Background
ရော်ဘာဈေးနှုန်း မြင့်တက်မှု နှစ်တစ်ပတ်လည်ပြီး ရောင်းလိုအားအတွက် စိုးရိမ်ဖွယ်ရှိ ရော်ဘာဈေးနှုန်းမြင့်တက်မှုက နှစ်ပတ်လည်နေပြီဖြစ်ပြီး ထိပ်တန်းတင်ပို့သူဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ဆောင်း ရာသီဖြစ်တာ ကြောင့် အထွက်နှုန်းကျပြီး ၂ဝ၁၁ ခုနှစ်နှစ်ဆန်းပိုင်းတိုင်အောင် ရော်ဘာပြတ်လတ်မှု အခြေအနေဆိုး ရွားဖွယ်ရှိကြောင်း စိုးရိမ်နေကြရပါတယ်။တိုကျိုကုန်စည်ဒိုင်မှာ ဇွန်လအတွက်စာချုပ်ဈေးနှုန်းက သုည ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ၅ဝ၉၄ ဒေါ်လာရှိခဲ့ပါတယ်။ထိုင်းနိုင်ငံမှာ ဖေဖေါ်ဝါရီလကနေ ဧပြီလ အထိ အပင်တွေရဲ့ အစေးထွက်နှုန်း လျော့ကျ သွားမှာဖြစ်ပါတယ်။တရုတ်နဲ့အိန္ဒိယက မော်တော်ကား ရောင်းချ ရမှုကို ဦးဆောင်နေပြီး အထွက်နှုန်းလျော့ကျတဲ့ ရာသီဥတု ဖြစ်ချိန်မှာ ကမ္ဘာ့ဝယ်လိုအား တက်နေတာကြောင့် ရောင်းလိုအားပြတ်လပ်မှု ပိုမိုဆိုးရွားလာဖွယ်ရှိပါတယ်။ဈေးကွက်မှာ ရောင်းလိုအား အကျပ်အတည်းကြောင့် စိုးရိမ်နေရကြောင်း ဲှဃ သုတေသနကုမ္ပဏီရဲ့ သုတေသီကပြောကြားခဲ့ပါတယ်။ ရေနံဈေးနှုန်းတက်ခြင်းကလည်း ရော်ဘာဈေးနှုန်းကို မြင့်တက်စေတာဖြစ်ကြောင်း၎င်းကဆက်လက်ပြောကြားခဲ့ပါတယ်။ ဖေဖေါ်ဝါရီလအတွက် ရေနံဈေးနှုန်းက သုည ဒသမ ၂ ရာခိုင်နှုန်းတက်ပြီးနယူးယောက်က မားကက်တိုင်း ကုန်စည်ဒိုင်မှာ တစ်စည်ကို ၉၁ ဒသမ ၃၃ ဒေါ်လာအထိဖြစ်ခဲ့ပါတယ်။ရော်ဘာရဲ့အလားအလာကတော့ ကမ္ဘာ့သုံးစွဲမှုအများဆုံး တရုတ်နိုင်ငံက ထိန်းချုပ် ကန့်သတ်လိုက်ရင် ကျဆင်းဖွယ်ရှိကြောင်း ရှိုးဂျီကုမ္ပဏီရဲ့သုတေသီကပြောကြားခဲ့ပါတယ်။တရုတ်အနေ နဲ့ ၂ဝ၁၂ မှာစိုက် ပျိုးရေးနဲ့ ပတ်သက်တဲ့စာချုပ်တွေတိုးလာနိုင်ပြီး ထိန်းချုပ်ကန့်သတ်မှုတွေ ဆောင်ရွက်ဖွယ်ရှိကြောင်း ရှန်ဟိုင်း စီကျူရီတီ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။ကုန်သွယ်ရေးအတွက်ချုပ်ဆိုထားပြီး စာချုပ်တွေက ၂ဝ၁၁ ခုနှစ် ပြီးဆုံးချိန်မှာ သက်တမ်းကုန်ပြီး စာချုပ်သစ်တွေချုပ်ဆိုဖို့တော့ လေ့လာဆဲဖြစ်ကြောင်း ၎င်းအစီရင်ခံစာမှာဖေါ်ပြထားပါတယ်။သဘာဝ ရော်ဘာ ရောင်းလိုအားက ထုတ်လုပ်တဲ့ (၉)နိုင်ငံမှ ကမ္ဘာ့ ထုတ်လုပ်မှုရဲ့ ၉၂ ရာခိုင်နှုန်းထွက်ရှိပေမဲ့ ၂ဝ၁ဝ စတုတ္ထသုံးလပတ်မှာ ၆ဒသမ ၃ ရာခိုင်နှုန်းထုတ်လုပ်မှုကျဆင်း ခဲ့ပြီး ၂ဝ၁ဝ အတွက်ထုတ်လုပ်မှုကတော့ ၅ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ရော်ဘာထုတ်လုပ်သောနိုင်ငံ များအသင်း (ANRPC)က လစဉ်အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။ ANRPC အသင်းဝင်နိုင်ငံများရဲ့ ၂ဝ၁ဝ အထွက်နှုန်းက တန်ချိန် (၉ ဒသမ ၄၂ သန်း)ရှိပြီးလာမယ့်နှစ် မှာတန်ချိန် (၉ဒဿမ ၉၂ သန်း)ကို တိုးတက်ထုတ်လုပ်ဖွယ်ရှိကြောင်းအသင်းကပြောကြားခဲ့ပါတယ်။ရှန်ဟိုင်း ကုန်စည်ဒိုင်ရဲ့ မေလ အတွက်ဈေးနှုန်းက သုည ဒသမ ၈ ရာခိုင်နှုန်း တက်ပြီးတစ်တန်ကို ၃၆၅၄၅ ယွမ် (၅၅၃၄ဒေါ်လာ)ရှိ ကြောင်းသိရပါတယ်။ ထိုင်းနိုင်ငံရဲ့ လက်ငင်းဈေးနှုန်းကတော့ တစ်ကီလိုဂရမ်ကို ၁၄၉ ဘတ် (၄ ဒသမ ၉၆ ဒေါ်လာ) ရှိပြီး အစိုးမရတဲ့ မိုးကနိုင်ငံ တောင်ပိုင်းပြည်နယ်များကို လွှမ်းမိုးခဲ့တာကြောင့် ရောင်းလိုအား အကန့်အသတ်ရှိနေကြောင်း ထိုင်းရော်ဘာ သုတေသနဌာနရဲ့ website မှာ ဖေါ်ပြထားကြောင်း သတင်းရရှိပါတယ်။ Source : bloomberg.com,KZW
ယခုအပတ်နယ်စပ်မှ ရော်ဘာတင်ပို့မှု လျော့နည်း ဒီဇင်ဘာလ ၂၉ ရက်မှ ဇန်နဝါရီလ ၄ ရက်ထိ ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ကန်ဒေါ်လာ ၂ ဒသမ ၇၉၃ သန်းတန်ဖိုးရှိ ရော်ဘာ ၇၈၆ ဒသမ ၅၄၈ တန်တင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် ရော်ဘာတင်ပို့နိုင်မှုများကတော့ မူဆယ်မှ ရော်ဘာအဆင့်စုံ ၄၆၁တန်ကျော်၊ ချင်းရွှေဟော်မှ ၂၁၅ တန်ခန့် ကော့သောင်းမှ ၁ဝ တန်နဲ့ မြိတ်မှ တန် ၁ဝဝ အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း ၂ ခုထဲကနေ ရော်ဘာအဆင့်စုံ ၁၇၉၂ တန်တင်ပို့နိုင်ခဲ့တာဖြစ်လို့ယခုအပတ်မှာ နယ်စပ်ကရော်ဘာတင်ပို့မှု တန် ၁ဝဝဝ ကျော်လျော့နည်းခဲ့ပါတယ်။ နယ်စပ်စခန်း အလိုက် ရော်ဘာအဆင့်များတင်ပို့နိုင်မှုမှာ မူဆယ်မှRSS (1) ၈၁ တန်၊ RSS (3) ၈၈ တန်ခွဲ၊RSS (5) တန် ၆ဝ၊MSR (20) ၈၇ ဒသမ ၇၆ တန်၊MSR (50) ၁၄၄ တန်နဲ့ ချင်းရွှေဟော်နယ်စပ်မှ RSS (3) ၁၁၅ တန်ကျော်၊RSS (5) တန် ၁ဝဝ၊ ကော့သောင်းမှ RSS (3) တန် ၁၁ဝနဲ့ မြိတ်နယ်စပ်မှRSS (3) တန် ၁ဝဝ ဖြစ်ပါတယ်။ တရုတ်ဈေးကွက်မှ ရော်ဘာများကို အခြားဈေးကွက်များနည်းတူဈေးနှုန်းတိုးမြင့်ဝယ်ယူတဲ့အတွက် ယခင်လ ပြည်တွင်းရော်ဘာဈေးအရ ရော်ဘာသိုလှောင်ထားသူများ အကျိုးအမြတ်ရှိတဲ့အတွက် ဒီဇင်ဘာလလယ်မှ လနှောင်းပိုင်း ကာလအတွင်း ရော်ဘာတင်ပို့မှုပိုမိုခြင်းဖြစ်ပါတယ်။ဒါပေမဲ့ ယခုအပတ်မှာ တစ်ဘက်နိုင်ငံဈေး အနည်းငယ်တက် ပြီး ပြည်တွင်း ဈေးမပြောင်းသော်လည်း တင်ပို့နိုင်မှု လျော့နည်းလျက်ရှိတာ တွေ့ရပါတယ်။ ယခုအပတ်နဲ့ ယခင်အပတ်ရော်ဘာ ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS (3) ၃၉၅၅၃၁ဝ ၃၉၅၅၃၁ဝ - ၄၃၆၂ ၄၃၄၉ ၁၃ ဝ .၃RSS (5) ၃၇၂၂၅၁ဝ ၃၇၂၂၅၁ဝ - ၄ဝ၉ဝ ၄ဝ၇၈ ၁၂ ဝ .၃MIRT (DOBT)
တစ်ပတ်အတွင်းက ပင်လယ်ရေကြောင်းက တန် ၁ဝဝဝ ကျော်တင် ဒီဇင်ဘာ ၂၇ ရက်မှ ဇန်နဝါရီ ၃ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှရော်ဘာတန်ချိန် ၁ဝ၁၆ တန် တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၆၄၄ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၇၉၄ တန်တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာတန်ချိန် ၂၂၂ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ တရုတ်ကိုRSS-3 ၁၄၈ တန် ၊ RSS-5 တန် ၆ဝ၊MSR-20 တန် ၁ဝဝ၊ မလေးရှားကိုRSS-5 ၁၄ဝ တန် နဲ့ RSS-3 ၅၆၈ တန် အသီးသီး တင်ပို့ခဲ့တာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ ပင်လယ်ရေကြောင်းက တင်ပို့တဲ့ FOB ဈေးနှုန်းတွေကတောRSS-3 တစ်တန် ၄၅ဝဝဒေါ်လာ၊ RSS-5 တစ်တန် ၄၄ဝဝ ဒေါ်လာနဲ့၊ MSR-20 တစ်တန် ၄၅ဝဝ ဒေါ်လာ ဖြစ်ကြောင်း သိရပါတယ်။ KZW
ပြည်ဈေးကွက်မှာ ပဲကြီးဈေးပြန်ကျ ယခုတစ်ပတ်ပြည်ဈေးကွက်မှာ ပဲကြီးဈေးနှုန်းများကျဆင်းခဲ့တာကို တွေ့ရပါတယ်။ ၂ဝ၁ဝ နှစ်ကုန်ပိုင်းတွင် ပဲကြီး (ကမ်းနား) မှာတစ်တင်းကို ၃၃၅ဝဝ ကျပ်နဲ့ ပဲကြီး (ရွှေကျွန်း) တစ်တင်း ၃၅ဝဝဝ ကျပ်ရှိခဲ့ပြီး ယခုနှစ်စတွင် ပဲကြီး (ကမ်နား) မှာ တစ်တင်း ၃၂ဝဝ ကျပ်နဲ့ ပဲကြီး (ရွှေကျွန်း) မှာ တစ်တင်း ၃၃၅ဝဝ ကျပ်သာ အရောင်းအဝယ် ဖြစ်ခဲ့တဲ့အတွက် တစ်တင်းကို ၁၅ဝဝ ကျပ်ဈေးကျ သွားခဲ့ပါတယ်။ ပဲကြော်လုပ်ငန်းသမားများမှ ပုံမှန်အဝယ်ရှိတဲ့ အတွက် တစ်ရက်ကို အိတ် ၁၅ဝ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ဒီဇင်ဘာလကုန်အထိ ရန်ကုန်သို့ အိတ် ၇၁ဝ နဲ့ မန္တလေးကို အိတ် ၆ဝဝ ခန့် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ပြည်ပဲနီပြားလက်လီသမားများဖြင့် ဈေးကောင်းရနေ ပြည်ဈေးကွက်အတွင်း လက်ကျန်နည်းလေ ဈေးကောင်းရလေ ဖြစ်နေခဲ့ တဲ့ ပဲနီပြားသီးနံှဟာ နိုဝင် ဘာလ အတွင်း တစ်တင်း၂၈ဝဝဝ ကျပ် ဖြင့် ပွဲရုံများတွင် လက်ကျန်ပြတ်သွား ခဲ့ပြီး ဖြစ်ပါတယ်။ သို့သော်လည်း ဈေး များအတွင်း ပဲနီပြားကို လက်လီရောင်း ဝယ်မှုများကတော့ အနည်းငယ်ရှိခဲ့ပြီး ပဲနီပြား ၁ ပြည်ကို ၁၆ဝဝ ကျပ်နှုန်းဖြင့် တစ်တင်း ၃၂ဝဝဝ ကျပ်ဈေး ရရှိနေတဲ့အတွက် ဈေးကွက်အတွင်း ပဲကြီးဈေးကို အမှီလိုက်နေကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ပြည်ဈေးကွက်အတွင်း ကုလားပဲဈေးမြင့် ပြည်ဈေးကွက်အတွင်း ကုလားပဲမှာ ဒီဇင်ဘာနောက်ဆုံးပတ်က ၂၁၇ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ယခုဇန်နဝါရီပထမပတ်မှာ ၂၃ဝဝဝ ကျပ်မှ ၂၃၅ဝဝ ကျပ်ထိ ဈေးမြင့်တက်ခဲ့ပါတယ်။ ယခုအချိန်က ကုလားပဲမှာ ဈေးကွက်ကို ပဲအသစ်ဝင်ရောက်မှုမရှိသေးဘဲ အိတ်စပို့ လိုင်းသမားများမှာမှ ဝယ်အားကောင်းတဲ့ အတွက် ဈေးတက်ခြင်း ဖြစ်ပါတယ်။ ခွဲခြမ်းရောင်းသူ၊ လက်လီရောင်းချသူများမှလည်း ပစ္စည်းလက်ကျန် နည်းလာတဲ့ အတွက် ပဲခွဲလုပ်ငန်း မပြတ်အောင် ဝယ်ယူစုဆောင်းနေတာကြောင့် ကုလားပဲမှာ တိုင်းအတွင်းမှာပဲ အရောင်းအဝယ်ရှိပြီး တစ်နေ့အိတ် ၂ဝဝ ရောင်းချမှု ရှိပါတယ်။လွင်လွင်ဆန်း
မုံရွာကုလားပဲ ပစ္စည်းရှားပေမယ့် အဝယ်ပါးလို့ ဈေးငြိမ်နေ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလပထမပတ် မုံရွာကုန်စည်ဒိုင် ကုလားပဲ ဈေးကွက်အနေနဲ့ ပစ္စည်းလက်ကျန်ရှား သွားသလို နယ်နဲ့ဒေသတွင်း အဝယ် အနည်းငယ်ပါးသွားလို့ ယခုအပတ်မှာ ဈေးငြိမ်နေခဲ့ပါတယ်။ ကုလားပဲရိုးရိုး တစ် တင်း ကျပ် ၁၈ဝဝဝ၊ ကုလားပဲ(တိုင်ပေ)တစ်တင်း ကျပ် ၂ဝဝဝဝ မှ ကျပ် ၂ဝ၃ဝဝ၊ ကုလားပဲ V2 ကျပ် ၂၂ဝဝဝ နဲ့ ကုလားပဲ 929 တစ်တင်း ကျပ် ၂၁၅ဝဝ အသီးသီး ပေါက်ဈေးဖြစ်ခဲ့ပါတယ်။ အဝယ်ပါးတယ်ဆိုပေမဲ့ မုံရွာ ကုန်စည်ဒိုင်မှာ တစ်ရက် အိတ် ၂ဝဝ ဝန်းကျင် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ နယ်တင်ပို့မှုကတော့ ယခု ရက်ပတ် အတွင်း မန္တလေးကို တင်း ၁၂ဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၇ဝဝ ခန့်ရှိခဲ့ တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်
အရည်အသွေးအလိုက် ဈေးကွဲပြားတဲ့ ပြည်ပဲတီစိမ်း ပဲခူးတိုင်းဒေသကြီးအနောက်တွင် ပဲတီစိမ်းကို မြို့နယ်အားလုံးတွင် စိုက်ပျိုးမှုမရှိဘဲ ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ သဲကုန်းမြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြပါတယ်။ ယခုဆိုရင် လျာထားဧက အားလုံးစိုက်ပျိုးပြီး ဖြစ်တယ်လို့ သိရပါတယ်။ ပဲတီစိမ်းဈေးနှုန်းအနေဖြင့် ယခုဇန်နဝါရီလဆန်းပိုင်းတွင် အစိမ်းရောင်တောက်သည့် ထိပ်စပဲအမျိုးအစားမှာ တစ်တင်းကို ကျပ် ၂၅၅ဝဝ နဲ့ အလတ်စမှာ တစ်တင်း ကျပ် ၂၃၅ဝဝ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ပြည်ဈေးကွက်သို့ တစ်နေ့ကို အိတ်၁ဝဝ- ၁၅ဝ အဝင်ရှိနေခဲ့ပါတယ်။ အဝင်ရှိသလောက် နေ့စဉ် အရောင်းအဝယ်ဖြစ်နေခဲ့ပြီး ရန်ကုန်သို့ ဒီဇင်ဘာလ အတွင်း အိတ် ၇၃ဝဝ ခန့် တင်ပို့ရောင်းချခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ရန်ကုန်နဲ့ မန်းဝယ်လက် အဆွဲသွက်တဲ့ မုံရွာဈေးကွက် ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလပထမပတ် မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းဈေးကွက်မှာ နယ်စုံကပဲတွေ အဝယ်သွက် လာခဲ့ပေမဲ့ စိမ်းသေးအဝင်ပိုကာ စိမ်းကြီးအဝင်နည်းတာကြောင့် စိမ်းကြီးဈေးအနည်းငယ်မြောက်ခဲ့တာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာဈေးကွက် စိမ်းကြီးတစ်တင်း ကျပ် ၂၅ဝဝဝအထိသာ အမြင့်သို့ဈေးရခဲ့ပေမဲ့ ဇန်နဝါရီလ ပထမပတ်မှာတော့ တစ်တင်း ကျပ် ၂၆ဝဝဝ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ စိမ်းသေးကတော့ ဒီဇင်ဘာက ဈေးအေးသွားခဲ့ပြီး၊ တစ်တင်း ကျပ် ၁၉၅ဝဝ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခုအပတ်ထဲမှာ ရေလိုင်းခေါ် ကနီ၊ မင်းကင်းနယ်ဘက်က ပဲတီစိမ်းအများဆုံး မုံရွာ ဈေးကွက်ထဲဝင်လာခဲ့ကာ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ကို အိတ် ၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ယခု တစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ ပဲတီစိမ်းကြီး စီးထွက်မှုအနေနဲ့ မန္တလေးကို တင်း ၅ဝဝဝဝ နီးပါးနဲ့ ရန်ကုန်ကို တင်း ၃ဝဝဝဝ နီးပါး တင်ပို့ခဲ့ကြတယ်လို့ ဈေးကွက်ကဆိုပါတယ်။ ထွန်းလှိုင်
မန်းဈေးကွက်မှာ ဈေးမာပြီး အရောင်းအဝယ်သွက် မန်းဈေးကွက်မှာတော့ ပဲတီစိမ်းကို တရုတ်ဝယ်လက်၊ ရန်ကုန်ဝယ်လက်အပြင် ဒေသတွင်းပဲခွဲစက် လုပ်ငန်းရှင်များမှပါ ဝယ်ယူနေတဲ့အတွက် အရောင်းအဝယ် သွက်နေဆဲဖြစ်ပါတယ်။ အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေကတော့ တရုတ် အကြိုက်တွေ့နေတဲ့အတွက် ဈေးမကျဘဲ ဈေးမာနေတာကိုလည်းတွေ့ရပါတယ်။ ပဲတီစိမ်း (ထိပ်စ) တစ်ပိဿာ ကျပ် ၁၄၅၈၊ တစ်တန် ကျပ် ၈၉၂၈ဝဝ၊ အလတ်စ တစ်ပိဿာ ကျပ် ၁၂၈ဝ၊ တစ်တန် ကျပ် ၇၈၃၈ဝဝ၊ အောက်စ ကျပ် ၈၈၉၊ တစ်တန် ကျပ် ၅၄၄၄ဝဝ ဈေးတို့ဖြင့် ရောင်းဝယ်နေကြပါတယ်။ ဈေးကွက်အတွင်းမှာ ရောင်းဝယ်အား ကောင်းနေဆဲ ဖြစ်သလို ပစ္စည်းအရည်အသွေးအလိုက်လည်း ဈေးနှုန်းတွေက ကွာဟမှုရှိပြီးတော့ ရောင်းဝယ်နေကြပါတယ်။ တင်ပို့မှုအနေနဲ့ တစ်ပတ်အတွင်း တရုတ်သို့ တန် ၈ဝဝ ၊ ရန်ကုန်သို့ တန် ၁၈ဝ တင်ပို့မှုရှိခဲ့ပြီး ဈေးကွက်အတွင်းမှာတော့ ရောင်းဝယ်အား ကောင်းဆဲ သီးနံှ တစ်ခုဖြစ်ကြောင်း သိရှိရပါတယ်။ ကျော်ကျော်မိုး
