းအလဲကြောင့် အချို့ပဲတွေ ပြည်ပဝယ်လက် အဝယ်နှေးသွားပေမဲ့ ထောပတ်ပဲနဲ့ မြေထောက်ပဲကိုတော့ ပုံမှန်အတိုင်း ဝယ်ယူနေတာ တွေ့ရပါတယ်။ ပြည်ပအဝယ်ပုံမှန်ရှိနေတာကြောင့် အခြားပဲဈေးတွေ ဈေးနှုန်းအပြောင်းအလဲ ရှိနေ ပေမဲ့ ထောပတ်ပဲနဲ့ မြေထောက်ပဲ ရန်ကုန် FOB ဈေးကတော့ ငြိမ်နေတာတွေ့ရပါတယ်။ ဇွန်လ ၂၄ ရက်နေ့ ရန်ကုန် FOB ဈေးနှုန်းအနေဖြင့် မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ၊ နဲ့ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၅ဝ-၇၈ဝ ဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT
ထောပတ်ပဲနဲ့ မြေထောက်ပဲ ပုံမှန်အတင်ရှိ ယခုသီတင်းပတ် (ဇွန် ၁၆ ရက်မှ ၂၂ ရက်) အတွင်း ပင်လယ်ရေကြောင်းက ထောပတ်ပဲတန်ချိန် ၆ဝဝ ကျော်နဲ့ မြေထောက်ပဲ တန်ချိန် ၃၇ဝ ကျော်တင်ပို့မှုရှိလို့ ယခင်သီတင်းပတ်လိုပဲ ပုံမှန်တင်ပို့နေတာ တွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေက တော့ စင်ကာပူ၊ မလေးရှားနဲ့ ဂျပန်တို့ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၁၇ ရက်နေ့အထိ ပြည်ပတင်ပို့ပြီးစီးမှုအနေနဲ့ ထောပတ်ပဲ တန်ချိန် ၈၅ဝဝ ကျော်နဲ့ မြေထောက်ပဲတန်ချိန် ၃၅ဝဝ ကျော်ရှိပြီး ယခင်ကဘဏ္ဍာနှစ် ကာလတူ ထောပတ်ပဲတန်ချိန် ၇၅ဝဝ ကျော်နဲ့ မြေထောက်ပဲတန်ချိန် ၂၅ဝဝ ကျော်ရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
ပြည်ဈေးကွက်သို့ မိုးကြိုပဲတီစိမ်းသစ်များ စတင်ဝင်ရောက်လာ ပြည်ဈေးကွက်သို့ ယခုတစ်ပတ်အတွင်း မိုးကြိုပဲတီစိမ်းများ စတင်ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ဝက်ထီးကန်ဖက်မှ ဝင်ရောက်ခဲ့တာဖြစ်ပြီး တစ်ရက်ကို အိတ် ၁ဝဝ ခန့် အဝင်ရှိခဲ့ပါတယ်။ ယခင်နှစ်က ဇွန်လနောက်ဆုံးပတ်တွင် ပဲအသစ်များ စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး တစ်တင်း ၂၆ဝဝ ကျပ်ဖြင့် အဖွင့်ဈေးရှိခဲ့ကာ ယခုနှစ်မှာ တော့ ဇွန်လတတိယပတ်တွင် ယခင်နှစ်ထက် အဝင်စောလာပြီး တစ်တင်း ၁၅ဝဝဝ ကျပ်ဖြင့်သာ အဖွင့်ဈေးရှိခဲ့တဲ့အတွက် တစ်တင်း ၁ဝဝဝဝ ကျပ်ခန့် ဈေးလျော့နည်းခဲ့ပါတယ်။ ပဲတီစိမ်းသစ်များမှာ အဝင်ရှိလာခဲ့သော်လည်း ဝယ်လက်အဝယ်နည်း နေသေးတယ်လို့ ပွဲရုံများမှ ဆိုပါတယ်။ ခင်ဆွေဝင်း
နယ်စပ်မှ ပဲတီစိမ်း တန် ၅ဝဝဝ ကျော်တင်ပို့ ဇွန်လ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်စည်ဒိုင်ကို ပဲတီစိမ်းကားအဝင် ၁ဝ စီးကျော်ခန့်ရှိပြီး ခရမ်းရွှေဝါတွေ အဝင်များနေပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ ၅ ဒသမ ၄ဝ၇ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၅၂၈၃ တန် ကျော် တင်ပို့မှုရှိခဲ့ပြီး ယခင်အပတ်ကနဲ့ နှိုင်းယှဉ်လျှင်တော့ တန်ချိန်၁၅ဝဝ နီးပါးလျော့နည်းတင်ပို့ခဲ့ပါတယ်။ တစ်ဘက်နိုင်ငံ ယွမ်ဈေးပေါ်မူတည်ပြီး တွက်ခြေကိုက်မှုနည်းပါးသဖြင့် တင်ပို့မှုလျော့နည်းခဲ့တယ်လို့ သိရပါတယ်။ နှစ်ဖက်မြေပြင် ပေါက်ဈေး များလည်း လျော့နည်းလျက်ရှိတယ်လို့ သိရပါတယ်။ ယခင်အပတ်နဲ့ယခု အပတ်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % ပဲတီစိမ်း ၇၆၇၇၆၃ ၈၂၅၂၆၂ ၅၇၄၉၉ ၇ ၁၁၇၃ ၁၂၃၄ ၆၁ ၅ .၂MIRT (DOBT)
FOB ဈေးကွက်မှာ ပဲတီစိမ်းကို အဝယ်လျော့ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ FOB ဈေးကွက်မှာ ယခုတစ်ပတ်မှာလည်း ပဲတီစိမ်းအဝယ်လျော့တာ တွေ့ရပါတယ်။ ဇွန်လ၁၈ ရက်မှ၂၄ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၁၃ဝဝ ကျော်သာ အရောင်းအဝယ်ဖြစ်တာ တွေ့ရ ပါတယ်။ ပို့ကုန်တစ်ယူနစ်တန်ဖိုး ကျဆင်းပေမဲ့ FOB ဈေးပြောင်းလဲခြင်းမရှိဘဲ ငြိမ်နေတဲ့အတွက် အိန္ဒိယဝယ်လက်များ ဈေးမကိုက်လို့ ဝယ်ယူမှုနည်းတယ်လို့ သိရပါတယ်။ ဇွန်လ ၁ ရက်မှ ၂၄ ရက်အထိ စုစုပေါင်း အရောင်းအဝယ်ဖြစ်မှုဟာ တန်ချိန် ၈ဝဝဝ ခန့်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးမှာ ယခင်တစ်ပတ်ဈေးအတိုင်း ဇွန်လ ၂၄ ရက်မှာလည်း ပဲတီစိမ်း (အညာ) FAQ တစ်တန် ကန်ဒေါ်လာ ၁ဝ၂ဝ-၁ဝ၄ဝ၊ ပဲတီရွှေဝါ(အသေး)တစ်တန်ကန်ဒေါ်လာ ၁၁၈ဝ-၁၂ဝဝ နဲ့ ရွှေဝါအကြီး တစ်တန် ကန်ဒေါ်လာ ၁၂၈ဝ- ၁၃ဝဝ အသီးသီးရှိတယ်လို့ သိပါတယ်။ MIRT - MAPT
ပဲတီစိမ်းသင်္ဘောတင် တန်ချိန် ၃ဝဝဝ ခန့်ရှိ ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုဟာ ယခုတစ်ပတ် (ဇွန်လ ၁၆ ရက်မှ ၂၂ ရက်) မှာလည်း တန် ၃ဝဝဝ ခန့် သာ ရှိလို့ တင်ပို့မှု လျော့နည်းတာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနဲ့ ဖိလစ်ပိုင် တို့ဖြစ်ပြီး ယခုတစ်ပတ်မှာ တရုတ်ဘက်ကို တင်ပို့မှုမရှိဘူးလို့ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၁၇ ရက် ပြည်ပတင်ပို့မှု တန်ချိန် ၈ဝဝဝဝ နီးပါးရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၅၆ဝဝဝ ကျော်ထက် ပိုမိုတင်ပို့တာ တွေ့ရပါတယ်။ လာမယ့်သီတင်းပတ်မှာလည်း ပင်လယ်ရေကြောင်း တင်ပို့မှု ဆက်လက်နည်းဖွယ်ရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
ပဲလွန်းဖြူနီ တန်ချိန် ၆ဝဝ အတင်ရှိ ပင်လယ်ရေကြောင်းက ပဲလွန်းဖြူနီတင်ပို့မှုဟာ ယခင်သီတင်းပတ်က တန်ချိန် ၅ဝဝ ခန့်သာ ရှိခဲ့ပြီး ယခုသီ တင်းပတ် (ဇွန်လ ၁၆ ရက်မှ ၂၂ ရက်) အတွင်းမှာတော့ တန်ချိန် ၆ဝဝ တင်ပို့မှု ရှိတာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၁၇ ရက်အထိ ပြည်ပတင်ပို့မှုမှာ ပဲလွန်းဖြူ တန်ချိန် တစ်သောင်းကျော် ရှိပြီးယခင်ဘဏ္ဍာနှစ် ကာလတူက တန် ချိန် ၈ဝဝဝ ခန့်သာရှိလို့ ယခုနှစ်မှာ ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ MIRT - MAPT
ပြည်ပဲလွန်းဖြူဈေးမြင့်သော်လည်း လက်ကျန်နည်းလာ ပြည်သို့ ပဲလွန်းဖြူဝင်ရောက်မှုမှာ အဝင်နည်းနေပြီး လက်ကျန်လည်းနည်း လာခဲ့ပါတယ်။ ပြည်ပဲဈေးကွက်မှာ ပဲလွန်းဖြူဈေးက အမြင့်ဆုံးဖြစ်ပြီး ပဲတစ်တင်းကို ၁၈ဝဝဝ ကျပ်ဈေးရှိတယ် လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက် အဝယ် မရှိဘဲ လက်လီသမားများသာ အရောင်းအဝယ်ရှိပြီး တစ်နေ့ကို ၅-၁ဝ အိတ်အထိ အရောင်းအဝယ်ရှိတယ်လို့ သိရပါတယ်။ မိမိအေး
ပဲလွန်း ဖြူကို ပြည်ပအဝယ်တန် ၅ဝဝ ကျော်ရှိ ရန်ကုန် FOB ဈေးကွက်မှာ ပဲလွန်းဖြူကို ပုံမှန်အဝယ်ရှိနေလို့ ယခင် သီတင်းပတ်က အရောင်းအဝယ်ဖြစ်တဲ့ ပမာဏလိုဘဲ ယခုသီတင်းပတ် (ဇွန်လ ၁၈ ရက်မှ ၂၄ ရက်) အတွင်းမှာလည်း တန်ချိန် ၅၆ဝ အရောင်းအဝယ်စာချုပ်ခဲ့ တယ်လို့ သိရပါတယ်။ ဇွန်လ ၁ ရက်မှ ၂၄ ရက်နေ့အထိ စုစုပေါင်း စာချုပ်ပြီး စီးမှုဟာ တန်ချိန် ၁၅ဝဝ ခန့် ရှိပြီလို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ပြောင်းလဲခြင်းမရှိဘဲ ဇွန်လ ၂၄ ရက်မှာလည်း FAQ တစ်တန် ကန်ဒေါ် လာ ၈၆ဝ-၈၈ဝ နဲ့ SQ တစ်တန် ကန်ဒေါ်လာ၉၈ဝ -၁ဝဝဝ အသီးသီးရှိတယ် လို့ သိရပါတယ်။ MIRT - MAPT
ဒီတစ်ပတ် တန် ၄ဝဝဝ ပို့ ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်း ပဲစင်းငုံတင်ပို့မှု တန်ချိန် ၅ဝဝဝ အထက်မှာ ရှိခဲ့ပေမဲ့ ယခုသီတင်းပတ်မှာတော့ တန်ချိန် ၄ဝဝဝ ကျော်ကို လျော့ကျ တင်ပို့လာတာတွေ့ရပါတယ်။ ပဲစင်းငုံကို အိန္ဒိယအပြင် စင်ကာပူနဲ့ မလေးရှားကို လည်း တင်ပို့တာတွေ့ရပါတယ်။ ဇွန်လ ၁၇ ရက်နေ့အထိ ယခုဘဏ္ဍာနှစ်အတွင်း ပဲစင်းငုံ ပြည်ပတင်ပို့မှု တန်ချိန် ၄ဝဝဝဝ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၂၆ဝဝဝ ကျော်သာရှိတာတွေ့ရပါတယ်။ လာမယ့်အပတ်မှာလည်း တင်ပို့မှု အားနည်းနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT - MAPT
