Main menu

Background

Sunday, 20 Mar 2011

ပဲတီစိမ်း အဝင်နည်းပြီး ဈေးအေးလာ                 မန္တလေးဈေးကွက်ကို ပခုက္ကူ၊ ရွှေဘို၊ မြင်းမူ၊ အရာတော်၊ ဆားတောင်ဒေသများနဲ့ ပဲခူး၊ ဒိုက်ဦးမှ ပဲတီစိမ်းများ ဝင်ရောက်မှု ရှိနေကြောင်း သိရပါတယ်။ အရင်တစ်ပတ်ပေါက်ဈေး ပဲတီစိမ်းရိုးရိုး တစ်ပိဿာ ၁၂၄၄ ကျပ်-၁၅၆၄ ကျပ်၊ ရွှေဝါစ ၁၉ဝဝ ကျပ်ရှိခဲ့ပြီး အခုတစ်ပတ်မှာ ရိုးရိုးစ ၁၃၅ဝ ကျပ်-၁၅၁ဝ ကျပ်၊ ရွှေဝါ ၁၈၆၇ ကျပ်ထိ ဈေးအေးလာခဲ့ပါတယ်။ အဝင်လည်းနည်းပြီး ဈေးအေးလာပေမဲ့ တရုတ်ဘက်ရော ပဲခွဲစက်များပါ အရောင်းအဝယ် ရှိနေပါတယ်။ ဈေးကွက်မှာ ခရမ်းရွှေဝါစက ဈေးအမြင့်ဆုံးရှိနေပြီး မန္တလေးဈေးကွက်ကို ဝင်လာတဲ့ ရွှေဝါစများက အရည်အသွေးပိုင်းမှာ အလတ်စတွေပဲ ဝင်ပြီး ရှယ်စများက ရန်ကုန် Over Sea လိုင်းကိုသွားတယ်လို့ ကုန်သည်များမှ ဆိုပါတယ်။ တရုတ်ဈေးကွက်ကို ၂ဝ၁၁ ဖေဖော်ဝါရီလတွင်းက တန်ချိန် ၈ဝဝဝ ခန့် ပို့ခဲ့ပြီး မတ်လတွင်းမှာ တန် ၁၅ဝဝ ပဲတင်နိုင်သေးလို့ အရှိန်လျော့လာတာကို တွေ့ရပါတယ်။ ဈေးကွက်မှာ ပဲတီစိမ်း ရိုးရိုးစနဲ့ လုံးကြီးထိပ်စများ လက်ကျန်နည်းနေကြောင်း သိရပြီး ခွဲစက်သမားများက တစ်ပိဿာ ၁၃၅ဝ ကျပ်-၁၅၁ဝ ကျပ်အတွင်း တရုတ်လိုင်းသမားများကတော့ ရွှေဝါစ တစ်ပိဿာ ၁၈၆၇ ကျပ်ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။ သက်သက်နိုင် 

Sunday, 20 Mar 2011

နယ်စပ်မှာ အရောင်းအဝယ်အေး                မတ်လ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ၅၁၅ သန်းတန်ဖိုးရှိ စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီး ပဲတီစိမ်း ၅၁၃ တန်ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၆၁၃ တန်နီးပါးတင်ပို့မှုလျော့နည်းခဲ့ပါတယ်။ယခုအချိန်မှာ တရုတ်ဖက်ရာသီဥတု အခြေအနေပေါ်မူတည်ပြီး ပဲတီစိမ်းဈေး ကွက်အရောင်းအဝယ်အေးပြီး ဝယ်ယူမှုနည်းပါးတဲ့အတွက် ယခုအပတ်မှာ တင်ပို့မှုလျော့နည်းရခြင်းဖြစ်ပါတယ်။ပြည်တွင်း ဈေးနှုန်းမှာ ယခင်အပတ်ပဲတီစိမ်းကြီး တစ်တန်ကို ၉၁၄၆၆၆ ကျပ်ရှိခဲ့ပြီး ယခုအပတ်မှာ ၈၂၇၄၁၄ မှ ၉၈ဝဝဝဝ ကျပ်၊ ပဲတီစိမ်းလတ်တစ်တန်ကို ၇၄ဝ၄၄၄ မှ ၇၆၂၂၂၂ ကျပ်၊ ပဲတီစိမ်းရွှေဝါတစ်တန်လျှင် ၁၁၃၂၄၄ ကျပ်မှ ၁၁၉၇၇၇ ကျပ်ထိရှိပြီး တစ်ဖက်နိုင်ငံရွှေလီဝယ်ယူဈေးမှာ ယွမ် ၈၈၈ဝ မှ ၁ဝ၄၈ဝ ယွမ်ထိ ဈေးပေါက်နေပါတယ်။မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြလိုက်ရပါတယ် -                                                             မိမိဘက်(ကျပ်/တန်)                တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                          ယခု                 ယခင်         ပြောင်းလဲမှု        %          ယခု          ယခင်   ပြောင်းလဲမှု      %ပဲတီစိမ်း         ၁၁၄၆၇၅၆        ၁၁၄ဝဝ၈ဝ        ၆၆၇၆           ဝ .၆      ၁၃၅၅         ၁၃၅၂       ၃            ဝ .၂၂MIRT (DOBT)

Sunday, 20 Mar 2011

ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှု အရှိန်ကောင်းနေဆဲ                   ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုကတော့ ယခုတစ်ပတ်မှာလည်း တန်ချိန် ၇၃ဝဝ ခန့်နဲ့ အရှိန်ကောင်း နေဆဲဖြစ်တာ တွေ့ရပါတယ်။ အဓိကဝယ်လက်ကတော့ တရုတ်ဖြစ်ပြီး ပုံမှန်နယ်စပ်လမ်းကြောင်းက တင်ပို့ရာမှ ယခုအခါ ဗီယက်နမ်ဘက်ကတစ်ဆင့် တင်ပို့နေတာကြောင့် ပင်လယ်ရေကြောင်းက တင်ပို့မှုတက်လာတာဖြစ်ပါတယ်။ ဗီယက်နမ်နယ်စပ်နဲ့ တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ်တို့အကြား အခွန်သက်သာခွင့် သဘောတူညီချက်အရ နယ်စပ်လမ်းကြောင်းမှ တင်ပို့မှုထက် ဗီယက်နမ်ဘက်ကို ပိုမိုတင်ပို့လာခြင်းဖြစ်တယ်လို့ ပဲကုန်သည်ကြီးတစ်ဦးထံမှ သိရပါတယ်။                ယခုတစ်ပတ်အတွင်း ဈေးကွက်တွေမှာ အိန္ဒိယဝယ်လက်အဝယ်အေးပေမဲ့ တရုတ်၊ ပါကစ္စတန် ဝယ်လက်အချို့ရှိလို့ အရောင်းအဝယ် အထိုက်အလျောက်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB  ဈေးအနေနဲ့ ယခုရက်ပိုင်းအတွင်း ပြောင်းလဲမှုမရှိဘဲ မတ်လ ၁၈ ရက်မှာ ပဲတီစိမ်း (အညာ) FAQ  တစ်တန်ကို ကန်ဒေါ်လာ ၁၁၆ဝ-၁၁၈ဝ၊ ပခုက္ကူ တစ်တန်ကို ကန်ဒေါ်လာ ၁၁ဝဝ-၁၁၂ဝ နဲ့ ရွှေဝါအသေး တစ်တန်ကို ကန်ဒေါ်လာ ၁၅၃ဝ-၁၅၅ဝ ဖြစ်ကြောင်းသိရပါတယ်။ MIRT - MAPT

Sunday, 20 Mar 2011

လက်လီသမားများသာ အဝယ်ရှိတဲ့ ပြည်ပဲလွန်းဖြူ                 ပြည်ပဲလွန်းဖြူ ဈေးကွက်သို့ မကွေးတိုင်းဒေသကြီး တက်သစ်ကျွန်း ရွာဘက်မှ တစ်ရက်ကို ပဲအိတ် ၃ဝ-  ၄ဝ ခန့် အဝင်ရှိခဲ့ပြီး၊ ပဲတစ်တင်းကို ၁၉ဝဝဝ ကျပ်ဈေးရှိတယ်လို့သိရပါတယ်။ အခြားတိုင်းဒေသကြီးနဲ့ ပဲရောင်းဝယ်မှုမရှိဘဲ မြို့တွင်းလက်လီ သမားများသာအဝယ်ရှိလို့ ပဲတစ်တင်း ကို ၂ဝဝဝဝ ကျပ်နဲ့ ပွဲရုံတွေက ပြန်လည်ရောင်းချ တယ်လို့သိရပါ တယ်။ မိမိအေး

Sunday, 20 Mar 2011

ပဲလွန်းဖြူ၊ ပဲလွန်းနီ တင်ပို့မှု တစ်ပတ်ထက်တစ်ပတ်ပိုမိုလာ             ပြည်ပ နိုင်ငံစုံအဝယ် ရှိနေတဲ့ ပဲလွန်းဖြူ၊ ပဲလွန်းနီဟာ ဈေးကွက် တွေထဲ လှိုင်လှိုင် ဝင်လာနေသလို ပြည်ပ တင်ပို့မှုလည်း တစ်ပတ်ထက် တစ်ပတ်ပိုမိုလို့လာတာ တွေ့ရပါတယ်။ ယခုတစ်ပတ် (မတ်လ ၁ဝ ရက်မှ ၁၆ ရက်နေ့) အတွင်း ပဲလွန်းဖြူ တန်ချိန် ၂ဝဝဝ နီးပါးနဲ့ ပဲလွန်းနီ တန် ၆ဝဝ ခန့်ရှိလို့ စုစုပေါင်းတန်ချိန် ၂၆ဝဝ ထိ တင်ပို့လာခဲ့တာ တွေ့ရပါတယ်။ ပဲလွန်းဖြူ တင်ပို့တဲ့ နိုင်ငံတွေကတော့ အီဂျစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ်နဲ့ ယူအေအီး တို့ဖြစ်ပါတယ်။              လက်ရှိဘဏ္ဍာနှစ်အတွင်း မတ်လ ၁၁ ရက်နေ့အထိ ပဲလွန်းဖြူတင်ပို့မှုကို လေ့လာရာမှာတော့ တန်ချိန် ၂၃ဝဝဝ ကျော်သာရှိပြီး ယခင်ဘဏ္ဍာနှစ်က တင်ပို့ခဲ့တဲ့ တန်ချိန် ၃၅ဝဝဝ ကျော် ထက် တန်ချိန် တစ်သောင်းကျော် လျော့နည်းနေသေးတာ တွေ့ရပါတယ်။ ယခုလပိုင်းအတွင်း ပဲလွန်းဖြူ၊ ပဲလွန်းနီ တင်ပို့မှု တိုးတက်လာပေမဲ့ ရန်ကုန် FOB  ဈေးက ငြိမ်လျက်ရှိပြီး မတ်လ ၁၈ ရက်နေ့မှာလည်း FAQ တစ်တန်ကို ကန်ဒေါ်လာ ၈၈ဝ-၉ဝဝ၊ ှ SQ တစ်တန်ကို ကန်ဒေါ်လာ ၉၈ဝ- ၁ဝဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT

Sunday, 20 Mar 2011

ရန်ကုန်အဆွဲအေးလို့ မန်းပဲစင်းငုံဈေးပြန်အေး                    ယခုအပတ်မှာ မန်းပဲဈေးကွက်ကို ရွှေဘိုဝယ်လက် မြင်းမူ၊ ထန်းတပင်၊ ဇီးကုန်း၊ ကျောက်ဆည်၊ တံတားဦး၊ မတ္တရာတို့မှ နေ့စဉ် ပဲစင်းငုံတစ်တင်းခွဲဝင်အိတ် ၁၅ဝဝ ကျော်ဝင်ရောက်ပါတယ်။ ယခင်အပတ်က မန်းဈေးကွက်မှာ ရန်ကုန် ဝယ်လက်ဝယ်လိုအားကောင်းလို့ တစ်ပိဿာ ၁ဝ၂၅ ကျပ်မှ ၁ဝ၄၂ ကျပ်သို့ ဈေးမာ လာခဲ့ပြီး ယခုတစ်ပတ်မှာ ရန်ကုန်အဆွဲအေးလို့ ဈေးပြန်အေးလာပါတယ်။ မတ်လ ၁၄ ရက်မှ ၁၈ ရက်နေ့ထိ နေ့စဉ်တစ်ပိဿာ ဈေးများကတော့ ၁ဝ၈၃ ကျပ်၊ ၁ဝ၅၈ ကျပ်၊ ၁ဝ၃၃ ကျပ်၊ ၁ဝ၁၇ ကျပ်နဲ့ ၁ဝဝ၈ ကျပ်သို့ ဈေးတဖြည်းဖြည်းအေး လာတာတွေ့ရပါတယ်။ နေ့စဉ်ပုံမှန်အိတ် ၂ဝဝဝ ဝန်းကျင်အရောင်းအဝယ်ဖြစ်ပြီး အရောင်းအဝယ်သွက်တဲ့နေ့ဆိုရင် အိတ် ၃ဝဝဝ ထိ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ကျော်ကျော်မိုး

Sunday, 20 Mar 2011

ဈေးကောင်းမျှော်နေတဲ့ ပြည်ပဲစင်းငုံ               ပြည်ပဲဈေးကွက်မှာ ယခင်နှစ် မတ်လအတွင်းက ပဲစင်းငုံ ပိဿာ ၂ဝတစ်တင်းကို အနိမ့်ဈေး ၂၇ဝဝဝ ကျပ်၊ အမြင့်ဈေး ၃၄ဝဝဝ ကျပ်ထိ ဈေးကောင်း ရရှိခဲ့တယ်လို့ သိရပါတယ်။ ဈေးကောင်းရတာကြောင့် အရောင်းအဝယ် သွက် ခဲ့ကြောင်း သိရပါတယ်။ ယခုနှစ်မတ်လမှာတော့ တစ်တင်းကို ၂ဝ၆ဝဝ - ၂၂ဝဝဝ ကျပ်အတွင်း ဈေးအတက်အကျရှိခဲ့ပါတယ်။ ယခုမတ်လ တတိယပတ်မှာ တော့ တစ်တင်းကို ၂ဝ၇ဝဝ ကျပ်ဈေးရှိနေပါတယ်။ ပြည်ဈေးကွက်သို့ အခြားတိုင်းမှ အဝင် မရှိတော့ပေမယ့် ယခုလမှာတော့ ရန်ကုန်သို့ အိတ် ၂၁ဝဝ ကျော်တင်ပို့ပြီး ကြောင်းသိရပါတယ်။ယခင်နှစ်ဈေးနဲ့ယှဉ်ရင်ဈေးနည်းနေသေးတာကြောင့်တောင်သူ အများစုနဲ့ လှောင်လက်သမားများက ဈေးကောင်းရမယ့်အချိန်ကို စောင့်နေတယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ

Sunday, 20 Mar 2011

မုံရွာငုံနီ တစ်နေ့တစ်ဈေးနဲ့ ပြောင်းလဲအရောင်းအဝယ်ကောင်းနေဆဲ                   မတ်လ ဒုတိယပတ် မုံရွာကုန်စည်ဒိုင် ပဲစင်းငုံနီဈေးကွက်မှာ နယ်အဝင် ပုံမှန်ရှိခဲ့ပြီး ဝယ်လက်စုံရောင်းလက်စုံနဲ့ တစ်နေ့တစ်ဈေးပြောင်းကာ အရောင်း အဝယ် ဖြစ်နေဆဲလို့ ပွဲရုံရပ်ကွက်က သိရပါတယ်။ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံနီပေါက်ဈေးများကို လေ့လာတဲ့အခါ တစ်တင်းလျှင် မတ်လ ၉ ရက်နေ့မှာ ၂ဝ၅ဝဝ ကျပ်၊ ၁ဝ ရက်နေ့မှာ ၂ဝ၉ဝဝ ကျပ်၊ ၁၁ ရက်နေ့မှာ ၂၁၂ဝဝ ကျပ်၊ ၁၄ ရက်နေ့မှာ ၂၁၄ဝဝ ကျပ်၊ ၁၅ ရက်နေ့မှာ ၂ဝ၉ဝဝ ကျပ်ကနေ ၁၆ ရက်နေ့မှာ ၂ဝ၄ဝဝ ကျပ် အသီးသီးဈေးလှုပ်ခဲ့တာတွေ့ရပါတယ်။ နယ်အဆွဲနည်းလို့ ဈေးအေး တဲ့အခါ ဒေသခံ ကုန်သည်တွေ ဝယ်ယူမှုရှိခဲ့ပြီး နယ်အဝယ်လိုက်လို့ ဈေးကိုက်တဲ့ အခါ ပြန်ရောင်းခဲ့ကြတယ်လို့ ကုန်သည်ရပ်ကွက်က ဆိုပါတယ်။ ရောင်းလက် ဝယ်လက် ပုံမှန်ရှိလို့ အရောင်းအဝယ်လည်း ပုံမှန်ဖြစ်ကာ မုံရွာကုန်စည်ဒိုင်မှာ တစ်နေ့ ပဲစင်းငုံနီတင်း ၇ဝဝဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ မတ်လ ၁၅ ရက်ပတ်အတွင်း မုံရွာ ကုန်စည်ဒိုင်နယ်မြေကနေ ထပ်ဆင့်တင်ပို့နိုင်မှု အနေနဲ့ မန္တလေးကို တင်း ၅ဝဝဝ ခန့် ရန်ကုန်ကို တင်း ၂၅ဝဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၃ဝဝဝ ခန့် ရှိခဲ့ကြောင်း သိရပါတယ်။ ထွန်းလှိုင်

Sunday, 20 Mar 2011

ယခုတစ်ပတ် ပဲစင်းငုံတင်ပို့မှု လျော့ကျ             ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုအနေနဲ့ ယခင်သီတင်းပတ်က တန်ချိန် ၅၆ဝဝ ခန့် တင်ပို့ခဲ့ပေမဲ့ ယခုသီတင်းပတ် (မတ်လ ၁ဝ ရက်မှ ၁၆ ရက်) အတွင်းမှာတော့ တန်ချိန် ၃ဝဝဝ ကျော်သာ လျော့ကျတင်ပို့ခဲ့တာ တွေ့ရပါတယ်။ အိန္ဒိယဈေးကွက်တွေကို ပဲဝင်ရောက်မှုတိုးတက်နေလို့ ပဲဈေးအကျဘက်ဆင်းနေလို့ အိန္ဒိယပဲတင်သွင်းသူများ မြန်မာပဲစင်းငုံဈေးအကျကို စောင့်ဆိုင်းနေကြပါတယ်။ ဒါပေမဲ့ ဈေးနိမ့်တဲ့ ရှမ်းစ၊ ပဲစင်းငုံအဖြူ၊ ဖြူနီကြားတို့ကိုတော့ အဝယ်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန် FAQ  တစ်တန်ကို ကန်ဒေါ်လာ ၉ဝဝ-၉၂ဝ၊ ဖြူနီနဲ့ အဖြူ (FAQ)  တစ်တန်ကို ကန်ဒေါ်လာ ၇၆ဝ-၇၈ဝ ဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT

Sunday, 20 Mar 2011

ပဲခူးဈေးကွက်သို့ မတ်ပဲပုံမှန်ဝင်            ပဲခူးတိုင်းဒေသကြီး၊ ပဲခူးပဲဈေးကွက်ကို ဖေဖော်ဝါရီလကုန်ကစပြီး မတ်ပဲ များ ဝင်လာပါတယ်။ ပေါ်စကရခဲ့တဲ့ တစ်ပိဿာ ၁၁ဝဝ ကျပ်ဟာ အခုမတ်လ လယ်အထိ ဒီဈေးနဲ့ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ မတ်ပဲအစိုက်များ တဲ့ သနပ် ပင်မြို့နယ်က ပဲခူးဈေးကွက်ကို နေ့စဉ်တစ်တင်းခွဲအိတ် ၁၅ အိတ်မှ ၂ဝ အိတ်ထိ ဝင်လာပြီး၊ လှောင်လက်ပဲကုန်သည်တို့ကတော့ ဝင်သမျှပဲကို ဝယ်ပြီး ဈေးကောင်း ရချိန်ကို စောင့်ကြတယ်လို့ သိရပါတယ်။ အေးဝင်း

Pages