Main menu

Background

Wednesday, 30 Mar 2011

ပဲလွန်းဖြူ၊ နီ တင်ပို့မှု ပမာဏ များနေဆဲ                 ပင်လယ်ရေကြောင်းက အခြားပဲများတင်ပို့မှုအနေနဲ့ ပဲလွန်းဖြူ၊ နီတင်ပို့မှု ပမာဏမှ ယခုသီတင်းပတ် (မတ်လ ၁၇ ရက်မှ ၂၃ ရက်) အတွင်း မှာလည်း တန်ချိန် ၁၅ဝဝ ခန့် ရှိနေတာ တွေ့ရပါတယ်။ ဈေးကွက်တွေကို လှိုင် လှိုင်ဝင်နေသလို ပြည်ပအဝယ်ပုံမှန် ရှိနေတာကြောင့် အခြားပဲတင်ပို့မှု လျော့ကျပေမဲ့ ပဲလွန်းဖြူနီ တင်ပို့မှု ကျ မသွားတာဖြစ်ပါတယ်။ ဒီတစ်ပတ် တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ မလေးရှား၊ ပါကစ္စတန်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပြောင်းလဲမှု မရှိဘဲ မတ်လ ၂၅ ရက်မှာလည်း  FAQ တစ်တန် ကန်ဒေါ်လာ ၈၈ဝ-၉ဝဝ နဲ့  SQ တစ်တန်ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT

Wednesday, 30 Mar 2011

ဝယ်လက်အေးလို့ ဈေးပြန်အေးတဲ့ တောင်ကြီးပဲစင်းငုံ                  ရှမ်းပြည်နယ်(တောင်ပိုင်း)မှာ ဒီနှစ် ပဲစင်းငုံအထွက်နည်းပါတယ်။ ဒီဇင်ဘာလရဲ့ နှင်းခါးရိုက်မှုကြောင့် အထွက်နှုန်းက မနှစ်ကထက်နည်းပါတယ်။ ဒီနှစ်ထွက်တဲ့ ပဲစင်းငုံရဲ့ဈေးနှုန်းကလည်း အတက်အကျကြမ်းပါတယ်။ စပေါ်ခါစ ဇန်နဝါရီလဆန်းမှာ ပဲစင်းငုံအနီသေး တစ်ပိဿာ ၉ဝဝ ကျပ်၊ အဖြူ၊ အနီကြီး တစ်ပိဿာ ၇ဝဝ ကျပ်ဈေးရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလရဲ့ ဒုတိယပတ်မှာ ဈေးထပ်တက်လာပြီး အနီအသေး တစ်ပိဿာ ၁ဝဝဝ ကျပ်၊ ဖြူ၊ နီကြီးက တစ်ပိဿာ ၈ဝဝ ကျပ်ထိ ဈေးတက်လာပါတယ်။ ကုန်တင်ပို့မှုတွေ သတ်မှတ်လိုက်တာကြောင့် သီးနံှတွေလည်း သယ်ပို့ခတွေနဲ့အတူ ဈေးတက်လာတာတွေ့ရပါတယ်။ မတ်လ ပထမနဲ့ ဒုတိယ ပတ်တွေမှာ ငုံနီသေး တစ်ပိဿာ ၈၈ဝ ကျပ်မှ ၉၈ဝ ကျပ်ဈေးပတ်ခြာလည်နဲ့ တက်လိုက်ကျလိုက်ဖြစ်နေပါတယ်။ တတိယပတ်မှာ ဈေးအနည်းငယ်ပြန်လှုပ်လာပြီး ပဲစင်းငုံသေးက တစ်ပိဿာ ၉၅ဝ ကျပ်၊ ၉၆ဝ ကျပ်၊ ငုံဖြူကြီးက ၇၂ဝ ကျပ်၊ ငုံနီကြီးက ၇၇ဝ ကျပ်ရှိလာပါတယ်။ ဒီနှစ်အရောင်းအဝယ်က မနှစ်ကထက်ပိုအေး ပေမဲ့ ရန်ကုန်ဝယ်လက်တွေက ပုံမှန်ဝယ်ယူ နေပါတယ်။ ဈေးကွက်မှာလည်း အင်နဲ့အားနဲ့ ဝင်လာခြင်း မရှိပေမဲ့ ပုံမှန်တော့ဝင်နေပါတယ်။ တစ်ပတ်ကိုလည်း ပိဿာချိန် ခြောက်သောင်းမှ တစ်သိန်းအထိ စီးဆင်းနေတယ်လို့ ဒေသခံကုန်သည် တွေထံက သိရပါတယ်။ ဒီတစ်ပတ်ပဲစင်းငုံဈေးက ဝယ်လက်အေးလို့ ဈေး အနည်းငယ် ပြန်ကျပြီး အနီအသေးက တစ်ပိဿာ ၈၅ဝ ကျပ်၊ ဖြူကြီး ၆ဝဝ ကျပ်၊ နီကြီး ၆၁ဝ ကျပ်ရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရပါတယ်။ ဧဧခိုင်

Wednesday, 30 Mar 2011

အေးသထက်အေးလာတဲ့ မုံရွာငုံနီဈေး                  ယခုတစ်ပတ်မုံရွာကုန်စည်ဒိုင်ပဲစင်းငုံနီဈေးကွက်အနေနဲ့ တစ်တင်း ၂ဝ၄ဝဝ ကျပ်နဲ့ ကျဈေးမှာ ၄ ရက်ခန့် ငြိမ်နေရာက မတ်လ ၂၂ ရက်မှာ တစ်တင်း ၆ဝဝ ကျပ် ထပ်မံဈေးကျခဲ့ရာ ၁၉၈ဝဝ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ ကုန်သည်ကြီးအချို့ကတော့ အိတ်စပို့ဈေးကွက်မျှော်လင့်ချက်နဲ့ ဝယ်ယူစုဆောင်းမှုရှိပြီး နယ်အဆွဲကတော့ အေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ နယ်တောင်သူအများစုကတော့ မြို့ပေါ်ပွဲရုံတွေဆီ ပစ္စည်းတင်ပို့အပ်နံှခဲ့ကြပြီး အသုံး လိုသလောက်သာ ကြိုထုတ်ခဲ့ကြကာ ကြိုက်ဈေးရမှ ဈေးဖြတ်ခဲ့ကြတယ်လို့ ဈေး ကွက်က ကြားသိရပါတယ်။  ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ စီးဆင်းတင်ပို့မှု အားနည်းခဲ့ရာ မန္တလေးကို တင်း ၂ဝဝဝ ခန့်၊ ရန်ကုန်ကို တင်း ၁၂ဝဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၁၅ဝဝ ရှိခဲ့ကြောင်း သိရှိရပါတယ်။ ထွန်းလှိုင်

Wednesday, 30 Mar 2011

ပဲစင်းငုံတင်ပို့မှု သိသိသာသာလျော့ကျ                   ယခုတစ်ပတ် ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှု သိသိသာသာ လျော့ကျလာခဲ့ပါတယ်။ ယခင်သီတင်းပတ်က တန် ၃ဝဝဝ ကျော်ကို လျော့ကျခဲ့ သလို ယခုသီတင်းပတ်(မတ်လ ၁၇ ရက်မှ ၂၃ ရက်)မှာလည်း တန်ချိန် ၂ဝဝဝ ကျော် ကို ဆက်လက်ကျဆင်းခဲ့ပါတယ်။ အိန္ဒိယဈေးကွက်တွေကို ပြည်တွင်းပဲစင်းငုံ အသစ်တွေ ဝင်ရောက်မှု တိုးတက်လာတာကြောင့် မြန်မာနိုင်ငံက တင်သွင်းမှု လျော့ကျလာခဲ့တာဖြစ်ပါတယ်။ ယခုသီတင်းပတ် ပြည်တွင်းဈေးကွက်မှာလည်း ပြည်ပအဝယ်နည်းတာကြောင့် တစ်ပတ်လုံး ဈေးဆက်တိုက်ကျဆင်းခဲ့ရာမှ သီတင်း ပတ်နောက်ဆုံးရက်မှာတော့ ဈေးပြန်မတ်လာတယ်လို့ သိရပါတယ်။ ရန်ကုန် FOB  ဈေးအနေနဲ့ မတ်လ ၂၅ ရက်မှာ ပဲစင်းငုံနီ  FAQ တစ်တန်ကို ကန်ဒေါ်လာ ၉ဝဝ-၉၂ဝ၊ ဖြူနီနဲ့အဖြူ  FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၆ဝ-၇၈ဝနဲ့ ပဲစင်းငုံနီ (အဟောင်း) FAQ တစ်တန်ကို ကန်ဒေါ်လာ ၈၇ဝ-၈၉ဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT

Wednesday, 30 Mar 2011

ပြည်မတ်ပဲဈေးပြန်မာလာ                ပြည်ပဲဈေးကွက်သို့ မကွေးတိုင်းဒေသကြီး စစ္စရံ၊ သက်ကယ်မြှောင်နဲ့ ပြည်ပတ်ဝန်းကျင်နယ်များမှ မတ်ပဲများအဝင်များနေပြီး တစ်နေ့ကို အိတ် ၆ဝဝ- ၇ဝဝ ခန့် အဝင်ရှိတယ်လို့သိရပါတယ်။ ယခင်တစ်ပတ်က မိုးရွာသွန်းမှုကြောင့် အရောင်းအဝယ်အေးခဲ့ရာမှ ယခုတစ်ပတ်မှာတော့ ရောင်းအားကောင်းနေတယ်လို့ သိရပါတယ်။ မြို့တွင်းလှောင်လက်သမား၊ ရန်ကုန်ဝယ်လက်များ အဝယ်များနေလို့ မတ်ပဲတစ်တင်းဈေးမှာ ၂၃၅ဝဝ-၂၃၈ဝဝ ကျပ်နဲ့ ဈေးအနည်းငယ်တက်ခဲ့ပြီး၊ နေ့စဉ် ဝင်သလောက် အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ပဲခူးတိုင်း ဒေသကြီး အနောက် တစ်တိုင်းလုံးမှ ရန်ကုန်ဘုရင့်နောင်ပွဲရုံများသို့ ပဲစီးဆင်းမှုကတော့ ပျမ်းမျှ တစ်နေ့ကို ၅၇ဝဝ အိတ်ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။                                   မိမိအေး

Wednesday, 30 Mar 2011

ဟင်္သာတမတ်ပဲဈေးပြန်အေး                ဟင်္သာတဈေးကွက်အတွင်းသို့ မတ်ပဲသစ်များ ဝင်ရောက်မှုနည်းသွားလို့ ရောင်းဝယ်မှုလည်း ယခင်တစ်ပတ်ထက် ပိုအေးသွားပါတယ်။ ရန်ကုန်ဝယ်လက်များ အဝယ်ရှိသော်လည်း မိုးရွာသွန်းမှုကြောင့် ပဲအိတ် ၅ဝဝ မှ ၈ဝဝ သို့သာ အဝင်ရှိပြီး ပိဿာ ၂ဝ ဝင် ပဲတစ်တင်းကို ယခုတစ်ပတ်တွင် ၂၃၆ဝဝ ကျပ်ဈေးသို့ ပြန်အေးသွား ပါတယ်။ တင်ပို့မှုအနေဖြင့် ရန်ကုန်ဈေးကွက်သို့ ယခုတစ်ပတ်အတွင်း တစ်တင်းခွဲ ဝင်အိတ် ၇၅ဝဝ ခန့် တင်ပို့မှု ရှိတယ်လို့ သိရပါတယ်။                                         အေးအေးခိုင်

Wednesday, 30 Mar 2011

မုံရွာတစ်ဖက်ကမ်းတွင် ဆောင်းမတ်ပဲများ စတင်ရိတ်သိမ်း                    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မတ်ပဲ (ဆောင်း) စိုက်ပိုျးရန်လျာထား ဧက ၁ ဒသမ ၄၅ သိန်းအနက် ၁ ဒသမ ၅ သိန်းကျော် ၁ဝ၄ ရာခိုင်နှုန်းစိုက်ပျိုးခဲ့ရာ မုံရွာတစ်ဖက်ကမ်း ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီးမြို့နယ်များတွင် မတ်ပဲများ စတင်ရိတ်သိမ်းနေကြပြီး ဧပြီလလောက်တွင် မတ်ပဲ (ဆောင်း) အသစ်များ စတင် ထွက်ပေါ်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ပဲအသစ်ပေါ်ခါနီးလို့ လက်ကျန် အဟောင်း ပဲများကုန်အောင် တောင်သူနဲ့ ကုန်သည်တွေ ထုတ်ရောင်းနေကြလို့ မတ်ပဲ ဈေးအေးသွားကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရပါတယ်။ မုံရွာ ကုန်စည်ဒိုင်မှာ မတ်ပဲ တစ်ပိဿာပေါက်ဈေး မတ်လ ပထမပတ်မှာ ၁ဝ၆၅ ကျပ်မှ ဒုတိယပတ်မှာ ၁၁၅ဝ ကျပ်သို့ တက်သွားပြီး တတိယပတ်မှာ ၁ဝ၈၅ ကျပ်သို့ ဈေးပြန်အေးသွားကြောင်း သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှ မတ်ပဲတင်း ၃ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ပြီး ယခုလအတွင်း မုံရွာမြို့မှ မန္တလေးမြို့သို့ မတ်ပဲတင်း ၄ဝဝ ကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။                    သန်းးသန်းးတင်

Wednesday, 30 Mar 2011

မတ်ပဲတင်ပို့မှု အနည်းငယ်လျော့ကျ                 ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်း တင်ပို့မှုအနေနဲ့ မတ်ပဲတန် ၈ဝဝဝ နီးပါးတင်ပို့ခဲ့ပေမဲ့ ယခုသီတင်းပတ် (မတ်လ ၁၇ ရက်မှ ၂၃ ရက်) အတွင်း မှာတော့ တန် ၅၅ဝဝ ကို အနည်းငယ်လျော့ကျတင်ပို့လာခဲ့ပါတယ်။ အိန္ဒိယ ဈေးကွက်တွေမှာလည်း လက်ကျန်ရှိနေပြီး ဈေးကျဆင်းနေတာကြောင့် မြန်မာ့မတ်ပဲ ဝယ်အားမတက်လာတဲ့အတွက် တင်ပို့မှု ကျဆင်းခြင်းဖြစ်တယ်လို့ ကုန်သည်ကြီး တစ်ဦးက ဆိုပါတယ်။ လက်ရှိပြည်တွင်း ဈေးကွက်အတွင်းမှာ မတ်ပဲဈေး ဆက်တိုက်အေးခဲ့ရာက မတ်လ ၂၅ ရက်မှာတော့ ဈေးပြန်မတ်လာပြီး အရောင်း အဝယ်အသင့်အတင့် ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB  ဈေးကတော့ ယခင်သီတင်းပတ်ကတည်းက တည်ငြိမ်လာခဲ့ရာ မတ်လ ၂၅ ရက်မှာလည်း မတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၉၂ဝ-၉၄ဝ နဲ့  SQ တစ်တန် ကန်ဒေါ်လာ ၁ဝ၄ဝ- ၁ဝ၆ဝ ဈေးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT 

Sunday, 20 Mar 2011

ဈေးကွက်ကောင်းလာတဲ့ ကျောက်ဆည်နနွင်း                 ကျောက်ဆည်မြစ်သားနယ်ကထွက်တဲ့ နနွင်းတက်ဟာ အရောင်အဆင်းနဲ့ အရည်အသွေးကောင်းမွန် တာကြောင့် ဈေးကွက်မှာ မျက်နှာပန်းလှနေပါတယ်။ ယခုနှစ် ကျောက်ဆည်ခရိုင်မှာ နနွင်းတက်စိုက်ဧက ၁၃၇၄ ရှိပြီး၊ အားလုံးတူးဖော်ပြီး ဖြစ်ပါတယ်။ တစ်ဧကကုန်ကျစရိတ်အနေဖြင့် ၇ သိန်းကျော်သာကုန်ကျခဲ့ပြီး အထွက်နှုန်း ၁ဝဝဝ ပိဿာဖြစ်လို့ တစ်ပိဿာ ကုန်ကျစရိတ်အနေဖြင့် ၇ဝဝ ကျပ်သာကုန်ကျပါတယ်။ စတင်တူးဖော်ချိန်မှာ တစ်ပိဿာ ၂၅ဝဝ ကျပ်သာဈေးရှိခဲ့ရာမှ ယခုရက်ပိုင်း ၃ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် ဈေးကွက်အလားအလာကောင်းမွန်ပြီး တွက်ခြေကိုက်လို့ နနွင်းတက်ကို တိုးခဲျ့စိုက်ပျိုးလာကြတယ်လို့လည်း သိရပါတယ်။                 ကျော်မြင့်

Pages