Main menu

Background

Monday, 6 Jun 2011

ရန်ကုန်ဝယ်လက်အပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်တဲ့ ပြည်ပဲလွန်းဖြူ                    ပြည်ဈေးကွက်မှာ ပဲလွန်းဖြူ တစ်တင်းကို ၁၃ဝဝဝ ကျပ်ဈေးသာရှိပြီး အဝင်လည်းမရှိဘူးလို့ သိရပါတယ်။ နေ့စဉ်အရောင်းအဝယ်မရှိသော်လည်း ရန်ကုန်ဝယ်လက် အဝယ်ရှိတဲ့နေ့မှသာ လှောင်လက်များက ထုတ်ရောင်းလို့ တစ်နေ့ကို အိတ် ၁၄ဝ-၁၅ဝ ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ မိမိအေး

Monday, 6 Jun 2011

ယခုအပတ် မူဆယ်မှ ပဲလွန်းဖြူ အပို့ရှိ                   မေလ ၂၅ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း မူဆယ်(၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ၁၇၄ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ ၂ဝ၃ တန် တင်ပို့မှုရှိခဲ့ပါတယ်။ မေလတစ်လ လုံး ပဲလွန်းဖြူတင်ပို့မှုမရှိဘဲ ယခုအပတ် ကျမှသာ တင်ပို့ခဲ့တာတွေ့ရပါတယ်။ ပြီး ခဲ့တဲ့ ကာလတူနှစ် မေလမှာ ပဲလွန်းဖြူ တင်ပို့မှုဟာ ၅၉၇ တန်ရှိခဲ့ပြီး ယခုနှစ်မှာ တော့ တင်ပို့မှု သိသိသာသာ ကျသွားတာ တွေ့ရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ဈေးများကိုကြည့်တဲ့အခါ သိသိသာသာဈေးကျလျက်ရှိတာ တွေ့ ရပါတယ်။                                                  ဒေါ်လာ/တန်                    မိမိဘက် (ကျပ်/တန်)                         တစ်ဘက်နိုင်ငံ (ဒေါ်လာ/တန်)ယခု               ယခင်       ပြောင်းလဲမှု   %         ယခု        ယခင်   ပြောင်းလဲမှု       %၅၄၄၅၃ဝ     ၆၁၆၅၁၂     ၇၁၉၈၂     ၁၃         ၇၁၄       ၇၉ဝ            ၇၆            ၁ဝMIRT(DOBT)

Monday, 6 Jun 2011

ပဲလွန်းဖြူ တန် ၈ဝဝ ကျော်နဲ့ ပုံမှန်တင်ပို့               ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ ပုံမှန်တင်ပို့မှုရှိရာ ယခုသီတင်းပတ် (မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်) အတွင်းမှာလည်း တန်ချိန် ၈ဝဝ ကျော်နဲ့ ပုံမှန်တင်ပို့နေတာတွေ့ရပါတယ်။ လက်ရှိ ဘဏ္ဍာနှစ် မေလ ၂၇ ရက်နေ့အထိ တင်ပို့ပြီးစီးမှုကို ကြည့်မယ်ဆိုရင် ပဲလွန်းဖြူ တန်ချိန် ၈ဝဝဝ ခန့်ရှိပြီး ယခင် ဘဏ္ဍာနှစ် ကာလတူတန်ချိန် ၆၂ဝဝ ခန့် တင်ပို့မှုရှိလို့ ယခုနှစ်မှာ ပိုမိုတင်ပို့ နိုင်တာ တွေ့ရပါတယ်။ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင် မှာ FOB အရောင်းအဝယ်ဖြစ်မှုမှာ တစ်ပတ်အတွင်း တန် ၅ဝသာရှိလို့ ယခု တစ်ပတ် အရောင်းအဝယ်စာချုပ် ချုပ် ဆိုမှု လျော့နည်းတာတွေ့ရပါတယ်။ မေလ တစ်လလုံးမှာ FOB  အရောင်း အဝယ်ဖြစ်မှု တန်ချိန် ၁၈ဝဝ ခန့် ရှိ တယ်လို့ သိရပါတယ်။ ရန်ကုန်  FOB ဈေးကတော့ ယခင်သီတင်းပတ်များ အတိုင်း  FAQ တစ်တန်ကန်ဒေါ်လာ ၈၂ဝ-၈၄ဝ၊ SQ တစ်တန် ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ ဖြစ်ကြောင်း သိရပါတယ်။ MIRT- MAPT

Monday, 6 Jun 2011

အေးအေးနှေးနှေး အငုံဈေး                မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံကို ယခင်တစ်ပတ်က ရန်ကုန်ဝယ်လက်အချို့ဆွဲလို့ ဈေးအနည်းငယ် မာခဲ့ပါတယ်။ ဒါပေမဲ့ ဒီတစ်ပတ်မှာတော့ ဈေးက ခပ်အေး အေး ပြန်ဖြစ်သွားပါပြီ။ ယနေ့ပေါက်ဈေးက တစ်ပိဿာ ၇ဝဝ ကျပ်ဈေးပဲရှိပါတယ်။ မြင်းခြံ၊ မိတ္ထီလာစတဲ့ မြို့ကြီးတချို့မှာ လှောင်ထားသူတွေရှိပေမဲ့ ဈေးမကောင်းလို့ စောင့်ကြည့်နေကြပါတယ်။ ပဲအဓိကစိုက်တဲ့ဒေသ တောင်သူကြီးတွေ လက်ထဲမှာလည်း လက်ကျန်ပဲတွေ ရှိနေပါသေးတယ်။ ပဲစင်းငုံဈေးကျပေမဲ့ မစိုက်ပဲပစ်ထားလို့ မဖြစ်သေးတာကြောင့် စောစောရွာတဲ့မိုးနဲ့အတူ ပဲစင်းငုံတွေစိုက်နေကြပါပြီ။ တချို့ နေရာတွေမှာ တစ်ထွာကျော်ကျော်လောက် အပင်ဖြစ်ထွန်းနေပြီကို တွေ့နေရပါပြီ။ ယခုနှစ် မိုးဦးကောင်းနေတာကြောင့် ပဲစင်းငုံစိုက်ဧက မတိုးတောင် မလျော့လောက်ဘူးလို့ ခန့်မှန်းရပါတယ်။ မန္တလေးပဲအမျိုးမျိုးရဲ့ ဈေးနှုန်းတွေမှာတော့ ပဲစင်းငုံဈေးက ပဲတီစိမ်း၊ ကုလားပဲဖြူလုံးကြီးတို့ အောက်မှာပဲရှိပါတယ်။ မျိုးသူ

Monday, 6 Jun 2011

လင်းခေးပဲစင်းငုံ FOB အဝယ်ပိုများ               ရန်ကုန်တိုင်းဒေသကြီး (ဘုရင့်နောင်) FOB ဈေးကွက်မှာ ပဲစင်းငုံက အဝယ် ပုံမှန် ခပ်အေးအေးဖြစ်နေပေမဲ့ ယခုတစ်ပတ်အတွင်း လင်းခေးပဲစင်းငုံကို ပြည်ပ အဝယ် ပိုဖြစ်တယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ မေလ ၂၈ ရက်မှ ဇွန်လ ၃ ရက်အထိ တစ်ပတ်အတွင်း ပဲစင်းငုံဖြူနီနဲ့ အနီ တန်ချိန် ၃၅ဝဝ ကျော်အရောင်း အဝယ်ဖြစ်ခဲ့ပြီး မေလ တစ်လလုံးမှာ စုစုပေါင်း တန်ချိန် ၂၅ဝဝဝ ကျော်ကို ပြည်ပ အဝယ်စာချုပ်ခဲ့တယ်လို့ သိရပါတယ်။               ပြည်ပအဝယ်ရှိနေပေမဲ့လည်း ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဘိုး လျော့ကျမှု ကြောင့် ပြည်တွင်းပဲဈေးရော FOB ပဲဈေးများလည်း ကျဆင်းခဲ့ပါတယ်။ ပြောင်းလဲ လာတဲ့ ၤဥြ ဈေးများ ဖော်ပြလိုက်ပါတယ်              ဒေါ်လာ/တန်              ပဲစင်းငုံနီ(FAQ)     ပဲစင်းငုံဖြူနီ၊ အဖြူ(FAQ)၃-၆-၁၁       ၆၄၅-၆၆၅                ၅၄ဝ-၅၅ဝ၂၇-၅-၁၁     ၆၆ဝ-၆၈ဝ               ၅၆ဝ-၅၈ဝMIRT(MAPT)

Monday, 6 Jun 2011

ပဲစင်းငုံ ပြည်ပသင်္ဘောတင် တန် ၅ဝဝဝ ရှိ                ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုမှာ ယခင်သီတင်းပတ်က တန်ချိန် တစ်သောင်းနီးပါးအထိ တိုးတက်ခဲ့ပြီး ယခုသီတင်းပတ် (မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်) အတွင်းမှာတော့ တန် ၅ဝဝဝ တင်ပို့နိုင်တာ တွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံကတော့ အဓိကအိန္ဒိယဖြစ်ပြီး မလေးရှားနဲ့ စင်ကာပူကိုလည်း အနည်းငယ်စီ တင်ပို့တာ တွေ့ရပါတယ်။               ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် မေလ ၂၇ ရက်နေ့အထိ တင်ပို့ပြီးစီးမှုအနေနဲ့ ပဲစင်းငုံ တန်ချိန် ၂၅ဝဝဝ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၈ဝဝဝ ခန့်သာ ရှိတာတွေ့ပါတယ်။ ယခုနှစ်မှာ တင်ပို့မှုပမာဏ တန်ချိန် တစ်သောင်းကျော် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ အရောင်းအဝယ်ပုံမှန်လေးဖြစ်နေလို့ လာမယ့်သီတင်းပတ်မှ လည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။   MIRT- MAPT

Monday, 6 Jun 2011

ယခုအပတ် မူဆယ်မှ အပို့ရှိတဲ့ မတ်ပဲ                ကန်ဒေါ်လာ ၈၉ဝဝ တန်ဖိုးရှိ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတိုင်းဒေသကြီးထွက် မတ်ပဲ ၁၁ တန်ကို မူဆယ် (၁ဝ၅) မိုင်ဇုန်မှ မေလ ၂၅ ရက်မှ ၃၁ ရက်ထိ ကာလ အတွင်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၅ တန် လျော့နည်း တင်ပို့ခဲ့တာဖြစ်ပါတယ်။ မေလအတွင်းနယ်စပ်မှ မတ်ပဲ ၅၄ တန် တင်ပို့ခဲ့ပြီး ဧပြီလ တစ်လလုံး ၁၈ တန်သာ တင်ပို့မှုရှိခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်                                       မိမိဘက်(ကျပ်/တန်)               တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                ယခု            ယခင်      ပြောင်းလဲမှု    %      ယခု      ယခင်     ပြောင်းလဲမှု    %မတ်ပဲ    ၅၂၇၃၅ဝ      ၅၂၁၈၇၂      ၅၄၇၈         ၁      ၉၄၁      ၉၆၃             ၂၂         ၂MIRT (DOBT)

Monday, 6 Jun 2011

ပြည်ပဝယ်လိုအားကောင်းနေပေမဲ့ အရည်အသွေးနိမ့် မတ်ပဲ FOB ဈေးအနည်းငယ်လျော့              ရန်ကုန်တိုင်းဒေသကြီး ကုန်စည်ဒိုင် (ဘုရင့်နောင်) FOB ဈေးကွက်မှာ ပြည်ပ ဝယ်လက်များ မတ်ပဲကို ဝယ်လိုအား ဆက်လက်ကောင်းနေတယ်လို့ သိရပါတယ်။ မိုးမိပဲရောနှောပါဝင်မှုကြောင့် အရည်အသွေးနိမ့်လို့ ဈေးကျမှုရှိတဲ့အပြင် ပို့ကုန် ဝင်ငွေ တစ်ဒေါ်လာတန်ဖိုး ကျဆင်းခြင်းတို့ကြောင့် ပြည်တွင်းအရောင်းအဝယ် ဈေးကျဆင်းခဲ့သလို FOB အရောင်းအဝယ်ဈေးကလည်း အနည်းငယ်အေးခဲ့ တယ် လို့ ဆိုပါတယ်။             မေလ ၂၈ ရက်မှ ဇွန်လ ၃ ရက်နေ့အထိ FOB  အရောင်းအဝယ် စာချုပ်ချုပ် ဆိုမှုအနေနဲ့ မတ်ပဲ  SQ ၊ FAQ တန်ချိန်၂၂၅ဝဝ ကျော်ရှိလို့ ယခင်သီတင်းပတ်ထက် အရောင်းအဝယ်ပိုမြင့်တာတွေ့ရပါတယ်။ မေလ တစ်လလုံး ပြည်ပအရောင်းအဝယ် ဖြစ်မှုအနေနဲ့ မတ်ပဲ SQ တန်ချိန် ၃၂ဝဝဝ ကျော်၊ FAQ တန်ချိန် ၆၂၃ဝဝ ခန့်နဲ့ မတ်ပဲအခွံချွတ်တန်ချိန် ၂၄ဝဝ ခန့် စုစုပေါင်း တန်ချိန် ၉၇ဝဝဝ ခန့်အထိ စာချုပ်ချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ပြောင်းလဲဖြစ်ပေါ်တဲ့ ရန်ကုန် FOB  ဈေးများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်။                 ဒေါ်လာ/တန်                       မတ်ပဲ(FAQ)      မတ်ပဲ(SQ) ၃-၆-၁၁            ၇၆ဝ-၇၈ဝ      ၉၁ဝ-၉၃ဝ ၂၇-၅-၁၁          ၇၉ဝ-၈၁ဝ      ၉၃ဝ-၉၅ဝ MIRT(MAPT)

Monday, 6 Jun 2011

မတ်ပဲသင်္ဘောတင်ပို့မှု ဆက်လက်အားကောင်းလျက်ရှိ               ပင်လယ်ရေကြောင်းက ပဲမျိုးစုံတင်ပို့မှုအနက် မတ်ပဲတင်ပို့မှုကတော့ ဆက်လက် ကောင်းနေတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၂၄ဝဝဝ ကျော်တင်ပို့မှုရှိခဲ့သလို ယခုသီတင်းပတ် (မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်)နေ့ အထိမှာလည်း တန်ချိန် ၂၁ဝဝဝ ခန့်အထိတင်ပို့နိုင်တာတွေ့ရပါတယ်။ တင်ပို့မှု အများ ဆုံး ကတော့ အိန္ဒိယနိုင်ငံကိုဖြစ်ပြီး ဂျပန်၊ မလေးရှား၊ ဆော်ဒီအာရေးဗီးယား၊ ထိုင်း၊ စင်ကာပူနဲ့ ဗီယက်နမ်တို့ကိုလည်း အနည်းငယ်စီ တင်ပို့မှုရှိတာ တွေ့ရပါတယ်။ ၂ဝ၁၁-၁၂ လက်ရှိဘဏ္ဍာနှစ်အတွင်း တင်ပို့ပြီးစီးမှုကို လေ့လာကြည့်မယ် ဆိုရင် မေလ ၂၇ ရက်နေ့အထိ မတ်ပဲတန်ချိန် တစ်သိန်းကျော်တင်ပို့မှုရှိတာ တွေ့ရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုမှာ ၆၉ဝဝဝ ခန့်သာရှိလို့ ယခုနှစ် ကာလတူမှာ တန်ချိန် ၃ သောင်းကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ လာမယ့်သီတင်းပတ် တွေမှာလည်း သင်္ဘောတင်ဆက်လက်များနေဦးမယ်လို့ ဝါရင့်ကုန်သည်တစ်ဦးက ဆိုပါတယ်။   MIRT- MAPT 

Tuesday, 31 May 2011

ပင်လောင်းနနွင်းတွေများတဲ့ ရှမ်းနနွင်းဈေးကွက်                ဒီနှစ်နနွင်းဈေးကွက်မှာပင်လောင်းနနွင်းတွေများနေပါတယ်။ ဝယ်လက်ကလည်းနည်းနေတာကြောင့် ပုံနေတယ်လို့ သိရပါတယ်။ ဆင်တောင်နနွင်းကတော့ ဝယ်လက်ရှိပေမဲ့ပစ္စည်းကနည်းနေပြီလို့သိရပါတယ်။ ယခု လောလောဆယ်မှာတော့ တောင်ပိုလနယ်ကထွက်တဲ့နနွင်းကိုလည်း အကြိုက်တွေ့နေတယ်လို့ သိရပါတယ်။တောင်ပိုလတစ်ရွာတည်းကထွက်တဲ့ နနွင်းက ဆင်တောင်နနွင်းလောက်မကောင်းပေမဲ့ အတော်သန့် တာကြောင့် ဝယ်လက်တွေကြိုက်ကြပါတယ်။ ဒါပေမဲ့ အဲဒီ နနွင်းကလည်း တစ်ရွာတည်းကထွက်တာကြောင့် အထွက်နှုန်း ကလည်း မများဘူးလို့သိရပါတယ်။ အထွက်များတဲ့ ပင်လောင်း နနွင်းကတော့ အရည်အသွေးညံ့တာကြောင့် ဝယ်လက်အကြိုက်မတွေ့ပါဘူး။ နနွင်းဈေးကတော့ ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ပင်လောင်းနနွင်းက တစ်ပိဿာ ၃၅ဝဝ ကျပ်၊ ၄ဝဝဝ ကျပ်၊ တောင်ပို့လနနွင်းက တစ်ပိဿာ ၂၅ဝဝ ကျပ်နှင့်ပင်လောင်းနနွင်းက တစ်ပိဿာ ၇ဝဝ ကျပ်၊ ၁၂ဝဝ ကျပ် ဈေးရှိတယ်လို့နနွင်းပွဲရုံကသိရှိရပါတယ်။    ဧဧခိုင်

Pages