Background
တန် ၆ဝဝ ကျော် တင်ပို့နိုင် ဇွန်လ ၃ ရက်မှ ၉ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန် ၈၁၆ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၂၂၆ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင် အပတ်က တင်ပို့မှုမရှိခဲ့တာကြောင့် တိုးတက်မှု ရှိတယ်လို့ဆိုရပါမယ်။ ပင်လယ်ရေကြောင်းသာမက နယ်စပ်ကပါ တန် ၉ဝဝဝ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ FOB ရန်ကုန်ဈေးကတော့ ဒေါ်လာ ၂၉ဝ နဲ့ ၃၁ဝ ကြား ဈေးရနေပါတယ်။ KZW
၂ဝ၁၇ တွင် ထိုင်းနိုင်ငံမှ ရော်ဘာတန်ချိန် (၂) သိန်းကျော် ပိုမိုထုတ်လုပ်နိုင်မည် ကမ္ဘာ့အကြီးဆုံးရော်ဘာတင်ပို့သူဖြစ်တဲ့ ထိုင်းနိုင်ငံက ၂ဝ၁၇ မှာ ရော်ဘာတန်ချိန် ၂၂ဝဝဝဝ ပိုမိုတိုးမြှင့်ထုတ်လုပ် နိုင်ဖွယ်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။ ယခုနှစ်မှာ ထိုင်းနိုင်ငံတစ်ဝှမ်းမှာ ရော်ဘာစိုက်ဧရိယာရိုင် ၈ သိန်းခန့်ရှိကြောင်း ရော်ဘာကော်မတီက ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံက မကြာသေးမှီက ၃ နှစ်စီမံကိန်းချမှတ်ပြီး ရော်ဘာစိုက်ဧရိယာတွေကို အရှေ့မြောက်မှာရိုင် ၅သိန်း၊ မြောက်ပိုင်းဒေသမှာ ရိုင် ၁၅ဝဝဝဝနဲ့ အရှေ့ပိုင်းဒေသ၊ အလယ်ပိုင်းဒေသနဲ့ တောင်ပိုင်းဒေသ တွေမှာ ရိုင် ၁၅ဝဝဝဝ ထပ်မံတိုးခဲျ့ စိုက်ပျိုးနေပါတယ်။ ဒီစီမံကိန်းမှာ ရော်ဘာစိုက်ပျိုးသူ ၁၆ဝဝဝဝ ပါဝင်ပြီး ၂ဝ၁၇ မှာ တန်ချိန် ၂၂ဝဝဝဝ ကျော် ပိုမိုထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ လွန်ခဲ့တဲ့နှစ်ကတော့ ထိုင်းနိုင်ငံက ရော်ဘာတန်ချိန် ၃ ဒသမ ၁၁ သန်း ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံက ကမ္ဘာ့အကြီးဆုံးရော်ဘာထုတ်လုပ်သူဖြစ်ပြီး တန်ချိန် (၃) သန်းကျော် ထုတ်လုပ်နိုင်ကာ စိုက်ဧရိယာမှာတော့ ဒုတိယအများဆုံးလိုက်ပြီး အင်ဒိုနီးရှားက ပထမနေရာမှာ ရှိကြောင်း သိရပါတယ်။ ရော်ဘာစိုက်ပျိုးရေးက ၂ဝဝ၄ မှ ၂ဝ၁ဝ အထိ ၅ ဒသမ ၉၁ ရာခိုင်နှုန်း နှစ်စဉ်တိုးတက်ခဲ့ပြီး ၂ဝဝ၄ မှာ စိုက်မြေရိုင် ၁၂ ဒသမ ၉၅ သန်းကနေ ၂ဝ၁ဝ မှာ စိုက်မြေ ရိုင် ၁၇ ဒသမ ၉၆ သန်းကို ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် တစ်ချို့ဝေဖန်သုံးသပ်ချက်များကတော့ထိုင်းနိုင်ငံ ရဲ့ ရော်ဘာစိုက်ပျိုးရေးတိုးခဲျ့မှု စီမံကိန်းနဲ့ ဆန့်ကျင်ဖက်တွေ ဖြစ်နေပါတယ်။ ရော်ဘာဝယ်လိုအားက စီးပွားရေးဖွံ့ဖြိုးမှုပေါ်မှာ မူတည်ပြီး ကမ္ဘာ့စီးပွားရေးက ပိုမိုပြီး မတည်မငြိမ် ဖြစ်လာကြောင်း ဝေဖန်သူများကပြောပါတယ်။ လွန်ခဲ့တဲ့ ၁ဝ စုနှစ်အတွင်း ကမ္ဘာ့စီးပွားရေးအလျင်အမြန် တိုးတက်ခဲ့တဲ့ တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံကလည်း ၁ဝ နှစ်အတွင်း ရော်ဘာဝယ်လိုအားအတွက်အာမခံချက် မပေးနိုင်ကြောင်း သိရပါတယ်။ အနာဂတ် ဈေးကွက်နဲ့ အစိုးရရဲ့ မူဝါဒတွေကြောင့် ရော်ဘာဈေးနှုန်းကလည်း တက်ချည်ဆင်းချည်ဖြစ်နေပြီး ဝယ်လိုအားလည်း သေချာမှု မရှိကြောင်း ၎င်းဝေဖန်ရေးသမားများက ပြောကြားပါတယ်။ တရုတ်၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့မှာလည်း ရော်ဘာ စိုက်ပျိုးရေး တွေ တရှိန်ထိုးဆောင်ရွက်နေကြောင်း သိရပါတယ်။ တကယ်လို့ ကမ္ဘာ့စီးပွားရေးကျဆင်းခဲ့မယ်ဆိုရင်တော့ ဝယ်လိုအားလဲ ကျဆင်းမှာ ဖြစ်ပြီး ရောင်းလိုအားကတော့ ပိုလံျှနေမှာ ဖြစ်ကြောင်းသုံးသပ်နေကြပါတယ်။ Source: commodity online ,KZW
ပင်လယ်ရေကြောင်း အပို့မရှိ ဇွန်လ ၃ ရက်မှ ၉ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတင်ပို့နိုင်ခြင်း မရှိခဲ့ပါဘူး။ ယခင်အပတ် ကလည်း တန် ၂၆ဝ ခန့်သာတင်ပို့မှုရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှအများဆုံးဝယ်ယူနေတဲ့တရုတ်နိုင်ငံမှာ အလုပ်သမားပြဿနာ များကြောင့် ဝယ်လိုအားကျဆင်းနေတဲ့အပြင် တခြားဝယ်လက်ကြီးဖြစ်တဲ့ ဂျပန်နိုင်ငံကလည်း အမှာတွေကို ရွှေ့ဆိုင်းထားတဲ့ အတွက် တင်ပို့မှု လျော့ကျနေရခြင်း ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းအပို့မရှိပေမယ့် နယ်စပ်ကတော့ တန် ၇ဝဝ ကျော် တင်ပို့ပြီး တင်ပို့မှု ပုံမှန်ရှိနေ တာတွေ့ရပါတယ်။ FOB ရန်ကုန်ဈေးကတော့ ပြောင်းလဲမှုမရှိပဲ RSS-3 တစ်တန်ကို ဒေါ်လာ ၄၆ဝဝ၊ RSS-5 တစ်တန်ကို ဒေါ်လာ ၄၅ဝဝ၊MSR-20 တစ်တန်ကို ဒေါ်လာ ၄၆ဝဝ အသီးသီး ရှိကြောင်း သိရပါတယ်။ KZW
မူဆယ်နဲ့ ချင်းရွှေဟော်သာမက မြိတ်ကလည်း ရော်ဘာတင်ပို့နိုင် ဇွန်လ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း မူဆယ်၊ ချင်းရွှေဟော်နဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးများက တစ်ဆင့် တစ်ဘက် နိုင်ငံသို့RSS-3 တန် ၇၆ဝ ကျော်နဲ့MSR-50 ၁၂၂ တန် တင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှုများကတော့ မူဆယ်မRSS-3 ၄၁၅ တန်၊MSR-50 ၁၂၂ တန်၊ ချင်းရွှေဟော်RSS-3 ၂၄၅ တန်ကျော်နဲ့ မြိတ်မှ RSS-3 တန် ၁ဝဝ ၊ စုစုပေါင်း ကန်ဒေါ်လာ ၄ ဒသမ ၂၂၉ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်အနေနဲ့ ယွမ်ဈေး အတက်အကျ ပေါ်မူတည်ပြီး တွက်ချေကိုက်မှုနည်းတဲ့အတွက် ယခုအပတ်မှာ ယခင်အပတ်ကထက် တန် ၁၂ဝ ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ နယ်စပ်စခန်းများအားလုံးရဲ့ တင်ပို့နိုင်မှုကတော့ ယခင်အပတ်ကထက် ၁၆၃ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ရော်ဘာမြေပြင်ပေါက် ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS -3 ၃၈၁၂ဝ၂ဝ ၃၁၉၉ဝဝဝ ၆၁၃ဝ၂ဝ ၁၆ ၄၆၃၇ ၄၄၇၄ ၁၆၃ ၄RSS -5 ၃၆၉၅၉၃ဝ ၃ဝ၈၇ဝဝဝ ၆ဝ၈၉၃ဝ ၁၆ ၄၅၆ဝ ၄၃၉၆ ၁၆၄ ၄MIRT (DOBT)
ထောပတ်ပဲနဲ့ မြေထောက်ပဲ FOB အဝယ်ပိုများ ယခုတစ်ပတ် ဇွန်လ ၄ ရက်မှ ၁ဝရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မြေထောက်ပဲတန် ၆၄ဝ နဲ့ ထောပတ်ပဲတန် ၇၈ဝ ကျော် အရောင်းအဝယ်စာချုပ်ပြီးကြောင်း သိရပါတယ်။ ယခင်သီတင်းပတ်က ထောပတ်ပဲ တန် ၁၇ဝ နဲ့ မြေထောက်ပဲတန် ၃ဝဝ သာ အရောင်းအဝယ်ဖြစ်ခဲ့လို့ ယခုတစ်ပတ် ပိုမိုလာတာတွေ့ရပါတယ်။ ဇွန်လ ၁ ရက်မှ ၁ဝ ရက်အတွင်း မှာလည်း မြေထောက်ပဲ တန်ချိန် ၉၆ဝ နဲ့ ထောပတ်ပဲ တန်ချိန် ၈၃ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပြည်ပဝယ်လက် ပုံမှန်ရှိတဲ့ ပဲများအနေနဲ့ ယခုတစ်ပတ်မှာလည်း ရန်ကုန် FOB ဈေးပြောင်းလဲခြင်း မရှိဘဲ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၇ဝ-၈ဝဝ နဲ့ မြေထောက်ပဲ တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ရှိကြောင်း သိရပါတယ်။ MIRT- MAPT
ထောပတ်ပဲနဲ့ မြေထောက်ပဲတင်ပို့မှု လျော့ကျလာ ယခုသီတင်းပတ်အတွင်း ပင်လယ်ရေကြောင်းက ထောပတ်ပဲနဲ့ မြေထောက်ပဲ တင်ပို့မှု လျော့ကျလာတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်များက ထောပတ်ပဲ တန် ၈ဝဝ ကျော်၊ မြေထောက်ပဲ တန် ၃ဝဝ ကျော်နဲ့ တင်ပို့မှုအားကောင်းခဲ့ရာမှ ယခုသီတင်းပတ် ဇွန်လ ၂ ရက်မှ ၈ ရက်အတွင်းမှာတော့ ထောပတ်ပဲ တန် ၂ဝဝ နဲ့ မြေထောက်ပဲ တန် ၂၅ဝ ခန့်သာ တင်ပို့မှု ရှိခဲ့တာတွေ့ရပါတယ်။ မေလ တစ်လလုံး တင်ပို့မှုအနေနဲ့ ထောပတ်ပဲ တန် ၄ဝဝဝ ကျော်၊ မြေထောက်ပဲ တန် ၁၈ဝဝ ခန့် ရှိပြီး ယခင်နှစ် ၂ဝ၁ဝ မေလအတွင်းမှာတော့ ထောပတ် ပဲ တန်ချိန် ၂၇ဝဝ ခန့်နဲ့ မြေထောက်ပဲ တန် ၇ဝဝ ကျော် တင်ပို့ခဲ့လို့ ယခုနှစ် မေလအတွင်း တင်ပို့မှုပိုခဲ့တာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍနှစ်အတွင်း ဇွန်လ ၃ ရက်နေ့အထိ တင်ပို့ပြီးစီးမှုအနေနဲ့ ထောပတ်ပဲတန်ချိန် ၆၇ဝဝ ခန့်၊ မြေထောက်ပဲ တန် ၃ဝဝဝ နီးပါးရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက ထောပတ်ပဲတန်ချိန် ၆ဝဝဝ နီးပါးနဲ့မြေထောက်ပဲတန်ချိန် ၂ဝဝဝ ကျော် တင်ပို့မှုရှိခဲ့တာ တွေ့ရပါတယ်။ လာမယ့် သီတင်းပတ်မှာတော့ တင်ပို့မှု ပြန်တက်လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT
ရန်ကုန် FOB ဈေးကွက် ကုလားပဲအဝယ်လျော့ ရန်ကုန်တိုင်းဒေသကြီး (ဘုရင့်နောင်) ကုန်စည်ဒိုင်မှာ ယခင်သီတင်းပတ်က FOB အရောင်းအဝယ် တန်ချိန် ၁ဝဝဝ နီးပါးဖြစ်ခဲ့ပေမဲ့ ယခုသီတင်းပတ် (ဇွန်လ ၄ ရက်မှ ၁ဝ ရက်) အတွင်းမှာတော့ တန်ချိန် ၇၂ဝ သာ အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ သိရပါတယ်။ ပြည်ပဝယ်လိုအားရှိပေမဲ့ ကုန်သည်ကြီးများလက်ထဲမှာ လက်ကျန် လျော့နည်းတာကြောင့် FOB ဈေးအနည်းငယ်ပိုလာတာတွေ့ရပါတယ်။ ဇွန်လ ၃ ရက်နေ့ FAQ တစ်တန် ကန်ဒေါ်လာ ၇၉ဝ-၈၅ဝ ရှိရာမှ ဇွန်လ ၁ဝ ရက်မှာ ကန်ဒေါ်လာ ၈၃ဝ-၈၅ဝ ဖြစ်ခဲ့ကြောင်း သိရပါတယ်။ MIRT- MAPT
ကုလားပဲဖြူလုံးကြီး တင်ပို့မှု ပြန်လျော့လာ ယခင်သီတင်းပတ်များက ကုလားပဲဖြူလုံးကြီး အပတ်စဉ် တန် ၃ဝဝဝ ကျော် တင်ပို့မှု ရှိခဲ့ရာမှ ယခုသီတင်းပတ်မှာ (ဇွန်လ ၂ ရက်မှ ၈ ရက်)တော့ တန်ချိန် ၁၄ဝဝ ခန့်ကို လျော့ကျလာခဲ့ပါတယ်။ မေလ တစ်လလုံး တင်ပို့မှုအနေနဲ့ ကုလားပဲဖြူလုံးကြီး တန်ချိန် ၁၅ဝဝဝ ကျော်ရှိပြီး ယခင်နှစ်မေလမှာ တင်ပို့မှု မရှိသလောက် နည်းတာ တွေ့ရပါတယ်။ ယခုဘဏ္ဍာနှစ် ဇွန်လ ၃ ရက်နေ့အထိ တင်ပို့ပြီးစီးမှုအနေနဲ့ တန်ချိန် ၂ သောင်းကျော်ရှိပြီး ယခင်နှစ် ကာလတူက တန်ချိန် ၅ဝဝ ခန့်သာ တင်ပို့မှုရှိခဲ့တဲ့ အတွက် ယခုနှစ်မှာ သိသိသာသာ တင်ပို့အားကောင်း လာခဲ့တာတွေ့ရပါတယ်။ ကုန်သည် လက်ကျန်လျော့လာပြီဖြစ်လို့ လာမယ့် သီတင်းပတ်တွေမှာလည်း တင်ပို့မှု အားပျော့ဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT
မုံရွာစိမ်းကြီး ဈေးကွက်အရောင်းအဝယ်သွက်နေဆဲ ပဲတီစိမ်းကြီးဈေးကွက်ဟာ ဇွန်လပထမပတ် မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်အတွင်း အရောင်းအဝယ် အားအကောင်းဆုံး ပဲအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။ နယ်အဝင်ပမာဏနဲ့ မန်းအဆွဲတို့ မျှတညီညွတ်နေတာ ပေါက်ဈေးကတော့ ယခုတစ်ပတ်ထဲမှာ အနိမ့်ဆုံး တစ်တင်း ၂၇ဝဝဝ ကျပ်မှ အမြင့်ဆုံး ၂၉ဝဝဝ ကျပ်ဖြစ်ပေါ်ခဲ့ပြီး တစ်ရက်နဲ့ တစ်ရက်ဈေးအတက် အကျ တစ်တင်း ၁ဝဝဝ ကျပ်ဝန်းကျင်ရှိခဲ့တယ်လို့ ကုန်သည်အသိုင်းအဝန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်းက တစ်တင်း အမြင့်ဆုံးဈေး ၃၁ဝဝဝ ကျပ်ကို မမီပေမဲ့ ယခုပေါက်ဈေးဟာ တောင်သူတွေ သင့်တင့်တဲ့ အကျိုးအမြတ်ရှိတဲ့အတွက် အခုလို နယ်ပစ္စည်းအဝင်သွက်လာတာဖြစ်တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းအရောင်းအဝယ်အနေနဲ့ ယခု တစ်ပတ်အတွင်း တစ်ရက်ပျမ်းမျှ အိတ် ၂ဝဝဝ မှ ၃ဝဝဝ ကြားအရောင်းအဝယ်ဖြစ်လျက်ရှိတယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်
ပဲခူးတိုင်းဒေသကြီးအတွင်း မိုးပဲတီစိမ်းများ စိုက်ပျိုးပြီ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ်များတွင် မိုးပဲတီစိမ်းသီးနံှကို အများဆုံး စိုက်ပျိုးကြပြီး ယခုဇွန်လအတွင်း ဧက ၁ဝဝဝ နီးပါးခန့် စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ပါတယ်။ ယခင်နှစ်က မေလအတွင်း မျိုးလက်ကျန်မရှိတဲ့ တောင်သူများမှ ဝယ်ယူမှုများရှိတဲ့အတွက် မျိုးပဲတီစိမ်းဈေးမှာ တစ်တင်းကို ၅ဝဝဝဝ ကျပ်ထိဈေးကောင်းရခဲ့တာကို တွေ့ရပါတယ်။ ယခုနှစ်အတွင်း မျိုးပဲလုံလောက်စွာရှိကြတဲ့အတွက် ပဲဈေးကွက်အတွင်း မျိုးပဲဝယ်ယူမှုများမရှိကြဘူးလို့ ပွဲရုံများမှ သိရပါတယ်။ ယခင်နှစ် ပဲတီစိမ်းပေါ်စ မေလတွင် တစ်တင်း ၂၆ဝဝဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ကြပြီး ယခုနှစ်မှာတော့ ပဲဈေးကွက် အတွင်း ပဲမျိုးစုံဈေးနှုန်းများမှာ ယခင်နှစ်ဈေးကို မမီကြတဲ့အတွက် ပဲတီစိမ်းဈေးမှာလည်း ယခင်နှစ်အဖွင့်ဈေးကို မီမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ခင်ဆွေဝင်း
