Background
ပဲစင်းငုံအသစ်များ မုံရွာကုန်စည်ဒိုင်သို့ ဝင်လာပြီ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ် ပဲစင်းငုံလျာထား စိုက်ပျိုးဧက ၅ သိန်း၂ သောင်း ဖြစ်ပြီး ဧက ၅ သိန်း ၄ သောင်းကျော်စိုက်လို့ ၁ဝ၄ ရာခိုင်နှုန်းစိုက်ပျိုးခဲ့ပါတယ်။ ပဲစင်းငုံအထွက် အနည်းငယ်နောက်ကျလို့ ယခုအပတ်မှ စတင်ပြီး ပဲစင်းငုံအသစ်များဝင်ရောက်လာခဲ့ပါတယ်။ ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ ချောင်းဦးမြို့နယ်များမှ မုံရွာမြို့သို့ တစ်ရက်ကို တင်း ၃ဝဝ၊ ၄ဝဝ စတင်ဝင်ရောက် လာပြီဖြစ်ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခုဇန်နဝါရီလ ၁၁ ရက်အတွင်း ပဲစင်းငုံတစ်ပိဿာ ပေါက်ဈေးအနိမ့်၊ အမြင့်မှာ အဟောင်း ၇၂၅ ကျပ်၊ ၈၄ဝ ကျပ်၊ အသစ် ၈၂၅ ကျပ်၊ ၉၂ဝ ကျပ်ဈေးအသီးသီးနဲ့ အရောင်းအဝယ် ပြုလုပ်ကြပါတယ်။ ရန်ကုန်၊ မန္တလေးဝယ်လက်သမားများက ပဲစင်းငုံအဟောင်းကို အဝယ်များပြီး ဒေသတွင်း ကုန်သည်လှောင်လက်သမားများက ပဲစင်းငုံအသစ်ကို ဝယ်ယူသိုလှောင်ကြကြောင်း ကုန်စည်ဒိုင်သတင်း ရပ်ကွက်က သိရပါတယ်။ ယခုလ ဇန်နဝါရီလ ၁၁ ရက်အတွင်း မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှ ပဲစင်းငုံအဟောင်းတင်း ၁၃ဝဝ ခန့် ပဲစင်းငုံအသစ်တင်း ၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ သန်းးသန်းးတင်
ဈေးလှုပ်နေတဲ့ ပြည်ပဲစင်းငုံ ယခုတစ်ပတ် ပြည်ဈေးကွက်သို့ အောင်လံ၊ ရေနံချောင်းမှ ပဲစင်းငုံအိတ် ၆ဝဝ အဝင်ရှိပြီး အနောက်ဘက်ကမ်း ပန်းတောင်းနဲ့ ဥသျှစ်ပင်မှလည်း နေ့စဉ် အိတ် ၄ဝဝ-၅ဝဝ အဝင်ရှိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ တိုင်းအတွင်းရှိ ပေါင်းတလည်၊ ပေါက်ခေါင်းမြို့နယ်များမှလည်း နေ့စဉ်အိတ် ၁ဝဝ နီးပါး အဝင်ရှိတယ်လို့ သိရပါတယ်။ စုစုပေါင်းဝင်ရောက်မှုအနေဖြင့် ပြည်ဈေးကွက်သို့ အိတ် ၁၁ဝဝ-၁၂ဝဝ ခန့် အဝင်ရှိပြီး တင်ပို့မှုအနေနဲ့ ရန်ကုန်ကို အိတ် ၅ဝဝ တင်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ ဈေးနှုန်းအနေဖြင့် ယခင်တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၁၇၅ဝဝ ကျပ်ဈေးရှိပြီး ယခုတစ်ပတ်အစမှာတော့ တစ်တင်းကို ၁၈၅ဝဝ ကျပ်ထိ ဈေးမြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ စပေါ်ချိန်မှသာ ဈေးကောင်းရနေပြီး နောက်ရက်များတွင် ဝယ်လက်များ အေးနေ ခြင်းကြောင့် ဈေးပြန်ကျခဲ့တယ်လို့ သိရပါတယ်။ တစ်တင်းကို ၁၇၈ဝဝ ကျပ်ထိ ဈေးကျခဲ့သော်လည်း ယခင်တစ်ပတ်ဈေးနဲ့ယှဉ်ရင် ဈေးအနည်းငယ် မြင့်နေ ကြောင်း သိရပါတယ်။ ဆုမွန်မွန်ဆွေ
အရောင်းအဝယ်သွက်ဈေးမြင့်လာတဲ့ မန်းပဲစင်းငုံ မန်းဈေးကွက်အတွင်း ယခုတစ်ပတ်တွင် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် သမားများ ဝယ်လိုအား ကောင်းလာ တဲ့အတွက် အရောင်းသွက်ပြီး ဈေးမြင့်လာ တာတွေ့ရပါတယ်။ ပစ္စည်းအဟောင်းရှိတဲ့ လှောင်လက်သမား များကလည်း ထုတ်ရောင်းလာကြသလို ဈေးကွက်အတွင်း ဝင်ရောက်လာတဲ့ ပဲစင်းငုံနီ အသစ်များကိုလည်း ဝယ်ယူနေတာကို တွေ့ရပါတယ်။ အသစ်ရော အဟောင်းပါ အရောင်းအဝယ်ကောင်းခဲ့တာကြောင့် ပဲစင်းငုံဈေးကွက် စည်ကားလာပါတယ်။ ယခုတစ်ပတ် ပဲစင်းငုံနီအသစ် တစ်ပိဿာ ၁ဝဝဝ ကျပ်၊ တစ်တန် ၆၁၂၃၉ဝ ကျပ်၊ ပဲစင်းငုံနီအဟောင်း တစ်ပိဿာ ၈၆၇ ကျပ်၊ တစ်တန် ၅၃ဝ၉ဝဝ ကျပ်ဈေးတို့ဖြင့် ဈေးမြင့်လာပြီး အရောင်းအဝယ် ဖြစ်နေကြကြောင်း သိရပါတယ်။ ကျော်ကျော်မိုး
ယခင်အပတ်ထက် ပဲစင်းငုံ နှစ်ဆ အတင်ရှိ ယခင်သီတင်းပတ်က ပဲစင်းငုံတန်ချိန် ၂ဝဝဝ ခန့် သာ တင်ပို့မှု ရှိခဲ့ပေမဲ့ ယခုသီတင်းပတ် (ဇန်နဝါရီလ ၇ ရက်မှ ၁၂ ရက်) အတွင်းမှာတော့ တန်ချိန် ၄၄ဝဝ ခန့်အထိ ၂ ဆတိုးတက်လာတာတွေ့ရပါတယ်။ အိန္ဒိယမှာ ပဲစင်းငုံ အထွက် ကောင်းမယ်လို့ အစောပိုင်းက ခန့်မှန်းထားခဲ့ပေမဲ့ ရာသီဥတု အအေးလွန်ကဲခြင်းနဲ့ အခိုျ့ဒေသတွေမှာ ဒီဇင်ဘာလက မိုးရွာသွန်းမှုတွေကြောင့် အထွက် လျော့သလိုအရည်အသွေးလည်း ပျက်စီးမှုတွေရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် အိန္ဒိယ ဝယ်လက်တွေ မြန်မာပဲစင်းငုံဘက်လှည့်ပြီး အဝယ်ပြန်လိုက်လာခဲ့တာကြောင့် ပဲစင်းငုံဈေးက ခေါင်းပြန်မော့လာသလို တင်ပို့မှုလည်း တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း ပဲစင်းငုံတင်ပို့မှုကို လေ့လာကြည့်မယ်ဆိုရင် ဇန်နဝါရီလ ၇ ရက်နေ့အထိ တန်ချိန် ၈၃၆ဝဝ ခန့်သာ တင်ပို့မှုရှိခဲ့ပြီး ယခင် ဘဏ္ဍာနှစ်ကာလတူတင်ပို့မှုမှာ တန်ချိန် ၁၃၅ဝဝဝ ခန့်ရှိလို့ သိသိသာသာတင်ပို့မှု လျော့ကျ ခဲ့တာတွေ့ရပါတယ်။ မြင့်တက်လာတဲ့ ရန်ကုန် ၤဥြ ဈေးများကို ယခင် သီတင်းပတ်ဈေးနဲ့ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ပဲစင်းငုံနီ ပဲစင်းငုံဖြူနီ၊ အဖြူ ၁၄-၁-၁၁ ၇၈ဝ-၈ဝဝ ၆၉ဝ-၇၁ဝ ၇-၁-၁၁ ၆၉ဝ-၇ဝဝ ၆၃ဝ-၆၄ဝ MIRT(MAPT)
ဈေးအေးသော်လည်း အရောင်းအဝယ်သွက်တဲ့ စစ်ကိုင်းကမတ်ပဲ မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခု ဇန်နဝါရီလ ၁ရက်နေ့မှာ မတ်ပဲတစ်ပိဿာ ၉၇၅ ကျပ်၊ ၈ ရက်နေ့မှာ ၁ဝ၇၅ ကျပ်၊ ၁၁ ရက်နေ့မှာ ၁ဝ၆ဝ ကျပ်သို့ ဈေးအေးသွားကြောင်းသိရပါတယ်။ ဈေးအေးသော်လည်း ရန်ကုန် ဝယ်လက် အဆွဲ များလို့ အရောင်းအဝယ်သွက်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်ကသိရပါတယ်။ အရာတော်၊ ချောင်းဦး၊ ဒီပဲယင်း၊ ရေဦး၊ တန့်ဆည်မြို့များမှ မုံရွာမြို့သို့ ဝင်ရောက်လာပါတယ်။ ယခုလအတွင်း စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှ မန္တလေး မြို့သို့ မတ်ပဲ ၇၅ တင်း၊ ရန်ကုန်မြို့သို့ မတ်ပဲတင်း ၆ဝဝ စီးထွက်ခဲ့ပါတယ်။ မုံရွာ ကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှတင်း ၆ဝဝ ကျော် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ သန်းသန်းတင်
မိုးညိုမတ်ပဲဈေးကွက်စဝင်ပြီး ပြည်မတ်ပဲဈေးကအေးနေဆဲ ပဲခူးတိုင်းဒေသကြီးအနောက် မိုးညိုမြို့နယ်မှာ ရေလိုက်မတ်ပဲတွေ ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ထွက်ရှိပြီး ပိဿာ ၂ဝ တစ်တင်းကို ၂ဝဝဝဝ ကျပ်နဲ့ ဈေးစဖွင့်ရောင်းချခဲ့ပါတယ်။ ဇန်နဝါရီလ ဒုတိယပတ်မှာတော့ ပဲတစ်တင်းကို ၂ဝ၅ဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိတယ်လို့ သိရပါတယ်။ ပြည်မြို့ရဲ့ ပဲဈေးကွက်မှာ ဇန်နဝါရီလ ပထမပတ်မှာ ပိဿာ ၂ဝ တစ်တင်းကို ၂၁၂ဝဝ ကျပ်ဈေးရှိပြီး ဒုတိယပတ်မှာတော့ ၂၁၅ဝဝ ကျပ်ဈေးနဲ့ ဈေးသိသိသာသာမြင့်တက်လာခြင်းမရှိဘဲ ဈေးအေးနေဆဲဖြစ်ပါတယ်။ မြို့တွင်း ရောင်းဝယ်မှုကတော့ အေးပေမဲ့ ရှိနေသေးတဲ့ ပဲလက်ကျန်ကို ငွေပေါ်လိုသူတွေ ထုတ်ရောင်းကြတာကြောင့် တစ်နေ့ကို အိတ် ၂ဝဝ ခန့်အရောင်းအဝယ်ရှိတယ်လို့ သိရပါတယ်။ ပြည်မှ ရန်ကုန်သို့ ပဲစီးဆင်းမှုကတော့ ဇန်နဝါရီ ဒုတိယပတ်အတွင်း ပဲတစ်တင်းခွဲအိတ် ၁၉၅ဝ အိတ်ခန့်တင်ပို့တယ်လို့ သိရပါတယ်။ မိမိအေး
မတ်ပဲတင်ပို့မှု သိသိသာသာမြင့်တက် ယခုတစ်ပတ်အတွင်း မတ်ပဲတင်ပို့မှုက တန်ချိန် ၁၁ဝဝဝ ကျော်ထိအောင် သိသိသာသာတိုးတက် လာခဲ့ပါတယ်။ ယခင်သီတင်းပတ်တွေက တန်ချိန် ၈ဝဝဝ ဝန်းကျင် တင်ပို့ခဲ့ရာက ယခုတစ်ပတ်မှာ တိုးတက်တင်ပို့ လာနိုင်ခဲ့ပါတယ်။ အိန္ဒိယ ဝယ်လက်များ အဝယ်စိပ်လာခဲ့တဲ့အတွက် အရောင်းအဝယ်ဖြစ်မှုများလာသလို တင်ပို့မှု အားကောင်းလာကာ FOB ဈေးလည်းမြင့်တက်လာတာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း မတ်ပဲတင်ပို့မှုကို လေ့လာရာမှာ ဇန်နဝါရီလ ၇ ရက်နေ့အထိ တန်ချိန် ၃၆ဝဝဝဝ ကျော်ထိ တင်ပို့မှုရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလ တူမှာ တန်ချိန် ၄၈ဝဝဝဝ ထိ တင်ပို့နိုင်ခဲ့လို့ ယခုနှစ်ကာလတူမှာ တန်ချိန် ၁၂ဝဝဝဝ ထိ လျော့ကျတင်ပို့ခဲ့တာတွေ့ရပါတယ်။ မြင့်တက်လာခဲ့တဲ့ ရန်ကုန် ၤFOB ဈေးများ ကို ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ) ၁၄-၁-၁၁ ၈၅ဝ-၈၆ဝ ၁ဝ၅ဝ-၁ဝ၆ဝ ၇-၁-၁၁ ၈၁ဝ-၈၂ဝ ၁ဝဝဝ-၁ဝ၁ဝ MIRT(MAPT)
ပြည်တွင်းစားမကုန်နိုင်တဲ့ ကြက်သွန်နီကို စားသုံးသူတွေ ဈေးအမြင့်နဲ့ ဝယ်စားနေရ မြန်မာနိုင်ငံရဲ့ ကြက်သွန်နီ စိုက်ပျိုး မှုသဘာဝအရ မိုးမှာလည်း စိုက်ပျိုး သလို ဆောင်းမှာလည်း ချောင်းဘေး သဲသောင်တွေမှာ စိုက်ပျိုးကြပါတယ်။ ဆောင်းစိုက်ကြက်သွန်ကို စနစ်တကျ သိုလှောင်ထားနိုင်ရင် တစ်နှစ်လုံးစားသုံး လို့ရပေမယ့်မိုးစိုက်ကတော့ ရာသီဥတု အပေါ် တည်မီစိုက်ရတာဖြစ်ပြီး၊ နှစ်လ၊ သုံးလပဲ ထားပါတယ်။ နှစ်စဉ် ဒီဇင်ဘာလမှာ မိုးကြက်သွန်တွေဖြိုင်ဖြိုင်ပေါ်လေ့ရှိပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာမုန်တိုင်းနဲ့ရွာခဲ့တဲ့မိုးကြောင့် မိုးကြက်သွန်စိုက်ချိန်နောက်ကျခဲ့ပါတယ်။ ဒါကြောင့် ဒီအချိန်က အဟောင်းလည်း ကုန် အသစ်လည်းပေါ်စ စပ်ကူးမတ် ကူးကာလဖြစ်နေပါတယ်။ ကြက်သွန်နီ အဓိကစိုက်တဲ့ ပခုက္ကူ၊ ရေနံချောင်းနဲ့ မြင်းခြံနယ်တွေမှာ ကြက်သွန်နီပေါ်ဖို့ လိုသေးပေမယ့် မြစ်သားနယ်ဘက်မှာ တော့ အပင်လေးစိုက်ကြက်သွန်တွေ ထွက်ပေါ်နေပါပြီ။ ဒီလိုထွက်လာတဲ့ မိုးကြက်သွန်နီတွေ ပြည်တွင်းစားသုံးလို့ ရနိုင်တဲ့ အခြေအနေရှိနေတာကို ကိုယ့်တိုင်းပြည်က စားသုံးသူတွေက အမြင့်ဈေးနဲ့ဝယ်စားစေပြီး၊ တစ်ဖက် နိုင်ငံ စားသုံးသူတွေ စားဖို့အတွက် တရားမဝင်နည်းလမ်းတွေနဲ့ ပို့နေတာ သိရပါတယ်။ ဒါကြောင့်မြဝတီဘက်ကို ဦးတည်နေတဲ့ ကြက်သွန်နီကားတွေကို တာဝန်ရှိသူတွေက ပြန်လှည့်မောင်းခိုင်း နေရပါတယ်။ တကယ်တမ်းကျတော့ ကိုယ့်ပြည်တွင်းက ထွက်တာကို ဖူဖူလုံလုံ စားနိုင်ပေမယ့် ပြည်ပကို တရားမဝင်ထွက်နေတာတွေကြောင့် ဈေးနှုန်းအတက်အကျတွေ ဖြစ်နေရ တာပါ။ မနှစ်က ကြက်သွန်နီအထွက် က ဖူလုံမှုရှိရုံတင်မကဘဲ ပိုလံျှမှုရှိနေ တာကို မှောင်ခိုတွေထွက်ခဲ့ကြပါတယ်။ ကြက်သွန်ကုန်သည်များထဲက ဝိသမ လောဘသားအချို့က ကြက်သွန်နီကို ဈေးတက်အောင် ဈေးကျလာအောင် မီဒီယာတွေကို အသုံးချပြီး နည်းအမျိုးမျိုးနဲ့ ဈေးကစား နေကြတာလည်း မကြာခဏတွေ့ရပါတယ်။ ဒါကြောင့် မီဒီယာကို အသုံးချပြီး၊ ဈေးကစား နေ ကြသူတွေ၊ တရားမဝင် တင်ပို့နေသူ တွေကို ထိထိရောက် ရောက် ထိန်းသိမ်း အရေးယူသွားဖို့ လိုအပ်နေပြီဖြစ် ကြောင်း ပြောပြချင်ပါတယ်။ မောင်သစ္စာ
ရှမ်းနနွင်းလည်း ဈေးကွက်စဝင် ရှမ်းပြည်နယ် တောင်ပိုင်း နနွင်းဈေးကွက်ကတော့ ဟိုပုံး၊ ရွာငံ၊ ပင်လောင်းဘက်က နနွင်းများအနည်းငယ် စဝင်နေပြီ ဖြစ်ပါတယ်။ တစ်ပိဿာ ကျပ်၃၅ဝ ရှိပြီး၊ ဟိုပုံးမြို့နယ်တစ်ဝိုက် နနွင်းတွေကတော့ နနွင်းခြောက် ပြုလုပ်ရန် အတွက် အဓိကထား ဝယ်ယူကြတယ်လို့သိရပါတယ်။ နနွင်းခြောက်အသစ် တစ် ပိဿာကို ကျပ် ၂၅ဝဝ မှ ၃ဝဝဝ ဈေးရှိပါတယ်။ နမ့်ဆန် ဘက်မှာတော့ နနွင်း အစိုများ စပေါ်ပြီး ဈေးကွက်အတွင်းသို့ ကွန်ဟိန်း၊ ခိုလန်၊ ကာလိ၊ မိုင်းဆီ၊ နောင် မော် စတဲ့ ရွာများဘက်က ထွက်တဲ့ နနွင်းများစဝင်လာပါတယ်။ နနွင်းအစိုတစ်ပိဿာ ကျပ် ၂ဝဝ မှ ၃ဝဝ ဝန်းကျင်ရှိပါတယ်။ မနှစ်က နနွင်းခြောက် ဈေးကောင်းရလို့ ဒီနှစ်မှာလည်း ဈေးပိုကောင်းနိုင်မယ်လို့ မျှော်လင့်နေကြပြီး၊ နနွင်းခြောက်ပြုလုပ် ရန်အတွက် ဝယ်လိုအားကောင်းနေတယ်လို့ သိရပါတယ်။ တစ်ပတ်အတွင်း ပိဿာချိန် ၁ သိန်းခန့် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ပွဲရုံများက သိရပါတယ်။ စောယုထွေး
နနွင်းတက် ဒီဇင်ဘာလ ၂၉ ရက်မှ ဇန်နဝါရီလ ၄ ရက်ထိကာလအတွင်း စစ်တွေနယ်စပ်မှ နနွင်းတက် တစ်တန် ကန်ဒေါ်လာ ၁၆ဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့နိုင်ခြင်းမရှိဘဲ ဒီဇင်ဘာ တစ်လလုံးမူဆယ်နဲ့ စစ်တွေနယ်စပ် များမှ နနွင်းတက် ၁၄ တန်ခွဲ၊ ဧပြီလမှ ဒီဇင်ဘာလထိ တန်ချိန် ၁ဝဝဝ ကျော်သာ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ မိမိဘက်မြေပြင် ပေါက်ဈေး ကျပ် ၁၅၂၆၉၄ဝ ရှိပြီး တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးက တာကာ ၁၄ဝဝဝဝ ရှိပါတယ်။ တင်တင်ထွန်း(MIRT)