Main menu

Background

Monday, 8 Jul 2013

ယခုရက်ပိုင်းအတွင်း အိန္ဒိယ မွန်ဘိုင်း ဈေးကွက်တွင် မြန်မာမတ်ပဲကို ပဲခွဲစက်နှင့် ကုန်သည်များ အဝယ် လိုက်မလာ၍ ဈေးငြိမ်နေပြီး ပဲစင်းငုံ နီမှာ အဝယ်မရှိ၍ ဈေးကျဆင်းနေ ကြောင်း သိရပါတယ်။ ဇွန်လ ၂၆ ရက်နေ့အထိ မိုးပဲမျိုးစုံ ဟက်တာ ၁၀ ဒသမ ၅ သိန်းစိုက်ပျိုး နိုင်ခဲ့ပါ တယ်။ ယခုနှစ် မိုးရာသီ ပထမ ၅ ပတ်မှာ မုတ်သုန်မိုးပျမ်းမျှထက် ၂၇ ရာခိုင်နှုန်း ပိုရွာသွန်းခဲ့ပြီး လက်ရှိ အခြေအနေမှာတော့အိန္ဒိယမြောက်ပိုင်း မှာ မုတ်သုန်အား ပြန်လျော့သွားခဲ့ တယ်လို့ သိရပါတယ်။

Monday, 8 Jul 2013

 
မုံရွာကုန်စည်ဒိုင် ဇူလိုင်လ ပထမပတ်ပဲဈေးကွက်မှာ ဒေသသုံးနဲ့ ကုန်သည်ဝယ်လက်အတွက် ကုလားပဲ၊ ပဲစင်းငုံနီ၊ ပဲကြီး၊မတ်ပဲတို့ အရောင်းအဝယ်အေးခဲ့ပြီး၊ Export  ဝယ်လက် အတွက် စိမ်းကြီး၊ ပဲပုတ်နဲ့ စွန်တာနီတို့ အနည်းငယ် အရောင်း အဝယ်သွက်ခဲ့ပါတယ်။ ကုလားပဲဈေးကွက်အနေနဲ့ ဒေသတွင်း ကုန်သည်တွေ မှာ ပဲလက်ကျန်ရှိသေးသလို Export   ဝယ်လိုအား မရှိဘဲ ဒေသခံလက်လီသမားတွေနဲ့ ကြာဇံစက်သမား၊ ခွဲစက်သမား တွေသာ အဝယ်ရှိ လို့ ဈေးဆက် လက်အေးနေရာ ယခုတစ် ပတ်အတွင်း ကုလားပဲရိုးရိုးတစ်တင်း ၁၆၅၀၀ ကျပ်၊ ထိုင်ဝမ် တစ်တင်း ၁၇၀၀၀ ကျပ်၊ 929 တစ်တင်း ၁၇၀၀၀ ကျပ်နဲ့ V2 တစ်တင်း ၁၇၂၀၀ ကျပ်ထိ အသီးသီးကျဈေးဖြစ်ခဲ့ပါ တယ်။

Monday, 1 Jul 2013

ထိုင်းဟင်းလျာတွေကို ကြည့်လိုက်ရင် အစပ်မပါတာရှားတယ်။ အဓိကဟင်းကလဲ စပ်တာပဲ။ ဟင်းရန် ကလဲ စပ်တာဘဲ၊ ဟင်းချိုဆို ပေမယ့် အစပ်ပါတာဘဲ။ မြန်မာ့ဟင်းလျာထက် အပူအစပ်အသုံး ပိုများတယ်။ သူတို့ ဒေသ ထွက် ငရုတ်လဲရှိမှာဖြစ်ပေမယ့် မေလလယ် ကလွိုင်ကော်မှာပြုလုပ်ခဲ့တဲ့မယ်ဟောင်ဆောင်နဲ့ ကယားဒေသ ထွက် ကုန်ဆွေးနွေးပွဲမှာ ကယားဘက်က ထွက်တဲ့ ငရုတ်စစ်စစ်ကို ထွက် သမျှ ဝယ်ချင်တဲ့ အကြောင်းဆွေးနွေးခဲ့ ကြတယ်။

Monday, 1 Jul 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်ကူးသန်းရောင်းဝယ်ရေး စခန်းများမှ ၂၀၁၃ ခုနှစ် ဇွန် ၁၉ ရက်မှ ၂၅ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၃၈၈၄ သန်းတန်ဖိုးရှိ ကြက်သွန်နီ တန် ၁၀၀၀ နီးပါးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ် နဲ့နှိုင်းယှဉ် ပါ က ၇၄ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာကိုတွေ့ရပါတယ်။

Monday, 1 Jul 2013

ဒီနှစ်မှာ ရှမ်းနနွင်းက ချင်းလောက်အရောင်းမသွက်ပေ မယ့် ပုံမှန်တော့ အရောင်းအဝယ်ဖြစ်နေပါတယ်။ ပြည်ပ ဝယ် လိုအား သိပ်မကောင်းပေမယ့် မနှစ်ကထက်တော့ ဖြုန်းအား ကောင်းနေတယ်လို့ သိရပါတယ်။ လက်ကျန် နနွင်းတွေက လည်း သောင်းဂဏန်းခန့် ကျန်နေသေးတယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ပြည်တွင်း ဝယ်လက်တွေကဘဲ ဝယ်ယူ မှု ရှိနေပါတယ်။ ဒါပေမယ့် စစ်တွေဝယ်လက်တွေကလည်း ချင်းလိုပဲ ဝယ်ယူ နေကြပါ တယ်။ အများဆုံး ဝယ်ယူနေတာ ကတော့ ရန်ကုန်၊ မုံရွာ စစ်တွေ ဝယ်လက်တွေလို့ သိရပါ တယ်။

Monday, 1 Jul 2013

ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇွန်လ ၁၆ ရက်မှ ၂၂ ရက်နေ့တာကာလအတွင်း နနွင်း ၈၈ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ပါကစ္စတန်နိုင်ငံကို တန် ၆၀ နဲ့ မလေးရှားနိုင်ငံကို ၂၈ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်နနွင်းတင်ပို့မှုမှာ တန် လေးရာကျော်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ နနွင်းတင်ပို့မှုလျော့ခဲ့တယ်လို့ ဆိုရပါ မယ်။ FOB  ဈေးက ယခင်တစ် ပတ်ကန်ဒေါ်လာ လေးရာ့ ကိုးဆယ်ကျော်ရရှိခဲ့ပေမဲ့ ဒီတစ်ပတ်မှာ FOB  ဈေး တစ်တန် ကို ကန်ဒေါ်လာ လေးရာ့လေးဆယ်ဝန်းကျင်သာ ရရှိခဲ့တယ် လို့ သိရပါတယ်။                   MIRT (DOT)

Monday, 1 Jul 2013

ဇန်နဝါရီလဆန်း မန်ကျည်းမှည့်အသစ်များ ပေါ်စအချိန် ဈေးကွက်မှာ အဝင်မလှိုင်သေးတာကြောင့် မန်ကျည်းသီးအသစ်အစေ့မပါ တစ်ပိဿာ ၂၀၀၀ ကျပ်နဲ့ မန်ကျည်းဟောင်း တစ်ပိဿာ ၁၃၀၀ ကျပ်ဈေးရှိခဲ့ပါတယ်။  မန်ကျည်း မှည့်များ လှိုင်လှိုင်ပေါ်ချိန် မတ်လမှာတော့ မန်ကျည်းမှည့်သစ် အစေ့မပါ တစ် ပိဿာ ၁၀၀၀ ကျပ်ဈေးသာ ရှိခဲ့ပြီး လှောင်လက်သမားများ အဝယ် လိုက်တာ ကြောင့် အရောင်းအဝယ်သွက်ခဲ့တာကိုတွေ့ရပါတယ်။ ယခု ဇွန်လ ကုန်မှာတော့ မန်ကျည်းမှည့်ဈေးများ ပြန်မြင့်လာခဲ့ပြီး၊ လက်ကားတစ်ပိဿာ ၁၅၀၀ ကျပ်၊ လက်လီတစ်ပိဿာ ၂၀၀၀ ကျပ်ဈေးထိ ဈေးပြန်မာလာခဲ့ပေမဲ့ အရောင်း အဝယ်က တော့ အနည်းငယ်အေးနေပါတယ်။ ယခုဇွန်လ နောက်ဆုံးပတ်မှာတော့ ပြည်ဈေး ကွက်အတွင်းမှာ ယခင်နှစ်က မန်ကျည်းမှည့်ဟောင်းများ လက်ကျန်မ ရှိတော့ခြင်း ကြောင့် ဈေးပြန်မာလာတာလို့သိရပါတယ်။                  အိဆွေဇင်-ပြည်

Monday, 1 Jul 2013

ဇန်နဝါရီလဆန်း မန်ကျည်းမှည့်အသစ်များ ပေါ်စအချိန် ဈေးကွက်မှာ အဝင်မလှိုင်သေးတာကြောင့် မန်ကျည်းသီးအသစ်အစေ့မပါ တစ်ပိဿာ ၂၀၀၀ ကျပ်နဲ့ မန်ကျည်းဟောင်း တစ်ပိဿာ ၁၃၀၀ ကျပ်ဈေးရှိခဲ့ပါတယ်။  မန်ကျည်း မှည့်များ လှိုင်လှိုင်ပေါ်ချိန် မတ်လမှာတော့ မန်ကျည်းမှည့်သစ် အစေ့မပါ တစ် ပိဿာ ၁၀၀၀ ကျပ်ဈေးသာ ရှိခဲ့ပြီး လှောင်လက်သမားများ အဝယ် လိုက်တာ ကြောင့် အရောင်းအဝယ်သွက်ခဲ့တာကိုတွေ့ရပါတယ်။ ယခု ဇွန်လ ကုန်မှာတော့ မန်ကျည်းမှည့်ဈေးများ ပြန်မြင့်လာခဲ့ပြီး၊ လက်ကားတစ်ပိဿာ ၁၅၀၀ ကျပ်၊ လက်လီတစ်ပိဿာ ၂၀၀၀ ကျပ်ဈေးထိ ဈေးပြန်မာလာခဲ့ပေမဲ့ အရောင်း အဝယ်က တော့ အနည်းငယ်အေးနေပါတယ်။ ယခုဇွန်လ နောက်ဆုံး ပတ်မှာတော့ ပြည်ဈေး ကွက်အတွင်းမှာ ယခင်နှစ်က မန်ကျည်းမှည့်ဟောင်းများ လက်ကျန်မ ရှိတော့ခြင်း ကြောင့် ဈေးပြန်မာလာတာလို့သိရပါတယ်။                  အိဆွေဇင်-ပြည်

Monday, 1 Jul 2013

ပြည်ပကို ပင်လယ်ရေကြောင်းလမ်းမှ ဇွန်လ ၁၆ ရက်မှ ၂၂ ရက်နေ့တာကာ လအတွင်း မန်ကျည်းတန်ချိန် တစ်ရာတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် မှာ မလေးရှားနိုင်ငံကို တန် ၅၀ နဲ့ ပါကစ္စတန်နိုင်ငံကို တန် ၅၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းတင်ပို့မှုက တန်ကိုးဆယ်ကျော် တင်ပို့ ခဲ့တာကြောင့် ဒီတစ်ပတ်မှာ ယခင်တစ်ပတ်ထက် မန်ကျည်း ၈ တန်ကျော်ပိုမိုတင် ပို့နိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်မန်ကျည်းတင်ပို့မှုမှ ရရှိခဲ့တဲ့ဝင်ငွေက ကန်ဒေါ်လာ သုံး သောင်းနှစ်ထောင်ကျော်ရှိခဲ့ပါတယ်။                                 MIRT (DOT)

Monday, 1 Jul 2013

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းကုန်စည်ဒိုင်မှာ ဇွန်လနောက်ဆုံးပတ် အတွင်း လယ်ယာထွက်ကုန်ပစ္စည်း အများစုမှာ ဈေးနှုန်းအတက်၊ အကျ အနည်း ငယ်သာရှိပြီးဈေးငြိမ်ခဲ့သော်လည်း၊ ဈေးကွက်ကို ဝင်ရောက်တဲ့ ပစ္စည်းအားလုံး ပုံမှန်ထက် အရောင်းသွက်ခဲ့တယ်လို့ ဆိုပါတယ်။ အောင်ပန်းဈေးကွက်မှာ ပဲပုပ်စေ့နဲ့ ပန်းနှမ်းက တစ်ပိဿာ ၁၀၅၀ ကျပ်နဲ့ ၁၁၀၀ ကျပ်ဈေးမှာ ခိုင်မာနေပြီး၊ ဒေသတွင်း စားသုံးဖို့နဲ့မျိုးအတွက် ပုံမှန် အရောင်းအ ဝယ်ဖြစ်နေပြီး၊ ပဲရာဇာတစ်ပိဿာ ၁၄၀၀ ကျပ် - ၁၄၅၀ ကျပ် ဝန်းကျင်ပေါက်ဈေးနဲ့ မန်းပဲခွဲစက်များက အဝယ်ရှိတယ်လို့ သိရပါတယ်။

Pages