Main menu

Background

Sunday, 12 Jun 2011

မူဆယ်နဲ့ ချင်းရွှေဟော်သာမက မြိတ်ကလည်း ရော်ဘာတင်ပို့နိုင်                   ဇွန်လ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း မူဆယ်၊ ချင်းရွှေဟော်နဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးများက တစ်ဆင့် တစ်ဘက် နိုင်ငံသို့RSS-3  တန် ၇၆ဝ ကျော်နဲ့MSR-50 ၁၂၂ တန် တင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှုများကတော့ မူဆယ်မRSS-3  ၄၁၅ တန်၊MSR-50 ၁၂၂ တန်၊ ချင်းရွှေဟော်RSS-3  ၂၄၅ တန်ကျော်နဲ့ မြိတ်မှ RSS-3  တန် ၁ဝဝ ၊ စုစုပေါင်း ကန်ဒေါ်လာ ၄ ဒသမ ၂၂၉ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်အနေနဲ့ ယွမ်ဈေး အတက်အကျ ပေါ်မူတည်ပြီး တွက်ချေကိုက်မှုနည်းတဲ့အတွက် ယခုအပတ်မှာ ယခင်အပတ်ကထက် တန် ၁၂ဝ ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ နယ်စပ်စခန်းများအားလုံးရဲ့ တင်ပို့နိုင်မှုကတော့ ယခင်အပတ်ကထက် ၁၆၃ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ရော်ဘာမြေပြင်ပေါက် ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်                                               မိမိဘက်(ကျပ်/တန်)                 တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                   ယခု                 ယခင်      ပြောင်းလဲမှု      %      ယခု       ယခင်    ပြောင်းလဲမှု   %RSS -3      ၃၈၁၂ဝ၂ဝ     ၃၁၉၉ဝဝဝ     ၆၁၃ဝ၂ဝ     ၁၆      ၄၆၃၇     ၄၄၇၄     ၁၆၃         ၄RSS -5      ၃၆၉၅၉၃ဝ     ၃ဝ၈၇ဝဝဝ      ၆ဝ၈၉၃ဝ     ၁၆     ၄၅၆ဝ     ၄၃၉၆     ၁၆၄         ၄MIRT (DOBT)

Sunday, 12 Jun 2011

ထောပတ်ပဲနဲ့ မြေထောက်ပဲ FOB အဝယ်ပိုများ                ယခုတစ်ပတ် ဇွန်လ ၄ ရက်မှ ၁ဝရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ကုန်စည်ဒိုင် FOB  ဈေးကွက်မှာ မြေထောက်ပဲတန် ၆၄ဝ နဲ့ ထောပတ်ပဲတန် ၇၈ဝ ကျော် အရောင်းအဝယ်စာချုပ်ပြီးကြောင်း သိရပါတယ်။ ယခင်သီတင်းပတ်က ထောပတ်ပဲ တန် ၁၇ဝ နဲ့ မြေထောက်ပဲတန် ၃ဝဝ သာ အရောင်းအဝယ်ဖြစ်ခဲ့လို့ ယခုတစ်ပတ် ပိုမိုလာတာတွေ့ရပါတယ်။                ဇွန်လ ၁ ရက်မှ ၁ဝ ရက်အတွင်း မှာလည်း မြေထောက်ပဲ တန်ချိန် ၉၆ဝ နဲ့ ထောပတ်ပဲ တန်ချိန် ၈၃ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပြည်ပဝယ်လက် ပုံမှန်ရှိတဲ့ ပဲများအနေနဲ့ ယခုတစ်ပတ်မှာလည်း ရန်ကုန် FOB ဈေးပြောင်းလဲခြင်း မရှိဘဲ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၇ဝ-၈ဝဝ နဲ့ မြေထောက်ပဲ တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ရှိကြောင်း သိရပါတယ်။              MIRT- MAPT 

Sunday, 12 Jun 2011

ထောပတ်ပဲနဲ့ မြေထောက်ပဲတင်ပို့မှု လျော့ကျလာ                  ယခုသီတင်းပတ်အတွင်း ပင်လယ်ရေကြောင်းက ထောပတ်ပဲနဲ့ မြေထောက်ပဲ တင်ပို့မှု လျော့ကျလာတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်များက ထောပတ်ပဲ တန် ၈ဝဝ ကျော်၊ မြေထောက်ပဲ တန် ၃ဝဝ ကျော်နဲ့ တင်ပို့မှုအားကောင်းခဲ့ရာမှ ယခုသီတင်းပတ် ဇွန်လ ၂ ရက်မှ ၈ ရက်အတွင်းမှာတော့ ထောပတ်ပဲ တန် ၂ဝဝ နဲ့ မြေထောက်ပဲ တန် ၂၅ဝ ခန့်သာ တင်ပို့မှု ရှိခဲ့တာတွေ့ရပါတယ်။ မေလ တစ်လလုံး တင်ပို့မှုအနေနဲ့ ထောပတ်ပဲ တန် ၄ဝဝဝ ကျော်၊ မြေထောက်ပဲ တန် ၁၈ဝဝ ခန့် ရှိပြီး ယခင်နှစ် ၂ဝ၁ဝ မေလအတွင်းမှာတော့ ထောပတ် ပဲ တန်ချိန် ၂၇ဝဝ ခန့်နဲ့ မြေထောက်ပဲ တန် ၇ဝဝ ကျော် တင်ပို့ခဲ့လို့ ယခုနှစ် မေလအတွင်း တင်ပို့မှုပိုခဲ့တာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍနှစ်အတွင်း ဇွန်လ ၃ ရက်နေ့အထိ တင်ပို့ပြီးစီးမှုအနေနဲ့ ထောပတ်ပဲတန်ချိန် ၆၇ဝဝ ခန့်၊ မြေထောက်ပဲ တန် ၃ဝဝဝ နီးပါးရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက ထောပတ်ပဲတန်ချိန် ၆ဝဝဝ နီးပါးနဲ့မြေထောက်ပဲတန်ချိန် ၂ဝဝဝ ကျော် တင်ပို့မှုရှိခဲ့တာ တွေ့ရပါတယ်။ လာမယ့် သီတင်းပတ်မှာတော့ တင်ပို့မှု ပြန်တက်လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT 

Sunday, 12 Jun 2011

ရန်ကုန် FOB ဈေးကွက် ကုလားပဲအဝယ်လျော့                 ရန်ကုန်တိုင်းဒေသကြီး (ဘုရင့်နောင်) ကုန်စည်ဒိုင်မှာ ယခင်သီတင်းပတ်က FOB အရောင်းအဝယ် တန်ချိန် ၁ဝဝဝ နီးပါးဖြစ်ခဲ့ပေမဲ့ ယခုသီတင်းပတ် (ဇွန်လ ၄ ရက်မှ ၁ဝ ရက်) အတွင်းမှာတော့ တန်ချိန် ၇၂ဝ သာ အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ သိရပါတယ်။ ပြည်ပဝယ်လိုအားရှိပေမဲ့ ကုန်သည်ကြီးများလက်ထဲမှာ လက်ကျန် လျော့နည်းတာကြောင့် FOB ဈေးအနည်းငယ်ပိုလာတာတွေ့ရပါတယ်။ ဇွန်လ ၃ ရက်နေ့  FAQ တစ်တန် ကန်ဒေါ်လာ ၇၉ဝ-၈၅ဝ ရှိရာမှ ဇွန်လ ၁ဝ ရက်မှာ ကန်ဒေါ်လာ ၈၃ဝ-၈၅ဝ ဖြစ်ခဲ့ကြောင်း သိရပါတယ်။ MIRT- MAPT 

Sunday, 12 Jun 2011

ကုလားပဲဖြူလုံးကြီး တင်ပို့မှု ပြန်လျော့လာ                ယခင်သီတင်းပတ်များက ကုလားပဲဖြူလုံးကြီး အပတ်စဉ် တန် ၃ဝဝဝ ကျော် တင်ပို့မှု ရှိခဲ့ရာမှ ယခုသီတင်းပတ်မှာ (ဇွန်လ ၂ ရက်မှ ၈ ရက်)တော့ တန်ချိန် ၁၄ဝဝ ခန့်ကို လျော့ကျလာခဲ့ပါတယ်။ မေလ တစ်လလုံး တင်ပို့မှုအနေနဲ့ ကုလားပဲဖြူလုံးကြီး တန်ချိန် ၁၅ဝဝဝ ကျော်ရှိပြီး ယခင်နှစ်မေလမှာ တင်ပို့မှု မရှိသလောက် နည်းတာ တွေ့ရပါတယ်။                ယခုဘဏ္ဍာနှစ် ဇွန်လ ၃ ရက်နေ့အထိ တင်ပို့ပြီးစီးမှုအနေနဲ့ တန်ချိန် ၂ သောင်းကျော်ရှိပြီး ယခင်နှစ် ကာလတူက တန်ချိန် ၅ဝဝ ခန့်သာ တင်ပို့မှုရှိခဲ့တဲ့ အတွက် ယခုနှစ်မှာ သိသိသာသာ တင်ပို့အားကောင်း လာခဲ့တာတွေ့ရပါတယ်။ ကုန်သည် လက်ကျန်လျော့လာပြီဖြစ်လို့ လာမယ့် သီတင်းပတ်တွေမှာလည်း တင်ပို့မှု အားပျော့ဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။                MIRT- MAPT 

Sunday, 12 Jun 2011

မုံရွာစိမ်းကြီး ဈေးကွက်အရောင်းအဝယ်သွက်နေဆဲ               ပဲတီစိမ်းကြီးဈေးကွက်ဟာ ဇွန်လပထမပတ် မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်အတွင်း အရောင်းအဝယ် အားအကောင်းဆုံး ပဲအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။ နယ်အဝင်ပမာဏနဲ့ မန်းအဆွဲတို့ မျှတညီညွတ်နေတာ ပေါက်ဈေးကတော့ ယခုတစ်ပတ်ထဲမှာ အနိမ့်ဆုံး တစ်တင်း ၂၇ဝဝဝ ကျပ်မှ အမြင့်ဆုံး ၂၉ဝဝဝ ကျပ်ဖြစ်ပေါ်ခဲ့ပြီး တစ်ရက်နဲ့ တစ်ရက်ဈေးအတက် အကျ တစ်တင်း ၁ဝဝဝ ကျပ်ဝန်းကျင်ရှိခဲ့တယ်လို့ ကုန်သည်အသိုင်းအဝန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်းက တစ်တင်း အမြင့်ဆုံးဈေး ၃၁ဝဝဝ ကျပ်ကို မမီပေမဲ့ ယခုပေါက်ဈေးဟာ တောင်သူတွေ သင့်တင့်တဲ့ အကျိုးအမြတ်ရှိတဲ့အတွက် အခုလို နယ်ပစ္စည်းအဝင်သွက်လာတာဖြစ်တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းအရောင်းအဝယ်အနေနဲ့ ယခု တစ်ပတ်အတွင်း တစ်ရက်ပျမ်းမျှ အိတ် ၂ဝဝဝ မှ ၃ဝဝဝ ကြားအရောင်းအဝယ်ဖြစ်လျက်ရှိတယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင် 

Sunday, 12 Jun 2011

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးပဲတီစိမ်းများ စိုက်ပျိုးပြီ                 ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ်များတွင် မိုးပဲတီစိမ်းသီးနံှကို အများဆုံး စိုက်ပျိုးကြပြီး ယခုဇွန်လအတွင်း ဧက ၁ဝဝဝ နီးပါးခန့် စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ပါတယ်။ ယခင်နှစ်က မေလအတွင်း မျိုးလက်ကျန်မရှိတဲ့ တောင်သူများမှ ဝယ်ယူမှုများရှိတဲ့အတွက် မျိုးပဲတီစိမ်းဈေးမှာ တစ်တင်းကို ၅ဝဝဝဝ ကျပ်ထိဈေးကောင်းရခဲ့တာကို တွေ့ရပါတယ်။ ယခုနှစ်အတွင်း မျိုးပဲလုံလောက်စွာရှိကြတဲ့အတွက် ပဲဈေးကွက်အတွင်း မျိုးပဲဝယ်ယူမှုများမရှိကြဘူးလို့ ပွဲရုံများမှ သိရပါတယ်။ ယခင်နှစ် ပဲတီစိမ်းပေါ်စ မေလတွင် တစ်တင်း ၂၆ဝဝဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ကြပြီး ယခုနှစ်မှာတော့ ပဲဈေးကွက် အတွင်း ပဲမျိုးစုံဈေးနှုန်းများမှာ ယခင်နှစ်ဈေးကို မမီကြတဲ့အတွက် ပဲတီစိမ်းဈေးမှာလည်း ယခင်နှစ်အဖွင့်ဈေးကို မီမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။   ခင်ဆွေဝင်း 

Sunday, 12 Jun 2011

ပဲတီစိမ်း တန် ၂၄ဝဝ ကျော် ယခုအပတ်တင်ပို့မှု ပိုမို              ဇွန်လ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၇ ဒသမ ၈၃ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၇၃၇၄တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၄၅၁ တန် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါ တယ်။ ရာသီဥတု ပူလာပြီဖြစ်လို့ တစ်ဖက်နိုင်ငံဝယ်လိုအား မြင့်တက်ခဲ့တာဖြစ်ပါတယ်။ မြေပြင်ဈေးများကို နှိုင်းယှဉ်သော အခါ ယခင်အပတ်ထက် လျော့နည်းလျက်ရှိတာတွေ့ရပါတယ်                                       မိမိဘက်(ကျပ်/တန်)                                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                        ယခု                 ယခင်          ပြောင်းလဲမှု     %          ယခု          ယခင်     ပြောင်းလဲမှု      % ပဲတီစိမ်း         ၁ဝ၂၆၂၂၃       ၁၁၄၇၅ဝဝ       ၁၂၁၂၇၇      ၁၂        ၁၂၇၅         ၁၃၆၈       ၉၃               ၇MIRT (DOBT)

Sunday, 12 Jun 2011

ပဲတီစိမ်း ပြည်ပအဝယ်ပါး အရောင်းအဝယ်လျော့              ရန်ကုန်တိုင်းဒေသကြီး ကုန်စည်ဒိုင်(ဘုရင့်နောင်) မှာ ယခုတစ်ပတ်အတွင်း တရုတ်ဝယ်လက်များ ပဲတီစိမ်း အဝယ်ပါးလာ တယ်လို့ သိရပါတယ်။ ပြည်ပအဝယ်ပါးလို့ ရန်ကုန် FOB  ဈေးကွက်မှာ အရောင်းအဝယ်စာချုပ်နိုင်မှု ပမာဏလည်း ယခင် သီတင်းပတ်များထက် လျော့ကျတာတွေ့ရပါတယ်။               ဇွန်လ ၄ ရက်မှ ၁ဝ ရက်အထိ တစ်ပတ်အတွင်း ပဲတီစိမ်းအညာရွှေဝါ တန် ၂ဝဝဝ နီးပါးနဲ့ ပဲတီစိမ်း တန်ချိန် ၅ဝဝ ကျော်သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဇွန်လ ၁ ရက်မှ ၁ဝ ရက်အတွင်း စုစုပေါင်း ပဲတီစိမ်း၊ အညာ တန်ချိန် ၄၄ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ရန်ကုန် ၤဥြ ဈေးမှာတော့ ရွှေဝါဈေးယခင်သီတင်းပတ်ထက် အနည်းငယ် ပိုလာတာ တွေ့ရပါတယ်။                                              တန်/ ဒေါ်လာ                   ပဲတီစိမ်း (အညာ)         ပဲတီရွှေဝါအသေး       ပဲတီရွှေဝါအကြီး၁ဝ-၆-၁၁         ၁ဝ၅ဝ-၁ဝ၇ဝ            ၁၂ဝဝ-၁၂၂ဝ             ၁၃ဝဝ-၁၃၂ဝ၃-၆-၁၁            ၁ဝ၅ဝ-၁ဝ၇ဝ            ၁၁၇ဝ-၁၁၉ဝ            ၁၂၇ဝ-၁၂၉ဝMIRT(MAPT)

Sunday, 12 Jun 2011

ပဲတီစိမ်း သင်္ဘောအတင် တန် ၃ဝဝဝ အောက်ကျဆင်းလာ               ပင်လယ်ရေကြောင်းက ပဲတီစိမ်းသင်္ဘောတင်ပို့မှု ယခင်သီတင်းပတ်က တန်ချိန် ၄ဝဝဝ ကျော်ရှိခဲ့ရာမှ ယခုသီတင်းပတ် (ဇွန်လ ၂ ရက်မှ ၈ ရက်) အတွင်းမှာတော့ တန်ချိန် ၃ဝဝဝ အောက်ကို လျော့ကျလာခဲ့ပါတယ်။ မေလ တစ်လလုံးတင်ပို့မှု အနေနဲ့ တန်ချိန် ၂ဝဝဝဝ ကျော်ရှိပြီး ၂ဝ၁ဝ မေလအတွင်းမှာတော့ တန်ချိန် ၁၃ဝဝဝ ကျော်သာ တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် ဇွန်လ ၃ ရက်နေ့အထိ ပဲတီစိမ်းတင်ပို့ပြီးစီးမှု တန်ချိန် ၆ သောင်းကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၅ သောင်းကျော်နဲ့ ယှဉ်ရင် တန်ချိန် တစ်သောင်း ပိုတင်နိုင်တာ တွေ့ရပါတယ်။ လာမယ့်အပတ်မှာ လည်း ပဲတီစိမ်း တင်ပို့မှု အနည်းငယ်လျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။MIRT- MAPT

Pages