Background
ရန်ကုန်နဲ့ မန်းဝယ်လက် အဆွဲသွက်တဲ့ မုံရွာဈေးကွက် ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလပထမပတ် မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းဈေးကွက်မှာ နယ်စုံကပဲတွေ အဝယ်သွက် လာခဲ့ပေမဲ့ စိမ်းသေးအဝင်ပိုကာ စိမ်းကြီးအဝင်နည်းတာကြောင့် စိမ်းကြီးဈေးအနည်းငယ်မြောက်ခဲ့တာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာဈေးကွက် စိမ်းကြီးတစ်တင်း ကျပ် ၂၅ဝဝဝအထိသာ အမြင့်သို့ဈေးရခဲ့ပေမဲ့ ဇန်နဝါရီလ ပထမပတ်မှာတော့ တစ်တင်း ကျပ် ၂၆ဝဝဝ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ စိမ်းသေးကတော့ ဒီဇင်ဘာက ဈေးအေးသွားခဲ့ပြီး၊ တစ်တင်း ကျပ် ၁၉၅ဝဝ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခုအပတ်ထဲမှာ ရေလိုင်းခေါ် ကနီ၊ မင်းကင်းနယ်ဘက်က ပဲတီစိမ်းအများဆုံး မုံရွာ ဈေးကွက်ထဲဝင်လာခဲ့ကာ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ကို အိတ် ၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ယခု တစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ ပဲတီစိမ်းကြီး စီးထွက်မှုအနေနဲ့ မန္တလေးကို တင်း ၅ဝဝဝဝ နီးပါးနဲ့ ရန်ကုန်ကို တင်း ၃ဝဝဝဝ နီးပါး တင်ပို့ခဲ့ကြတယ်လို့ ဈေးကွက်ကဆိုပါတယ်။ ထွန်းလှိုင်
မန်းဈေးကွက်မှာ ဈေးမာပြီး အရောင်းအဝယ်သွက် မန်းဈေးကွက်မှာတော့ ပဲတီစိမ်းကို တရုတ်ဝယ်လက်၊ ရန်ကုန်ဝယ်လက်အပြင် ဒေသတွင်းပဲခွဲစက် လုပ်ငန်းရှင်များမှပါ ဝယ်ယူနေတဲ့အတွက် အရောင်းအဝယ် သွက်နေဆဲဖြစ်ပါတယ်။ အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေကတော့ တရုတ် အကြိုက်တွေ့နေတဲ့အတွက် ဈေးမကျဘဲ ဈေးမာနေတာကိုလည်းတွေ့ရပါတယ်။ ပဲတီစိမ်း (ထိပ်စ) တစ်ပိဿာ ကျပ် ၁၄၅၈၊ တစ်တန် ကျပ် ၈၉၂၈ဝဝ၊ အလတ်စ တစ်ပိဿာ ကျပ် ၁၂၈ဝ၊ တစ်တန် ကျပ် ၇၈၃၈ဝဝ၊ အောက်စ ကျပ် ၈၈၉၊ တစ်တန် ကျပ် ၅၄၄၄ဝဝ ဈေးတို့ဖြင့် ရောင်းဝယ်နေကြပါတယ်။ ဈေးကွက်အတွင်းမှာ ရောင်းဝယ်အား ကောင်းနေဆဲ ဖြစ်သလို ပစ္စည်းအရည်အသွေးအလိုက်လည်း ဈေးနှုန်းတွေက ကွာဟမှုရှိပြီးတော့ ရောင်းဝယ်နေကြပါတယ်။ တင်ပို့မှုအနေနဲ့ တစ်ပတ်အတွင်း တရုတ်သို့ တန် ၈ဝဝ ၊ ရန်ကုန်သို့ တန် ၁၈ဝ တင်ပို့မှုရှိခဲ့ပြီး ဈေးကွက်အတွင်းမှာတော့ ရောင်းဝယ်အား ကောင်းဆဲ သီးနံှ တစ်ခုဖြစ်ကြောင်း သိရှိရပါတယ်။ ကျော်ကျော်မိုး
နယ်စပ် အပို့ ၁၃ဝဝ ကျော် ဒီဇင်ဘာလ ၂၉ ရက်မှဇန်နဝါရီလ ၄ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ကန်ဒေါ်လာ ၁ ဒသမ ၂ဝ၇ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၃၂၂ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ဈေးကွက်အတွင်း ရှိ အရည်အသွေး ကောင်း အညာစ လက်ကျန်များကိုတင်ပို့ခဲ့ပြီး ယခင်အပတ်ကထက် ၁၆၇ တန် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ တစ်ဖက်နိုင်ငံမှ ပဲတီစိမ်း ဝယ်လိုအားရှိတဲ့အတွက်ပြည်တွင်းဈေးအနည်းငယ် ပြန်တက်လာ လျက်ရှိပါတယ်။ ဇန်နဝါရီကုန်မှာ ပဲသစ်ထွက်ပေါ်လာတော့မှာဖြစ်ပါတယ်။ ပြည်တွင်းပဲစိုက်ပျိုးမှုမှာ ပဲတီစိမ်း ခရမ်းစ အနည်းငယ်အပျက်အစီးရှိသော်လည်း တရုတ် ဈေးကွက် လိုအပ်ချက်အရ ဆက်လက်တင်ပို့နိုင်မယ့် အနေအထားရှိတယ်လို့ သိရပါတယ်။ ပြည်တွင်း သယ်ယူစရိတ် နှုန်းထားများမြင့်တက်မှုကြောင့်လာမယ့်ပဲရာသီမှာ တရုတ်ကွမ်ရှီးဈေးကွက်သို့ ပင်လယ်ရေကြောင်းနဲ့ ဗီယက်နမ်နယ်စပ်က တစ်ဆင့် ပြန်လည်ဝင်ရောက်မယ့်အနေအထား ရှိတယ်လို့သိရပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ ပဲတီစိမ်း ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု ရာခိုင်နှုန်း ယခု ယခင် ပြောင်းလဲမှု ရာခိုင်နှုန်းပဲတီစိမ်း ၁၁ဝဝ၂၄၂ ၉၆ဝဝ၆၈ ၁၄ဝ၁၇၄ ၁၃ ၁၁၈၁ ၁၁၇၉ ၂ ဝ .၂MIRT (DOBT)
ပင်လယ်ရေကြောင်းက ပဲတီစိမ်းတန် ၂၅ဝဝ ခန့်တင်ပို့ ယခုတစ်ပတ် အများပြည်သူ ရုံးပိတ်ရက်တွေရှိနေလို့ သင်္ဘောတင်ရက် ၃ ရက်အတွင်း ပဲတီစိမ်းတန် ၂၅ဝဝ ခန့် တင်ပို့မှု ရှိခဲ့ပါတယ်။ ယခင်တစ်ပတ် ၅ ရက်အတွင်းတင်ပို့မှုမှာ တန်ချိန် ၃ဝဝဝ ခန့်သာရှိခဲ့လို့ ယခုတစ်ပတ်မှာ အနည်းငယ် တိုးတက်တင်ပို့ခဲ့ပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ အရည်အသွေးကောင်း ပဲတီစိမ်းမရရှိနိုင်တာကြောင့် မြန်မာနိုင်ငံက ပုံမှန်တင်သွင်းနေရတာဖြစ်ပါတယ်။ ယခုတစ်ပတ်အတွင်း ပြည်တွင်းမတ်ပဲနဲ့ ပဲစင်းငုံဈေးတွေ သိသိသာသာ တက်လာခဲ့ပေမဲ့ ပဲတီစိမ်းဈေးက တည်ငြိမ်နေပါတယ်။ ရန်ကုန် FOB ဈေးမှာ ယခင်တစ်ပတ်အတိုင်း FAQ တစ်တန်ကို ကန်ဒေါ်လာ ၈၈ဝ-၉ဝဝ နဲ့ ရွှေဝါအသေးတစ်တန်ကို ကန်ဒေါ်လာ ၁၂ဝဝ-၁၂၂ဝ ဖြစ်တယ်လို့ သိရပါတယ်။ MIRT - MAPT
ဈေးမြင့်ပြီး အရောင်းအေးသွားတဲ့ ဟင်္သာတ ပဲလွန်းဖြူ ဟင်္သာတ ဈေးကွက်ရဲ့ ပဲလွန်းဖြူဈေးမှာ ယခင်အပတ်က ပိဿာ ၂ဝ တစ်တင်းကို ၁၈ဝဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခု ဇန်နဝါရီလ ဒုတိယပတ်မှာ ပဲလွန်ဖြူ ဈေးမှာ ၁၉ဝဝဝ ကျပ်သို့ ဈေးမြင့်လာခဲ့ ပေမဲ့ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ယခုအပတ်အတွင်း အိတ် ၃ဝဝ ခန့်သာ ရှိပြီး၊ ယခင်အပတ်ထက် ပစ္စည်းအဝင် နည်းသွားလို့ အရောင်းအေးသွား ခြင်း ဖြစ်ပါတယ်။ တင်ပို့မှုအနေနဲ့ ရန်ကုန် ဈေးကွက်သို့ နေ့စဉ်ပျမ်းမျှ တစ်တင်းခွဲ ဝင်အိတ် ၂၅ဝ တင်ပို့နိုင်ခဲ့ပါတယ်။ အေးအေးခိုင်
ဒေသတွင်းအရောင်းအဝယ်ဖြစ်တဲ့ ပြည်ပဲလွန်းဖြူ ပြည်မြို့ရဲ့ ပဲလွန်းဖြူဈေးမှာ ပဲတစ်တင်းကို ၂၃ဝဝဝ ကျပ်နဲ့ ဈေးစဖွင့်ပြီး ယခုတစ်ပတ်မှာ ပဲလွန်းဖြူ အဝင် နည်းလာခဲ့ပြီး ဈေးလည်းအေးလာတာ ကို တွေ့ရပါတယ်။ ယခုတစ်ပတ်မှာ ပဲ တစ်တင်းကို ၂ဝဝဝဝ ကျပ်သာရှိတယ် လို့ သိရပါတယ်။ မြန်အောင်မြို့မှ ပဲရောင်းသူများက ပြည်ဈေးကွက်ကို လာရောက်ရောင်းကြပါတယ်။ ပဲရောင်း ဝယ်မှုကတော့ ဒေသတွင်း ရောင်းဝယ်မှု သာရှိကြောင်း သိရပါတယ်။ မိမိအေး
ဒီတစ်ပတ် ပဲလွန်းဖြူ၊ နီ တင်ပို့မှုတက်လာ ယခုတစ်ပတ် (ဒီဇင်ဘာလ ၃ဝ ရက်မှ ဇန်နဝါရီ ၃ ရက်) အတွင်း အခြားပဲအုပ်စုထဲမှာ ပင်လယ်ရေ ကြောင်း တင်ပို့မှုအနေနဲ့ ပဲလွန်းဖြူနဲ့ အနီ တန်ချိန် ၃ဝဝ ခန့် တင်ပို့မှုရှိခဲ့တာ တွေ့ရပါတယ်။ ယခင်တစ်ပတ်က ပဲလွန်းဖြူတန်ချိန် ၅ဝ သာတင်ပို့ခဲ့ရာမှ ယခုတစ်ပတ် ပြန်လည်တိုး တက်လာ တာ တွေ့ရပါတယ်။ ဈေးကွက်တွေကို ပဲလွန်းဖြူအသစ်တွေ ဝင်ရောက်မှု ရှိပေမဲ့ အရည်အသွေး နိမ့်ကျမှုကြောင့် အသစ် အနည်းငယ်သာတင်ပို့မှုရှိပြီး အဟောင်းလက်ကျန်တွေ ဆက်လက် တင်ပို့နေခြင်းဖြစ်တယ်လို့ ကုန်သည် များက ဆိုပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်တစ်ပတ်က FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၅ဝ-၇၇ဝ၊ SQ တစ်တန်ကို ကန်ဒေါ်လာ ၈၅ဝ- ၈၇ဝ ဈေးရှိခဲ့ရာက ဇန်နဝါရီလ ၇ ရက်မှာတော့ FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၆ဝ-၇၇ဝ နဲ့ SQ တစ် တန်ကို ၈၆ဝ-၈၇ဝ ဈေးကို မြင့် တက်ခဲ့တယ်လို့ သိရပါတယ်။ MIRT - MAPT
ပဲစင်းငုံနီ အသစ်များ ဈေးကွက်ဝင်ရောက်မှုရှိလာ မန္တလေးဈေးကွက်ကို ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းကစပြီး မုံရွာ၊ ရွှေဘို၊ မကွေး၊ ရေနံချောင်းနဲ့ ချောက်ဒေ သများမှ ပဲစင်းငုံနီသစ်များ စတင်ဝင် ရောက်နေပြီဖြစ်ကြောင်း သိရပါတယ်။ ပဲစင်းငုံနီအသစ်ရောအဟောင်းပါ အရောင်းအဝယ်ဖြစ်နေပြီး တစ်ပိဿာကို (အဟောင်း) ၇၃၃-၇၆၇ ကျပ်၊ (အသစ်) ၈၁၇-၈၅ဝ ကျပ်နဲ့ ရန်ကုန် ဝယ်လက်ရော ခွဲစက်လုပ်ငန်းရှင်များ ပါ အဝယ်ရှိ တယ်လို့ဆိုပါတယ်။ ၂ဝ၁ဝ ခုနှစ်မန္တလေးဈေးကွက် ပဲစင်းငုံ(နီ) ဈေး ကွက်ကို လေ့လာကြည့်ရင် ဧပြီ-မေ လ များမှာ တစ်ပိဿာဈေးအမြင့်ဆုံး ၁၈ဝဝ ကျပ်၊ အနိမ့်ဆုံး ၁၅၃၃ ကျပ်တို့နဲ့ ဈေးဖွင့်ခဲ့တာကိုတွေ့ရပြီး ဇူလိုင်-သြ ဂုတ်လများမှာ အမြင့်ဆုံး ၁၄၁၇ ကျပ်၊ အနိမ့်ဆုံး ၁ဝဝဝ ကျပ်၊ စက်တင်ဘာ-အောက်တိုဘာလမှာ ၁ဝ၄၇-၈ဝဝ ကျပ်ထိ တဖြည်းဖြည်း ဈေးနိမ့်လာခဲ့တာကို တွေ့ရပါတယ်။ နှစ်ပိတ် နိုဝင်ဘာ၊ ဒီဇင်ဘာ မှာတော့ ၇၆၇-၆ဝဝ ကျပ်နဲ့ တစ်နှစ်လုံးအနိမ့်ဆုံးဈေးကို ရောက်လာတာ တွေ့ရပါတယ်။ တိုင်းတွင်း ပဲစင်းငုံ ထွက်ရှိရာဒေသတစ်ခုဖြစ်တဲ့ မြင်းခြံကိုလည်း ပဲစင်းငုံနီအသစ်များ စတင်ဝင် ရောက်နေပြီဖြစ်သော်လည်း မန္တလေး ဈေးကွက်ကို စီးဆင်းမှုမရှိဘဲ ရန်ကုန် ကုမ္ပဏီဝယ်လက်မှ တစ်ပိဿာ ၈ဝဝ- ၈၇၅ ကျပ်နဲ့ အဝယ်ရှိကြောင်း သိရပါတယ်။ သက်သက်နိုင်
နှစ်သစ်မှာ ဈေးရလာတဲ့ ပြည်ပဲစင်းငုံ ၂ဝ၁ဝ ပြည့်နှစ် တစ်နှစ်လုံး ပြည်ဈေးကွက်မှ ရန်ကုန်သို့ ပဲစင်းငုံ အိတ် ၁၉၈၉ဝ၊ မန္တလေးတိုင်းကို အိတ် ၁၄ဝဝ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ တစ်နှစ်လုံးအနေဖြင့် အခြားတိုင်းမှ အိတ် ၃၁ဝဝ သာ အဝင်ရှိခဲ့သော်လည်း ယခု ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ နှစ်စပိုင်းမှာတော့ မကွေး၊ ကံမ၊ ကျောက်ပန်းတောင်း နဲ့ မိတ္ထီလာမြို့နယ်များမှ အိတ် ၃၂၅ဝ အဝင်ရှိခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ တိုင်းအတွင်းရှိ မြို့နယ်များမှလည်း ပြည်ဈေးကွက်သို့ ဝင်ရောက်လျက်ရှိတယ်လို့ သိရပါတယ်။ ပဲစင်းငုံအသစ်များ အဝင်များလာသလို ဈေးမြင့်တက်ခဲ့ပြီး ပိဿာ ၂ဝ တစ်တင်းကို ၁၇၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ယခင်နှစ် ပဲများများပေါ်တဲ့အချိန်က တစ်နေ့ကို အိတ် ၆ဝဝ ခန့်အရောင်း အဝယ်ဖြစ်သော်လည်း လက်ရှိအချိန်က ပဲပေါ်စပြုနေတဲ့ အချိန်ဖြစ်တဲ့အတွက် အိတ် ၁၅ဝ ဝန်းကျင်သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ဆုမွန်မွန်ဆွေ
သုံးရက်အတွင်း ပဲစင်းငုံ တန် ၂ဝဝဝ တင် ယခုတစ်ပတ်အတွင်း ပိတ်ရက်များတဲ့အတွက် ပဲတင်ပို့မှုအနေနဲ့ ၃ ရက်သာ တင်ပို့မှုရှိလို့ ပဲစင်းငုံတန် ၂ဝဝဝ သာတင်ပို့မှုရှိခဲ့ပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် အတွင်း ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုဟာ အေးအေးလေးသွားနေခဲ့ရာမှ ၂ဝ၁ဝ နှစ်ကုန်ပိုင်း၊ ယခုနှစ်ဆန်းပိုင်းမှာတော့ တင်ပို့မှုသွက်လာတာတွေ့ရပါတယ်။ အိန္ဒိယဝယ်လက်များ လက်ရှိဈေးနဲ့ အဝယ်စိပ်လာခဲ့တဲ့အတွက် ဈေးကွက်တွေမှာ အရောင်းအဝယ် များလာသလို ဈေးနှုန်းလည်း ထောင် တက်လာခဲ့ပါတယ်။ ယခင် တစ်ပတ်နဲ့ ယခုတစ်ပတ် ရန်ကုန် FOB ဈေးများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ပဲစင်းငုံနီ ပဲစင်းငုံဖြူနီ၊ အဖြူ ၇-၁-၁၁ ၆၉ဝ-၇ဝဝ ၆၃ဝ-၆၄ဝ ၃၁-၁၂-၁ဝ ၆၅ဝ-၆၆ဝ ၅၉ဝ-၆ဝဝ MIRT(MAPT)
